အဲ့ဒီ့နေ့က ဘန်ကောက်မြို့ ပေါ်က တိုက်ခန်း လေး တစ်ခု ထဲမှာ ဦးဂျေ သားလေး ကိုထက်ရယ် ဦးဂျေ သမီးလေး စုစုရယ်နဲ့ တီဗွီ ထိုင်ကြည့် နေကြတယ်။ ဦးဂျေနဲ့ အန်တီဘေဘီက အမေရိကန် သံရုံးသွားကြလေရဲ့။ လူကြီး တွေ မရှိတုန်း သုံးယောက်သား ဗြောင်းဆန် နေလိုက် ကြတာ သတ်လိုက် ပုတ်လိုက် ရယ်မောကြလိုက် မုန့်တွေ စားလိုက်ပေါ့...ရုတ်တရက် တယ်လီဖုန်း မြည်လာတယ် ...နံမည် ကြည့်လိုက်တော့ တီချယ် မေငြိမ်း..ဖုန်းကို နှိပ်လိုက်တော့ အသက် ရူသံ ပြင်းပြင်း ကိုပဲ ကြားရတယ် တီချယ် တီချယ်လို့ခေါ်တော့ ရုတ်တရက် ပြန်မထူးဘူး နောက်မှာ ငိုသံကြီးနဲ့ သမီးရေ ညည်း အဘဆုံးပြီတဲ့..ဘယ်သူလဲ တီချယ်လို့ အမော တကော မေးတော့ အဘ ဦးတင်မိုး ဆုံးပြီတဲ့... ကြားလိုက် ရတဲ့ အချိန်မှာ ရင်ထဲမှာ လွတ်ကနဲ ဟာကနဲ ဖြစ် သွား တယ်..စကား ဘာမှ ပြန်မပြောနိုင် တော့ဘူး.မယုံနိုင် သလို ခံစားလိုက်ရတယ် သမီး.ညည်း ဦးဂျေကို ပြော လိုက်ဦးတဲ့..တီချယ်လဲ တစ်မနက်လုံး ထိုင်ငိုနေတာတဲ့ အခု သတိရလို့ ဆက်လိုက်တာ သမီးရယ်တဲ့ နာနာ ကျင်ကျင် ပြောနေတဲ့ တီချယ့် အသံကို နားထောင်ပြီး စိတ်ထဲ ထင့်ကနဲ တစ်ချက် ဖြစ်သွားတယ် တီချယ် သတိ ထားဦးနော် တီချယ် နှလုံး အောင့်နေမယ်လို့ သတိပေးလိုက်တယ် ..ကိုထက်လေးနဲ့ စုစုကလဲ ဘေးမှာ မျက်နှာ ငယ် လေးတွေနဲ့ သုံးယောက် သား ငြိမ်ကုတ် နေလိုက် ကြတာ..ဦးဂျေနဲ့ အန်တီ ဘေဘီ ပြန်လာတော့ မျက်နှာ တော်တော် မကောင်းကြဘူး..
အိမ်ပြန် ရောက်ရောက်ချင်း ဦးဂျေ ဆေး သောက်တယ်..ဥိးဂျေ သိပြီးပြီလား ဆိုတော့ လက်ကာပြပြီး သူသိပြီးပြီ သမီးတဲ့ ဦးဂျေက နှလုံးခွဲ ထားတော့ သူ တစ်ခုခုဖြစ်မှာကို အန်တီဘေဘီက စိုးရိမ်နေတယ် ဦးဂျေက နေ သိပ်ကောင်း တာမဟုတ်ဘူး..အဘနဲ့ အနီးကပ် နေခဲ့တဲ့ သူ ဖြစ်တော့ သူ ပိုပြီး စိတ်ထိခိုက် တယ်လေ....အဲ့ဒီ့ နေ့က အဘ ရန်ကုန် အိမ်ကို ဦးဂျေ ဖုန်းခေါ်တယ်..သူ့ အသံကြားတော့ ငိုကြတယ်တဲ့...သမီးရေ ဦးဂျေ သတင်း မလုပ်ချင်ဘူး အထူးသဖြင့် အဘ သတင်းကို မလုပ်ချင်ဘူး ဆိုပြီး မျက်ရည်ကျတယ်..နောက် ရုံးချူပ်က အဘသတင်းကို ကိုဂျေ လုပ်ပါဆိုပြီး တာဝန်ပေးလို့ အဘ သတင်းကို ဦးဂျေ မျက်ရည် တွေတွေ ကျပြီး လုပ်ပေး နေတယ်..အဲ့ဒီ့နေ့က တစ်အိမ်လုံး ထမင်း မစား နိုင်ကြဘူး...တစ်ယောက်နဲ့ တစ်ယောက်လဲ စကား မပြောဖြစ် ကြဘူး ..အဘ ဆုံးပါး သွားတာ တိုင်းပြည် အတွက် မိသားစုအတွက် တန်ဖိုးကြီးမားလွန်းတဲ့ ရတနာတစ်ခု ပျောက်ဆုံး ပျက်စီး ဆုံးရူံး လိုက်ရ သလို ဖြစ်မှာလို့ ခံစားရတယ်...ကိုယ် တောင် ခဏလေး ဆုံတွေ့ခွင့်ရတာ ကို ဒီလောက် ၀မ်းနည်းနေရင် မိသားစုဆို ဘယ်လို နေရှာမလဲ ဆိုတဲ့ အပူကို မျဝေခံစားမိတယ်...
အဲ့ဒီ့ နေ့ညက ချင်းမိုင်မြို့က ဦးသာမညရဲ့ တိုက်ခန်းလေးမှာ ဧည့်သည်တွေ တပြုံကြီး ရောက်နေကြတယ် ကလေး တွေလဲ အများကြီးပဲ သူတို့ လူတစ်ယောက်ကို စောင့်နေကြတာလေ..ညမှောင်မှောင်မှာ ညဥ့် မီးသီး လေးတွေ ထိန်ထိန် ညီးအောင် တပ်ထားတဲ့ ဦးသာမညရဲ့ တိုက်ခန်းလေးက အရမ်းလှတယ်..နောက်ခံမှာ ဒွိုင်စုထေ့ တောင် မိုင်းညို့ညို့ကြီး ထိပ်က စေတီလေးကို မီးရောင် မှိတ်တုတ် မှိတ်တုတ် လေးတွေနဲ့ မြင် နေရတယ်..မလာသေးဘူးလား မသိဘူး လာတော့မှာပါ လူတွေ လူပ်လူပ်ရွရွနဲ့ မျော်နေကြတယ် သုံးမြော့င် ပုံ ၀ရံတာလေး ကနေ လမ်းသွယ် လေးထိပ်ကို လှမ်းမျော်နေကြတယ်..နောက် အဘလာပြီတဲ့ ..အားလုံး မျက်နှာတွေ ပြုံးသွားပြီး လူပ်လူပ် ရွရွ ဖြစ်သွားတယ
ထိုင်းဘက် ရောက်ကတည်းက ကွဲလွဲမူတွေ တွေ့ဖူးတယ် ဒါပေမယ့် လူတစ်ယောက်ကို လူအများကြီးက တစ်ညီ တစ်ညွတ် တည်း စောင့်မျော်နေတာ တွေ့ချင်နေတာ အဲ့လူတစ်ယောက်အပေါ်မှာ ထားတဲ့ မေတ္တာတရားတွေ ချစ်ခြင်း တွေကို ဘာမှ မပါပဲ ပကတိမြင်ခွင့်ရတာ ဒါပထမဆုံးပဲ စိတ်ထဲတွေးမိတယ်..
တိုက်ခန်း ကော်ရစ်တာ တလျောက် လုံးထွေးနေတဲ့ လူအုပ်စုကြီးရဲ့ ရှေ့ဆုံးမှာ ပထမဆုံးမြင်လိုက်ရတာ ဦးဂျေ..ပြုံး ဖြီးဖြီးကြီးနဲ့ အိတ်တွေ ထမ်ြး့ပီး ၀င်လာတယ်။ ဦးဂျေရဲ့ အနောက်မှာ တွယ်ဖက်ထားတဲ့ လက်တွေ ကြားထဲမှာ ..ပြုံးချိုနေတဲ့ မျက်နှာနဲ့ လွယ်အိတ် အကြီးကြီး လွယ်ပြီး လျောက်လာတဲ့ အဘ...အဘကို တွေ့ လိုက်ရတဲ့ အချိန်မှာ ရင်ထဲမှာ တကယ့်ကို ကိုယ့်မိဘကို ပြန်တွေ့ လိုက်ရသလို ခံစားရ တယ်..အဘ မိတ်ဆွေရင်းတွေ တစ်ယောက်ပြီး တစ်ယောက် အဘကို နုတ်ဆက်နေကြတဲ့ အချိန် လူတွေ နောက်ကွယ်ကနေ ရပ်ပြီး အဘကို ပြုံးပြီး ကြည့်မိတယ်..နောက် နောက်မှာ ရို့ရို့လေးရပ်နေတဲ့ ကျွန်မကို အဘက ပြုံးပြတယ် သမီးက ဘယ်သူတုန်းတဲ့..ဦးဂျေက လက်ကိုဆွဲပြီး ဒါ စန္ဒာမွန်း..အခု ဘီဘီစီမှာ လုပ်နေတာလေ တဲ့ ..အော် အေးအေး ကြိုးစား ကြိုးစား ကလေးတွေတဲ့.နောက် ဦးသာမည ဧည့်ခန်းထဲက ဆက်တီ ဆိုဖာခုံကြီးပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ အဘနဲ့ လက်ပံပင် ဆက်ရက်တွေလို အုံးအုံးကြွက်ကြွက် အော်လိုက်ကြ ပြောလိုက်ကြ ရယ် လိုက်ကြနဲ့ တစ်ညလုံး မနေမနား ပြောနေကြရင်း ရုတ်တရက် အဘ အသံတိတ် သွားတော့ အားလုံးက ရပ်ပြီး အဘကို ကြည့်လိုက်တော့..အဘက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားပါလေပြီ..အဲ့တာကိုက အဘ ဦးတင်မိုးလို့ သိသာ ထင်ရှားတဲ့ အချက်တစ်ချက် သမီးရဲ့တဲ့..အလုပ် ကတောင် နားပြီး အဘ သွားချင်တဲ့ ခရီးစဉ်ကို စိတ် ရှည်ရှည်နဲ့ လိုက်ပို့ ပေးနေတဲ့ ဦးဂျေ အပြောကို နားထောင်ပြီးအပြစ်ကင်းစွာနဲ့ ကလေး တစ်ယောက် လို အိပ်နေတဲ့ အဘကို .ပြုံးကြည့်မိတယ်..
နောက်ရက် တွေမှာ အပင်ပမ်းဆုံးကတော့ တီချယ် ဖြစ်မယ် ထင်ပါရဲ့ သမီးရေ အဘဆီကို ပြေး လိုက်ဦးမယ် ဆိုပြီး.အိမ်က အတူထွက် တီချယ့်ကို အဘ နားနေတဲ့ ဦးသာမည တိုက်မှာ ချပေး..ဒါမှမဟုတ် အဘနဲ့ တီချယ် ထိုင် နေကျ ၀ါဝီလို့ခေါ်တဲ့ ကော်ဖီဆိုင် လေးမှာ တီချယ်ကို ချပေးပြီး အလုပ်ကို တန်းပြေး..တီချယ်ဆို ဘယ်လောက်တောင် အဘ စားရေး သောက်ရေးကို စိုးရိမ် သလဲဆိုရင် သူ့ကိုယ်တိုင် မပြုစု နိုင်မှာစိုးလို့ အဘအတွက် ထမင်းချက်ပေးဖို့ အဒေါ်ကြီး တစ်ယောက်ကိုတောင် သူက ဌားပေးထားခဲ့တာ..ဒီကြားထဲ အဘ နားကလဲ လုံးဝမခွာပဲ အဘနဲ့ စကားတွေပြော သီချင်းတွေ ဆိုလုပ်နေခဲ့တယ်...
ဘ၀မှာ သတင်းဂျာနယ်မှာပဲ လုပ်ခဲ့တာ ငါးနှစ်ကျော်ပြီဆိုပေမယ့် အသံနဲ့တစ်ခါမှ မလုပ်ဖူးခဲ့တဲ့ ရေဒီယို အသံလွှင့် လုပ်ငန်းကို စလုပ်တော့ လုပ်ဖော် ကိုင်ဖက်တွေကလဲ ကိုယ့်ကို နည်းနည်းမှ အဖက်မလုပ် ရှိတယ်လို့ တောင် မထင် လူရာမသွင်း ပညာ စွမ်းတွေ ပြနေချိန်မှာ..ဦးဂျေက သင်ဆရာ မြင်ဆရာ ဖြစ်ခဲ့ ပါတယ်..ချစ်သူ ဖြစ်သူ ကလဲ အဝေး ကနေ ကိုယ် မကျွမ်းကျင်တဲ့ စက်ပိုင်း ဆိုင်ရာတွေကို ဖုန်းကနေ ပြောပေး ကိုယ် ကိုယ်တိုင် ကလဲ မခံချင်စိတ်နဲ့ အညွန်းစာတွေဖတ်ပြီး အသံ သွင်းနည်း အသံ တည်းဖြတ်နည်းတွေကို မနားမနေ လုပ် နေရတဲ့ အ ပင်ပမ်း ဆုံး အချိန်တွေပေါ့...
အလုပ်မှာ အယ်ဒီတာက ပထမဆုံး ရေဒီယို သတင်း အင်တာဗျူး တစ်ပုဒ် လုပ်ပြ ရမယ်တဲ့..လူ စိတ်ဝင်စား ရမယ် ပညာပေး လဲ ဖြစ် ရမယ်တဲ့ .ကိုယ်တွေ့ အင်တာဗျူး လဲ ဖြစ်ရမတဲ့.အိမ် ပြန် ရောက်ရောက်ချင်း တီချယ့်ကို အကြံညဏ် တောင်းတော့ တီချယ်က သမီး ညည်းအဘ ရှိတယ်လေ..သူ့ကိုရှိတုန်းလေး မေးပေါ့တဲ့ နောက်နေ့ ဦးသာမညအိမ်ကို ရောက်သွားတော့ အဘတို့က ဆေးလိပ်သောက်ရင်း စကား ပြော နေကြတယ်..
အဘ. နေကောင်းလားလို့ စကားစတော့ ကောင်းတာပေါ့ သမီးရယ်တဲ့ အဘဒီမှာပျော်လားဆိုတော့ ပျော် တာပေါ့တဲ့..အဘကို စကားတွေစရင်း ဘယ်က စပြောရမှန်းမသိဖြစ်နေတုန်း တီချယ်က အဘ မြေးက အင်တာဗျူး လုပ်ချင်လို့ စကား ခေါ်နေတာတဲ့.ရယ်ပြီး ပြောတယ်..ဟုတ်တယ် သမီး အဘကို အင်တာဗျုး လုပ်ချင်လို့လို့ ခွင့်တောင်းတော့ အသံ တောင် တုန်ချင်တယ်..မေးလေ သမီး ဘာမေးမှာလဲ ညကတည်းက စဉ်းစား ထားတဲ့ အဖြေကို အဘကို ပေးလိုက်တယ် ကလေး ကဗျာလေးတွေကို အဘ ရေးဖြစ်ခဲ့တဲ့ စိတ်ကူး စိတ်သန်းလေးတွေ အကြောင်း သမီး သိချင်လို့ပါ အဘလို့ ပြောလိုက်တယ်..အဘက ရယ်ပြီး မေးလေ သမီး ကောင်းတာပဲ အဲ့ဒီ့ အကြောင်းလေးကတဲ့..အဲ့တာဆို..ကျွန်မ စိတ်ထဲ အဘကို ရက်ချိန်းဖို့ စဉ်းစားလိုက်တယ်
အတွင်းမှာ သတင်းထောက် အလုပ် လုပ်ဖူးခဲ့တဲ့ အတွေ့အကြုံအရဆိုရင် အဘလို နံမည်ကျော်အနုပညာရှင် တစ်ယောက်ကို အင်တာဗျူး ရနိုင်ဖို့ လနဲ့ချီ စောင့်စား ရနိုင်သလို ဘယ် အင်တာဗျုး မှာ တစ်ထိုင်တည်း ရခဲ့ဖူးတဲ့ အတွေ့အကြုံမရှိပါဘူး..ဒါကြောင့် အဘဘယ်အချိန်အားလဲ သမီးအတွက် အင်တာဗျူးပေးဖို့ အဘ အားတဲ့ အချိန် ပြောပေးပါလို့ တောင်းတောင်းပန်ပန် လေသံလေးနဲ့ ပြောလိုက်တော့ အဘက တဟားဟား ရယ်ရင်းက သမီးရယ် အခုအဘတို့တွေ့နေတာပဲ အဘလဲ အခု အားနေတာပဲ မေး မေးစရာရှိ အခုမေး..အချိန် ဆွဲ မနေနဲ့ လုပ်စရာရှိတာ အချိန်ရှိတုန်း လုပ်တဲ့..လုံးဝကို မထင် ထားတဲ့အတွက် .စိတ်ထဲမှာ ဟာကနဲ ဖြစ် သွားတယ် ဘယ်လိုခံစားမူမျိုးဖြစ်သွားခဲ့တယ်ဆိုတာ အခုချိန်မှာ အမည်မဖော်တတ်တော့ပါဘူး..
အဘနဲ့ အင်တာဗျူးလုပ်ရတာ ဆိုတာထက်..စကားတွေပြောလိုက် အဘက ကလေးကဗျာလေးတွေ ရွတ်ပြလိုက်...နားထောင်လိုက် လိုက်ဆိုလိုက်..နဲ့ အဘကို အင်တာဗျူးချိန်မှာ..တီချယ်ကလဲ အနားမှာရှိတော့ မေငြိမ်းရေ အဲ့တုန်းကလေ ဘယ်လို နော် မေးလိုက် တီချယ်က ထောက်လိုက်နဲ့ တကယ့်ကို စကားဝိုင်းလေးလို ဖြစ်သွားခဲ့ ပါတယ် အဘ အသံအောအောကြီးနဲ့ ရွတ်ပြတဲ့ အဘကိုယ်တိုင် သီကုံးခဲ့တဲ့ သင်ပုန်းကြီးဖတ်စာထဲက က ကလေးငယ် ချစ်စဖွယ် ခ ခရေကုံး မလေးပြုံး ဂဂဏန်းသင် ပြုံးရွှင်ရွှ့င် မနီကလေး ဘယ်ကလာ အိမ်က ထွက်လို့လာ မနီကလေး ဘယ်ကိုသွား စာသင်ကျောင်းကိုသွား တနင်္ဂနွေ တနင်္လာ ဂျိုးကလေး ကူသံသာ စတဲ့ ကလေးကဗျာလေးတွေကို နားထောင်ရင်း ကဘေးဘ၀ကို ပြန်ရောက်သွားသလို ခံစားလိုက် ရပါတယ်.. ဆရာကြီး မင်းသုဝဏ် ရေးတဲ့ ကလေးကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ အဘဟာ ကလေး ကဗျာလေးတွေ စပ်တာ ကလေး လေးတွေ ကို မုန့်ဖိုးပေးတာပါပဲတဲ့..ကလေးတွေအတွက် ကဗျာလေးတွေ စပ် ပေးချင် ပါသေးတယ် လို့ အဘက ပြုံးပြုံးကြီးပြောပါတယ်။
နောက် မှတ်မှတ်ရရ ချင်းမိုင်မှာ ဆိုင်ကယ်မှောက်တော့..အဘ တစ်ယောက်တည်း ဖြစ်နေလို့ အဖော် နေပေးရမယ် ဆိုတော့ တစ်ကိုယ်လုံး ပတ်တီး အလိမ်းလိမ်းနဲ့ ဆေးရုံကနေ တန်းသွားတော့ အဘက ကျွန်မ လက်က ပတ်တီးကို ကိုင်ကြည့်ပြီး မျက်နှာ မကောင်းဘူး..ဒဏ်ရာပွန်းတဲ့ စန္ဒာမွန်းဆိုပြီး စာချိုးလေးစပ်ပြီး ပြောရှာတယ် ဆိုင်ကယ်အစီးကြမ်းတဲ့ ကျွန်မနောက်က မကြောက်မရွံ့ ထိုင်ပြီး ဆိုင်ကယ် လိုက်စီးရဲတဲ့ သူတွေ ထဲမှာ ဒေါက်တာလွဏ်းဆွေကတော့ ပထမဆုံးပဲ ဒုတိယက တီချယ်..အဲ့သူတွေထဲကမှ အဘလဲ အပါအ၀င် ဖြစ်ပါတယ်..
.အဘက နံမည်လေးတွေကို စာချိုးစပ်တာတော့ အရမ်းတော်တယ် တီချယ်ကိုလဲ လင်ရာကျော်နဲ့ ထင်ရာ ပျာ်နေတဲ့ မေငြိမ်းတဲ့ တီချယ်က ထပ်ဆက်မစပ်ပါနဲ့နော် လို့ ပြောပြီး သူတို့ရယ်ကြတယ် သူတို့ နှစ်ယောက်က လည်း တကယ့်ကို သားအဖတွေလို ပါပဲ နောက် အဘ ထိုင်းနိုင်ငံမှာ လှည့်ပြီး ပျော်ပျော်ကြီးနေသွားတယ် အဘ သမီးလေး နေမကောင်းလို့ ထင်တယ် အဘပြန်ရမယ်ဆိုတော့..အဘကို မတွေ့တာကြာလို့ အခု တွေ့နေရတဲ့ သားတပည့်တွေက မခွဲနိုင်ကြဘူး ပြန်မလွှတ်ချင်ကြဘူး ဖြစ်နေကြတယ်...
အဘ ပြန်တော့ ချင်းမိုင်မှာ နုတ်ဆက်တော့..အဘကို ဦးသာမညအခန်းထဲက ခုံလေးပေါ်မှာ ထိုင် ကန်တော့ ကြတယ်..အဘကို ကန်တော့ ကြတော့ စိတ်ထဲ တော်တော်ဝမ်းနည်းမိတယ်..ခဏလေး တွေ့ဆုံ ကြုံကြိုက် ခွင့်ရ ပေမယ့် ကိုယ့်စိတ်ထဲမှာ သွေးသားအရင်း တစ်ယောက်လို မိဘလို အဖိုးလို ခံစားခဲ့ရ ပါတယ်..အချိန်တန်လို့ အဘ နေရပ်ကို ပြန်ရတော့မယ်ဆိုတာ သိနေကြပေမယ့် မပြန် စေချင် ကြဘူးလေ..နောက်ပိုင်းတွေ ရံဖန်ရံခါ အဘနဲ့ တီချယ် စကား ပြောနေကြရင် ဒဏ်ရာပွန်းတဲ့ စန္ဒာမွန်း အနားမှာ ရှိတယ်ပြောရင် စန္ဒာမွန်းလေး ဒဏ်ရာပွန်းတုန်းပဲလားတဲ့..မေးပါတယ်။
အဘ ဆုံးပါးသွားပြီးနောက်မှာ...အဘအတွက် အမှတ်တရ ဟောပြောပွဲလေး ချင်းမိုင်က ရွှေ့ပြောင်း အလုပ်သမား ကျောင်းမှာ လုပ်မယ်တဲ့..တီချယ်ကပြောတော့..အဲ့ဒီ့အချိန် ဦးဂျေတို့မိသားစုကလဲ အမေရိကန် မသွားခင် ချင်းမိုင်ကို အလည် ရောက်နေတဲ့ အချိန်လဲ ဖြစ်တော့.အဘကို ချစ်ကြတဲ့ သူတွေ စီစဉ်တဲ့ ပွဲလေး တစ်ခု လုပ်ကြဖို့ စီစဉ်ကြတယ်..လုံးဝကို မထင်မှတ်စွာနဲ့ပဲ အဘအတွက် လုပ်တဲ့ ပွဲလေးမှာ ကျွန်မကို စီစဉ်သူ ရွှေ့ပြောင်း ကျောင်းက ကျောင်းအုပ် ဒေါက်တာသိန်းလွင်နဲ့ ပူးတွဲ အစီအစဉ်လေးတစ်ခု လုပ်ပေးရမယ်တဲ့ တကယ့်ကို စာပေသမ္ဘာရင့်ကြီးတွေကြားထဲမှာ အသက်အငယ်ဆုံး ၀ါအငယ်ဆုံး ကျွန်မကို ထည့်သွင်းပေးတော့ အရမ်းကို အံ့သြမိပါတယ်
အဲ့ဒီ့ပွဲမှာ ဆရာဦးသိန်းဝင်း(မြန်မာစာဆရာ ကျောင်းတာဝန်ခံ) ဦးဂျေ ဆရာမမေငြိမ်း ဦးသာမည။ ဆရာ ဒေါက်တာ သိန်းလွင်တို့ ပါဝင် ဟောပြော ကြပါတယ် ..အဘရဲ့ အကြောင်းကို ဟောပြောနေကြချိန်မှာ ဦးဂျေက အသောလေး ဖောက်ပြီး ပြော သွားနိုင် ခဲ့ပေမယ့် တီချယ်ကတော့ စကား မဆုံးခင် ရိုက်ကြီးတ၀င်ငိုတယ် ဆရာ သာမည ကတော့ အဘ အတွေး အခေါ်တွေနဲ့ ပတ်သတ် တာကို ပြောတယ် ဒေါက်တာ သိန်းလွင်က ပညာရေးနဲ့ အဘအမြင်တွေကို ဟောပြောကြတယ်..
ကျွန်မ အလှည့်ရောက်တော့..ကျွန်မက စီဒီခွေလေးကို ကိုင်ပြီးပဲ ပရိတ်သတ် အရှေ့ကို လျောက်သွားတယ် ဒီစီဒီလေးဟာ ကျွန်မ ဘ၀ရဲ့ ပထမဆုံး ရေဒီယို အင်တာဗျူး ပါ...အဲ့တာကို အင်တာဗျူးခွင့် ပေးခဲ့သူ ကတော့ အဘဦးတင်မိုးပါလို့ ပြောပြီး အင်တာဗျူး ခွင့်ရခဲ့ချိန်မှာ ကျွန်မ အရမ်း အံ့အား သင့် ခဲ့ရတဲ့ အဘရဲ့ မာန်မာနမရှိတဲ့ ပညာရှင် စိတ်ဓာတ်ကို ပြောပြပြီး အဘ ရွတ်ပြခဲ့တဲ့ ကဗျာသံလေးတွေကို ဖွင့်ပြခဲ့ပါတယ်။ အားလုံးက ငြိမ်သက် သွားကြပြီး အဘ ပုံရိပ်အကြီးကြီး အောက်မှာ အဘရွတ်ဆိုနေတဲ့ ကဗျာသံစဉ်လေးပဲ ထွက်ပေါ်နေတဲ့ အခန်းထဲမှာ တုတ်တုတ်မလူပ်ပဲ အားလုံး မျက်ရည်တွေတွေကျခဲ့ကြရတယ်
နောက် ကျွန်မတို့ လူငယ်တွေ အဘရဲ့ ကဗျာလေးထဲက မိုးပွင့်လာခဲ့ တုတ်ကောက်ခဲ့ဆိုတဲ့ ကဗျာလေးကို တီလုံးလေး သွင်းပြီး စပ်ပေးခဲ့တဲ့ ကိုသန်းဝင်းထွဌ် (ဒီဗွီဘီ)လက်ရာ ဂစ်တာသံလေးနဲ့ ဂျပန်အစ်မလေးပါ ကူညီ တီးခတ် ပေးခဲ့တဲ့ စန္နာရားသံလေးနဲ့ တွဲဖက်ပြီး သီချင်းဆိုခဲ့ကြတယ်.နောက် အဘကြိုက်တဲ့ ကောက်ညှုင်း ပေါင်းနဲ့ လက်ဘက် သုတ် လက်ဘက် ရည် ကြမ်းလေးတွေ သောက်ရင်း တိုင်းရင်းသား ပေါင်းစုံ တက်ရောက်တဲ့ အဘ အမှတ်တရ မြန်မာဆန်ဆန်ပွဲလေးကို ပကာသနမပါပဲ ကျင်းပဖြစ်ခဲ့ကြတယ်..ဘ၀မှာ မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ အောက်မေ့ဖွယ် ပွဲတစ်ခုပါပဲ..
အဘ ဆုံးတာ ဒီနေ့ဆို နှစ်နှစ်ပြည့်ပြီဆိုတာ သိနေခဲ့တယ် ဒီနေ့ အွန်လိုင်းပေါ် တက်တော့..အစ်မပန်ဒိုရာ တင်ထားတဲ့ ပို့စ်လေးကို ဖတ်ပြီး ကတည်းက..စိတ်ထဲမှာ အော် အချိန်တွေဟာ ကုန်လွယ်လွန်းလိုက်တာ မနေ့ တစ်နေ့ ကလိုပဲ လို့ ခံစားလိုက်ရတယ်
အခု အနားမှာ မိသားစု အရင်းတွေလို ချစ်ရတဲ့ အားကိုးရတဲ့ ဦးဂျေတို့ မိသားစုလဲ မရှိတော့သလို တီချယ်တို့ မိသားစုလဲ မရှိတော့ဘူး..ချင်းမိုင် ဆိုတာလဲ အဝေးကြီးမှာ ပူလောင်ကျွမ်းမြိုက်နေတဲ့ ဘန်ကောက်မြို့ပေါ်က အထီးကျန် စိတ်ကို ခံစားရတယ်..မိသားစု ကိစ္စတစ်ဖက် ကျောင်း တက်ရတာ တစ်ဖက် အလုပ်လုပ် ရတာတစ်ဖက် ဗာဟီရတွေ များနေလွန်းလို့ ဘာတွေ ရူပ်နေမှန်းမသိ စိတ်ပင်ပမ်း လူပင်ပမ်း ဖြစ်နေတဲ့အချိန်မှာ အမြဲလိုလို အပြစ်ကင်းစွာနဲ့ ပြုံးနေတဲ့ အဘပုံကို ပြန်မြင်ယောင်မိတော့ အရမ်းကို အပြစ်ကင်း အေးချမ်းလွန်းတဲ့ အပူုအပင်ကင်းတဲ့ နှလုံးသားနူးညံတဲ့ အဘတစ်ယောက် မြင့်မြတ်တဲ့ ဘုံဘ၀မှာ ငြိမ်းချမ်းပါစေလို့ ဂျီတော့စတေတပ်မှာ ပြုံးနေတဲ့ အဘပုံလေးနဲ့ တွဲ တင်ထားလိုက်မိပါတယ်..
အိမ်လည်ကျူးတဲ့ သား ဧည့်သည်ကြီး အဘဦးတင်မိုး တစ်ချိန်မှာတော့ ချစ်တဲ့မိသားစုရှိနေတဲ့ သူချစ်တဲ့ သူ့ တိုင်းပြည်ဆီ အေးအေးချမ်းချမ်းနဲ့ ပြန်ခွင့်ရပါစေလို့ ဆုတောင်းရင်း အမိမြေနဲ့ ဝေးကွာပြီး ပြန်ခွင့် မရတော့တဲ့ သူတွေရဲ့ ၀ိညာဉ်တွေနဲ့ အတူ ပြန်ခွင့်မရှိသေးတဲ့သူတွေနဲ့ အမြန်ဆုံး.ပြန်ခွင့်ရရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။။
ဒဏ်ရာပွန်းတဲ့ စန္ဒာမွန်း ရေးတဲ့ အဘအတွက် စာ
Posted by မဆုမွန် at Thursday, January 22, 2009
Labels: ရင်ဖွင့်စာ
6 Comments:
မျက်ရည်များနဲ့ ဖတ်သွားပါတယ် မဆုမွန်။ ကျေးဇူးတင်လှပါတယ်။
ဆရာကြီးတင်မိုး အမှတ်တရကို ဖတ်သွားပါတယ်။ ကိုယ်တိုင်မတွေ့ဖူးပေမယ့် သူ့ကဗျာတွေကိုလေးစားဦးညွှတ်မိပါတယ်။ ဖတ်ခွင့်ရတာ ကျေးဇူးပါခင်ဗျာ။
ဆရာ တင်မိုးအကြောင်း အမှတ်ရစရာတွေကို ရေးပေးလို့ ကျေးဇူးနော်။
ဖတ်ရင်း မျက်ရည်ကျမိတယ်...။
တကယ်ငိုသွားတယ်အစ်မ... :(
ဦးသာမညဆိုတာစာရေးဆရာမောင်သာမညကိုပြောတာ
လား...ပုံထဲကလူဆိုရင်တော့တူသလိုပဲ..
Post a Comment