စွန့်ဝံ့သူတို့ သမိုင်းပုံရိပ်များ

ကျွန်မ အဲ့အမျိုးသမီးလေးရဲ့ပုံလေးကို မြင်လိုက်ရချိန်မှာ အင်မတန်ကို အပြစ်ကင်းပြီး ချောမောလှပလွန်းတဲ့ မိန်းကလေးတစ်ယောက် အခုတော့ ထောင်တွင်းသွင်းပြီး အပြစ်ပေးခံနေရပြီ ကိုယ်ဝန်ပါသွားတယ်ဆိုတာ သိရလို့ ထောင်တွင်းကြမ်းတမ်းမူတွေကို ကိုယ်တွေ့ကြုံခဲ့ဖူးလို့ စိတ်ထဲ ထင့်နေ ခဲ့ပါတယ် အသက် ၂၃နှစ် အရွယ်ပဲရှိသေးတဲ့ မကေသီအောင်ဟာ ခင်ပွန်းဖြစ်သူ အထက်ဗမာပြည် ဗကသကျောင်းသား ကိုထွန်းထွန်း နဲ့ အိမ်ထောင်ပြုတာ တစ်နှစ်ခွဲပဲ ရှိပါသေးတယ် ခင်ပွန်းဖြစ်သူကို ဖမ်းမမိလို့ သူ့ကို ဖမ်းဆီး ခေါ်ဆောင်ပြီး ထောင်ဒဏ် ၂၆နှစ် ချမှတ် လိုက်တဲ့ အချိန်မှာ ကိုယ်လေးလက်ဝန်ကြီး ဖြစ်နေပါပြီ အခုသူမရဲ့ ကိုယ်ဝန်ပျက်ကျခဲ့ရတယ်လို့ သိရပါတယ်..သူ့အတွက် ထောင်တွင်းရဲ့ ကြမ်းတမ်းမူတွေ ရက်စက်မူတွေကြားမှာ အခုလို ကျမ်းမာရေးချို့ယွင်းနေတဲ့အချိန် မိသားစုကလဲ အနားမှာ မရှိ ခင်ပွန်းဖြစ်သူကိုလဲ ပိက်စိက်တိုက် ရှာဖွေနေ ရင်သွေးလေးလဲ ဆုံးရုံးရတဲ့အတွက် သူမရဲ့ ရင်တွင်းအနာဟာ အခုချိန်မှာ ဘယ်လောက်နာကျင်ရှာမလဲလို့ တွေးမိပါတယ်..အခု စစ်ကြောရေးမှာ နှိပ်စက်တဲ့ ဒဏ် ထောင်တွင်းမှာ ကျမ်းမာရေး စောင့်ရှောက်မူ လုံလုံ လောက်လောက် မရခဲ့တဲ့အတွက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်စဉ်မှာပဲ ဆုံးရူံးလိုက်ရတယ်လို့ သိရတဲ့အတွက် စိတ်ထဲ တော်တော် ထိခိုက်မိတယ်လို့ ပုန်းရှောင်နေရတဲ့ မကေသီအောင်ရဲ့ ခင်ပွန်းဖြစ်သူကိုထွန်းထွန်းကပြောပါတယ်။

အခုလို ရင်သွေးလေးကို မမြင်လိုက်ရချိန် ဆုံးရူံးရတဲ့ မိဘတွေတောင် ဒီလောက်စိတ်ထိခိုက် ကြေကွဲရရင် မွေးကင်းစကလေးကို ထားခဲ့ရတဲ့ မိဘနှစ်ပါးရဲ့ နှလုံးသားတွေရော ဘယ်လောက် နာကျင်ရရှာမလဲဆိုတာ ဒီပုံလေးကို ကြည့်ကြပါဦး
(ခင်ပွန်းဖြစ်သူ အဖမ်းခံလိုက်ရချိန်မှာ သမီးလေးကို ပိုက်ပြိး ပြေးနေရပေမယ့် မဖြစ်တော့တဲ့အဆုံး ကိုဂျင်မီ အမေလက်ထဲ ထည့်လိုက်ရချိန်ဟာ ဘ၀မှာ အကြေကွဲရဆုံးအချိန်ပါပဲ ဒီအချိန်ဆို နို့ရည်တွေ တင်းတိုင်း သမိးလေး နို့ဆာလို့ ငိုနေရော့မယ်လို့ ပြောရင်းက ကျွန်မသမီးလေးလို ရင်သွေးလေးတွေအတွက် အနာဂတ်မဲ့နေတဲ့ တိုင်းပြည်က စနစ်ဆိုးကြီးကို တွန်းလှန်ဖို့ ကျွန်မတို့ ဆက်လုပ်ကြရဦးမယ်လို့ ရေဒီယို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်) ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ နဲ့ ဇနီးဖြစ်သူ မနီလာသိန်း ကို ထောင်ဒဏ် ၆၅နှစ်စီ မတရားချမှတ်လိုက်တဲ့ အချိန်မှာ အပြစ်မဲ့တဲ့ လသားအရွယ် ကလေးငယ်လေးမှာ အမိအဘတွေ အချူပ်အနှောင်ခံရချိန်မှာ မိဘရင်ခွင်ကနေ ခွဲခွာပြီး အဘိုးအဘွားတွေ လက်ထဲမှာ ကြီးပြင်း နေရရှာပါတယ်..သမီးကလေးအတွက် တကယ့်ကို ၀မ်းနည်း နာကျင်ခံစားရပါတယ် ဖခင်ဖြစ်သူနဲ့ ၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့ မိခင် ဖြစ်သူရဲ့ သောကတွေအတွက်လည်း ထပ်တူ ခံစားရပါတယ်..

ဒါတင်မကပါဘူး ပညာသင်ဆဲ သားလေးက ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေချိန်မှာ မိဘတွေက သားလေးကို လာဖမ်းချိန်မှာ ကာကွယ်ပေးချင်ဇောနဲ့..တံခါး ဖွင့်ပေးဖို့ အချိန်နှောင့်နှေးမိလို့ ထောင်ချပြီး မတရားအပြစ်ပေးခံလိုက်ရတဲ့ မိဘတွေရဲ့ အပူသောကကရော ဘယ်လိုနေရှာမလဲ စီးပွားရေးတက္ကသိုလ်ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်(ခ) ရာပြည့် ကို လာရောက်ဖမ်းဆီးစဉ်မှာ အချိန်မှီ တံခါးဖွင့်မပေးခဲ့လို့သားဖြစ်သူကိုလဲ ထောင်ဒဏ်၁၁နှစ် ချမှတ်ခဲ့တဲ့အပြင် မိဘနှစ်ပါးကို ထောင်ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်နေတဲ့ မိဘနှစ်ပါးကိုပါ မတရား ထောင်တွင်း အကျဉ်းချခံ လိုက်ရတဲ့အပြင် ကိုစည်သူမောင်ဟာ အခုလဲ ထောင်တွင်းမှာ တိုက်ပိတ်ဒဏ်ချထားတာ ခံနေရတယ်လို့ သိရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတဲ့အပြင် ငယ်သူပေမယ့် စွန့်ဝံ့တဲ့ စိတ်ဓာတ်အတွက် တကယ့်ကို လေးစားမိပါတယ်။
.......
အသက် ၂၁နှစ်အရွယ် ဥပဒေကျောင်းသူ သမီးဖြစ်သူ မဟန်နီဦး ရုံးထုတ်ချိန်မှာ သမီးလေး စားချင်တဲ့ အစားကို ကျွေးမလို့လုပ်တုန်း ကိုယ့်မျက်စိရှေ့မှာတင် ရိုက်နှက်ခေါ်ဆောင်သွားတာ တွေ့ရလို့ စိတ်ထဲ တော်တော် ထိခိုက်မိတယ်လို့လဲ ဖခင်ဖြစ်သူက ပြောပါတယ်။ မဟန်နီဦးကို ထောင်ဒဏ်ကိုးနှစ်ခွဲချပြီး လားရိုးထောင်ကို ပြောင်းလိုက်ပါတယ်။ လေးဘက်နာရောဂါရှိတဲ့ သမီးလေးအတွက် ရာသီဥတုဆိုးလွန်းတဲ့နေရာကို ပို့လိုက်လို့ ကလေး ကျမ်းမာရေးကို စိုးရိမ်တယ်လို့ ပြောတယ် ဒါပေမယ့် အခုလို သမီးလေးကို ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ခံစားရမှုနှင့်ပတ်သက်ပြီး “ထောင်ကျသွားသူတွေအတွက်ရော ကျနော့်သမီးအတွက်ရော ကျနော်ခံစားရတာတော့ ဆရာ ဗန်းမော်တင်အောင်ပြောသွားတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်ဆိုတဲ့အတိုင်း ကျနော့်သမီးဟာ သူ့သမိုင်းကို သူတာဝန် ယူသွားတယ်လို့ပဲ ကျနော်ခံစားရတယ်”လို့ ရိုးမ(၃)သတင်းဌာနကို ပြောခဲ့လို့ ဖခင်ဖြစ်သူရဲ့ သမီးအာဇာနည်အပေါ်ထားတဲ့ မြင့်မြတ်တဲ့ စိတ်အတွက် ကြက်သီးထမိပါတယ်...

နောက်ထပ်လဲ အာဏာကိုင်တွေဟာ သူတို့ရဲ့ အချူပ်အခြာအာဏာကို ကိုင်လူပ်နိုင်တယ်လို့ ယူဆရတဲ့ နိုင်ငံရေးလူပ်ရှားသူ အာဇာနည် ရဟန်းသံဃာပါမကျန် အသက်မပြည့်သေးတဲ့ ကလေးအဆုံး အကုန်လုံးကို ထောင်တွင်း အကျဉ်းသွင်းပြီး မညှာမတာ ရိုက်နှက်စစ်ဆေး အပြစ်ပေးခဲ့ပါတယ်။
.......
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အသက်၂၀ကျော်ပဲရှိသေးတဲ့ ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်တယ်
.....
နောက် အသက် ၁၉နှစ်ပဲရှိသေးတဲ့ ဥပဒေဒုတိယနှစ်ကျောင်းသား ကိုကျော်ဇောကို ရဲဘက်စခန်းပို့လိုက်တဲ့တယ်
......
ကိုဇော်နိုင်ထွေးဆိုတဲ့ လူငယ်လေးကိုလဲ ထောင်ဒဏ်၆၅နှစ်ကျခံနေရတဲ့ အစ်ကိုဖြစ်သူက ထောင်တွင်းက အဖြစ်အပျက်တွေကို ထောင်ဝန်ထမ်းတွေပေါင်းပြီး အပြင်ထုတ်တယ်ဆိုပြီး ထောင်ကိုးနှစ်ချတယ်
...
ဒါ့အပြင် ဖခင်ဖြစ်သူအသုဘမှာ လိုက်ပို့ခွင့်မရခဲ့တဲ့ လိုင်သာယာမြို့နယ်က ညီအစ်ကိုနှစ်ယောက်ရဲ့ အဖြစ်အပျက်..စသဖြင့် ရင်ကွဲစရာ ရင်နာစရာ စွန့်ဝံ့သူတွေရဲ့ မိသားစုလိုက် ဘ၀တွေပါရင်းပြီး စွန့်လွှတ်မူဖြစ်ရပ်တွေ မြောက်မြားစွာ မြန်မာနိုင်ငံထဲမှာ ရှိနေပါတယ်..

အခုဆိုရင် မကြုံစဖူး ထူးထူးကဲကဲ နေရမယ့် လူ့သက်တမ်းထက်တောင် များပြားလွန်းတဲ့ ထောင်ဒဏ်တွေကို ချပြီးတာတောင် အားမရ မကျေနပ်နိုင်သေးပဲ နယ်စွန်နယ်ဖျားတွေ မောင်ရင်းနှစ်မ မိသားစုတွေကိုပါ တစ်ကွဲတစ်ပြားစီ နယ်ထောင်တွေကို အသီးသီး ပြောင်းပစ် လိုက်ပါတယ်.

အပင်ပမ်းရဆုံး အဆင်းရဲဆုံး ဒုက္ခအကြီးရဆုံးဟာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေပါပဲ

ထောင်ဝင်စာလေးတွေကို စုဆောင်း ပွေ့ပိုက်ပြီး ထောင်ကျရာနေရာတွေကို အပြေးအလွှား လိုက်ရှာပြီး သူတို့တွေ နေမှကောင်းရဲ့လား အနှိပ်စက်ခံနေရလား ကိုယ့်သားသမီးလေးတွေရဲ့ မျက်နှာ ကိုယ့်ခင်ပွန်းလင်ရဲ့ မျက်နှာ ကိုယ့်ဇနီးမယားရဲ့ မျက်နှာလေးတွေကို မြင်ရဖို့ တောကိုဖြတ် တောင်ကိုကျော် ရထားတစ်တန် ကားတစ်တန် ကုန်းကြောင်းတစ်သွယ်နဲ့ သွားနေရရှာမယ့် မိသားစုတွေအတွက် တကယ့်ကို ရင်ထဲမှာ ထိခိုက်နာကျင် ကြေကွဲမိပါတယ်..မဆုံးသေးတဲ့ ခရီးတစ်ခုလဲ အမြန်ဆုံး ၂၀၀၉မှာ အဆုံးသတ်နိုင်ပါစေလို့သာ ဆုတောင်းမိပါတော့တယ်..

8 Comments:

Anonymous said...

ခုမှပဲတိတိကျကျသိတော့တယ်။
ကြားရတာတွေ.. စိတ်မကောင်းလိုက်တာဗျာ။
သူတို့အားလုံးအတွက်ရော လူ့အခွင့်အရေးအပြည့်အ၀ရဖို့အတွက်ရော
ဆုတောင်းပါတယ်..

ATN said...

ဒေါသထွက်စရာ ရင်နင့်ကြေကွဲစရာတွေက များလှပါပြီ ညီမရေ့... ဒါတွေ အားလုံး အမြန်ဆုံး အဆုံးသတ်နိုင်ပါစေလို့ပဲ ဆန္ဒပြုမိပါတယ်...

အိမ်လွမ်းသူ said...

ညီမရေ... ဒီသတင်းတွေကြားနေရတာကိုတောင် အသက်ရှူမဝဖြစ်ရတယ်..။ တကယ်ကြုံတွေခံစားနေရသူတွေအတွက် ဒီအဖြစ်တွေက အမြန်ဆုံး လွတ်မြောက်စေချင်ပါပြီ...။

မောင်ရင်ညို said...

ဒါတွေကို အဆုံးသတ်ဖို့ဆိုပြီး ဒီအတိုင်းအော်နေလို့တော့မရဘူးနော်
ဗိုလ်ချုပ်ပေးတဲ့ မြေပေါ်မှာ ဗိုလ်ချုပ်ရဲ့လမ်းစဉ်ကိုပဲ
ပြန်သုံးသင့်တယ်နော် ။NLD ပဲဖြစ်ဖြစ် ၈၈ ပဲဖြစ်ဖြစ်
နှမ်းတစ်လုံးထဲနဲ့တော့ဆီ မဖြစ်ဘူးလေ။
စည်းလုံးခြင်းရဲ့ အားဆိုတာရှိပါသေးတယ်။
အမျိုးသားတို့နိုးကြားသင့်ပြီ။

Anonymous said...

ဒီပို့စ်လေးဖတ်ပြီး ရင်ထဲမှာတော်တော်စိတ်မကောင်းဖြစ်မိသလို ဒေါသလည်းဖြစ်မိတယ်၊ ပေးဆပ်နေကြရဆဲ ဘ၀တွေ ဘယ်လောက်တောင် ထပ်ပေးဆပ်ရကြအုံးမလည်း မသိ၊ အာဏာရှင်စနစ်ဆိုးခေတ်ဆိုးအောက်က လွတ်မြောက်ဘို့ မြန်မာပြည်သား အယောက်စီတိုင်းမှာ တာဝန်ရှိနေတယ်၊

Unknown said...

ဒင်းတို့တွေတော့ခက်တယ်၊ လောဘ၊ဒေါသ၊မောဟတွေနဲ့
အဝေစိအောက်ဆုံးအထပ်က သူတို့တွေအတွက် Special room လေ။

pandora said...

ဒီသတင်းတွေ ကြားရတာ ရင်ထဲမှာ မကောင်းဖြစ်မိတယ်။
အားလုံးမှာ တာဝန်ရှိနေပါတယ်။

Anonymous said...

မဆုမွန်ရေ စာတွေဖတ်ရင်း ဒေါသစိတ်ကြီးစွာ
ဖြစ်တယ် စိတ်မကောင်းခြင်းကြိးစွားဖြစ်မိတယ်
ပြီးတော့ ဒီလိုလူတွေ ရှိပါသေးလားဆိုပြီးတော့
လဲ ၀မ်းသာအဲလဲဖြစ်မိပါတယ်ဗျာ တကယ်ကိုရဲ
ဝံ့စွာ မကြောက်မရွံ ထိပ်တိုက် လုပ်ရဲတဲ့ သတ္တိ
ကို မလေးစားပဲ မနေနိုင်ဘူးဗျာ