ကန်စွန်းရွက် အဲကွန်းစက် နဲ့ ဒညင်းဂွက်

ဒီအသံကတော့ တော်တော့လေးကို လွန်လွန်းနေပြီကွယ် ဒီနေ့ပါနဲ့ဆို သုံးရက်ရှိပြီ နေ့ရော ညရော နားတွေ အူနေတာ. ဘန်ကောက်ရဲ့ နွေအပူရှိန်ကလဲ ရူးမလောက် ပူလောင် ကျွမ်းမြိုက် အိုက်စက်နေရတဲ့အထဲမှာ နေကပူ အသံက ဆူနဲ့ နားဒုက္ခရောက်ရတာ တော်တော် ကို ဆိုးဝါးတယ်။

ဖြစ်ပုံက ဒီလိုပါ။ ကျွန်မရဲ့ ဘေးခန်းက ထိုင်းဂေးတွေ နေတဲ့အခန်းက လေအေးပေးစက် ပျက်နေပုံရပါတယ်။ လေအေးပေးစက်ကလဲ ၂၄နာရီ ဖွင့် ထား ပါတယ်။ အဲ့တော့ အပြင်ထုတ်ထားတဲ့ စက်က ကျွန်မအခန်း ခေါင်းရင်း ထိပ်တည့်တည့်မှာပါ။ စက်က ပုံမှန် လေမူတ်စက်သံ တ၀ူးဝူးကနေ နံရံကို လွန်ပူစက်နဲ့ ထိုးသလို ဂျီဂျီဂျီ ဆိုတဲ့ အသံက စူးစူးရှရှ ထွက်လာ ပါတယ်။ အဲ့ဂျီဂျီဂျီ အသံ က သိပ်ကြာ သွားရင် တရုတ် နှစ်သစ်ကူး တွေမှာ ဗင်ထု သလို လင်ပန်းတီးသလို ဒုန်းဒုန်း ဒုန်း ချမ်းချမ်းချမ်းဆိုတဲ့ အသံကို ပြောင်း သွား တယ် အဲ့ဒီ့လို ကုလား နှဲမူုတ်သံ နဲ့ တရုတ် ဘင်ထုသံ အသံပေါင်းအော်နေတဲ့ အသံက နားတွေ အူပြီး လူတောင် ရူးချင်တယ် အဲ့ဒီ့ အသံက အောက်ထပ်က သူတို့ကွန်ဒို ရုံးခန်းက အထိလဲ ကြားရတယ်။ ညကလဲ တစ်ညလုံး အိပ်မရ ပူကလဲ အရမ်းပူ အသံကလဲ အရမ်း ဆူ ဆိုတော့ အဲ့တာနဲ့ ရုံးခန်းကို သွားပြောမှရတော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။

ရုံးခန်းက ထိုင်းစာရေးမတွေကလဲ အင်္ဂလိပ်စာ ညံ့ချက် က ကိုယ့်ထက်ဆိုးတယ် အခန်းမှာ ရေမလာလို့ သွား ပြော တာ waterတောင် မသိဘူး မီးပျက်လို့ သွားပြောလဲ နားမလည် အမြဲ တိုင် တွေ ပတ်နေတာ ဟိုတစ်ခါ လည်း တံခါးချက် ကျပ်ပြီး ထိုးမရတာ အောက်က ကွန်ဒို ရုံးခန်းကို သွားပြော တော့ နားမလည်ဘူး ဂျက်ထိုး မရတာကို အဲ့တာနဲ့ Body Language နဲ့ ပြောမှဖြစ်မယ်ဆိုပြီး လက် တစ်ဖက်ကို အ၀ိုင်းလေး လုပ် ။ ကျန်တဲ့ လက်ညိုးနဲ့  အ၀ိုင်းလေး ထဲကို ထိုးပြီး မိုက်ဒီ မိုက်ဒီ (ထိုးလို့ မရဘူး) လို့ လဲပြောလိုက်တော့ ၀ိုင်းရယ် လိုက်ကြ တာ စိတ်တောင်တိုတယ် ။အရင်မီးပျက်ရင် ခေါ်ရခက်တဲ့ ယမ်းတွေ (ထိုင်း လုံခြုံရေး တွေ)က လိုက်ကြည့်မယ် ဆိုတာချည်းပဲ.

အဲ့.ပြောလက်စ ပျောက်သွားပြီ အဲ့တာနဲ့ စကားပြန်ရှိမှ ဖြစ်မယ်ဆိုပြီး ဖုန်းနဲ့ ထိုင်းစကား ပြောတတ်တဲ့ သူငယ်ချင်း ကို အကူအညီ တောင်းပြီး ငါ အိပ်လို့လဲ မရဘူး စာကျက်လို့လဲ မရဘူး နားတွေ အူနေပြီလို့ ပူရတဲ့ အထဲ ဆူညံနေတာ ရူးတော့မယ်လို့ ပြောပေးပါ ဆိုပြီး ရုံးခန်းက စာရေးမကို ဖုန်းပဲ ထိုးပေးပြီး ပြောခိုင်း လိုက် တယ် ထိုင်းစာရေးမက ဖုန်းကို ယူပြီး ခါးခါး ခါးခါးနဲ့ ညောင်နာနာ ပျစ်ချွဲချွဲ အသံနဲ့ ပြောပြီး ကျွန်မဆီ ဖုန်းပြန် ပေးပါတယ်။

အဲ့တာ သူငယ်ချင်းက စကားပြန်ပေးပါတယ် သူတို့က အစ်မကို ကန်စွန်းရွက်တွေ နုတ် ပေးပါတဲ့..ဟေ လို့ ဘာဖြစ်လို့လဲ လို့ မေးတော့ ကျွန်မ အခန်း ၀န်ရံတာက ကန်စွန်း ရွက်တွေ နုတ်ပေးပါတဲ့ ပြီးတော့ သူတို့ အဲ့ ကွန်း အသံ ညံနေတာ သိတယ်ပေါ့ ပြင်ပေးမယ်တော့ မပြောဘူး ကျွန်မ အိပ်လို့ မရဘူး ပြောတာ ကို ရယ်နေတယ်တဲ့ ကျွန်မလဲ ဖုန်းကို ယူပြီး အပေါ်က ပြန်ပြေးတက်သွားလိုက်တယ်။

အခန်းဝံရံတာကို ထွက်ပြီး ကျွန်မ စိုက်ထားတဲ့ အပင်လေးတွေကို သေချာလိုက် ကြည့်ပါတယ်။ သံဇကာမှာက သစ်ခွလေး တွေပါ အုတ်ဘောင်ပေါ်မှာက နှင်းဆီပင်လေးတွေနဲ့ စံပယ်ပင်လေးတွေပါ ဘေးထောင့်နားလေးမှာ မြင်ရတာ အဲ့ဒီ့ အသံစုံ မြည်တဲ့ အဲကွန်းစက်ပါ အဲ့စက်ကို တုတ်နဲ့တောင် ထိုးချချင်တယ် တကယ်ပဲ..
သူတို့နုတ်ခိုင်းတဲ့ ကန်စွန်း ပင်လေး တွေက စားလို့မရလို့ ရင့်တာလေး တွေကို လွှင့်မပစ်ပဲ စံပယ်အိုးနဲ့ နှင်းဆီအိုး ပဒဲကော ပင်ပေါက် လေးတွေ ငရုတ်ပင်ပေါက်အိုး လေးတွေပေါ်မှာ မြေသြဇာ ထည့် ထားတာ အပင် ပေါက်ပြီး အိုးပေါ်ကနေ သံဇကာပေါ်မှာ နွယ်တက်ပြီး ခရမ်းရောင် ကန်စွန်း အပွင့်တွေ ပွင့် နေတာ အဲ့တာကို နုတ်ခိုင်း တာ သိပ်လဲ မများပါဘူး ဒေါသထွက်ထွက်နဲ့ ၀ရံတာပေါ်က အိုးတွေထဲက အဲ့ဒီ့ စံပယ်ပင်ကလွဲရင် အကုန် နုတ်ပစ်လိုက်တယ် အောက်က ရုံးခန်းဝက အမိုက်ပုန်းမှာ သွားသွန်ပစ်လိုက်တယ် တကယ်တော့ အမိုက်ပစ်ခန်း သပ်သပ်ရှိတယ်လေ ကွန်ဒိုမှာက အဲ့တော့ ရုံးခန်းထဲက ၀န်ထမ်းတွေက ပြူးကြည့်နေတယ်လေ ကျွန်မလဲ ပြောလိုက် တယ် ကဲနုတ်ပြီးပြီ နင်တို့ အဲ့အသံကို ပိတ်ခိုင်းမလား မပိတ်ခိုင်း ဘူးလား ပြင်ခိုင်းမလား မပြင်ခိုင်းဘူးလား ပြောလို့ ပြော လိုက်တယ် အင်္ဂလိပ်လိုပဲ ပြောတာပဲ နားလည်လား မလည်လား တော့ မသိဘူး ကျွန်မလဲ တစ်ကိုယ်လုံး ဖုန် အလိမ်းလိမ်းနဲ့လေ ညကလဲ မအိပ်ရတော့ မျက်စိကလဲ အကွင်းလိုက် ချောင် နေတာ ဒေါသကလဲ ထွက် ပိုဒေါသထွက်တာက အဲကွန်းသံ ညံလို့ ပြောတာကို မဆီမဆိုင် ကန်စွန်းပင် နုတ်ခိုင်းလို့ ပါ အဲ့တာနဲ့ သူတို့ က ကျွန်မကို အခု ပြင်ပေးမယ် ဘာညာလို့ ယူဆရတဲ့ အိညောင် အိညောင် အသံနဲ့ လာ ပြောကြတယ်။

ဘန်ကောက်က အရမ်းပူ လွန်း တော့ သူတို့လည်း အဲကွန်းဖွင့်ရမယ် ဆိုတာ နားလည်ပါတယ် ဒါပေမယ့် လူမရှိလဲ အဲကွန်းကို ဖွင့်ခဲ့ တယ် ၂၄နာရီ လုံးလုံး ဒီလောက် အသံကြီး မရပ်မနား အော်နေတာကို ဘယ်လိုမှ သည်းမခံ နိုင်ဘူး ဖြစ်နေတယ် အဲ့တာနဲ့ အပေါ်ကို ပြန်တက် လာပြီး အခန်းထဲ ၀င်ခါနီးကျတော့ ဘေးခန်းက ထိုင်းဂေးမတွေ ကွက်ကြည့် ကွက်ကြည့် လုပ်နေတယ် မျက်စောင်း ပိတ်ထိုးပြီး တော့ တံခါးကို ကန်ပြီး ပိတ်လိုက်တာ အရှိန်လွန်ပြီး ခြေမ ပဲ့သွားတယ် နာလိုက်တာ မပြောပါနဲ့တော့ ကိုယ့်ဒေါသနဲ့ကိုယ် မျက်ရည် တောင် ကျတယ် နောက် ချက်ခြင်း ဆိုသလို အဲကွန်းသံက တိကနဲ အသံရပ်သွားတယ်။

အဲ့ထိုင်းဂေးမမတွေနဲ့ ကိုယ်နဲ့က ရာဇ၀င်ရှိဖူးတယ်လေ။ ဟိုးတစ်ခါတုန်းက မဲဆောက်ကနေ သူငယ်ချင်း တစ်ယောက်က ဒညင်းသီးတွေ ၀ယ်လာ ပေးဖူးတယ်။ ဒညင်းဂွက်ကြီးတွေမှ အကြီးကြီးတွေပဲ စားလို့လဲ ကောင်းမှ ကောင်း ထုပြီး ကြော်စားတာလေ။ တစ်ချို့ကို ဆားရည်စိမ် ထားလိုက်တယ်။ အခန်းထဲမှာ ထားရင် အနံ့က ဆိုးလို့ သူ့ကို ဘယ်ကို ထားရင် ကောင်းမလဲ စဉ်းစားတော့ ကျွန်မတို့ အခန်းရှေ့မှာ ရေပိုက်တွေ ထားတဲ့ အပေါက် သေးသေး လေးရှိတယ်။ အဲ့အထဲမှာ သူတို့ ပိုက်ပြင်တဲ့ အချိန်မှာပဲ လာဖွင့်တာဆိုတော့ ကျောက်ပြား လေး တစ်ချပ်ကို ချထားပြီး အဲ့အပေါ်မှာ ဒညင်းသီး ဆားစိမ်ဗူးလေးကို ထည့်ထားလိုက်တယ်။ ထမင်းစား ခါနီးကျမှ အပြင်ကို ပန်းကန်လေး ကိုင် ထွက်ပြီး အဲ့အပေါက်လေးထဲ သွားသွားနိုက်တယ်။ တစ်ရက် တော့ နေ့ခင်းဘက်ကြီးမှာ ကျွန်မ ဒညင်းသီး နိုက်နေတုန်း နောက်ကနေ တစ်ယောက် ယောက် ကြည့် နေသလို ခံစားရတော့ အမှောင်ရိပ်ထဲမှာ မားမားကြီးရပ်နေတဲ့ ထိုင်းဂေးမမကြီး လို့ ယူဆရတဲ့ လူတစ်ယောက် ရပ် နေတယ်။ သူ ကျွန်မကို ရာဘ ဆေးတွေ များဖွက်နေသလား ဘာညာနဲ့ မသင်္ကာလို့ ကြည့်နေတယ် ဆိုတာ ရိပ်မိ တော့ စချင်တာနဲ့ ဒညင်းသီး ပန်းကန်လေးကို အသာဖွက်လိုက်ပြီး အခန်းထဲ ဖြတ်ကနဲဆို ခိုးကြောင် ခိုးဝှက်ပုံနဲ့ ၀င်လိုက်တယ်။အရင်ကဆို ဒညင်းသီးထည့်ထားတဲ့ အခန်းထဲက ဂျက် သေးသေး လေးကို ထိုးခဲ့တယ် အခုတော့ ဂျက်ကလေးကို မထိုးပဲ ထားခဲ့လိုက်တယ်။

အခန်းထဲမှာ ထမင်းစားဖို့စောင့်နေတဲ့ ကျွန်မသူငယ်ချင်းက ရယ်ချင် ပက်ကျိဖြစ်နေတဲ့ ကျွန်မရဲ့ ခိုးကြောင် ခိုးဝှက်ပုံကို နားမလည်သလို ကြည့်နေတုန်း သူ့ကို ရူး တိုးတိုးနေ လို့ ပြောလိုက်တယ်။ ရယ်ချင်စိတ်ကို မနည်း ထိန်းပြီး တံခါးဝနားကို နားကပ်ပြီး ပြန်နားထောင်တော့ တံခါးဖွင့်သံ သဲ့သဲ့လေးကြားတယ်။ နောက် အလိုင်နားးးးးးးး (ဘာကြီးလဲ) ဆိုတဲ့ အသံကျယ်ကြီး ကြားလိုက်တယ် နောက် တဒေါက်ဒေါက်နဲ့ ထွက်ပြေး သွားတဲ့ အသံကို ကြားလိုက်တယ်။ ကျွန်မလဲ အားရပါးရ ရယ် လိုက်တယ် ဗူးကို ဖွင့်လိုက်တော့ ထွက်လာတဲ့ အနံ့ ဆိုးချက် ကို သိထားတော့ စပ်စုချင်တဲ့ ထိုင်းဂေးမကြီး တော့ ဒညင်းသီး ဗုန်း မှန်သွားပြီလို့။ နောက်ပိုင်း ကျွန်မကို မြင်ရင် နှာခေါင်း ရူံ့ ချင်တယ်လေ ဓာတ်လှေကားတောင် အတူတူမစီးဘူး ချန်ချန်ခဲ့တယ် ကျွန်မကလဲ မျက်နှာ ခပ်မော့မော့နဲ့ ပဲ တက်သွားတယ် အဲ့လို ထိုင်းတွေနဲ့က ရာဇ၀င်ရှိတယ်။

အခု စာရေးနေရင်း တန်းလန်း ဘေးခန်းကနေ ဒုန်းဒုန်းဒိုင်းဒိုင်း အသံတွေ ကြားရတယ် ထွက်ကြည့်လိုက်တော့ လေအေးပေးစက် ပြင်တဲ့ ထိုင်းတွေ ရောက်လြာ့ပီး ပြင်နေတာ တွေ့တယ်။ စိတ်ထဲ တော်တော် ချမ်းသာ သွားတယ်။ အသံတိတ်သွားတော့ ကျွန်မနားချမ်းသာသွားပြီလေ ဒါပေမယ့် မျက်စိအေးအောင် စိုက်ထားတဲ့ အလှပန်းပင်အိုးလေးတွေတော့ ကျွန်မလက်ချက်နဲ့ ပြောင်သွားပါပြီကွယ်။ ဟူးး သက်ပြင်းမူတ်လိုက်တယ် အော် အဲကွန်းစက်နဲ့ ကန်စွန်းရွက်...ဘာမှလဲ မဆိုင်ပါလားနော်

19 Comments:

ဗီလိန် said...

ဟဟဟ ဖြစ်ရမယ်။ ဒညင်းသီးကို ခိုကြောင်ခိုးဝှက်ယူတဲ့ ပုံလေး မြင်ယောင်သေးတယ်။ ဟဟဟ

ကေလာ said...

တားတား အခန်းနားပြောင်းနေပါလား . တားတား အဲကွန်းက ပျက်နေတယ် .. ဟီး ..

Anonymous said...

မမရေ.. ဘယ်နားမှာနေတာလဲ.. Muang Thong မှာလားဟင်..

ကောင်းကင်ကို said...

:D :D :D

အန်တီချမ်း said...

ဖြစ်ရလေမဆုရယ်
ရွှေနဲ့ ယပလက် ရဲ့ ကမ္ဘာရန်က ရှင့်ဆီမှာ အဆုံးသတ်မယ့်ပုံမမြင်ဘူးပေါ့နော်
ဟိဟိဟိ
တီ့ ဆီမှာတော့ ကောင်းတယ်
တီ့ အိမ်ပိုင်ရှင် က သူကိုယ်တိုင် ယ ဖြစ်ပေမယ့်
လူငှားကို ယ လုံးဝ လက်မခံပါတဲ့လေ
သူ့လူမျိုးကို သူ့ဘာသာ ပြန်ခွဲ ခြားနေသေးတော့တယ်

masumon said...

အမည်မသိေ၇ှးစာဆိုလေးရေ မောင်တောမှာနေတာ မဟုတ်ပါဘူးကွယ် ဘန်ကောက်ထဲက တစ်နေရာမှာပါ

အောင်သာငယ် said...

ငါ့တူမကတော့ ဖြစ်ရမယ်...

ယ တွေကတော့ body language နဲ့ မရဘူး... အကိုတို့တုန်းကလည်း ၀က်အူလှည့်သွားဝယ်တာ လက်ဟန်ခြေဟန်ပြပြီး မေးတော့ အိုကေဆိုပြီး ထုတ်ချလာတာ ရေပုံးကြီး...း)

Phyo Maw said...

ခေါင်းစဉ်နဲ့လိုက်ပါတယ် အဖြစ်အပျက်ကတော့... :D

sin dan lar said...

ဖတ်ရင်း ပြုံးရတယ်..။

ကောင်းကင်ပြာ said...

စိတ်ချမ်းသာစွာ အိပ်နိုင်ပါစေနော်။

pandora said...

အဲ.. စိတ်လျှော့ပါ အစ်မရဲ့..
အဆင်ပြေပါစေ.. :D

လင်းဒီပ said...

ကျွန်တော်ကတော့ အမြဲတမ်း သူတို့ မာကတ်တွေမှာ နောက်က E ရတဲ့ ယ တစ်ယောက်ယောက်က အမြဲဝင် ဘာသာပြန်ပေးရတယ်..
ကျွန်တော့် Body Language ကို သူတို့နားမလည်လို့..။

ဘန်ကောက်ကို လွမ်းသွားတယ်..။

သက်ပိုင်သူ said...

ဟား ဟား
ရီရတယ်။။
ဒညင်းသီးကို ထိုင်းတွေ အနံ့ခံနေတဲ့ပုံကို တွေးရင်း

မသက်ဇင် said...

ဖတ်သွားပါတယ်---ဆုမွန်---
အခန်းပြောင်းသင့်တယ်---

သီဟသစ် said...

မဆုမွန်
နာမည်ကို ကြည့်နေတာ စဉ်းစားလို့ မရဘူး။
ဖတ်လိုက်မှ ပေါက်သွားတော့တယ်။မော်ဒန်ပဲ။

tg.nwai said...

ဟဲဟဲ..အစ အဆုံးဖတ်ပြီးတော့ သဘောပေါက်သွားပါတယ်..ဒါပေမယ့် ကန်စွန်းရွက်ကို ဘာလို့ နှုတ်ဖို့ပြောရတာလဲ မသိ...။

မိုးခါး said...

ဖြစ်ရတယ် .. ခုတော့ နားချမ်းသာသွားပြီပေါ့ ..း)

Welcome said...

အစ်မရဲ့ body language ကလည်း
ရယ်စရာဖြစ်အောင်လုပ်တယ်။
ယ တွေက နဂိုကတည်းက ဘ တွေအစ်မရဲ့
နားချမ်းသာသွားတာ မင်္ဂလာတစ်ပါးပါ။

မေငြိမ်း said...

စိတ်လျှော့ပါအေ.. ပန်းပင်တွေပဲ နှမျောတယ်.. :(