ခါချဥ့်မာန်


နင်းစမ်း ငါ့ပုခုံးပေါ်
တစ်ထစ်ပြီး တစ်ထစ်

ချည်စမ်း ငါ့ကိုယ်ကို
တစ်ရစ်ပြီး တစ်ရစ်

ချစမ်း အနှောင်အဖွဲ့တွေ
တစ်နှစ်ပြီး တစ်နှစ်

ငါ့ရင်မှာ တဆစ်ဆစ်နာနေရက်နဲ့
ဖြစ်ဖြစ်မည်အောင် လျော့ထားရတဲ့ စိတ်တစ်ခုနဲ့
ငါ့ကိုယ်ကိုတော့ နင်တို့ ပြုချင်တိုင်း ပြုခဲ့

ဒါပေမယ့် ဘယ်တော့မှ (ဘယ်တုန်းကမှ)
ငါ့ဦးက အောက်မချ ငါ့ဒူးက ညွတ်မကျပဲ

ငါ့အလောင်း ငါ့သင်္ချိုင်းဆီ ငါပြန်သယ်နိုင်ဖို့
ငါ့အရိုး ငါကောက်နိုင်ဖို့
ငါ့လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ

ကျိန်းသေတယ် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်

ဘ၀သံသရာ စက်ဝိုင်း တစ်ပတ်လည်မယ်
မကြာဘူးဆိုတာ ငါယုံတယ်

နင်တို့အတွက် အတုံ့အလှည့်ဆိုတာ လာမယ်

7 Comments:

Kaung Kin Ko said...

ကဗျာလေး မာန်ပါတယ် သူငယ်ချင်းရေ။ မိုက်တယ်။

လင်းဒီပ said...

မာန်အရမ်းပါတဲ့ကဗျာလေးပဲ..
စိတ်တွေသွန်ထည့်ထားပုံရတယ်..

Welcome said...

(ပေ)ဖြစ်တုန်း ငုံ့ခံပေအုန်းမယ်
(တူ)ဖြစ်မှ မနွဲ့စတမ်းပါ။
အနာဂတ်အတွက် အားမွေးဆဲမို့
မကြာမည် လာမည်မျော် .. .

အောင်မြေ said...

အားမာပါတဲ့ ကဗျာလေး လာဖတ်ပါတယ်
ပျော်ရွှင်ပါစေ

Anonymous said...

မာန်တင်းထားပုံလေးက
လှပပါပေတယ်ဗျာ...။ဘာတဲ့...

တဆစ်ဆစ်နာနေရက်နဲ့
ဖြစ်ဖြစ်မည်အောင် လျော့ထားရတဲ့ စိတ်တစ်ခုနဲ့
ငါ့ကိုယ်ကိုတော့ နင်တို့ ပြုချင်တိုင်း ပြုခဲ့....တဲ့

တစ်ပုဒ်လုံးကောင်းတယ်ဗျာ...။

NangNyi said...

အားပါးပါး မိုက်လှချည်လားဗျာ

အိုးဝေအောင် said...

ကဗျာလေး လာဖတ်ပါတယ်...
တစ်ပုဒ်လုံး မိုက်တယ်။