ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"

သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….


ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)
(နာဂစ်နှစ်ပတ်လည် တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ ရင်ထဲက ခံစားချက်တချို့ကို ဖောက်ထုတ် မိလိုက်တာပါ။) CoffeeWall မှ တဆင့် မျှဝေခံစား သည်။။

7 Comments:

kiki said...

ရလေလိုလေ အိုတစ္ဆေ ဟို လူမဟုတ်တဲ့ လူတသိုက် ..ဒါတွေ ဒီလို မစဉ်းစားတတ်ကြပေဘူး ။ သူတို့ တော်လို့  သူတို့တတ်လို့  ရသင့်ရထိုက်တဲ့ အရာတွေလို့ ထင်နေကြတာလေ ။

မြစ်ကျိုးအင်း said...

နာဂစ်အကြောင်းကတော့ ဘယ်အချိန် ပြန်ဖတ်ဖတ် နာကျင်နေရအုံးမှာပါပဲ...ကျွန်တော်လည်း အမှတ်တရ ရေးဖြစ်တယ်။ စီဘောက်ကရေးလို့မရဘူး အမရေ

ဖြိုးဇာနည် said...

သူတို့လေးတွေကိုတွေ့လိုက်ရတာစိတ်
ထဲမှာတမျိုးပဲခံစားလိုက်ရတယ်ဗျာ့
ရပိုင်ခွင့်ကိုတောင်ဘယ်သူ့ဆီကနေတောင်
ရမလဲဆိုတာတောင်မသိတဲ့ ဘဝလေးတွေ
ကိုကိုယ်ချင်းစာမိပါတယ့်အမြန်ဆုံးစိတ်ချမ်း
သာမှုတွေန့အြတိပြီးသောဘဝကိုရရှိနိုင်ကြပါစေ
လို့ပဲဆုတောင်းပေးလိုက်ပါရစေတာ့

ဖြိုးဇာနည် said...

သူတို့လေးတွေကိုတွေ့လိုက်ရတာစိတ်
ထဲမှာတမျိုးပဲခံစားလိုက်ရတယ်ဗျာ့
ရပိုင်ခွင့်ကိုတောင်ဘယ်သူ့ဆီကနေတောင်
ရမလဲဆိုတာတောင်မသိတဲ့ ဘဝလေးတွေ
ကိုကိုယ်ချင်းစာမိပါတယ့်အမြန်ဆုံးစိတ်ချမ်း
သာမှုတွေနဲ့အတိပြီးသောဘဝကိုရရှိနိုင်ကြပါစေ
လို့ပဲဆုတောင်းပေးလိုက်ပါရစေတာ့

Anonymous said...

ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး

အမှန်ပေါ့ဗျာ ၊၊ လွန်ခဲ့တဲ့နှစ် စက်တင်ဘာအတွင်း ကပေါ့ အလုပ်ထဲက ခလေးတွေ ညပိုင်း အလုပ်ပြီးတော့ တုတ်တွေကိုင်လို. ပျော်ပျော်ပါးပါး မြို.ထဲဘက်သွားကြတော့ ၊ ဟေ့မင်းတို.ဘယ်တုန်း မှောင်နေပြီဆိုတော့ .............ရုံးကိုတဲ့ ၊၊ ဟေ့မင်းတို.ကွာဆိုတော့ .........ကျပ် ပေးထားလို.ပါတဲ့ ၊၊

ကိုယ်ဘာများပြောနိုင်အုန်းမှာလည်း ..........ကိုယ်ဘာ များတက်နိုင်မှာလည်းကွယ် ..... (သီချင်းဆိုပြတာပါ)

မင်းတို.မတော်တာတွေရင်တော့ ပြန်လာခဲ့ကြကွာ ၊ ငရဲတော့ မယူကြပါနဲ. လို.ပဲ မှာလိုက်နိုင်တယ် ၊၊ ကိုယ်မှာတား ဖို. အစားထိုးပေးစရာ ငွေလည်းမရှိဘူး လေ ၊၊ ကဲဒီတော့ ဘာလုပ်ရမလဲ ၊၊

အားလုံးကို မသိချင်ယောင်ဆောင်လို. ဟိုးအဝေး ကြီးကနေ လှမ်းအော်နေတဲ့ အသံတွေပဲ နားစွန်. နေ လိုက်တယ် ၊၊ အဲဒီတုန်းက အချိန်ပို အထူးအစီအစဉ် လည်း လာနေတာဆိုတော့လေ ........

ဖြိုးဇာနည် said...

မဆုမွန်ရေ့အိမ်လေးကိုလာဖွမိသလို
ဖြစ်သွားတဲ့အတွက်တောင်ပန်ပါတယ်နော်
မနေ့ညကမန့်လို့မရဘူးမရဘူးနဲ့ခဏခဏမန့်
လိုက်တာပြီးတော့ဒီနေ့ဝင်လာကြည့်မိတော့မှပဲ
အမ်မလေးးးမျက်နှာပူလိုက်တာဗျာ့ကျွန်တော်
သေချာလုပ်တာမဟုတ်ဖူးနော့်ဟီးးးးးး
အများကြီးဖြစ်နေလို့ကျွန်တော်ပြန်ပြီးဖျက်သွား
ပါတယ့်နားလည်ပေးပါနော့်မန့်ချင်လွန်း
အားကျတဲ့စိတ်ကြောင့်ပါ့

မမ မဆုမွန် ပျော်ရွှင်ပါစေ့

မိုးခါး said...

မရေ
ရင်ထဲကို ဆို့နေတာပါပဲ
အမြဲတမ်း ဒီခံစားချက် အသစ်ဖြစ်တယ်
း(