မြင်ချင်သောသူများစာရင်း

ညီမငယ်လေးမိုးခါး တက်ခ် ထားတဲ့ အမြင်ချင်ဆုံး ၁၀ယောက် ဆိုတဲ့ ခေါင်းစဉ်လေးကို ကြည့်ပြီး အတွေး ၀င်မိ ပါတယ်။ ကီးဘုတ်ပေါ် လက်တင်ပြီး ငါဘယ်သူကို အမြင်ချင်ဆုံးပါလိမ့်လို့ စဉ်းစားမိတော့....နောက် မိုးခါး ဘလော့လေးကို သွားပြန် ဖတ်မိပြန်တယ် ညီမလေး ပြောထားတာ ဘလော့ကာတွေပဲလား အပြင် လူတွေ ပါလား ဆိုတာလည်း စဉ်းစားမိတယ်။ ကဲ ဘာပဲဖြစ်ဖြစ် အမြဲတမ်း စိတ်ထဲရှိတာ လုပ်လေ့ရှိတဲ့ အကျင့်အတိုင်း ကိုယ့် စိတ်ထဲက တကယ်မြင်ဖူး တွေ့ဖူးချင်တဲ့သူ စာရင်းကို ချရေးမိပါပြီ။ အမှန်အတိုင်းပြောရရင် တွေ့ချင်သူတွေကတော့ မြန်မာဘလော့ကာတွေ အကုန်လုံးပါပဲ။ ၁၀ယောက်ဆိုတော့လည်း ၁၀ယောက်စာ ချရေးပေးရမယ်လေ။

(ပြောဖို့မေ့သွားလို့ အခု ရေးထားတဲ့သူတွေ ရော လာဖတ်တဲ့သူတွေရော အကုန် တက်ခ်တယ်နော် အားရင် ရေးပေးကြပါ)


ကိုရင်တုတ်ကြီး ပါ သူကတော့ ကျွန်မ အစ်ကိုအရင်းလိုပါပဲ အရမ်းလဲ ခင်ဖို့ကောင်းပါတယ်။ ဘုတ်အီးလို့ခေါ်တဲ့ ကျွန်မကို ညီမလေးအရင်းလို စောင့်ရှောက်တဲ့ အစ်ကိုပါ။ ကျွန်မရဲ့ အစ်ကို့ကို လည်း အပြင်မှာ မမြင်ဘူး သေးပါဘူး။ သူ့ကိုလည်း တွေ့ချင်ပါသေးတယ်။

မိုးခါး အဲ့ဒီ့ ညီမငယ်လေးကို သတိထားမိတာ ကိုယ့်လုပ်ရပ်ကိုယ်စစ် ဆိုတဲ့ ပို့စ်လေးမှာ စသတိထားမိတာပါ။ ပြည်ပ ရောက်နေတဲ့ မြန်မာအမျိုးသမီးလေးတွေအတွက် ကောင်းသောစိတ်စေတနာလေးနဲ့သူရဲ့ အမေ့ ဆုံးမစကားကို ပြန်ပြောပြ ပေးတဲ့ ညီမငယ်လေးကို စိတ်ထဲက အလိုလို လေးစားမိသွားပါတယ်။ နောက်ပိုင်း လူချင်းလဲ မမြင်ဘူး အင်တာနက်မှာလည်း စကားမပြောဖူးပဲ ဘလော့ခ်ကနေ စကားလုံးတွေ ချန်ချန်ပြီး ဆက်သွယ်တာကနေ စိတ်ထဲ ရင်းနီးသွားတာပါ။ အပြင်မှာ ဆုံချင်ပါတယ်။ အရမ်းခင်ပေမယ့် နံမည်မပါတဲ့သူတွေကတော့ အပြင်မှာ မြင်ဖူးတဲ့သူတိုင်းပါပဲ ။

ငပေါများဂေဟာ က ဂေဟာသူ ဂေဟာသားတွေ အကုန်လုံးကို မြင်ဖူးချင်ပါတယ်။ ငပေါများဂေဟာစတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ သူတို့ရဲ့ အစုအဖွဲ့လေးက ပျော်ရွှင်ခြင်းတွေကို အတူ မျှဝေခံစားချင်တဲ့ စိတ်နဲ့ မွေးမြူရေး ၀န်ကြီး အဖြစ်နဲ့ နို့စားရေသူမ မွေးမြူရေး ဥစားငါးသလဲထိုး အသားစား အိမ်မြှောင် မွေးမြူရေး လုပ်ငန်းတွေ အဓိက ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း အလုပ်တွေလဲ ရူပ် လူလဲ မအား စိတ်လဲ မအားဖြစ်တာနဲ့ အချိန်ပေးပြီး သူတို့လေးတွေရဲ့ လူပ်ရှားမူမှာ သိပ်မပါဖြစ်တော့ပေမယ့် အမြဲ သွားသွားချောင်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ငပေါများဂေဟာရဲ့ အထူးအစည်းအဝေးမှာ အားလုံးကို တပြိုင်တည်း တွေ့ဆုံချင်ပါတယ်။

အစ်မ အိမ်လွမ်းသူ နဲ့ ဦးဂင်ကြီး နဲ့ ပေါ့အိုင်း ပိအိုင်း ညီအစ်မ သူတို့မိသားစုလေးကို ဘလော့ခ်ကနေ တစ်ဆင့် သိတာကနေ အခုဆိုရင် တကယ့်ကို အစ်ကိုအရင်း အစ်မအရင်း မိသားစုအရင်းအချာလိုမျိုး ချစ်ခင် သံယောဇဥ်ရှိကြပါတယ်။ အစ်ကိုနဲ့ အစ်မက ကျွန်မကိုလည်း ညီမလေးအရင်းလို စောင့်ရှောက်ဖေးမတာတွေ ဆုံးမ အကြံပေးတာတွေ လုပ်ပါတယ်။ ကျေးဇူးအတင်ဆုံးကတော့ ကျွန်မ မိခင်ကြီး ဆေးလာကုတုန်းက အမေ့ အတွက် လိုအပ်တဲ့ ဆေးစစ်ကိရိယာလေးကို စေတနာအပြည့်နဲ့ ဟိုးအဝေးကြီးကနေ လှမ်းပို့ပေြး့ပီး ကူညီပေးတာပါ။ ပေါ့နဲ့ ပိ ညီမလေးတွေကလဲ ကျွန်မကို သူတို့ အစ်မအရင်းလို အရမ်းချစ်ကြပါတယ်။ ကျွန်မနဲ့ သူတို့ ကြားမှာ ရှိတဲ့ သံယောဇဉ်ကြိုးကတော့ မိသားစုလိုက်ကို ခိုင်မြဲပါတယ်။ သူတို့မိသားစုလေးကို အပြင်မှာ အရမ်း တွေ့ဖူးချင်ပါတယ်။

အစ်မသိင်္ဂီ နွယ် ဟိုးရှေးရှေးတုန်းက ပုံလေးနဲ့ အခု ကလေးသုံးယောက် မာတာဆိုတဲ့ပုံလေးကို တွဲတင်ထားတာလေးကို သိပ်သဘောကျမိတယ် နောက် ကော်မန့်တွေမှာလည်း အမြဲ မှတ်မှတ်ရရ ဆွေးနွေးသွားတတ်တဲ့ အကတော်တဲ့ အစ်မကို အပြင်မှာ မြင်ဖူးချင်ပါတယ်။

ကယ်ရေကယ်ချာဆွဲတဲ့ကိုထိုက် ပါ ကျွန်မနဲ့ ဘလော့ခ်မှာ ခင်မိကြပြီး ပို့စ်တင်ပြီး ကျွန်မပုံ ကယ်ရေကယ်ချာ လေးကို အမှတ်တရ ဆွဲပေးတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က မောင်ငယ်လေးပါ။ ကယ်ရေကယ်ချာ ပုံဆွဲတာကိုမှ မက်မက်မောမော ၀ါသနာကြီးတဲ့ မောင်ငယ်လေးက သူသိထားတဲ့ ကယ်ရေကယ်ချာရေးဆွဲနည်း ပန်းချီပညာလေးတွေကိုလည်း အသေးစိတ် ပို့စ်တင်ပြီး ပညာရပ်တွေကို အမြဲ မျဝေပေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ သူ့ကိုလည်း အပြင်မှာ မြင်ဖူးချင်ပါတယ်။ ကယ်ရေကယ်ချာ ရုပ်လေးများ ဖြစ်နေမလား ထင်မိပါတယ်။

အစ်ကိုအိုးဝေအောင်ပါ အစ်ကိုအိုးဝေအောင်ကို ဘလော့်ခ်ထဲကနေပဲ ခင်ပါတယ်။ သူတို့ မိသားစုကိုလည်း အပြင်မှာ မြင်ဖူးချင်ပါတယ်။ သူရဲ့သားငယ်လေးကိုလဲ ဓာတ်ပုံထဲမှာပဲ မြင်ဖူးပေမယ့် အရမ်းချစ်စရာကောင်းမယ့် ကလေးလေးကို အပြင်မှာ မြင်ဖူးချင်တာပါ။ အစ်ကိုအိုးဝေအောင်က ကျွန်မရေးတဲ့ပို့စ်တွေကို ဖတ်ပြီး အမြဲတမ်း စတတ်ပါတယ်။ ကျွန်မအတွက် အမှတ်တရ နှစ်သစ်ကူးလက်ဆောင်ကို ၀ိပသနာတရားထိုင်နည်း တရားခွေတွေကို ပေးပို့ပေးခဲ့တဲ့ အစ်ကိုအရင်းလို ခင်မင်ရတဲ့ အစ်ကိုကြီးကို အပြင်မှ မြင်ဖူးချင်ပါတယ်။

သက်ပိုင်သူပါ ဂျူးရဲစကားပွင့်များကို ဖန်ဆင်းခြင်းဆိုတဲ့ ဂျူး ၀တ္တူကိုကျောင်းပရိုဂျက်လုပ်တဲ့နေရာမှာ ခင်းကျင်း ပြသခဲ့တဲ့ အနုပညာလက်ရာလေးကို စဖတ်မိတဲ့အချိန်ကစပြီး သူ့ဘလော့ခ်ကို အမြဲတမ်း သွား လေ့လာဖြစ်ပါတယ်။ ပုလင်းကွဲကချေသည်ကိုတော့ အကြိုက်ဆုံးပါ။ အဲ့လိုမျိုး အနပညာအပြည့်နဲ့ အရမ်း စာရေး ကောင်းတဲ့ မောင်လေးသက်ပိုင်သူကို အပြင်မှာ မြင်ဖူးချင်ပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ပို့စ်လေးတွေထက် သူကိုယ်တိုင် ပြောပြတဲ့ အနပညာဆန်တဲ့ အဖြစ်အပျက်လေးတွေကိုလည်း အပြင်မှာ နားထောင်ချင်ပါတယ်။

အစိမ်းရောင်ကောင်မလေး
ပါ ဘလော့ခ် လုပ်ခါစမှာ အမြဲတမ်းလာလည်ပြီး အားပေးတတ်တဲ့ ညီမငယ်လေးပါ။ သူရေးတဲ့ပို့စ်လေးတွေကလဲ အတွေးကောင်းကောင်းနဲ့ တကယ့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ မိသားစုအကြောင်းလေးတွေ မောင်လေးအကြောင်း နောက်ချစ်သူအကြောင်း မိတ်ဆွေတွေအကြောင်းကို အမြဲတမ်း စိတ်ဝင်စားစရာကောင်းအောင် စာဖတ်သူပါ မြင်ယောင်လာနိုင်အောင် ရေးအားကောင်းတဲ့ ညီမလေးပါ။ သူ့ကိုလည်း အပြင်မှာ မြင်ဖူးချင်ပါတယ်။

မိုးမြင့်တိမ် ပါ တိမ်ညိုတွေ ပြိုသွားတဲ့ ကောင်းကင်ဆိုတဲ့ ဘလော့ဒီဇိုင်း ဆန်းဆန်းရှင်းရှင်းလေးထဲက ပို့စ်တွေ ကဗျာတွေထဲက အင်မတန် ဖတ်လို့ကောင်းတဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်တွေ စာအရေးအသား သိမ်မွေ့မူတွေနဲ့ အရေးကောင်းတဲ့ ဘလော့ခ်မိတ်ဆွေတစ်ယောက်ပါ။ သူရေးတဲ့စာတိုင်းကို အမြဲဖတ်တိုင်း တစ်စုံတစ်ခု ရသကို ပေးစွမ်းနိုင်ပါတယ်။ဖြစ်နိုင်ရင် သူတို့ နေရာလေးမှာရှိတဲ့ ဘလော့ခ် မိတ်ဆွေ မောင်နှစ်မတွေကို အပြင်မှာ မြင်ဖူးချင်ပါတယ်။

နောက်မြင်ဖူးချင်တာကတော့ မိုးကောင်းသူဆိုတဲ့ ထမင်းအိုးလေးနဲ့ မေတ္တာရပ်ဝန်းမီးဖိုဆောင်က စားဖိုမူးလေး လုလုပါ။ ကျွန်မ အင်တာနက်ထဲ စာဖတ်တိုင်း အစားအသောက်ဘလောခ့်လေးတွေကို သိပ်စိတ်ဝင်စားပါတယ်။ သူတို့တွေက အိမ်တွေ မိသားစုတွေ အမေ့လက်ရာနဲ့ဝေးနေရတဲ့ ပြည်ပရောက်မြန်မာတွေကို ကိုယ် ချက်တတ်တဲ့ ဟင်းချက်နည်းလေးတွေကို ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ နည်းစနစ်တကျ အပင်ပမ်းခံပြီး ပို့စ်ရေးပေးတတ်လို့ပါ။ ကျွန်မဆို တစ်ခုခုစားချင်တိုင်း သူတို့ရဲ့ ဘလော့ခ်လေးတွေ သွားမွှေနှောက် သွားရေကျမိပါတယ်။ နောက် သူတို့ဆီက နည်းကို ယူပြီး အမြဲ တစ်ခုခုလုပ်စားလေ့ရှိပါတယ်။ သူတို့ကိုလည်း အပြင်မှာ မြင်ဖူးချင်ပြီး သူတို့ချက်ကျွေးတာ စားချင်ပါတယ်။

အားအားယားယားစာမျက်နှာများကို ရေးလေ့ရှိတဲ့ ညီမငယ် ခိုင်စိုးလင်း(Lung) လို့ အသံထွက်ပါလို့ အသံထွက်ပါ တစ်ခါတည်း သင်ပေးတဲ့ ညီမပါ။ မရေးရမနေနိုင်ရ်ျမနေနိုင်တိုင်းရေးမိသော ညီမငယ်ခိုင်စိုးလင်းကို အပြင်မှာ မြင်ဖူးချင်ပါတယ်။ စာတွေကို စိတ်ရှိတဲ့အတိုင်း ခပ်သွက်သွက်ရေးတတ်တဲ့ ပွင့်ပွင့်လင်းလင်း ပုံစံရှိတဲ့သူ့ကို အပြင်မှာ သူ့ဆံပင်ပုံစံကို မြင်ဖူးချင်တာရယ် သူ့စကားပြောဟန်ကို နားထောင်ချင် တာကြောင့်ရယ်ပါ။ အပြင်မှာတွေ့ဖူးချင်ပါတယ်။

နွေးနေခြည် ဆိုတဲ့ ညီမငယ်လေးကိုတော့ ခရီးသွားပုံလေးတွေကို စဖတ်မိတာက စပြီး သူ့ဘလော့ခ်ကို အမြဲ အလည်ရောက်ပါတယ်။ ကိုယ် တက်ခဲ့တဲ့ ကွန်ပျူတာ ကျောင်းအကြောင်းကို သေသေချာချာ တန်ဖိုးထားပြီး ရေးခဲ့တဲ့ ညီမဖြစ်လို့လဲ အမှတ်တစ်ရဖြစ်မိပါတယ်။

ရေးရင်း ရေးရင်းနဲ့ အများကြီး ဖြစ်သွားပြီ။ တကယ့်က ကျွန်မဖတ်ဖူးတဲ့ ဘလော့ခ်စာမျက်နှာတိုင်းက ဘလော့ခ်တွေ ဘလော့ခ်တွေကို အမြဲ လာအားပေးတဲ့ အွန်လိုင်းက အယောက်ရှိတိုင်းသော ကျွန်မရဲ့ ဘလော့ခ်မိတ်ဆွေတွေ အကုန်လုံး (အားလုံး)ကို အပြင်မှာ မြင်ဖူးချင်ပါတယ်ရှင်။

တိုင်းပြည်လေးထဲမှာ ကျွန်မရေးသမျ စာတွေကို အမြဲအားပေး ဝေဖန်ဖတ်ရူတဲ့သူတွေ ကျွန်မ နေမကောင်း ဖြစ်ချိန်မှာ မေတ္တာနဲ့ အကြံပေး ဂရုစိုက်တဲ့သူတွေ ကျွန်မ သတင်းလိုက်ချိန် စိုးရိမ်စိတ်တွေနဲ့ ဆုံးမ စကား ပြောတဲ့ သူတွေအားလုံးကို ဒီနေရာကနေ စိတ်ကျမ်းမာခြင်း ကိုယ်ကျမ်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။

လက်အနာကတော့ နည်းနည်းမှ မလျော့သေးပါ။ လက်ဖျံဘက်ကို လှည့်သွားနေတဲ့ ယောင်ြ့ပီး ကိုက်နာနေတဲ့ လက်တစ်ဖက်ကို ဖိလိုက် ညှစ်လိုက် နှိပ်လိုက် လုပ်ရင်း ညီမငယ်လေး မိုးခါးတက်ခ်ထားတဲ့ ပို့စ်လေးကို အမှတ်တရရေးပေးလိုက်ပါတယ်။

18 Comments:

နွေးနေခြည် said...

အမကိုတော့ ခင်လည်းခင်တယ်
သတ္တိရှိပြီး ပျော့ညံ့ညံ့မိန်မ မဟုတ်ဘူးထင်လို့လည်း လေးစားမိတယ်။

ညီမကိုယ်တိုင်ကတော့ လူရော စိတ်ရော ပျော့ညံ့ညံ့ပါပဲး)
မဆုမွန်နဲ့ တွေ့ဖို့ ပိုက်ပိုက်စုလိုက်ဦးမယ်။ ဘန်ကောက်လာလည်ဖို့လေ..

ဖိုးဂျယ် said...

ဟုတ်ပါ့ အမရေ ဂေဟာသူ ဂေဟာသားတွေကိုတော့
အားလုံး အပြင်မှာ မြင်ဖူးချင်တယ်
အခုနောက်ပိုင်းအားလုံး မအားတော့ သိပ်မရေးဖြစ်တော့ဘူး။

မိုးကောင်းသူ said...

ထမင်းအိုးပိုင်ရှင် မိုးကောင်းသူကျွန်မကို တွေ့ချင်တယ်ဆိုလို့ အထူးပင် ၀မ်းသာပါတယ်နော်။ အဲကိုရောက်အောင်လာပါမည်။ ရောက်လာရင် မည်သို့ မည်ပုံဆက်သွယ်ရမည်မသိ။ :)

မယ့်ကိုး said...

ကျွန်မကတော့ မကို တွေ့ ချင်မိတာ...:)...အမြင့်ပေါ်က ခုန်ခါနီးမှာတောင် တွေ့ ရတဲ့  အပြုံးချိုချိုကို နှစ်သက်လို့ ...

Unknown said...

အမရေ..
ကျွန်တော် ဘန်ကောက်ကိုလာရင် တွေ့မှာလား.. တကယ်လာမှာနော်...
ပုန်းနေလို့ကတော့ ဘန်ကောက်တစ်ခုလုံး မြေလှန်ပစ်မှား)

thetpaingthu said...

အမရေ... ကျွန်တော်ဘန်ကောက်ကို တကယ်လာခဲ့မှာနော်.. ပုန်းနေလို့ကတော့ ဘန်ကောက်တစ်ခုလုံး မြေလှန်ရှာပစ်မှာ
ဟီး ဟီး

moekhar said...

အဲဒါတွေကြောင့်ချစ်နေရတာ :D
ရေးပေးလို့ ကျေးဇူးနော် မမ
လက်ကို ဂရုစိုက်ပါ .. ညီမကတော့ အမရေးတဲ့ အမဲသားအရွတ်တုံးကြီးကို ကြီးတယ်ထင်ပြီးယူလိုက်တဲ့ပို့စ်ကစလို့ အမကို သတိထားမိတာပဲ ..း)
နေခြည်နဲ့ပေါင်းပြီး ဘန်ကောက်ကိုလာလည်မယ်လေ .. အမပြတဲ့နေရာတွေကိုလိုက်ကြည့်မယ် .. ညီမတို့လည်း သတင်းလိုက်ယူမယ် ..း)

JulyDream said...

ဘန်ဂျီ ထပ်ခုန်ရင် ပြောနော်...

ဖြိုးဇာနည် said...

တပ်ပို့လေးကိုဖတ်လိုက်ရတော့ပိုပြီး
ခင်မင်မိသွားပါတယ့်နောက်တစ်ခါဆိုရင်
ဆယ်ယောက်ထဲမှာကျွန်တော်ပါအောင်
ကြိုးစားတော့မယ့်ခင်မင်ရပါသော
မဆုမွန် သို့

tg.nwai said...

မဆုမွန်ရေ...စာရင်းထဲမှာ ပါလို့ အောင်စာရင်းကြည့်ရသလိုပဲ ၀မ်းသာသွားပါတယ်..တွေ့ဖူးချင်ပါတယ်..အပြင်မှာ..အဲ...ဘန်ဂျီခုန်ရင်တော့ မခေါ်နဲ့နော်..ဟဲဟဲ

လင်းကြယ်ဖြူ said...

လက်အနာကို သေချာဂရုစိုက်စေချင်ပါတယ်။ကျွန်တော့အစ်မ ဆိုရင် ခြေထောက်နာတာလေးကိုပေါ့မိလို့ အခုပိုနာပြီးအကြောညပ်သလိုဖြစ်နေတာမနည်းကုလိုက်ရပါတယ်။
သေချာနားပြီး ကောင်းကောင်းဂရုစိုက်ပါခင်ဗျာ။
ကျန်းမာပျော်ရွှင်ပါစေ အစ်မရေ

အိုးဝေအောင် said...

အကို့ ကို တွေ့ ချင်တဲ့စာရင်းထဲ ထည့်ထားတာ အပြင်မှာ အရှင်လတ်လတ်ကြီးမြင်ဖူးချင်တာပေါ့လေ။
သားလေး လေယာဉ်စီးလို့ ရတဲ့အချိန်မိသားစုနဲ့ ဘန်ကောက်အလည်ရောက်ဖြစ်ရင်တွေ့  ချင်ပါတယ်။
အခုရုပ်သေရုပ်ရှင်၂မျိုးလုံးကြည့်လို့ ရနေတာပဲ။ဂျီတော့မှာလေ..။
ညီမလက်တွေကိုက်နေတာ မပျောက်သေးရင် အကိုပေးထားတဲ့ တရားခွေတွေကို ဖွင့်ပြီး အနည်းဆုံးတနာရီ အဓိဌာန်ထားကာ အာနာပါန ရှုမှတ်ကြည့်ပါလား။တရားနဲ့ ကုကြည့်ပါလား။

အိမ်လွမ်းသူ said...

ဆောရီး ညီမရေ... ရောက်တာနောက်ကျသွားလို့.. အမတို့ကလဲ ညီမရဲ့စာတွေဖတ်၊ သတင်းကြေငြာသံလေးတွေ နားထောင်ပြီး လူချင်းတွေ့ချင်နေကြတာပါ.. တချိန်ချိန်မှာတော့ တွေ့ကြမယ်လို့ ယုံကြည်ထားပါတယ်ညီမရေ... လက်အနာကိုလည်း ဂရုစိုက်ပါဦးညီမရေ... အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးပါတယ်နော်...

ဦးဂင်ကြီး said...

အေးပါဗား တဂ်ပါထားတော့ရေးရမှာပေါ့ညီမရေ ငါ့ညီမ လို အင်ဆန္ဒတွေပြည့်ဝနိုင်ပါစေ လက်ကအနာလဲ အမြန်ပျောက်ကင်းပါစေ မိဘကိုလဲ ဒီ့ထက်ကျေးဇူးဆပ်နိုင်ပါစေဗျား။

Ree Noe Mann said...

မမဆုမွန် တွေ့ဖူးချင်သူတွေထဲ မှာပါချင်လိုက်တာ။
ခင်တာမှ မကြားသေးဘူး လောဘကြီးသလို
ဖြစ်နေပါအုံးမယ်။
နောက်တော့လည်းတွေ့လိုရတာပဲ ဗျာ ဟုတ်ဖူးလား။

ကျန်းမာရေးကိုဂရုစိုက်ပါဗျာ။
နေကောင်းရင်လည်း အကြောင်းကြားပါအုံးနော်
မမဆုမွန် ( အမလေးဗျာ ရှည်လိုက်တဲ့ နာမည် တစ်ခါခေါ် ပြီတိုင်း ရေတစ်ခါ သောက်နေရတယ်) ဟဲဟဲ နောက်တာပါ။

ခင်တဲ့
မောင်လေး Ree Noe

Anonymous said...

အမဆုမွန့်ရေ ကျနော့်ကိုတွေချင်တဲ့အတွက်ဝမ်းသာပါတယ်..
ကျနော်လည်းတွေချင်ပါတယ်..ဓါတ်ပုံထဲမှာတော့အမကို
တွေ့ဖူးတယ်နော်..ကျနော့်လည်းကျနော့်ရဲ့ကယ်ရေကေချာပုံ
လေးကိုအမဆီပို့ပေးလိုက်အုံးမယ်..အမထင်သလို ကျနော်ပုံကကယ်ရေကေချာပုံပဲဗျ...အမဆုမွန်ပျော်ရွင်ပါစေ

GreenGirl said...

အစ်မေ၇... ပြန်လာပြီး အခုမှဘလော့်ခ်နားေ၇ာက်လို့ အခုမှလာ၇တာကို ခွင့်လွှတ်ပါနော်။
တွေ့ချင်တဲ့သူစာရင်းမှာ ပါတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အစ်မကိုလည်း တွေပချင်ပါတယ်။ ရင်ဖွင့်စာလေးတွေ အရမ်းရေးတတ်လို့ပါ :)

ဂျေဂျူဝိုင် said...

ဖတ်ခဲ့တော့ဘူး