နွေစိတ်ကူး


တနေ့ ပြီးတော့ တနေ့
ရက်ရွေ့သွားတာပါ
သက်စေ့နေရမယ်လို့
ဘယ်သူ ကြိုသိသလဲ။

အစိမ်းလည်းကြွေ
အမှည့်လည်းကြွေ
အဲဒီလို….. နွေလယ်ခေါင်
အကြွေတောမှာ……….
အနီရောင် စိန်ပန်းနဲ့ လက်ပံပွင့်
ရွှေဝါရောင် ငုပန်းနဲ့
ပိတောက်တွေ ဖြင့်
ပွင့်နေအုံးမှာသေချာတယ်။

ဟောဒီနွေနဲ့အတူ ပွင့်ဖူး
အဲဒီပန်းဦးကို ခူးခြွေချင်တဲ့သူတွေ
ကတ္တရာလမ်းပေါ်
မြင်းခွာသံ နစ်ကျန်ခဲ့သလို
ဘ၀က …ကျန်ခဲ့။

လိုရာတွန်းပို့ပေးနေတဲ့
မိခင် ဧရာဝတီလည်း
သောင်ထွန်းလိုထွန်း
အတင်းညှစ်ယူလို့ ရခဲ့တဲ့ နွားနို့ဟာ
သူ့သားတွေအတွက်
အဟာရဖြစ်တယ်ဆိုတော့
တရားသလား မှားသလား
ဘယ်သူစဉ်စားပေးတာကိုမှ လက်မခံချင်တော့။

အကြွေးဆိုတာ
နောင်သံသရာထိ ကူးတတ်ပါသလား
ပူလျှင်ပေါ့ပါး
အငွေ့ပျံတဲ့သဘောအတိုင်းဆိုရင်
ဗျာများခဲ့ရတဲ့
မုဆိုးမတယောက်ရဲ့ သောကတွေ
ဟောဒီ့ နွေညတွေထဲ
ဖိးနစ်ငှက်လို ပြာပုံထဲက ရုန်းထ
မိုးတပြိုက်အကျမှာ
နွေပိတောက်သစ်တွေပွင့်ဖူး
နှစ်ကူးကောင်းကြပါစေကွယ်။

8 Comments:

နွေးနေခြည် said...

ကောင်းလိုက်တဲ့ ကဗျာလေးပါ မဆုမွန်

Phyo Maw said...

ဟုတ်ကဲ့ နှစ်ကူးကောင်းကြပါစေ။

Welcome said...

နှစ်သစ် အတာသင်္ကြန်မှာ ပျော်ရွှင်စေဖို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ..

အေးချမ်းပါစေ

မင်းအိမ်ဖြူ Minn Eain Phyu said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ အစ်မရေ ၊၊

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ

ကမာနီလာ said...

ကောင်းလိုက်တဲ့ ကဗျာလေးပါဘဲ။ အတာသင်္ကြန် နှစ်ကူးမှာ ညီမတစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် ညီမရေ။

မသက်ဇင် said...

ကဗျာလေးဖတ်သွားပါတယ်--ဆုမွန်
အစစအရာရာအဆင်ပြေပါစေ--

သီဟသစ် said...

မဆုမွန်မှာ ကဗျာရေးကောင်းတဲ့ သူငယ်ချင်းတွေပါ ရှိတာကိုး။

ကောင်းသောနှစ်သစ်ကူးဖြစ်ပါစေ။