အမောတွေနဲ့ မေဒေး


မေဒေးနေ့ရဲ့ မနက်စောစောမှာ ဘုရားကို မျက်နှာသစ်တော်ရေ သောက်တော်ရေ ဆီမီး အမွှေးနံ့သာတိုင် ဘုရားပန်း ရောင်စုံ သစ်ခွပန်းလေးတွေ စံပယ်ပန်းနဲ့ ဇီဇ၀ါပန်းလေး ဇော်စိမ်းပန်း တွေ ကပ်လှူရင်း မိဘနှစ်ပါးအပါအ၀င်.မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အပေါင်း စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းတွေနဲ့ ပြည့်စုံ ငြိမ်းချမ်းပြီး ပြည်ပရောက်နေတဲ့ လုပ်သားကြီးတွေလည်း အေးမြတဲ့မိသားစုအရိပ်မှာ အမြန်ဆုံး ပြန်လည်ခိုလူံနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မေဒေးနေ့မှာ ...အလုပ်သမား....အလုပ်ရှင်..လုပ်အားခ.....ခေါင်းပုံဖြတ်မူ...မတရားခိုင်းစေမူ...လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မူ.. မတရား အလုပ်ထုတ်ခံရမူ...စတဲ့ စတဲ့ ကျွမ်းဝင်ရင်းနှီးနေတဲ့ စကားလုံးတွေကြားထဲမှာ သူများနိုင်ငံထဲကို ၀င်လာပြီး အလုပ်လုပ်နေရရှာတဲ့ တရားမ၀င်အလုပ်သမားဆိုတဲ့ ကျွန်မတို့ ရွှေမြန်မာတွေ ထိုင်းတွေက ခွင့် ပေးထားတဲ့ ဘတ်လို့ခေါ်တဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် မရှိတဲ့ တောင်ကျော်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဘ၀ကို မြင်တိုင်း ကြားတိုင်း ရင်ထဲမှာ အမြဲနာကျင်ရပါတယ်။

ထိုင်းနိုင်ငံထဲကို နယ်စပ်လမ်းကြောင်းတွေကနေ အခက်အခဲ အမျိုးမျိုးဖြတ်ကျော်ပြီး နေ့စဉ်လိုလို ၀င်ရောက်နေတာ အခုဆို သန်းချီနေလောက်ပါပြီ..ဖမ်းတဲ့သူအဖမ်းခံရ အလုပ်ပြုတ်တဲ့သူ ပြုတ် ထပ်လာနေတုန်းပဲ တစ်ဖွဲဖွဲပဲ.မျော်လင့်ချက်တွေ ပွေ့ပိုက်လို့ပေါ့။

လူသွန်ပွဲဆိုတာရော ကြားဖူးကြလားရှင်။ လူတွေကို တရားမ၀င် လာရောက်မူတွေနဲ့ ကားတွေပေါ်တင် နယ်စပ်တွေမှာ သွားသွားသွန်ချပစ်တဲ့ လူသွန်ပွဲတွေ ပစ်ချခံလိုက်ရတဲ့ ဘ၀တွေ အနာဂတ်မဲ့နေတဲ့ ဗလာကျင်း မျက်ဝန်းတွေ ဆောင့်ကြောင့်ထိုင်ရင်း လက်အုပ်ချီနေရတဲ့ ငါတို့မြန်မာတွေ စိတ်ထဲက တလိပ်လိပ်နာကျင်ရတဲ့ နာကျည်းမူတွေ ဘယ်တော့မှ ရပ်တန့်မလဲ.
မျော်လင့်ချက်တွေ ရွှေရောင် အိမ်မက်တွေ ငွေစက္ကူတွေ..ရယူချင်တာတွေအတွက် တန်ဖိုးတွေ ပေးဆပ် လိုက်ရတဲ့ ဘ၀တွေ အများကြီး ဖြစ်ပျက်ခဲ့ကြတယ် ပြောင်းလဲခဲ့ကြတယ်.မြင်လိုက်ရတဲ့ အမူတွေ မကြား လိုက်ရတဲ့အဖြစ်တွေ.ကျခဲ့ရတဲ့မျက်ရည်တွေ..အပြုံးစတွေ ပျက်ခဲ့ရတဲ့ ဘ၀တွေ.သွေးထွက်လွန်နေတဲ့ သွေးစက်တွေ.အများကြီးမှ တကယ့်အများကြီးပဲ ဘယ်သူသိနိုင်မလဲ ဘယ်သူကူနိုင်မလဲ ဘယ်သူတရားခံလဲ..ငတ်လွန်းလို့ စားစရာမရှိလို့ ဘာဆိုဘာမှ လုပ်စားစရာမရှိတော့လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘ၀တွေ စွန့်ပြီး ထွက်လာခဲ့တဲ့သူတွေ အများကြီးပဲ မြင်နေရတယ် တွေ့နေရတယ် ကြာေးနရတယ်။

ဒီဘက်ကို လာရင် ဘ၀ပါပြောင်းမတဲ့ ငွေကိုမလို လူသာလိုတယ် အရောက် ပို့ပေးမယ် ဆိုတဲ့..အာဝဇ္ဖန်း ရွှင်ရွှင်နဲ့ြွေပာခဲ့တဲ့ ပွဲစားစကားနဲ့ သူတို့တွေ တောကိုနင်း တောင်ကိုကျော် ပြီး ယိုးဒယားမြေထဲ ရောက်ခဲ့တယ်။ နယ်စပ် ဖြတ်တာနဲ့ ပါးစပ်တွေ ပိတ်ထားရမယ် ခေါင်းကိုငုံ့ ဒူးကိုတုပ်ပြီး သူတို့ကို နယ်မြေအသစ်က နာမ်စ နှိမ်နေပြီ။ ခေါက်ဆွဲခြောက်တစ်ထုပ်က ရက်အနည်းငယ်စာ ရိက္ခာဖြစ် နိုင်တယ်။ တောထဲက စမ်းရေ တစ်ပေါက်က အာသာပြေရုံလောက် သောက်နိုင်တယ်။

နောက်တစ်ခါ ကုန်တွေတင်ထားတဲ့ ကားဝမ်းဗိုက်တွေအောက် ၀မ်းလျားထိုး ကားယားမှောက်ပြီး လိုက်ရတယ် ဘာဆိုဘာမှ အပြင်မြင်ကွင်းကို မမြင်ရပဲ ပိန်းပိတ်မှောင်နေတဲ့ ပူပြင်းလောက်မြိုက်နေတဲ တာလပတ်စ အောက်က အသက်ရူဖို့ လေအေးလေး တစ်ရိုက်စာ တောင် မရခဲ့ဘူး မေ့နေတာလား မျောနေတာလား မကျိန်းသေတော့ချိန်မှာ နားမယဉ်သေးတဲ့ ဘာသာစကား တစ်ချို့ ကြားရတဲ့ တစွပ်စွပ်ထိုးဝင်လာတဲ့ လှံအစွံပ်တွေ ဘယ်ကို ထိထိ မလူပ်ရဘူးနော်ဆိုတဲ့ အေးစက် တင်းမာတဲ့ အမိန့်ကြားမှာ လျပ်တပျက် ထိုး ၀င်လာတဲ့ အသည်းခိုက်မတက် စူးရှနာကျင်ရတဲ့ ထိုးစိုက်မူကို အံကိုကြိတ်ပြီး မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ် တစ်ချက် လင်းခနဲဖြစ်သွားတဲ့ အလင်းရောင်အောက်မှာ နာကျင်မူနဲ့အတူ အသက်တစ်ချက်တော့ ၀၀ရူလိုက်နိုင်ရဲ့။
(ဒါပေမယ့် ထိုင်းကို အလုပ်လုပ်ဖို့ ခိုးဝင်လာရင်း အအေးခန်းသုံး အလုံပိတ်ကားပေါ်မှာ ရူစရာ လေမရှိလို့ အသက်ရူရပ်ပြီး အစုလိုက် အပြုံလုပ် သေရတဲ့ မြန်မာတွေ ဒီလို သေခဲ့ရတာလည်း ရှိတယ် ဒုက္ခတွေထဲက လွတ်မြောက်အောင် ထွက်ပြေးလာကြရင်းနဲ့ ဘ၀အမောတွေထဲက ထာဝရ လွတ်မြောက်သွားကြရတာပါ)

ကား တုန့်ခနဲ အရပ် တာလပတ်ကို ဆွဲအဖွင့်မှာတော့ စူးရှလွန်းတဲ့ အလင်းရောင်ကို ဗြုန်းခနဲ မြင်ရပြီ။ နောက် အုပ်ရိုးအထပ်ထပ် သွပ်ချပ်တွေ သံဆူးကြိုးတွေ သံဇကာတွေ တပ်ထားတဲ့ နေရာ တန်းလျားကြီးတွေဆီ တန်းစီပြီး ရွေ့လျားသွားရတယ်။ ဖြူဖျော့နေတဲ့ ညစ်ထေးထေး အသားအရေတွေ ဟောက်ပက်ဖြစ်နေတဲ့ မျက်ကွင်းတွေ ညှီစို့စို့အနံ့ပြင်းတွေကြား ပူလောင်ကျွမ်းမြိုက်မူတွေ နဲ့ ပြွတ်သိပ် နေတဲ့ အလုပ်သမားတန်းလျားတွေမှာ ခဏတာ အိပ်စက်ဖို့ရာ နေရာတစ်ခုတော့ ရခဲ့လေရဲ့။

ညဉ့်တောင် မနက်သေးဘူး မရပ်မနား တရစပ် ဆူညံလာတဲ့ အချက်ပေး ခေါင်းလောင်းသံ စူးစူးရှရှကြားမှာ ရေလောင်းခံလိုက်ရတဲ့ ပိုးပုရွတ် တွေလို တလူပ်လူပ် တရွရွ ပြေးလွှား လူပ်ရှားရင် ပူလောင်လွန်းတဲ့ အသိုက်လေးတွေကနေ ရေခဲမှတ်အောက်တောင် ရောက် နေတဲ့ အအေးခန်းစက်ရုံတွေဆီကို ပြေးလွှားသွားကြရပြန်တယ်။ အေးစက်တောင့်တင်းနေတဲ့ တမန်တံလင်း ကြမ်းပြင်ထက်မှာ နာရီ ပေါင်း များစွာ မလူပ်မရပ် ရပ်နေရင်း ဇယ်စက်သလို ယက်ကန်းခတ်သလို လွန်းထိုးနေရတဲ့ လက်အစုံကလဲ ကိုက်ခဲ နာကျင် လွန်း လှပြီ။ ဘ၀အမောတွေ ဘယ်တော့များမှ နားရပါ့မလဲကွယ်။

မနက်၃နာရီ လောက်ကတည်းက နေ့လည် ၁၂နာရီအထိ ဆက်တိုက်မရပ်မနား အလုပ်လုပ်ပေးရပြီး အစာအတွက် ခပ်မြန်မြန် ၀မ်းဗိုက် အဆာဖြည့်ပြီး တစ်ခါ ဆက်တိုက် လုပ်ငန်းခွင်ထဲ ၀င်ရပြန်တယ်။ စက်ရုပ်တွေတောင် ဘက်ထရီအားသွင်းချိန် အနားရ လောက်မယ် ထင်ပါရဲ့ သူတို့ဘ၀တွေကတော့ မိုးလင်းခြင်းနဲ့မိုးချူပ်ခြင်း ဟာ ကိုယ်နဲ့ မသက်ဆိုင်တော့သလိုပါပဲ။

ဇာတ်လမ်းက အဲ့ဒီံမှာ စတာပါပဲ။ ထိုင်းကို မထွက်လာခင်ကတည်းက အလုပ်ရှာပေးခ ၀န်ဆောင်ခ ခရီးသွားလာခ စတဲ့ စားရိတ်တွေကို စုစုပေါင်း လိုက်တော့ ဘတ်က သောင်းဂဏန်းအထက်မှာ ရှိပါတယ်။ ဒီရောက်တော့ လူပွဲစားက အကုန်လုံး အကုန်အကျခံလာရပြီး အလုပ်ရှင်ကို တစ်ဦးကို ဘယ်လောက်နူန်းနဲ့ ထည့်ပေးလိုက်ြ့ပီး သူ့က အလုပ်ရှင်ဆီက ကုန်ကျခဲ့တဲ့ စားရိတ်တွေကို ကြိုဖြတ် သွားပါတယ်။

ဆိုတော့ ကျန်ခဲ့တဲ့ အလုပ်သမားတွေက အလုပ်ရှင်ကို အဲ့အကြွေးကို သေအောင် ဆပ်ပေတော့။ ဆိုတော့ ရေဖိုး။ မီးဖိုး။ ဘန်ဂျီကြေး( လို သလောက်စား ကျသလောက် လုပ်အားခထဲက ဖြတ်တဲ့ငွေ)။ ရဲကြေး( နယ်မြေခံရဲကို မဖမ်းအောင် ထိုးထားရတဲ့ငွေ) ရဲကြေး သာ ပေးရတာ တခြားရဲက ဖမ်းရင်လည်း ပါသွားရတာပါပဲ။ နောက် အလုပ်ရှာပေးတဲ့ ပွဲစားဖြတ်ယူသွားတဲ့ ငွေကို ပြန်ဆပ်ရတဲ့ ကြေး လုပ်ငန်းခွင် တွင်းက မတော်တဆ ကျိုးပျက်အက်ကွဲတဲ့ လုပ်ငန်းသုံးပစ္စည်းအလျော်ကြေး စသဖြင့် စသဖြင့် ဖြတ်လာလိုက်တာမှာ နောက်ဆုံး တစ်ပတ်စာငွေရှင်းတိုင်း စားပြီး သောက်ပြီး ဘတ်ငွေ လေးငါးဆယ်တစ်ရာပဲ ကျန်တော့ပါတယ်။ တစ်ချိုဆို လုပ်အားခက အကြွေး ထက်တောင် နည်းနေလို့ အကြွေးပေါ် အကြွေးထပ် အတိုးပေါ် အတိုးဆင့်နဲ့..နှစ်နဲ့ချီပြီးသာ လာခဲ့တဲ့ အကြွေးကို လုပ်အား တွေနဲ့ ရုန်းကန်ဆပ်နေရင်းကို ဆပ်လို့ မကုန်နိုင်သေးတဲ့ လူတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိနေတုန်းပါပဲ။

တစ်ခါ ကများဆို မဟာချိုင်မြို့ထဲမှာ အလုပ်သမားတွေကို အကျဉ်းစခန်းလို ပိတ်လှောင်ထားပြီး မိသားစုလိုက် ကျွန်တွေလို မသေရုံ ကျွေးပြီး မတရားသဖြင့် ခိုင်းစေနေတာကို မခံနိုင်တော့လို့ ထွက်ပြေးလာတဲ့ လူက ပြောမှ သိလို့ထိုင်းလူ့အခွင့်အရေူးအဖွဲ့တွေ မြန်မာတွေ ပေါင်းပြီး သွားရှာတာ လူတွေ အများကြီးကို ပိတ်လှောင်ထားပြီး စီစီတီဗီတွေနဲ့မှာ သူတို့ကို စောင့်ကြည့်ထားတာလေ ထွက်ပြေးတာ မိရင် လူတွေအများကြီးရှေ့မှာ ကတုံးရိတ်တာ နေပူလှမ်းတာ တုတ်နဲ့ကြိမ်နဲ့ရိုက်တာ ကို အလုပ်ရှင် ထိုင်းသူဌေးမ ကိုယ်တိုင် လုပ်ပြ ပြီး နှိပ်စက်သတဲ့ (သူက တံတားလေးလက်မှတ်လို လက်မှတ်ရဆိုတာ နောက်မှ လူတွေ သိကြတယ်)

ဒီလို အဖြစ်အပျက်တွေ ဒီလိုအခြေအနေတွေ ဖြစ်နေ တွေ့နေ ကြုံနေရပေမယ့် ဘယ်လိုမှ နေလို့မဖြစ်တော့လို့ လူတွေ ဟာ ပျက်နေတဲ့ သင်္ဘောကြီးပေါ်ကနေ တစ်စစ ဆုတ်ခွာ ကျောခိုင်းလာနေကြတုန်းပါပဲ ကျန်ခဲ့တဲ့ သူတွေ အသက်ကြီးရွယ်အိုတွေ အမိအဘဘိုးဘွားတွေ ရင်သွေးလေးတွေ လူမမယ် မောင်ငယ် ညီမငယ်လေးတွေ ဘယ်လိုမှ မလိုက်နိုင်တော့ပဲ ပိတ်မိနေတဲ့ ကျန်ရစ်သူတွေအတွက် အသက်ဆက်ပေးနိုင်ဖို့ အပြင်မှာ ပင်ပမ်းကြီးစွာနဲ့ ရုန်းကန်နေရတဲ့ အလုပ်သမားတွေရဲ့ ဘ၀အမောတွေ ဟာ ပြောရရင် ကုန်မယ်မထင်ဘူး။
(တရားမ၀င်အလုပ်သမားကို ထိုင်းရဲက တွေ့ရင် ဖမ်း မိရင်ပြန်သွန် သွန်တဲ့ကားက နယ်မြေပြန်မရောက်သေးတဲ့ သွန်ခဲ့တဲ့လူတွေက အရင်ပြန်ရောက်နေတဲ့တွေလည်း ရှိရက် ငိုအားထက် ရယ်အားသန် ပြောပြောပြီး ရယ် တွေးတွေးပြီး ငိုရတဲ့ အဖြစ်တွေလေ)

တိုင်းပြည်အပြင်ကို ထွက်လိုက်တာနဲ့ တရားဝင်ဆိုတဲ့ အလုပ်သမားရော တရားမ၀င်ဆိုတဲ့အလုပ်သမားတွေ အကုန်လုံးဟာ တစ်ခုမဟုတ် တစ်ခု အနှိပ်ကွပ်ခံရတာ အနှိမ်ခံရတာ အရက်စက်ခံရတာ အယုတ်မာခံရတာ တွေးတောင် တွေးမထားတဲ့ အဖြစ်မျိုးတွေနဲ့ အကုန်ရင်ဆိုင်ရတယ်.ဒါပေမယ့် မဖြစ်လွန်းလို့သာ မိဝေး ဘဝေး မိသားစုရဲ့ အဝေးမှာ ကျန်ခဲ့တဲ့လူတွေ အသက်ရူချောင်အောင် လုပ်ကျွေးနိုင်ဖို့ အလုပ်ကို ကြိုးစားပမ်းစား ပင်ပမ်းတကြီး လုပ်ပေးနေကြရတယ်လေ။

ဒီအလုပ်သမားတွေရဲ့ ကာယခွန်အားတွေ ညာဏခွန်အားတွေဟာ မိသားစုနဲ့ အတူ အိုးမကွာ အိမ်မကွာ ကိုယ့်တိုင်းပြည်ထဲမှာပဲ အားကြိုးမာန်တက် ရုန်းကန်တည်ဆောက်ခွင့်ရခဲ့ရင် ဘယ်လောက်များ ကောင်းမလဲလို့ ပါ............

(ဒီနေ့ မနက်အစောကြီး နိုးနေဖြစ်တယ် မေဒေးနေ့ရဲ့ မနက်စောစောမှာ လုပ်သားကြီးတွေရဲ့ အကြောင်း စဉ်းစားမိတဲ့ အတွေးစတွေကို မြင်ရတိုင်း ကြားရတိုင်း ဖြစ်ခဲ့ရတဲ့ ခံစားချက်တွေနဲ့ နာကျင်ပင်ပမ်းစွာ ရေးမိပါတယ်။)

စင်ကာပူရောက်နေတဲ့ ရင်ခုန်သံတူတဲ့ ကျွန်မ သူငယ်ချင်း သမီးကြီး ကလဲ သူ့ရဲ့အိမ်လွမ်းနေတဲ့ ခံစားချက်ကို အိမ်လွမ်းနေတဲ့သူဆိုတဲ့ ပို့စ်လေး တင်ထားပါတယ် ဖတ်ကြည့်ရင်းနဲ့ ခံစားချက်တွေ ထပ်တူနေတာကို မြင်မိလို့ပါ။

12 Comments:

မယ့်ကိုး said...

"ဒီအလုပ်သမားတွေရဲ့ ကာယခွန်အားတွေ ညာဏခွန်အားတွေဟာ မိသားစုနဲ့ အတူ အိုးမကွာ အိမ်မကွာ ကိုယ့်တိုင်းပြည်ထဲမှာပဲ အားကြိုးမာန်တက် ရုန်းကန်တည်ဆောက်ခွင့်ရခဲ့ရင် ဘယ်လောက်များ ကောင်းမလဲလို့ ပါ............"

ဖတ်ရသူလည်း နာကျင်ပင်ပမ်းစွာ ...
ထပ်ပြောရင် ......

JulyDream said...

ဘယ်သူ့ကို အပြစ်ပုံချရမလဲဆိုရင် နောက်ဆုံး ဒီဘူတာပဲ ဆိုက်အုံးမယ်။

သူများကို အပြစ်မတင်ပဲ ကိုယ့်ဘာသာ ရအောင် ဘ၀ကို ပြောင်းလဲပစ်ကြပါလား ဆိုရင် ပြောင်းလဲဖို့အတွက် ခွန်အားတွေ အခြေခံ လိုအပ်ချက်တွေ ပြည့်စုံနေပြီလား။

သေမထူး နေမထူးပဲကွာ ဆိုပြီး အမှောင်ကမ္ဘာထဲကို ဇွတ်တိုးခဲ့ရတဲ့ ဘ၀တွေအတွက်...

ဒီလိုဘ၀မျိုးနဲ့ လူဖြစ်ရတာ တန်ရဲ့လား ဆိုတဲ့ မေးခွန်းများစွာ...

လောကကြီးက မတရားပါဘူး...ဟုတ်ပါတယ်။
:(

U sandathiri said...

my sister , i am proud of you , i like your idea posts. so , i will stand before you forever timeafter reading your post , i want to cry now, and , feel sad , coz, you and i are living away from our family. but , don't care about , if we want to miss our family. we need to good deed and , good action , and not to do any evil , share merit and , when our family need the necessary , we need to send the necessary to them may you be free from danger and , be well soon.

Anonymous said...

ညီမရေ အခုလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ ၀မ်းနည်းစရာ ရင်နင့်စရာ အဖြစ်တွေကို ရေးပြပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုးနေပါ သကောလား...၊
ဒီဒုက္ခဆင်းရဲတွင်းထဲက လွတ်မြောက်မယ့်နေ့ အဲဒီနေ့....အဲဒီနေ့ ကျရောက်လာခဲ့အုံးမှာပါ။

kiki said...

မီးမြိုက်ထားတဲ့ ဒယ်အိုးပူရဲ့ နှုတ်ခမ်းဝ ပေါ်မှာပြေးလွှားနေကြရှာတဲ့ ပုရွက်ဆိပ်ငယ်လေးများ ဘဝလိုပါဘဲ ။ ရပ်နေရင်လဲ ခြေပူလို့ အပူနဲ့ ဝေးမလားဆိုပြီး ဟိုပြေးဒီပြေး ၊ အိုးနှုတ်ခမ်းပါလိုက်ပူတော့ လွတ်လိုလွတ်ငြားခုန်ချတော့ မီးတောက်ထဲကျ။ ဆက်နေတော့လဲ နောက်ဆုံး ပူလောင်သေပွဲဝင်ရမှာ။
အောက်ကမြှိုက်နေတဲ့မီးကြီးငြိမ်းပါမှ ဒီပုရွက်ဆိတ်လေးတွေ အသက်ရှင်နေနိုင်တော့မှာလေ။
ခုထိတော့ ဒီဂက်စ်မီးဖိုကြီးက အရှိန်ကောင်းနေဆဲပါဘဲ။။ဘယ်လောက်ကြာမယ်မသိ.... :((

yehtutnaung said...

မဆုမွန်ရေ.. အဲဒီလို သတင်းတွေကို နေရာမျိုးစုံကနေ ခဏခဏ ကြားရတယ်ဗျာ။ စိတ်မကောင်းစရာပါ။ ယိုးဒယား၊ မလေးရှားတို့ ကတော့ မြန်မာ လက်လုပ်လက်စား အများစုဆိုတော့ သူတို့ အကြောင်းတွေက များပါတယ်။ တကယ့်ကို စိတ်မကောင်း ရင်နင့်စရာပါဗျာ။ "..ကျားကြောက်လို့  ရှင်ကြီးခိုး၊ ရှင်ကြီးက ကျားထက်ဆိုး.." ဆိုသလိုပါပဲဗျာ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ရှင်ကြီးက ဘယ်လောက်ဆိုးဆိုး၊ ကံသီလိုများ အဆင်ပြေခဲ့ရင် မိသားစုဆိုတဲ့ မျက်နှာလေးကို ပြန်ကြည့်လို့ ရတာကိုး။ ဒီတော့ ဒီဆူးဒီချုံကို သွေးဘယ်လောက်ထွက်ထွက် တိုးပြီပေါ့။ ရင်လေးစရာပါဗျာ။

အိမ်လွမ်းသူ said...

ညီမရေ... ထိုင်းနိုင်ငံရောက် အလုပ်သမားတွေရဲ့ ဘဝအမောတွေကို ဖတ်ရင်း တကယ့်ကိုရင်မောရပါတယ်ညီမရေ... ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာမသင်နိုင်ကြဘဲ ပင်ပန်းတကြီးအလုပ်လုပ်နေကြရတဲ့ ကလေးတွေရဲ့ ဆိုးဝါးတဲ့ဘဝတွေလဲ အမတို့ ထိုင်းမှာနေချိန်က မြင်တွေ့ခဲ့ရတယ်.. ဖမ်းဆီးပြေးလွှားရင်း ဒီလိုဘဲဘဝတွေ ကုန်ဆုံးနေကြရတော့ တို့လူမျိုးတွေရဲ့ အနာဂတ်က တကယ်ရင်မောစရာကောင်းပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘာမှထိထိရောက်ရောက် မကူညီနိုင်ခဲ့တော့ ကိုယ့်မှာလဲတာဝန်မကင်းသလို မလုံမလဲခံစားမိတယ်... တနေ့နေ့တချိန်ချိန်မှာ ကိုယ်တတ်နိုင်တဲ့ နေရာကနေ ထိထိရောက်ရောက် ကူညီနိုင်အောင်ပဲ အားမွေးနေရတယ်ညီမရေ...

win latt said...

အမကြီးရေ...
သွန်တဲ့သတင်းတွေကတော့ နားနဲ့မဆံ့တော့ဘူး။
သွန်လဲသွန်သွန်လေ..
မတတ်နိုင်ဘူး...
ပြီးတော့ မငတ်နိုင်ဘူးမို့လား...
ဟိုသီချင်းထဲကလိုပေါ့....
အပြန်အပြန်...အပြန်လားဟေ့...
အသွားအသွား....အသွားပါဗျို့...

မိုးခါး said...

ဟူး ...........
ကံတရားပဲအပြစ်ဖို့ရမလား
ဘာကြောင့် ကောင်းစားမယ့်နေရာ လူသွားမဖြစ်လဲလို့
ငတ်တဲ့လူတွေ ငတ်လိုက်ကြတာ လူရုပ်မပေါ်တော့ဘူး
သေမထူးနေမထူးဘ၀မှာ မျှော်လင့်ချက် ကောက်ရိုးတမျှင်ကို မိရာလှမ်းဆွဲနေရတဲ့ဘဝ
ရင်မောပါတယ် အစ်မရယ် .. တကယ်ပါ

အနမ်း said...

ဆုမွန်ရေ.. အမတို့ မြန်မာတွေရဲ့ အဖြစ်တွေကလည်း ဆိုးလိုက်တာနော်။ စိတ်မကောင်းစရာတွေချည်းကြုံနေ ရတော့တယ်။ အဲဒီဘ၀တွေက အမြန်လွတ်မြောက် ပါစေလို့ ဆုတောင်းမိပါတယ်။

အနမ်း said...

အမတို့ မြန်မာတွေရဲ့ စိတ်မကောင်းစရာအဖြစ်တွေကို ကြားသိရတာ ရင်နာမိပါတယ်။ အဲဒီဘ၀တွေကနေ မြန် မြန်လွတ်မြောက်ပါစေလို့ သာဆုတောင်း နေရုံသာ ရှိပါတော့တယ်။

ဂျေဂျူဝိုင် said...

ဘ၀ ဘ၀