အေပရယ်လ်ဖူးလ်ရဲ့ ရယ်သံများ..

April Fool's dayတဲ့ ဧပြီလ ၁ရက်နေ့ရောက်တော့မယ်ဆိုတော့ ညကတည်းက စိတ်တထင့်ထင့်နဲ့ အစိုးရိမ်ဆုံးက မရှိစုမယ့်စု ၀ယ်ထားရတဲ့ ကိုယ့် ကွန်ပျူတာလေး တစ်ခုခုထိသွားမှာကို သိပ်ကြောက် နေမိတယ်..မနက်အိပ်ယာနိုးတော့ အရင်လို ကွန်ပျူတာ ချက်ခြင်း မဖွင့်ရဲသေးဘူး..နိုင်ငံတကာ သတင်းတွေက ကွန်ပျူတာတွေကို conficker wormလို့ခေါ်တဲ့ ဗိုင်းရပ်စ်က တကမ္ဘာလုံးမှာရှိတဲ့ ကွန်ပြူတာတွေကို တိုက်ခိုက် နိုင်တယ်လို့ စစ်ကြေငြာထားတော့ ဖွင့်လိုက်ရင် ကိုယ့်ဟာလေးပါ ဂန့်သွားမှာကို တော်တော်လေးကို လန့်နေမိတယ်..

ဧြ့ပီလ ၁ရက်နေ့ နေ့ခင်း ၁၁နာရီအထိ ဟိုလုပ်ဒီလုပ် တောင်ကိုင် မြောက်ကိုင်နဲ့ ကွန်ပျူတာ မဖွင့်ရမချင်း အင်တာနက် မဖွင့်ရမချင်း ဆေးစွဲ နေတဲ့သူ ဆေးဖြတ် သလိုကို ဖြစ်နေတယ်. နောက်ဆုံးတော့ ယောင်ချာချာ ဖြစ်နေတာကို မနေနိုင်တော့ပဲ အင်တာနက်ဖွင့် လိုက်တယ်. ပထမဆုံးဖွင့်တာတော့ ကိုယ့်ဘလော့ပေါ့ ပုံမှန်ပဲ..နောက် ဂျီတော့ ဖွင့်လိုက်တယ်..သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့ မက်ဆေ့မှာ သန်းရွှေသေပြီတဲ့ ပြုံးမိတယ် ဒါမျိုးကတော့ ရိုးနေပြီပေါ့..ကလေးအထာလေးတွေပေါ့.

နောက်တစ်ခု ထပ်ကြည့်မိတယ် စင်ကာပူက မြန်မာအမျိုးသမီးတစ်ယောက် သန်းထီပေါက်တယ်တဲ့ လင့် ကလေးနဲ့..နည်းနည်း စိတ်ဝင်စား သွားတယ် စိတ်ထက်မြန်တဲ့ လက်က ကလစ်မိရဲ့ သားဖြစ် ရော...အေပရယ်ဖူးလ်ဆိုတဲ့ စာတမ်းကြီးလဲ မြင်ရော ချက်ချင်း ပြန်ပိတ် လိုက်တယ် အသံထွက်ြ့ပီး ရယ်မိ တယ်..ငါထိသွားပြီပေါ့ နောက် သူငယ်ချင်းလေးတွေ အရိုအရိုတက်လာတယ် အစ်မ ငြိမ်း မင်္ဂလာဆောင် ပျက် သွားပြီ သိလား ဆိုတော့ ခပ်တည်တည်နဲ့ ရိုးနေပြီ အေပရယ်လ်ဖူးလ်လို့ တစ်ကြောင်းပဲ ပြန်ရိုက်လိုက်တယ်..

နောက် ခပ်တည်တည်နဲ့ ဟိုဟာလုပ်ဒီဟာလုပ်ပေါ့..ဒါက်တာလွမ်းဆွေ ဘလော့က ဆီဘောက်စ်မှာ စချင်သူ တစ်ယောက်က ဘတ်တစ်ထောင် ဆန်တစ်အိတ် ဆီတစ်ဗူးပေးတယ် လာခဲ့ပါ ဒေါက်တာ လွမ်းဆွေ အိမ်ပေါက်က စောင့်နေတယ်လို့ ရေးထားတာကို ကြည့်ပြီး ပြုံးမိတယ်..အေအေပီပီက အကျဉ်းသားတွေ အားလုံး ဘတ်ငါးထောင်ပေးမယ် တဲ့

နောက်တစ်ခုက အထိဆုံးပဲ မြန်မာနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်မီး ၂၄နာရီ ရရှိစေရမည်ဟု ပြန်ကြားရေးဝန်ကြီးက အာမခံ ကြေငြာလိုက်ခြင်းတဲ့...ဟားဟားဟား အားရပါးရ ရယ်မိပြန်တယ်..ဒီနေ့တော့ ဘယ်ကြည့်ကြည့် ရယ်ချင်စရာ တွေပဲ ဖြစ်နေတယ်

မြန်မာပြည်က သူငယ်ချင်းတွေ လာရင် စချင်လိုက်တာလို့ တွေးနေတုန်း ဂျီတော့မှာ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ လင့်တစ်ခု ပေါ်လာတယ် ...မြန်မာပြည်က အင်တာနက် လုံးဝပိတ်လိုက်ရခြင်းရဲ့ နောက်ကွယ်မှာ လျို့ဝှက်ချက် များစွာရှိ..တဲ့ တစ်ပိုင်း တစ်စ ပေါ်နေတဲ့လင့်က bbc.co.uk ဟုတ်ြ့ပီဆိုပြီး ကလစ် လိုက်တယ်..ခံရပြန်ပြီ April Foolတဲ့..ဟဟဟဟ အားရပါးရကို ရယ်မိတယ်

ကိုယ်ခံနေရတာကို ဘယ်သူမှ မသိပေမယ့် တစ်ခုပြီး တစ်ခု အလစ် အတိုက် ခံနေရလို့ အဲ့လင့်လေးတွေကို ပြန် တင်ထား လိုက်တယ် ...သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် လာလာ အော်ကြတယ် ohh! you got me,,ဟယ် အတည် ပေါက်ကြီးနဲ့နော်.လုပ်ပြန်ပြီ ဟင်းဟင်း နင်နော် နာတော့မယ် စသဖြင့် စကြ နောက်ကြ..ပြောနေကြရင်းတန်းလန်းနဲ့ ကိုယ်ကလဲ သူများတွေ လုပ်ကြံ ရတာကို အရသာရှိ လာတယ်..စကောင်းကောင်းနဲ့ လိုက်စနေတုန်း ကိုရင်သင်ကာက လှမ်းအော်တယ် ဒေါ်ဆုမွန် ဗိုင်းရပ်စ်လင့်တွေ ထိမယ် နော်တဲ့..ခံလိုက်ရမှ ကွိခနဲဖြစ်မယ်တဲ့ သူ လှမ်းကြိမ်းမှ လိုက်ပြီးတော့ သူများတွေကို အစအနောက် လုပ်နေတာ အရှိန် လျော့သွားတယ်...ဘာပဲဖြစ်ဖြစ် ကွန်ပျူတာနဲ့ ကိုယ်နဲ့ကွန်ပျူတာ မျက်နှာ အပ်ပြီး လုပ်ကြံတဲ့ ရယ်သံနဲ့ ဟီဟီ ဟီဟီ ခွစ်ခွစ် ခွစ်ခွစ် ရယ်နေတာကို ဘေးက မိတ်ဆွေက အခုမှ ဆုမွန် တကယ် အေပရယ်ဖူးလ်ဖြစ်နေတာ တဲ့..လေ...

ဘာရယ်မဟုတ်ဘူး အေပရယ်ဖူးလ်နေ့လေးကတော့ တော်တော်ပျော်ဖို့ကောင်းခဲ့တယ်...နွေအပူတွေ စတဲ့နေ့မှာ ပြုံးရ ရယ်ရ နေလိုက်ရတာ ကိုက အရသာပဲ...

7 Comments:

ဗီလိန် said...

တကယ်ကို ပျော်ဖို့ကောင်းခဲ့ပါတယ်ဗျာ။ :)

Anonymous said...

ဦးလည်း Conficker နဲ့ ခြောက်ပြီး သူငယ်ချင်းတွေကို ည ၁၂ နာရီမထိုးခင်ကတည်းက ကွန်ပြူတာ ပိတ်ထားဖို့.. ၁ ရက်နေ့ကြရင်လည်း မဖွင့်ပဲနေဖို့ အတည်ပေါက်နဲ့ လျှောက်ခြောက်ထားတယ်... ကိုယ်ကတော့ တနေ့လုံး ဖွင့်ပြီး လျှောက်လည် နေတာလေ... အဲနေ့က စကားပြောနေကြ သူငယ်ချင်းတွေ တယောက်မှ ဂျီတော့မှာ မရှိကြဘူး...း)
သွားမပြောနဲ့နော... ခုထိ မသိကြသေးဘူး...း)
ATN

Kaung Kin Ko said...

ဟီးဟီး :D သူငယ်ချင်းလည်း ထိသကိုး

သီဟသစ် said...

ကျွန်တော်တော့ ဘဘကြီးအကြောင်းကို SMS စရတာ။ ကိုယ့်ဘာသာကိုယ် busy နေတာနဲ့ ဟုတ်ချင်ဟုတ်မှာပါ ထင်သွားသေးတာ။

နောက်မှ april fool ကိုသတိရသွားတာ

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟုတ်တယ် အစ်မရေ ဧပရယ်ဖူး အလုပ်ကောင်းတာ သူငယ်ချင်းတစ်ယောက်တော. တော်တော် တင်းသွား တယ် ၊၊ ဟဟ စတာကိုနော် .............

tg.nwai said...

ပျော်စရာကြီးပဲနော်..။
တို့လည်း conficker ထိမှာစိုးပေမယ့် မဖွင့်ပဲလည်း မနေနိုင်ဘူး။

မိုးခါး said...

:D ပျင်းခြောက်ခြောက်မဖြစ်ဘူးပေါ့ ..း)