အရွက်မှာ လက်ဖက်


မဲဆောက်က အပြန် ဘာမှာဦး မလဲလို့ လှမ်းမေးတဲ့ မိတ်ဆွေကို အမြဲ ခေါင်းထဲမှာ အသင့် ရှိနေတဲ့ စကားလုံးကို ပြောလိုက်တယ် လက်ဖက် ၀ယ်ခဲ့ပါ လက်ဖက် ၀ယ်ခဲ့ပေးပါ ကွယ်လို့ ရယ်ပြီး ပြောလိုက်တယ် သူက ခဏလေး တိတ်သွားပြီး...မဆုမွန်ရေ မင်းမ ကြား သေးဘူး လားတဲ့ မြန်မာ နိုင်ငံက ရောင်းနေတဲ့ လက်ဖက်တွေမှာ အ၀ါရောင် ဆိုးဆေး Auramin o တွေ့လို့ စားဖို့ မသင့်တော်ဘူးတဲ့ မတ်လ ၁၂ရက်နေ့ထုတ် မြန်မာ သတင်းစာတွေမှာ ဇယားကွက်နဲ့ ပါတယ်တဲ့..ကြားကြား ချင်း မယုံနိုင်သလို ခံစားရတယ် နောက် ငိုချင် သလို လဲ ဖြစ်သွားတယ်။ တေပါပြီလို့။ အစိုးရက ကြေငြာချက် ထုတ်တဲ့ အထဲမှာ ဒီတစ်ခါ ကြေငြာချက်ကတော့ အထိဆုံးပဲ..:)

အခုရက်ပိုင်း အလုပ် နည်းနည်း ရူပ်နေလို့ သတင်းလဲ မလုပ်ဖြစ် သတင်းလဲ မဖတ်ဖြစ် တာကြာပြီလေ. အင်တာနက် ကို ဖွင့်ဖတ်လိုက်မှ ဇယား ကွက်နဲ့ ထင်းထင်းကြီးတွေ့တယ်။ လက်ဖက် အမျိုးပေါင်း ၄၃သုံးမျိုးမှာ ချည် သိုးမွှေး ပိုးထည် စက္ကူ သားရေတွေမှာ ဆိုးတဲ့ အ၀ါရောင် ဆိုးဆေးတွေ ပါသတဲ့။

ကြေငြာတဲ့ အထဲမှာ တကယ့် ဈေးကွက်ဝင် နံမည်ကြီးတဲ့ အရီးတောင်း လက်ဖက် ပင်ပျိုရွက်နု လက်ဖက်တွေ ပါပါတယ် ဆိုးကျိုး တွေကို ဆက်ဖတ် ကြည့်တော့ နည်းနည်း ရယ်ချင်သွားတယ်။ လတ်တလောတော့ အဆိပ် အတောက် မဖြစ်နိုင်ပါဘူးတဲ့ ရေရှည်မှာ ခနာကိုယ် ကြီးထွားမူကို ထိခိုက်စေ တယ်တဲ့ အဲ့တာတော့ နည်းနည်း စဉ်းစားစရာပဲ နောက် အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက် စေတယ် ဒါတော့ တကယ် အန္တရာယ်ရှိတယ် နောက် ကင်ဆာတဲ့ အဆိုးဆုံးပေါ့..

လက်ဖက်... လက်ဖက်... အန္တရာယ်ရှိတယ် ဆိုပဲ ဟူးးးး သက်ပြင်းကို ခပ်လေးလေး မူတ်ထုတ်လိုက်ပြီး အခန်းထဲမှာ ပါကင်ဗူး လိုက်လေး တွေ တန်းစီထားတဲ့ အရောင် ဒီဇိုင်း လှလှလေးတွေနဲ့ သပ်သပ် ရပ်ရပ် လုပ်ထားတဲ့ နိုင်ငံခြား ပို့ကုန် လက်ဖက်ဗူး လေးတွေကို သေချာ ကိုင်ပြီး လှည့်ကြည့်မိတယ် ပစ်ရမှာလည်း အဆီနဲ့ တစ်ဝင်းဝင်း စားရမှာလည်း သဲနဲ့ ရှပ်ရှပ်ပါလား...ြ့ပီးခဲ့တဲ့ လက အန်တီ ခင်မင်းဇော် လက်ဆောင်ပေးလိုက်တဲ့ လက်ဖက် အညွန့်ဖူးဖူးလေးတွေ ထည့်ထားတဲ့ လက်ဖက် ဗူးလေးကိုလည်း သေသေ ချာချာ လှည့်ကြည့် မိတယ် သက်ပြင်းကို ခပ်လေးလေး ထပ်ချတယ်..ဘာလုပ်ရပါ့ ဘာလုပ်ရပါ့.. ခေါင်းကို ခပ်လေးလေး ခါပြီး .ဒါ သိပ် အရေးကြီးတယ် ပြည်ပရောက် မြန်မာတွေအတွက် သိပ်ကြီးတဲ့ ပြသနာတစ်ခုပဲ..အစိုးရကတော့ အကြံအစည် တစ်ခုခုရှိပုံပဲ.. ငါတို့ကို မြန်မာစာ တွေ မစားစေချင်လို့ လား စသဖြင့် စသဖြင့် မေးခွန်းတွေ တန်းစီ ထွက်လာတယ်

သူများ နိုင်ငံက အစား အစာတွေ မစားချင်ရင် ဒါမှ မဟုတ် စားစရာ မရှိရင် လက်ဖက်လေး သုတ်ပြီး ထမင်းပူပူလေးနဲ့ စားရတဲ့ အရသာ လောက် မြိန်တယ် မထင်ဘူး တစ်ခါ တစ်လေ လက်ဖက် ခြောက် မရရင်တောင် ရေနွေး ကြမ်းကို လက်ဖက် အသားလေး ခတ်ပြီး လက်ဖက်နံ့ သင်းသင်းလေးနဲ့ အရောင် စိမ်းရွှေရွှေ လေးကို မူတ် သောက်ရတဲ့ အရသာ ကတော့ ဘယ်နိုင်ငံခြားဖြစ် လက်ဖက် ခြောက်မှ မှီမယ် မထင်ဘူး။ သူငယ်ချင်း အချင်းအချင်း ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆို လာဟေ့ အိမ်က လက်ဖက်တွေ ပို့ထားတယ် သုတ်စား ရအောင် ဆိုလို့ ကတော့ ကမူးရူးထိုးနဲ့ ပြေးလွှားပြီး စားကြ သောက်ကြ ပွားကြနဲ့ ကြက်သွန်ဖြူ လေး ကိုက်လိုက် ငရုတ်သီး စိမ်းလေး ကိုက်လိုက် နဲ့ လက်ဖက်သုတ် စားရတဲ့ အရသာ ကတော့ ဘယ်ဟာနဲ့မှ မလဲနိုင်ပါဘူးလေ..အခန်းထဲမှာ ခေါက်တုန့် ခေါက်ပြန် လျောက်ရင်း လက်ဖက် ဗူးလေး တွေကို ကြည့်လိုက် ဇယား ကွက်ကို ကြည့်လိုက်နဲ့ သေသေ ချာချာ ခေါင်းတစ်ငြိမ့်ငြိမ့် ခေါင်း တစ်ခါခါနဲ့ လှည့် စဉ်းစားခန်းထုတ်နေမိတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ပြသနာကို ထပ်စဉ်းစားမိတယ်.. ဆိုးဆေးတွေ ကြောင့် ရေရှည်မှာ ခနာကိုယ် ကြီးထွားမူ့ကို ထိခိုက်စေတယ်တဲ့... ကိုယ့်ကို ကိုယ် မှန်ထဲ ပြန်ကြည့်မိတယ်..ဟုတ်တယ် အဲ့တာ အမှန်ပဲ.အခုချိန်အထိ အသက်သုံးဆယ် ကျော်သာဆိုတယ် လူတိုင်းက ပြောတယ် ၁၈နှစ်ထက် ပိုတယ် မထင်ဘူးတဲ့ ခနာကိုယ် ကြီးထွားမူကို ထိခိုက်စေတဲ့ လက်ဖက်ကို စွဲစားမိတဲ့အတွက်ပေါ့

ကျွန်မ ငယ်ငယ် သွားမပေါက်ခင် ကတည်းက အဘွား မြုံ့ တတ်တဲ့ လက်ဖက် အသားလေးကို ကိုယ့် ပါးစပ်ထဲ ခွံ့ခွံ့ထည့်ကျွေးတာ သတိရမိတယ်..အော် အဘွားတို့များ အသက်၈၀ကျော် နေသွားပြီး သူ တစ်သက်လုံး စားခဲ့တဲ့ လက်ဖက်ထဲမှာ အန္တရာယ်ရှိတဲ့ ဆိုးဆေး ပါတယ် ဆိုတာ မသိ သွားရှာဘူး ကံကောင်းတာပဲ ဒါပေမယ့် ကံဆိုးတာက အဘွားမှာ သေသာ သွားရော အခုလို လူထုကို ကျမ်းမာရေး ဂရုစိုက်တဲ့ အစိုးရနဲ့ မတွေ့လိုက်ရရှာဘူး။ သူတို့မှာ နှစ် ၂၀ကျော် ကြာအောင် လူထုရဲ့ ကျမ်းမာရေး အတွက် လက်ဖက် အမျိုးအစား ၄၃မျိုးကို စနစ်တကျ စားလိုက် စစ်လိုက် နှစ်ရှည် စစ်ဆေး ဖော်ထုတ် လုပ်ရာကနေ လက်ဖက်ဆိုတာရဲ့ ဆိုးကျိုးတွေကို နံမည်နဲ့ တကွ တင်ပြနိုင်တာပဲ..စေတနာတွေ စေတနာတွေ .

အင်း..အင်း. ခေါင်းတငြိမ့်ငြိမ့်နဲ့ စဉ်းစားရင်း...အသည်းနဲ့ကျောက်ကပ်..အင်း ဒါကတော့ အရက်သမား တွေ ပြီးရင် လက်ဖက် သမားတွေ ဖြစ်လာ နိုင်မယ့် ရောဂါပဲ အမြဲ လက်ဖက် စွဲစားတဲ့ ဖေဖေမေမေ သက်သက်လွတ် သက်သက်လွတ် ဆိုပြီး အမြဲစားတဲ့ ဦးဦး ဒေါ်ဒေါ် လက်ဖက်ကို အရက်နဲ့ မြည်းလေ့ ရှိတဲ့ ဘကြီး ဘလေးတွေ လူစုံပြီးလားဆို လက်ဖက်ကိုပဲ သုတ်သုတ်စားတတ်တဲ့ မြန်မာဆန်တဲ့ ကိုကို မမတွေရဲ့ ကျမ်းမာရေးကို ရင်လေးမိတယ်။

ဟူးးး သက်ပြင်း တစ်ခါချရင် တစ်ခါ အသက်တိုတယ် ဆိုပဲ နဂိုကမှ လက်ဖက်ကို အသေရရ အရှင်ရရ စားလာခဲ့မိလို့ အသက်တိုရတော့မယ် အထဲ သက်ပြင်း မမူတ်မိ အောင်နေမှ..လက်ဖက်ဘူးကို ကြည့်ပြီး အခုချိန် လက်ဘက် စားရင် ဘာများဖြစ်မလဲဆိုတာ နည်းနည်း သိချင်လာတယ်..တတ်သည့်ပညာ မနေသာ ဆိုသလို လက်ဘက်ဗူးလေးကို အမြတ်တနိုး ခပ်ဖွဖွလေးကိုင်ပြီး အဖုံးကို ဖွင့်လိုက်တယ်..နှမ်းဆီ စစ်စစ်နဲ့ အိနေ အောင် နှပ်ထားတဲ့ လက်ဖက် အညွန့်လေးတွေကို စတီးဇွန်းနဲ့ နှစ်စွန်း ခတ်လိုက်တယ် ကြွေပန်းကန် လေးထဲ ထည့်ပြီး မွှေးကြည့်တော့ အနံ့လေးက အီနေတာပဲ...လက်ဖက် အသားလေး တွေချည်းပဲ ဇွန်း သေးသေးလေးနဲ့ ကလော်ပြီး စားလိုက်တယ်..ပါးစပ်ထဲ ရောက်တာနဲ့ ဆိမ့်ပြီး ပျော်သွားတာပဲ လက်ဖက် အရသာက ခါးသက်သက်လေးမှာ နှမ်းဆီ အရသာ ဆိမ့်ဆိမ့်လေးနဲ့ ခတ်လိုက် စားလိုက် ကလော်လိုက် စားလိုက်နဲ့ ကြက်ဥလုံး လောက်ရှိတဲ့ လက်ဖက် အသားလေး ကုန်သွား ပါရော ကွယ်။ ကုန်သွားတဲ့ လက်ဖက် ပန်းကန်လေးကို ကြည့်ပြီး နုတ်ခမ်းမှာ ပေနေတဲ့ လက်ဖက်အသားလေးကို လျှာလေးနဲ့ သပ်လိုက် တယ်။ ဟီးဟီး စမ်းစား ကြည့်တာတော့ ကုန်သွားပြီ..

လက်ဖက် ပန်းကန်လေးကို ဆေးပြီး အသာလေး တီဗွီရှေ့မှာ ထိုင်ကြည့် တော့ ထိုင်းမင်းသမီး မင်းသားတွေရဲ့ ပြောင်မြောက်တဲ့ အော်ချက် ဆော်ချက် ရိုက်ချက် နှက်ချက်တွေ ပါတဲ့ ဇာတ်လမ်းတွဲ တွေကို ကြည့်ပြီး ကိုယ်ပါ အော်ချင်ဟစ်ချင် ချချင် နှက်ချင်စိတ်တွေ ပေါက်လာတယ်။ ထိုင်းတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ကုတ်ကြ ဖဲ့ကြ ဆံပင်တွေ ဆွဲဆုပ် ပါးတွေ ရိုက် ခြေထောက်နဲ့ ကန် လက်လိမ်ချိုး သံပြိုင်အော် ကြည့်ရင်း ကြည့်ရင်း ထိုင်နေရင်း နဲ့ ရုတ်တရက် ရင်ထဲ ပူသလိုလို ဖြစ်လာတယ်.. လက်တွေ လည်း ကတုန်ကယင် ဖြစ်လာ သလိုပဲ ချွေးစီး တွေပါ ပြန်ချင်သလိုလို..အန်ချင်သလိုလို ခေါင်းမူးသလိုလို ဖြစ်လာတယ် ရင်တွေလဲ တဒိန်းဒိန်းနဲ့ တုန်လာတယ်။ ငါမှားပြီ ငါမှာြး့ပီလို့ တွေးမိတယ်။ လူက ရပ်လို့ မရ ထိုင်လို့ မရ ကတုန်ကယင်နဲ့ လက်တွေ ခြေထောက်တွေ တုန်လာတယ် ရင်ထဲမှာ လည်း တလှပ်လှပ် ဖြစ်လာတယ်. မျက်စိတွေလဲ ပြာလာတယ်။

မြန်မာ သတင်းစာကနေ မတ်၁၂ရက်နေ့ကမှ ကြေငြာတယ် လက်ဖက်ဆိုးကျိုးကို မတ်လ ၁၃ရက်နေ့ညမှာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ လက်ဖက်ခရဇီတစ်ဦး မကျေနပ်လို့ လက်ဖက်စားပြီး သေတယ်ဆိုရင် ငါတော့ သတင်းဖြစ်ပြီ သတင်းဖြစ်ပြီလို့ တွေးမိတယ်..

ဘုရားစင် အောက်က ဆေးစင်ကို ဒယီးဒယိုင် လှမ်းသွားရင်းက ဆေးစင်ပေါ်က ချစ်စွာသော မြန်မာပြည်က အမေပို့ထားတဲ့ မြောက်မြား လှစွာ သော မြန်မာ ဆေးဗူး တွေကို တစ်ခုချင်း လိုက်ကြည့်မိတယ် မျက်စိတွေ ကလည်း ပြာနေပါပြီ။ စုစုအေးအောင် လေးဘက်နာ ပျောက်ဆေး ကေသီပန် သွေးပုတ်ချဆေး ဇာပျံလေး ကတိုးလျက်ဆား ကွမ်းရွက်ပုံ ချောင်းဆိုး ပျောက်ဆေး ဦးအောင်မြင့်ရဲ့ လူပျံတော် သွေးဆေး လေမင်းသား အစာကြေလေကွဲဆေး ဂြိုလ်တု ၀မ်းနူတ်ဆေး ကိုးပါးဆေး လျက်ဆား တော့ယူနန် လိမ်းဆေး မိဂသီလိမ်းဆေး စတဲ့ စတဲ့ မြန်မာပြည် ထုတ် မြန်မာဆေးတွေကို တန်းစီ ကြည့်နေမိတယ်။ သူတို့ထဲမှာ လက်ဖက် အစားလွန်လို့ ပျောက်နိုင်တဲ့ ဆေး ဘာဆေးများ ပါမလဲ လို့ပေါ့။။ နောက်ဆုံး တော့ယူနန် လိမ်းဆေးကို ယူ ဗိုက်ကို နာနာလူး ပ၀ါလေးနဲ့ ပတ်ထားလိုက်တယ် နောက် အစာကြေ လေနိုင်ဆေး ကို ရေနွေးနဲ့ (လက်ဘက်ခြောက် အစိမ်း ခတ် ထားတဲ့) သောက်ချ လိုက်တယ်။ ရင်တွေက တဒိန်းဒိန်း ခုန်နေ တုန်း။။

ညသန်းခေါင်ယံ တစ်နာရီ ကျော်တဲ့ အထိ ခေါင်းထဲမှာ ချွေးစီးတွေပြန်ပြီး အန်ချင်နေတုန်းပဲ ..အခုနေများ ငါ သေများ သွားရင်....လူတွေ ကတော့ ငါအရွဲ့တိုက်ပြီး လက်ဖက်စား သေကြောင်း ကြံ တယ် ထင်ကြ တော့မှာပဲ ဆိုတဲ့ အတွေးနဲ့ ငြိမ်ငြိမ်လေး ပက်လက် ကလေး လှန် တွေးနေမိတယ်..လားရာ ကောင်းပါ့မလားဆိုတဲ့ အတွေးလဲ တွေးမိတယ်..ဂယောင်ခြောက်ခြားနဲ့ အိပ်တစ်ဝက် နိုးတ၀က် မေ့ကနဲ ဖြစ်သွားပါတယ်။.....

မနက် သုံးနာရီ လောက်မှာ ဗိုက်ထဲက ထိုးပြီး ရစ်ရစ်နာလာတော့မှ အိမ်သာကို ကမူးရူးထိုးပြေးရပါတယ်.....အချိန်နာရီဝက်ခန့်အကြာမှ အိမ်သာထဲက ဒယီးဒယိုင် ပြန်ထွက်လာတယ်..နောက် တစ်ခါ ကွန်ပျူတာ ခုံရှေ့မှာ အိပ်ချင်မူးတူး ငူငူုကြိး ထိုင် နေတုန်း..တစ်ခါ ၀င်ပြေး ရပြန်ရော.. နောက် တစ်ခါ ပြန်ထွက်လာ..အိပ်ယာ ပေါ် ခွေခွေလေး လှဲနေတုန်း.တစ်ခါ ရစ်နာ ပြန်ပြေးနဲ့ မရပ်မနား အရစ်ခံ ရတဲ့ ဒုက္ခကို ပိုပြီး သိလာပါတယ်..

မနက်မိုးလင်းသောအခါ...ချက်တင်း ထိုင်တဲ့ ဗိုက်ကလေးလဲ တော်တော်လေး ပြေလျော့သွားပြီး ခေါင်းလောင်းပြီး ရေမိုးချိုးလိုက်တော့ လူက တော်တော် လေး လန်းလန်း ဆန်းဆန်းဖြစ်သွားပါပြီ.. လက်ဖက် ဗူးကို စိတ် နာနာနဲ့ ကြည့်မိတဲ့ အခါကျမှ...တရားခံကို တွေ့ပါ တော့တယ်...နှမ်းဆီနဲ့ ဗူးထဲ ထည့် နှပ်ထားတဲ့ လက်ဖက်အသားတွေထဲကမှ ဆီမထိတဲ့ အပေါ်ယံအလွှာလေးမှာ အဖြူရောင် မိုပွင့်လေး တွေ တန်းစီပြီး လှပစွာ ဖူးပွင့် နေတာ ကို မြင် လိုက် ရပါ တော့တယ်။ မိုတက် လက်ဖက်စားမိရင်..နောက်တစ်ခု ဆိုးကျိုး ဖြစ် နိုင်တာ ကတော့ ရင်ပူ ဗိုက်နာ အရစ်ခံ ရနိုင်ခြင်းပါပဲလို့..တွေးမိပါတော့တယ်။

19 Comments:

လင်းဒီပ said...

ကိုယ့်ဒေါသနဲ့ ကိုယ်ပဲနော် အစ်မ...:P
(နောက်ကို မစားခင် မှိုပါ မပါ သတိထားမှ..)

တီချမ်း said...

၁) စားသာစားဦးမွန် တစ်သက်လုံးစားလာတော့ အစားနဲ့တော့ သေချင်သေပစေ

၂) ယုဇန လစ်ထံမှာမပါ

၃)တီ့ဆီမှာ ပင်ပျိုရွက်နု ၁၊ ဒေါ်ရိတ်ကြီး ၁ ရှိ ဦးမွန်လိုချင် ၁ ထုပ်ပေးနိုင်

၎) သာဂဒိုး ရဲ့ ပိစပ် သောက် အဲဒါပိုမြန်နိုင် ဟိဟိ

သီဟသစ် said...

မဆုမွန်ရေ
မှိုတက်နေရင်က ပိုကြောက်စရာ ကောင်းတယ်လေ။
အသည်းကင်ဆာ ဖြစ်နိုင်တယ်တဲ့။

ကြားဖူးနားဝနှင့်လာခြောက်သွားသည်။

လွမ်းသုရင် said...

အစ်မရေ... လာစားဖို့ခေါ်တာ ကျေးဇူးတင်ပါတယ်နော်။ ဒါပေမယ့် ညီမလေးက လက်ဖက်မကြိုက်တော့ ကြည့်ပြီး ပြန်သွားပြီ။ မမလည်း သတိထားစားနော်။ မှိုတက်တာတင်မဟုတ်ဖူး။ အခုဆေးပါဆိုးတယ်လို့ပြောတယ် :(

Anonymous said...

အားးးး တားတားယေးယဲ လက်ဖက် ခရေခီ
ဒါဆိုရင်တော့ သူတို့ပြော တာ မှန်နိင်တယ်
တားတားယေးယဲ ဂျပိန်လေးလေး)

ATN said...

ငါ့တူမကတော့ ဖြစ်ရမယ်...

ဦးကတော့ အဲလက်စ် ဆိုတဲ့ သီချင်းထဲကလို -- စားမှာပဲ... စားမှာပဲ.. ဗိုက်ပေါက်အောင်စားမယ်... ပဲ...
လဘက်က မစားရတာကြာပြီ... ရလို့ကတော့ စားပစ်ဦးမယ်... တမာချဉ်နဲ့ပါ ရောစားပစ်မယ်...း)

Anonymous said...

ကျနော်ကဒီအသက်အရွယ်ထိ လက်ဖက်ဆိုရင် အခြောက်အစိုအကုန်ကြိုက်တယ်၊ စားလဲစားနေဆဲပဲမမဆုမွန်ရေ၊ စွဲနေပြီ ဖြတ်လို့တော့မရတော့ဘူး၊ စားမှာပဲစားမှာပဲ ငါ့ကိုလာမတားနဲ့---၊

tg.nwai said...

လက်ဖက်သားချည်းပဲဝယ်ပြီး ကိုယ့်ဖာသာနှပ်စားရင်တော့ အဆင်ပြေမယ်ထင်ပါရဲ့။ အဝေးက လက်ဖက်ချစ်သူတွေလည်း အိမ်ကို လက်ဖက်စို အိမ်နှပ်သာ ပို့ပေးပါ ပြောရမလိုဖြစ်နေပြီနော်..။

ရီရတယ် မဆုမွန်အဖြစ်က...သက်သာသွားလို့ တော်သေးတာပေါ့..။

chocothazin said...

အစ်မရေ
လက်ဖက်ကတော့ အသေကြိုက်တယ်
အိမ်ကလက်ဖက်ပို့ ထားရင် အပေါ်ယံမှိုတက်ချင်သလိုဖြစ်နေရင်တောင် အသာလေးဖယ်ပြီး အလယ်သားလေး ရအောင်စားတာ..
အခုတော့ ရှားပါတယ်ဆိုတဲ့ ဒီလက်ဖက် ဘယ့်နှယ့်လုပ်ရပါ့မလဲ

Anonymous said...

လာလည်သွားပါတယ် မဆုမွန်ရေ။

Anonymous said...

ညီမရေ လက်ဖက်ကအသင့် လုပ်ပြီးသားတွေက စိတ်မချရတာအမှန်ဘဲမို့.၊ အကိုတော့ မြန်မာပြည်မှာ ကတည်းက ဘွားဘွားလုပ်နေကြနည်းလေးဘဲ လုပ်စားဖြစ်တယ်၊ လက်ဖက်အသား အစိမ်းကို ဇလုံတစ်ခုထဲထည့် ဆားနဲ့နယ်ပြီးမှ အရည်တွေကိုစင်အောင်ညှစ်ပြီး ဗူးတစ်ခုထဲထည့် ဆီစိမ်ထာြး့ပီး လေလုံအောင်ထားပြီး ဇွန်းသန့်သန့်လေးနဲ့ ခပ်ပြီး လိုသလောက်ယူစားတယ်၊ လက်ဖက်နဲ့ လက်ဖက်ရည်ကြမ်းက နေ့တိုင်းကိုစားဖြစ်တယ်။ အဲဒီတော့ ဆိုးဆေးပါလည်း သိပ်ကြောက်စရာမလိုသလို အဖန်ရည်တွေလည်း လိုသလောက်ထွက်သွားတာမို့ ဘေးဆိုးမဖြစ်စေတော့ဘူးပေါ့ လက်ဖက်ကြိုက်ရင်အဲ ဒီလိုမျိုးလေးလုပ်စားကြည့်ပေါ့ ။ အသင့်လုပ်ြ့ပီးသားလက်ဖက်ဆို စားတတ်တော့မှာမဟုတ်တာ သေချာတယ်။

ကောင်းကင်ပြာ said...

နေကောင်းကာစ လက်ဖက်ထမင်းလေး လုပ်စားဘို့ စိတ်ကူးယဉ်တုန်း ဒီပို့စ်လေး ဖတ်မိပီး စားတော့ဘူး..စားတော့ဘူး

အိမ်လွမ်းသူ said...

ဒါတောင်မြည်းရုံပဲရှိသေးတာနော်...း) တကယ်သာစားရင် မလွယ်ဘူးထင်တယ်ညီိမရေ... ကြည့်လုပ်ပါဦး သက်သာသွားလို့တော်သေးတာပေါ့...

Anonymous said...

လက်ဖက်ကတော့ မြန်မာလူမျိုးမှန်ရင် အကုန်နီးပါးလောက် ကြိုက်ကြတဲ့ အစားအစာပါ။
ညလေးတော့ အဲ့ဒီ list မတွေ့သေးဘူး။ သူတို့တွေ ဘာအစာမကြေလဲမှမသိတာကို။

စားမှာပဲ၊ ခုနောက်ပိုင်း ဒီမှာဝယ်ရတဲ့ လက်ဖက်တွေက ရယ်ဒီမိတ်တွေ သိပ်မကောင်းတော့ဘူး ဆိုင်ထားတာ ကြာလို့နေမယ် လက်ဖက်တွေ မည်းချည်းနေတာ။
ဒီတော့ အကြော်ပဲ စားဖြစ်တယ်။

အစ်မရေးလိုက်တော့မှ ၀ယ်စားဦးမယ်။ :P

ခင်မင်းဇော် said...

ဟေးး
သမီးကို ပေးလိုက်တာ လဘက်က အသားချည်းအလွတ် လဘက်စစ်စစ်ပါလေ။ ဆိုးဆေးမပါဘူး။
သူတို့ နှပ်ထားတာ မဟုတ်ဘူးလေ။
ဆိုးဆေးအ၀ါလို့ ပြောနေတာပါ။ တကယ့် အ၀တ်ဆိုးဆေးဆို လက်တွေ ပါးစပ်တွေမှာ ၀ါနေရမယ်။
ကိုယ်စားတဲ့ လက်ဘက်ကို လက်နဲ့နယ်လိုက်ရင် လက်မှာ အ၀ါရောင်မပါရင် ဆိုးဆေးဟာ အစားအသောက်အတွက် သုံးတဲ့ ဆေးပဲ အန္တရာယ်မရှိဘူး။ စားသာစား။
အန်တီတော့ စားတာပဲ။

မသက်ဇင် said...

လာဖတ်သွားပါတယ်ဆုမွန်--
ပျော်ရွှင်ပါစေ--

Moe Myint Tane said...

လက်ဖက် လက်ဖက်။ မှိုတက်တော့ သတိထားအမရေ။
ချဉ်စပ်ဆို ပိုစားလို့ကောင်းတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Welcome said...

အစားမတော်တစ်လုပ်တဲ့ .. အသာထားပါ။
စားချင်စဖွယ်လေးမို့
ဆန္ဒရှိရင် စားလိုက်ပါ
နောင်ခါလာ နောင်ဈေးပဲ .. ..
ဆေးသောက်လိုက်ပါ မကြီး .. ..
အဆင်ပြေသွားပါလိမ့်မယ်။

လေးစားလျက်နဲ့

LITTLE BURMA GROCERY said...

ဟာဗျာ့  ဖတ်ရင်းဖတ်ရင်း စိတ်ပူလိုက်ရတာ့ 
ကျနော်ပါ အသက်ရှူရပ်ပြီး ဂန့်တော့မလို့ 
အဲဒီလို မကျီစားပါနဲ့နော့့်  စိတ်ပူလွန်းလို့ပါ့ ။