ကိုင်း ဘာဆက်လုပ်ကြမလဲ

ငရဲခွေးကြီး လွတ်နေပြီ.လို့ အဘိုးအောင်ဆန်း ခေတ်က ရဲရဲတောက် အိုးဝေမှာ ရေးခဲ့တယ်..

.အမေ ဒေါ်အောင်ဆန်းစုကြည် ခေတ်မှာ လက်တွေ့ မြင်နေရပြီ။ အခု ငရဲခွေးတင် မဟုတ်ဘူး အဝီစိက တက်လာတဲ့ ခွေးဝဲစားကြီးတွေ ခွေးဘီလူးကြီးတွေ ခွေးသဘက်ကြီးတွေ လွတ်ရုံ မ ဟုတ် ဘူး လိုက်ကိုက်နေတာ လိုက်ဆွဲနေတာ အမေ သူတို့လေ မဲမဲမြင် လိုက်ကိုက်နေတာမှ ပြည်သူ တွေ တင်မကဘူး ပြည်သူ့ ခေါင်းဆောင်ကိုပါ အသေလိုက်ဆွဲနေပြီဆိုတာ

အမေ့ကို နှစ်ရှည်လများ နေအိမ်တွင်း အကျဉ်းချထားတာတောင် အားမရ မကျေနပ်နိုင်သေးလို့ မတရား အမူဆင် ကလိမ်စေ့ငြမ်းဆင်ပြီး မတရား အစွဲခံလိုက်ရတဲ့ အမေ့ကို ချစ်တဲ့ ပြည်သူတွေ အမေကို ယုံကြည်တဲ့ အဖွဲ့ချူပ်အဖွဲ့ဝင်တွေ ဘဘ ဦးဝင်းတင် ကိုယ်တိုင် ဦးဆောင်ပြီး အမေ့ကို အားပေးဖို့ ထောင်ဗူးဝမှာ စောင့်နေကြတယ် အမေ အမေ ဘေးနား အနီးနားလေးမှာ သူတို့ ဇွဲရှိရှိစောင့်နေကြတယ် ထောင်ချီတဲ့ပြည်သူတွေ အမေ့အနားမှာ ရှိနေကြတယ် အမေ့သတင်း စကားကို နေပူကျဲကျဲ မိုးရွာလည်း မမူပဲ ရေဗူးလေးတွေ အဆာပြေ အသီးအနှံလေးတွေ စားပြီး စောင့်နေကြတယ် အမေ။ကိုင်း ငါတို့ ဘာဆက်လုပ်ကြမလဲ ငါတို့ ဒီအတိုင်း ကြည့်နေလိုက်ရတာတွေ သိပ်များနေပြီ ပေးဆပ်ရတာတွေ သွေးပျက်ခဲ့ ရတာတွေ သိပ်များနေပြီ ပြည်သူတွေရဲ့ ရင်ထဲက အပူလိုင်းတွေကလဲ အလျံညီးညီး မီးဟုန်းဟုန်း တောက်နေပြီ ပြည်သူသွေးကို အေးမအေး စမ်းကြည့်ပြန်တာလား။

အန်တီ့ကို ဖမ်းပြီ အန့်တီကို ထောင်ထဲထည့်လိုက်ပြီ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးသလို ပူပင်သောကကြီးစွာနဲ့ ဟိုက ဒီက တီးတိုး တီးတိုး သဖမ်းထိုး မေးကြ မြန်းကြ စုံစမ်းကြတဲ့လေသံတွေ တိုင်းပြည်တစ်ခုလုံး အုန်းအုန်း ကြွက်ကြွက် ပူပင်သောကတွေနဲ့တစ်စ ထက် တစ်စထက် တစ်စ ကျယ်လောင်လာတယ်။

အမေ့အပေါ် ထားတဲ့ ချစ်ခြင်းတရားတွေ မေတ္တာတရားတွေ အမေ့အကြောင်း သိချင်လို့ ညနေစောင်းရင် ရေဒီယို ဖမ်းသံတွေ တေဂၚေဂၚတဂြီဂြီ သံတွေ လမ်းတိုင်း ညံနေတယ်တဲ့ ဖုန်းလိုင်းတွေ ပြတ်တောင်း ပြတ်တောင်း ဖြစ်ကုန်တယ် ပြည်ပက ဖုန်းတွေ ၀င်လာတိုင်း အမေ နေကောင်း သားနေကောင်း ပိုက်ဆံ တောင်းတာထက် အန်တီ အခြေအနေ ဘာထူးလဲဆိုတာ မေးကြတယ်။ အင်တာနက်ပေါ်တက်ရင်လည်း အမေ့သတင်း ဘာထူးလဲတဲ့ အမေ။

အိမ်ရှင်မတွေ ၀န်ထမ်းတွေ ကျောင်းသားတွေအချင်းချင်းတွေ့ကြတဲ့အခါ ဈေးထဲ ကျောင်းထဲ အရပ်ထဲ အန်တီ့သတင်း ဘာထူးလဲ အန်တီ အန်တီ အန်တီ တစ်နိုင်ငံလုံး အန်တီ အန်တီ အန်တီ ဆိုတဲ့ အသံ ဘ၀ဂ်ပါ ညံနေပြီ။ ဒင်းတို့ မြင်ပြီမဟုတ်လား အန်တီ့အပေါ် တစ်တိုင်းပြည်လုံးက ထားတဲ့ မေတ္တာ ချစ်ခြင်း တရားတွေကို..စစ်မှန်တဲ့ ချစ်ခြင်းနဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ အန်တီငြိမ်းချမ်းမှာပါတဲ့ အမေ။

အန်တီရေ တရားကို နတ်စောင့်ပါတယ်လို့ပြောပေးပါတဲ့ ဒင်းတို့ဘ၀ဇာတ်သိမ်းချိန် နေ၀င်ချိန် နီးပါပြီ အန်တီ ကျမ်းမာပါစေ လို့ ဆုတောင်းနေတဲ့သူတွေ အများကြီးပါ အမေ နိုင်ငံတကာမှာလည်း အမေ့ကို အမြန်ဆုံး လွတ်ပေးဖို့ ဆနပြပွဲတွေ လုပ်နေကြတယ်အမေ။

အမေ ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဘယ်သူတွေ ဆနပြကြတယ် ထင်လဲ အမေကို ချစ်တဲ့ ထိုင်းတွေ အမေ ထိုင်းတွေ အမေ့ကို အမြန်ဆုံးလွှတ်ပေးဖို့ ဆနပြကြတယ်။ ထိုင်းအစိုးရ၀န်ကြီးချူပ် ကိုယ်တိုင် စိုးရိမ်မကင်း ဖြစ်တယ်ဆိုတာကို အရင်ဆုံး အိမ်နီးချင်းနိင်ငံတွေထဲက ပထမဆုံး သဘောထား ထုတ်ပြန်တာပဲ ဘာပဲဖြစ်ဖြစ် တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေ့ကို စောင့်ကြည့်နေကြတယ် အမေ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေကြတယ် အမေ့ကျမ်းမာရေးအတွက် အရမ်းစိတ်ပူပင်နေကြတယ် အမေ။

အမေ အမေ့ကို အင်းစိန်ထောင်ထဲမှာ အထူးတရားရုံးတင်မယ်လို့ ရက်ချိန်းသတ်မှတ်လိုက်တဲ့ တနင်္လာနေ့မှ အာဏာကိုင်တွေက အင်းစိန်ပတ်ပတ်လည်ကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားလိုက်တယ် အမေ အင်းစိန်ဈေးကို ပိတ် အင်းစိန်ပန်းခြံပိတ် အင်းစိန်လမ်းမကြီးကို ပိတ် သွေးရူးသွေးတမ်း လုပ်နေကြလေရဲ့။

အမေကို မတရားချူပ်ထားတဲ့ အင်းစိန်ထောင်နားက ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ကြီး ဘုန်းကြီးကျောင်းစတဲ့ အင်းစိန် ထောင်ရှေ့ရှိ ဘုန်းတော်ကြီး ကျောင်းဝင်းတွေထဲမှာလည်း လက်ပတ်နီတွေနဲ့ စစ်တပ်က တပ်စွဲထားပြီး အင်းစိန်ထောင် ဘေးပတ် ပတ်လည်မှာလည်း လုံထိန်းအပြည့် တင်ထားသော ရဲကားတွေကို အမေ့ကို တရားစွဲတဲ့ မေလ ၁၄ ရက်နေ့ ကတည်းက ချထားတယ်တဲ့ အမေ။

သူတို့ဘယ်လောက်များ အရှက်ကင်းမဲ့သလဲဆိုရင် အမေ့ရုံးချိန်းကို တရားကြားနာဖို့လာတဲ့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ ။ အီတလီ နိုင်ငံ သြစတေးလျနိုင်ငံက သံတမန်တွေကို လားရာလမ်းက ပြန်လွှတ်သတဲ့လေ။ တရားတယ်လို့ယူဆရင် လူအများပေးသိရမှာပေါ့ အမေ အခုဟာက မတရားသဖြင့် လိမ်ကောက်ကျစ်ထားတဲ့ အမူလိမ်ဆင်ကြီးကို အများကိုလဲ ချမပြရဲ ဆုပ်လဲရူး စားလဲဆူးဖြစ်နေကြတယ် အမေ။

သူတို့တွေလဲ သွေးပျက်နေပြီလေ။ လူထုက ပြည်သူက အမေ့ကို ဘယ်လောက်ချစ်တယ် စိုးရိမ်တယ် ပူပင်တယ် မေတ္တာထားတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်နေရလို့လေ အမေ။

ဒီနေ့ တနင်္လာနေ့မှာ လုပ်တဲ့ အင်းစိန် အကျဉ်းထောင် အထူးတရားရုံးက အမေ့ အမှု ရုံးချိန်းကို မနက်ဖြန် နံနက်ကို ပြောင်းချိန်းဆိုလိုက်တယ်လို့ သိရတော့ သက်ပြင်းမောတွေ ချမိတယ်။

ဒီနေနေ့နံနက် ၁ဝ နာရီခွဲကတည်း ရုံးချိန်းစခဲ့ပြီး နေ့လည် ၁၂ နာရီခွဲမှာ ထမင်းစားချိန် ခေတ္တနား မွန်းလွဲ ၃ နာရီ ခွဲမှ အမူကို အဆုံးသတ်ခဲ့တယ်။ အပြင်မှာတော့ အမေ့အကြောင်း ကောလဟာလတွေ အမျိုးမျိုး ပျံ့နေတယ် အမေ အံတကြိတ်ကြိတ် လက်သီးတစ်ဆုပ်ဆုပ်နဲ့ အားလုံးမျက်နှာက တူညီစွာပဲ တင်းမာနေလေရဲ့။ ခပ်လှမ်းလှမ်းက လုံခြုံရေးဆိုတဲ့ ဒီငတိတွေရဲ့ရုပ်ကတော့ သိတဲ့အတိုင်းပဲ အမေ မြို့မေတ္တာခံယူထားလေတဲ့ ပြည်ချစ် သားကောင်းတွေကို ပြည်သူတွေက ရရာလက်နတ်နဲ့နှံမှာကြောက်လို့ အပ်တစ်ချောင်းတောင် ဆောင်ဖို့ ခက်တဲ့ လူတွေကို ကာကွယ်ဖို့တဲ့ တုတ်ဓားလက်နတ် အပြည့်အစုံတွေနဲ့ လေ။

တရားခွင်မှအပြန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲကို ရုံးချုပ်တွင် ပြုလုပ်ခဲ့တယ် အမေ အားလုံးက အရမ်းစိုးရိမ်နေကြတဲ့ အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း ထဲ့သွင်း ပြောသွားလို့ သောကလျော့ရပေမယ့် ထောင်ထဲအထည့်ခံထားရတဲ့ အမေ့အတွက် ရတက် မအေး နိုင်ကြသေး တာတော့ အမှန်ပါပဲ အမေ။ လောကပါလ တရားစောင့်နတ်တွေ ဒီတစ်ခါ မျက်ကွယ် မပြုပါစေနဲ့လို့ ဆုတောင်းလိုက်ပါရဲ့ အမေ။

7 Comments:

ဂျူနို said...

ဒီအစိုးရကို ရာထူးက ချက်ချင်းနုတ်ထွက်ဖို့ တစ်တိုင်းပြည်လုံးက တောင်းဆိုရမယ်ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ တို့ တစ်ခြားခေါင်းဆောင်တွေကို လွတ်ပေးဖို့ တို့ ထက်
ဒင်းတို့ ချက်ချင်း နုတ်ထွက်ဖို့ လိုချင်တယ်။
တဖွဲ့ လုံးကို ဖမ်း နုရင်ဘတ်ကို ပို့ လိုက်။ ဒါကို ပဲ လိုချင်နေတယ်။ စိတ်တိုလွန်းလို့ ပါ။

kiki said...

နီးရာဓါးကြောက်နေရရှာတဲ့  ပြည်သူတွေ ဘဝ ။ အနီးကပ် သောက ဒေါသတွေနဲ့  ပြည်သူတွေ ။
အရေးကြီးက သွေးစည်းကြဖို့ ပါ
gmail add ကို cbox ထဲ မှာ ပေးခဲ့ ပါတယ်။

မိုးခါး said...

အားလုံးသောပြည်သူတွေ ဘေးအန္တရယ်ကင်းဖို့ ဆုတောင်းပါတယ်အမရယ် .. သွေးထွက်သံယိုအဖြစ်တွေ ထပ်မမြင်မတွေ့ရပါစေနဲ့ .. အကောင်းဆုံးဖြစ်ပါစေ ..

mikozan said...

သစ္စာ အဓိဌာန် ... အကယ်၍ အကြမ်းဖက်သမား လက်နက်ကိုင် သောင်းကျန်းသူ နအဖ၏ ယုတ်မာ ကောက်ကျစ်သော နည်းလမ်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တစုံတရာ ထိခိုက် ဘေးရန်ကျရောက်ခဲ့သည်ရှိသော် .. အဆိုပါ အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ နအဖခေါင်းဆောင်များနှင့် ၄င်းတို့၏ နောက်လိုက်များအား အခွင့်သာသော နေ့ရက်များတွင် ပြန်လည်၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှင့် ဒုက္ခအမျိုးမျိုးရောက်အောင်(မည်သည့်နည်းနှင့်မဆို) ပြုလုပ်နိုင်သော သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

အဆိုပါ သောင်းကျန်းသူ ခေါင်းဆောင်များနှင့် နောက်လိုက်များအား အခွင့်မသာ၍ ပထမ အဓိဌာန် လွဲခဲ့သည်ရှိသော် ကျွန်ုပ်အသက်ရှိနေစဉ်ကာလ အတွင်း ၄င်းတို့၏ သားသမီး၊ မြေးမြစ်များအထိ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် ဒုက္ခ အမျိုးမျိုးရောက်အောင် ပြုလုပ်နိုင်သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

ကျွန်ုပ် အသက်ရှင်လျှက် မရှိတော့သော အချိန်တွင်လည်း ၄င်းတို့၏ သားစဉ်မြေးဆက်များအား ဆက်လက်၍ ဆွေးမျိုး အစဉ်အဆက် ဒုက္ခပေးနိုင်အောင် နောင်မျိုးဆက်သစ်များအားလည်း ပြုစုပျိုးထောင်သွားမည်ဟု သစ္စာ အဓိဌာန်ပြုပါသည်။

ကိုလူထွေး said...

တရားမရှိတဲ့သူတွေက ဥပဒေပုဒ်မတွေ အကြောင်းပြပြီး အပြစ်မဲ့သူတွေကို ထောင်ချနေတာ တရားလွန်နေပြီ...

ရှေ့ နေတွေ ပြည်သူ့ ရှေ့ ထွက်ကြ...
သူတို့ သင်ထားသမျှ ပညာတွေနဲ့  ပြည်သူကို ကာကွယ်ကြ... တရားမဲ့သူကို တရားပြန်ဆွဲကြ... အမှန်တရားကို မြတ်နိုးကြ... ပြည်သူ့ အခွင့်အရေးကို တောင်းဆိုကြ...

Anonymous said...

ပြည်သူအားလုံးအတွက် ဆုတောင်းပေးသလို အန်တီစု အတွက်လည်း ဆုတောင်းနေပါတယ်။ သွေးမြေကျရတဲ့ အဖြစ်မျိုးတွေ ထပ်မံ မဖြစ်ပွားပါစေနဲ့ပေါ့။

ခင်မင်လေးစားလျှက်

Thet Oo said...

ရေသန့်ဗူးတဗူးပဲ ဦးဝင်းတင်ရှေ့မှာ တွေ့ရတယ်။ ဒါဟာ မြန်မာပြည်ရဲ့ လက်ရှိစီးပွားရေး အခြေအနေကို ပြတာပဲ။