လွန်ခဲ့တဲ့ လေးနှစ်တုန်းက မဆုမွန်ဆိုတဲ့ ကလေးမဟာ အင်မတန်ကို အဆော့သန်ပါတယ်။ ၂၀၀၅ ခုနှစ်က ချင်းမိုင်မှာ ကျောင်းက လေ့လာရေးခရီးထွက်ကြတော့ ဘန်ဂျီ အမြင့်ခုန်တဲ့နေရာ ရောက်တော့ ခုန်ချခ ဈေးကြီးလို့ ကျောင်းက မဲနိုက်ခိုင်းပါတယ်။ အားလုံး ဘန်ဂျီခုန်ချရတဲ့နေရာကို ရောက်တော့ အပေါ်ကို မော့ကြည့်ပြီး မျက်နှာ ပျက်သွားကြတယ် ကျောင်းသား ၁၇ယောက်မှာ မဲနိုက်တာ မိန်းကလေး သုံးယောက်ပါ . နောက် ယောကျာ်းလေးတွေ မပါဘူးလားဆိုတော့မှ နောက်ယောက်ျားလေး နှစ်ယောက် ထပ်နို်က်ပါတယ်။ မဲနိုက်ရင် ကျွန်မ အမြဲကံကောင်းလေ့ရှိပါတယ်။ ကျွန်မ မဲပေါက်တယ်။
ဘန်ဂျီခုန်တယ်ဆိုတာ ကရိန်းနဲ့ မျှော်စင်ပေါ်ကို တက်ပြီး အမြင့်ပေ ၅၀မီတာ ကနေ အောက်က ရေကန်ထဲကို အလွတ် ဗလာ ခုန်ချရတာပါ။ အပေါ်က မတက်ခင် ကိုယ်အလေးချိန် ပေါင်ချိန်ပါတယ်။ ပုံထဲက ကျွန်မ လက်ဖမိုးမှာ ၅၂ကီလိုဆိုတာ မှင်နဲ့ထုထားပေးပါတယ်။ နောက် နှလုံးရောဂါ ရှိမရှိ မေးပါတယ်။ နောက် မြင်တဲ့အတိုင်း ခြေထောက်နှစ်ချောင်းကို ပူးချည်လိုက်ပါတယ် ကျွန်မ ခြေသလုံး ပိန်ပိန်လေးကို ဖော့ပြားနဲ့ ဆွဲကျစ်ပြီး ပူးချည်ထားတာကလွဲရင် သားရေပင်ကြီး အဖြူကြီးက အခွေလိုက်ပါ။ ဘာမှ အထိန်းမပါပါဘူး အလွတ်ခုန်ပါ အားလုံး ရယ်ဒီဖြစ်နေတဲ့အချိန်မှာတော့ မြင်တဲ့အတိုင်းပါပဲ စူးစမ်းချင်ပေမယ့် ကြောက်စိတ်က မျက်နှာမှာ နည်းနည်း ပေါ်လာပါတယ် ခုန်ချလို့ရပြီဆိုတဲ့ အချိန် အောက်ကို ငုံ့ကြည့် လိုက်တော့ ကျွန်မ ဇောချွေး ပြန်သွားပါတယ်။ ရုတ်တရက် တွန့်ဆုတ်သွားတဲ့ အချိန် အောက်ကနေ ၀ိုင်းအားပေးတဲ့ သူငယ်ချင်းတွေဆီက ဝေါကနဲ လှောင်ရယ်သံ ကြား လိုက် ရချိန်မှာတော့ အင်မတန် အရွဲ့တိုက် တတ်တဲ့ ကျွန်မ ရုတ်တရက် ကျွမ်းပစ်ထိုး လိုက်ပါတော့တယ်။ ကျွန်မကို ထိန်းထားတဲ့ ဘန်ဂျီဝန်ထမ်းက အော်လိုက်ပြီး လှမ်းဆွဲလိုက်တယ် ထင်ပါတယ်. ဒါပေမယ့် ကျွန်မ ကတော့ အောက်ကို တရှိန်ထိုး ပြုတ်ကျသွားပါပြီ..
ရင်ထဲမှာ တလှပ်လှပ် နဲ့ နားထဲကို လေတွေက တဟူးဟူးနဲ့တိုးဝင်လာပြီး အူတွေ အသည်းတွေ ကလီဇာတွေ ဗြောင်းဗြန်လန်သွားသလိုပါပဲ.တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တွေနဲ့ ကိုယ့်ကိုကိုယ် သေပြီလို့ တွက်လိုက် ပါတယ်။ အောက်ခံရေပြင်က မျက်နှာကို ပြေးဟပ်သလို ခံစားရပြီ ရေပြင်နဲ့ ကျွန်မ မျက်နှာ ထိမိမလို ဖြစ်တဲ့ အချိန်မှာ အသက်ကို အောင့်ထားလိုက်ပေမယ့် ခြေထောက်က ပူးချည်ထားတဲ့ သားရေပင်ကြိုးက မြောက် တက်ပြီး ရုတ်တရက် အပေါ်ကို ဆောင့်တက်သွားပြန်ပါတယ်။ ပြုတ်ကျလိုက် ပြန်ဆွဲတင်လိုက်နဲ့ သားရေပင်ကြိုး အရှိန် မကုန်မချင်း လူကို စပရိန်လို ဆွဲဆောင့်နေသလို ထပ်ခါ ထပ်ခါ ဆွဲခါနေတာဖြစ်ပါတယ်.သားရေပင်ကြိုး လုံးဝ ငြိမ်သွားချိန်မှာတော့ ရေပြင်နဲ့ ထိလု ထိခင် နားကို ချပေးတဲ့အချိန်မှာတော့ လူက မျော့မျော့ပဲ ကျန်ပါတော့တယ်။
ကျွန်မ အောက်ကိုရောက်တော့ ဒရင်းမ်ဘက်လေးတစ်ခုနဲ့ အိပ်ခိုင်းပါတယ်. ထထိုင်လိုက်တော့ အချိုရည် တစ်ပုလင်းတိုက်ပါတယ် ဒါပေမယ့် ဆူသံပွက်သံတွေက ကြိုစောင့်နေပါတယ်။ တစ်ပတ်ကျွမ်း ပစ်လိုက်တဲ့ အမူပါ။ ကျွန်မ ကံကောင်းလို့ လည်ပင်း ကြိုးကွင်းစွပ် မသေတာပါ. အလွတ်ခုန်ဆိုတာဟာ လူက လက်နှစ်ဘက်ကို ဆန့်တန်ြး့ပီး အလျားလိုက် ကိုယ်ကို လေဟာနယ်ထဲ လွှတ်ပစ် ချလိုက်ရတာပါ ကျွန်မက ကျွမ်းပစ်ရတယ်ထင်လို့ တစ်ပတ်ကျွမ်းပစ်လိုက်တော့....ကံကောင်းလို့ မရူမလှ သေပွဲမ၀င်တာပါ။ ကံကောင်းလို့ ကျွန်မ အခုချိန်အထိ မြို့မေတ္တာ ခံယူနေတဲ့ သမီလေး ဖြစ်နေရတာပါ ဟဲဟဲ :(
Jumpmaster ပေးတဲ့ Certificate of Courage , Ma Su Mon has successfully Bungy Jumped from A height of 50 meters on 2 nd Dec 2005. The holder of this certificate has courageously joined the elite group of trillseekers to experience the ultimate thrill of their lives, by Bungy Jumping, here in Chiangmai, Thailand. ဆိုတဲ့ လက်မှတ်လေးတစ်ခုရခဲ့ပါတယ်ရှင့်။
ခုန်ချရတဲ့ အရသာ
Posted by မဆုမွန် at Sunday, March 29, 2009
Labels: ဟာသ
19 Comments:
အမ်မလေး..
တွေးတောင် မတွေးရဲပေါင်တော်..။
ပိုက်ဆံလည်း ကုန်.. နှလုံးလည်းတုန်.. မနိပ်ပါဘူး။။
လူမိုက်တွေပဲ လုပ်တာထင်တယ် :P
ဟာလာဟင်းလင်း ရင်တလှပ်လှပ် ဖြစ်နေမယ်ထင်တယ်..။ အောက်က ပုံလေးလို အသံကုန်အောင် အော်ဖြစ်မှာပဲ..အမလေးလေး..။
ကျွန်တော်တော့ အောက်မရောက်ခင် လမ်းမှာ တင် သေသွားနိုင်တယ်။ အဟီး
လေးစားသွားတယ်...။ :D
လေးစားပါဒယ်..။
ကြောက်စရာကြီး..ဂီးးး
အမလေးဗျ။ :D
ဘန်ဂျီခုန်ချရတဲ့အရသာကို မ ရေးတာ ဖတ်ပြီး ခံစားကြည့်ချင်လိုက်တာ။
မဆုမွန်ရေ..မနေ့ညက လာမန့်တော့ စာတွေ မတွေ့ဘူး..အခုတခါ ပြန်လာဖတ်တော့မှ တွေ့တာ..။ ကိုယ်တိုင်ခုန်ချတာကိုး...ဘုရား ဘုရား။
တခါ ရိုလာကိုစတာလေး စီးလိုက်မိပါတယ်..အဲဒီနောက်ပိုင်း တော်တော်ကြာ လေယာဉ်ပျံတောင် ဖြောင့်ဖြောင့်မစီးနိုင်ဖြစ်သွားတာ..။
မဆုမွန်လိုဆိုရင်တော့...အင်း။
သြော- ငါ့ညီမလေးက.. အခုန်အလွှား စာတီဖီကိတ်ကြီးတောင် ရထားတာပဲ။ ဘယ်လို အလုပ်မျိုးတွေ လျှောက်ရင် အသုံးဝင်မလဲ။း)
တခါ ကြည့်ဖူးတဲ့ တီဗီအစီအစဉ်တခုမှာတော့..အဲဒါမျိုးကို let it go လို့ ခေါ်ပြီး..လူ့ဘ၀မှာ ဖြစ်ချင်တာတွေ ဖြစ်နေတတ်တဲ့ သဘောကို ကျင့်သားရစေတယ်လို့ ဆိုတယ်။
တွေးတောင် မတွေးရဲပါကွယ်
Pilot လုပ်ချင်တာ ရဟတ်တောင် မစီးရဲလို့ လက်လျှော့လိုက်ရတယ်။
ဟယ်..တော်လိုက်တာ။
အစ်မသာ ခုန်ချရရင်
အသက်ပါ ပါ သွားမလားမသိ။
း)
အဲလိုမျိုးအရမ်းစီးချင်တာ .. လက်တွေ့တော့ စီးရဲ မရဲ မသိဘူး :D
လေးစားပါတယ်။
လိုက်တော့ မလုပ်ဘူး (ကြောက်လို့)
အယ် ကြောက်စရာကြီး။
လုပ်ကြည့်ဖူးချင်တယ် ညီမလေးရေ။
ဒါပေမဲ့ အမလုပ်ရင် အမြန်ဆုံး မြေကြီးနဲ့ နီးပြီး ပြေးဆောင့်မယ် ထင်တယ်။ ကမ္ဘာကြီးက ဆွဲအားများနေလို့..တကယ်က ကိုယ်ကြီးလေးနေလို့။
Profile ထဲက Interest မှာ အသတ်အပုတ်ဆိုကတည်းက ခပ်လန့်လန့်နဲ့ လာဖတ်ရသူပါ။ ဒါပေမဲ့ သဘောကျတယ်ကွ။
အလကား ပေးခုန်တယ်ဆိုရင်တောင် မခုန်ဘူး :)
အ၇မ်း အရမ်း အရမ်း ကို ခုန်ချင်ပါတယ်ကွယ်
ဝေး......................
သိပြီ
ချင်းမိုင်ရောက်ရင် သွားခုန်မယ်
ဟွန့်.. သူတော်တော်ရဲ..
တို့တော့ကြောက်တယ်..
လေးစားပါတယ်ကွယ် :)
Post a Comment