လှေဇောက်ထိုး (၀ါ) river rafting

ထိုင်းနိုင်ငံက စိမ်းညို့နေတဲ့ တောတွေကို အထပ်ထပ်ဖြတ် တောင်တန်းတွေပေါ်က တောင်ပေါ်အမြင့်ဆုံးထိပ် ရေတံခွန် ချောက်ကမ်းပါးပေါ် တက်ပြီး မြစ်ထိပ်ဖျားကို အရောက် သွားကြပါတယ်။ အဲ့ဒီ့နောက် ရေတံခွန်လို ရေစီး အရမ်းသန်တဲ့ အကွေ့အကောက် များတဲ့ ကျောက်တောင် ကမ်းပါး အစွန်းတွေ ကြားထဲက မြစ်ကြော တစ်လျောက် တစ်ရှိန်ထိုး လှေနဲ့ ဇောက်ထိုးဆင်း ချတဲ့ River Rafting (is the sport of traveling down a river on a raft) ကစားနည်းကို ကစားဖူးကြပါလားရှင်။
အဲ့တောင်ထိပ်ကို တက်ဖို့ တောင်တက်ကားနဲ့ အချိန်အတော်ကြာ ဦးမော့ပြီး တက်ရပါတယ်။ လမ်းကျဉ်းကျဉ်း လေးရဲ့ တစ်ဖက်တစ်ချက် နံရံတစ်ဘက်က မတ်စောက်လွန်းတဲ့ ချောက်ကမ်းပါး တစ်ဖက်က တဝေါဝေါ တဟဲဟဲမြည်ပြီး ရေလုံးကြီးတွေ တ၀ုန်းဝုန်းကျနေတဲ့ မြစ်ကျဉ်းကို အသည်းယားစရာ မြင်ရပါတယ်။ပြီးခဲ့တဲ့လကပဲ River Rafting စီးတာ ရေစီးမြန်လွန်းလို့ လှေမှောက်တာ နိုင်ငံခြားသားတွေ အလောင်းတောင် ရှာမရတာ ကြုံခဲ့ပြီး ပါပြီ။adus
တောင်ထိပ်ကိုရောက်တော့ မြစ်က ပျံ့ပျံပြူးပြူး ညင်ညင်သာသာပဲ စီးနေလေရဲ့ လှေစစီးမယ့် နေရာကို ရောက်တော့ သူတို့က ကျွန်မတို့ကို ရေကူးတတ်လားမေးပါတယ် Life Jacket အသက်ကယ်အကျီကို ခါးပတ်တွေ အဆင့်ဆင့်နဲ့ တင်းနေအောင် ၀တ်ခိုင်းပါတယ်။ နောက် ရေထဲပြုတ်ကျလို့ ကျောက်စောင်နဲ့ ဦးခေါင်းနဲ့ရိုက်ခွဲမိရင် သေမှာစိုးလို့ ဆိုင်ကယ်ဦးထုပ်လိုမျိုး တစ်လုံးစီ ပေးပါတယ် မေးသိုင်းကြိုးကို တင်းတင်းဆွဲခိုင်းပါတယ်။ နောက် လှော်တက်တစ်ခုစီပေးပါတယ်။ ဒါကတော့ ၀တ်စုံပြည့်ဝတ်ပြီးချိန်မှာ အနရာယ်မကြုံရခင် မြူးနေချိန်ပါ။menari
နောက်တော့ ကျွန်မတို့ကို လှေလှော်နည်း လှေလူးတဲ့အခါ ဘယ်လို ထိန်းရမလဲဆိုတာ တစ်ဆင့်ချင်း ရှင်းပြပါတယ် အနောက်က ပဲ့ကိုင်က ပြောတဲ့ အမိန့်အတိုင်း လှေဝမ်းထဲ ၀ပ်ဆိုတဲ့ အချိန် ၀ပ်ရပါမယ် လှော်ဆိုတဲ့အချိန် လှော်ရပါမယ် ယိမ်းဆိုတဲ့ အချိန် ယိမ်းရပါမယ်။ အမိန့်ကို တသွေမတိမ်း နာခံရမှာဖြစ်ပြီး Team work ညီမှ ဖြစ်မှာဖြစ်ပါတယ် မြစ်ရိုးတစ်လျောက် ချွန်ထက်တဲ့ အကွေ့အကောက်ကြမ်းတဲ့ ကျောက်ဆောင်တွေကြားကနေ တစ်ရှိန်ထိုး ဇောက်ထိုးဆင်းချနေတဲ့ အချိန် လှေထိုးသားထဲက တစ်ယောက်ယောက်က balance မညီရင် အကုန် မာလက ဈာန်ကြွသွားနိုင်ပါတယ်။ ၀ဲဘက်က အကျီချွတ်နဲ့ လူရဲ့ နောက်တည့်တည့် လှော်တက်ဖျားနားက ဒုတိယမြောက်ရပ်ပြီး သေသေချာချာ ကြည့်နေတာ ကျွန်မပါ။ ဘေးက ကြိုးတွေကို တင်းတင်းကျစ်နေအောင် ကိုင်ထားရမှာဖြစ်လို့ မတော်တဆ ရေထဲပြုတ်ကျရင် ဘယ်နေရာကို ဆွဲထားရင်ကောင်းမလဲလို့ ကြိုးကွင်းတွေကှိုရှာနေတာပါ fikir
ကဲ လှေပေါ်ကို လှေထဲမှာ အလေးချိန် မျတအောင် အပိန်အ၀ အပုအရှည် အားသန်သူ အားနွဲသူချိန် လှော်နိုင်သူ တွေနဲ့ မလှော်နိုင်သူတွေ ချိန်ဆပြီး တက်ခိုင်းပါတယ်။ လှေကစားနည်းက အဆင့်နှစ်ဆင့်ရှိပါတယ်။ အနရာယ်သိပ်မများတဲ့ ပထမအဆင့်နဲ့ အဆင့်မြင့်တဲ့ အနရယ်များတဲ့ အဆင့်နှစ်ခုရှိပါတယ်။ ဒါက ပထမအဆင့်ဖြစ်တဲ့အတွက် အားလုံးပျော်ပျော်ပါးပါး စ စီးကြပါပြီ။tepuktangan လှေရဲ့ နောက်တန်းက အကျီအဖြူလေးနဲ့ လှော်တက် ထောင်ပြီး သွား ကြေငြာနေတာ ကျွန်မပါ။
ရေစီးစကြမ်းတဲ့အချိန်မှာပဲ တစ်ချို့မျက်လုံးစပြူးလာကြပါပြီ ၀ပ်ဆိုရင် ၀ပ်လိုက်ပြီး ထဆိုရင် ကြောက်ပြီး တော်တော်နဲ့ပြန်မထလို့ လှေတွေအများစုက လူးလိမ့်နေပါတယ်။ လိုင်းလုံးတွေအကြား လူးလိမ့်နေတဲ့ လှေပေါ်ကနေ ပထမတော့ စိတ်လူပ်ရှားစရာ ပျော်ရွှင်ပြီး အော်ဟစ်နေကြပေမယ့် အချိန်နည်းနည်းအကြာမှာ တခြားလှေတွေကနေ ကြောက်အား လန့်အားနဲ့ ငယ်သံပါအောင် အော်နေတာတွေကို ကျောက်ဆောင်နံရံ ပဲ့တင့်သံတွေကနေ ကြားရပါတယ်။bisingဒီလိုနဲ့ လူးကာလိမ့်ကာ အော်ဟစ်ကာနဲ့ နာရီဝက်လောက် ဆင်းလာခဲ့ချိန်မှာ လှေပေါ်က အရှိန်နဲ့ ပြုတ်ကျ သူတွေ လှေဝမ်းထဲကနေ မျက်ဖြူလန်နေတဲ့သူတွ နောက် ကြောက်ဒူးတုန်နေတဲ့သူတွေ ကို ပထမ အဆင့်မှာ ရပ်နားလိုက်ပါတယ်။ ဒုတိယအဆင့်မှာ လူရွေးချယ်မူလုပ်ပါတယ်။ ကျောက်ဆောင် ကမ်းပါးတွေပိုပြီး မတ် ဆောက် တဲ့ အပြင် ရေထဲကို ဇောက်ထိုးပြုတ်ကျနိုင်တဲ့အတွက် ရေကူးကျွမ်းကျင်သူတွေ သက်လုံ ကောင်းသူ တွေကို သာ ရွေးထုတ်ပါတယ်။takbole
ကျွန်မတို့ လှေစစီးမယ်ဆိုကတည်းက အသက်အာမခံကြေး ပေးထားပြီးသားပါ. မတော်သေခဲ့ရင် အကြောင်း ကြား နိုင်အောင်လည်း ဆက်သွယ်ရမယ့် လူ စာရင်းယူထားပါသေးတယ်။ ဒုတိယအဆင့်မှာတော့ ယောက်ကျား လေးထဲက တစ်ချို့ လိုက်ပါလာခြင်းမရှိတော့သလို လိုင်းရိုက်လို့ ရေတွေရွှဲရွဲစိုကုန်လို့ ခိုက်ခိုက်တုန် အောင် ချမ်းနေတဲ့ မိန်းကလေးအများစုကတော့ လှေပေါ်က ခုန်ဆင်းပြီး ဆက်စီးမယ့်ကျွန်မတို့ကို မျက်စိအပြူး သားလေးတွေနဲ့ ကြည့်နေကြပါတယ်။garupale
ကျွန်မကတော့ သေကာမှ သေရော ဒုတိယအဆင့်ရဲ့ ရင်ခုန်သံကို နားထောင်ချင်လွန်းလို့ ဖိုးကျိုင်းတုပ်ဖြစ်တဲ့ ကျွန်မနဲ့ ရှားရှားပါးပါး အာဂမိန်းကလေးတစ်ယောက် နှစ်ယောက်တည်းပဲ ဒုတိယအဆင့်ကို လိုက်ပါစီးနင်းဖို့ စာရင်းပေးလိုက်ပါတယ်။ ကျွန်မတို့ကို အသက်ကယ်ကြိုးတွေ မေးသိုင်းကြိုးတွေ အဆင့်ဆင့်တင်းနေအောင် ချည်ပေးပြီးတဲ့ နောက်မှာတော့ ရေစီးအားပြင်းလွန်းတဲ့ အနရယ်များလှတယ် ကြောက်ဖို့ အင်မတန် ကောင်းတယ် ဆိုတဲ့ လှေဇောက်ထိုး ခရီးစတင်ပါတော့တယ်။ ကျွန်မ အစ်မဖြစ်သူ ဌက်ကလေး က ချောက် ကမ်းပါးတွေကို ကျော်လွှားပြီး ခြေမ နာနေရင်း တန်းလန်းနဲ့ ဓာတ်ပုံ တဖျက်ဖျက် လိုက်ရိုက်ပါတယ်။gelakgulinggelakguling

ဇာတ်လမ်းက အဲ့မှာစပါတော့တယ်. ကျွန်မတို့လှေမှာ ကျွန်မတစ်ဦးတည်း မိန်းကလေးပါပါတယ်။ ရေတံခွန် ဇောက်တွေကို အဆင်းမှာ ရေလုံးကြီးတွေက အရမ်းကျလာပြီး ရေစီးကလဲ ရုတ်တရက်မြန်လာလို့ ပဲ့ကိုင်က လုံးဝ အရှိန်ကို မထိန်းနိုင်တော့ပဲ လှေက အရမ်းလူးလိမ့်လာပြီး ငါးဖယ်ပြန်သလိုဖြစ်လာပါတယ် နောက်ဆုံးက ကျွန်မလဲ ငယ်သံပါအောင် အော်ပါတော့တယ် ပုံကိုကြည့်ပါ။ ရှေ့ဆုံးက အဖြူကြီးနှစ်ယောက်ရဲ့ ၀ိတ်ကြောင့် ထင်ပါတယ် လှေက ဦးစိုက်နေပါပြီ အရှိန်က လုံးဝ ထိန်းလို့မရတော့ပဲဖြစ်နေပါပြီ ဦးမော့လာအောင် လှော်ဖို့ ထိန်းဖို့ တက်ညီလက်ညီ ၀ိုင်း ကြိုးစားကြပေမယ့်..garupale
လှေက ဦးစိုက်ရာကနေ ကျောက်ဆောင်နံရံတစ်ဂွေ့ကျဉ်းကျဉ်းလေးမှာ လှေက ရေလုံးအရှိန်နဲ့ ဇောက်ထိုးဆင်း သွား ပါတော့တယ် ဘေးတစ်ခြမ်းစောင်းပြီး ကျောက်တော်ပေါ်ကို လှေတစ်ခြမ်းတက်သွားပါတယ် ကျွန်မပါတဲ့ အခြမ်းက ရေထဲကို အရင်ဆုံး ဆင်းသွားပြီး လှေတစ်ခုလုံး လုံးလုံးကို တစ်စောင်းကြီးကျပြီး မြုတ်သွားပါပြီ လူထဲမှာတော့ ကျွန်မအရင်ဆုံး ရေထဲကို ပြုတ်ကျသွားပြီး စုံးစုံးမြုတ်သွားတာပါ။ hahgarupaleရေထဲကို ကျွန်မ အရင်ဆုံး ဇောက်ထိုးပြုတ်ကျသွားချိန်မှာ လူတွေလဲ အကုန်လုံး ကျွန်မ မြုတ်သွားတဲ့ အခြမ်း ဘက်ကို ပိပြီး ပြိုဆင်းလာပါတယ်။ လူတွေရဲ့ ခြေထောက်တွေလား လက်တွေလားမသိအောင်ကို မျက်နှာနဲ့ ကိုယ်ကို တရကြမ်း ရိုက်ချနေတဲ့အချိန် ရေအောက်က ကျောက်ဆောင်နံရံကလဲ မျက်နှာကို အရှိန် ခပ်ပြင်းပြင်းနဲ့ ရိုက်ချလိုက်သလို လက်မောင်းတွေနဲ့ ခြေသလုံးတွေကိုလဲ ကျောက်ဆောင်တွေနဲ့ တရွတ်ဆွဲ ရေအရှိန်နဲ့ မျောပါ သွားပါတယ်။ ကမ်းပါးတလျောက်စောင့်ကြည့်နေတဲ့သူတွေက လှေမှောက်သွားတဲ့အချိန်မှာ အသက်ကယ် ကြိုးစတွေပစ်ချပေးနေပါတယ်။ blurblurကျွန်မတစ်ကိုယ်လုံး ရေလုံးတွေရဲ့ အရှိန်နဲ့ ရေအောက်မှာ ဘယ်လိုမှ ရေပေါ်ကို ပြန်တက်လို့မရတော့တဲ့အဆုံး နောက်ဆုံး အသက်ရူလို့မရတော့တဲ့အဆုံး လှော်တက်ကို လွှတ်ချလိုက်ပြီး အသက်အောင့်ပြီး ရုတ်တရက် ကျလာတဲ့ ကြိုးစကို တင်းနေအောင် ဆွဲရစ်ထားလိုက်ပါတယ်။ မှောက်ခုံကြီးဖြစ်နေတဲ့ လှေဝမ်းအောက်မှာ လှေသိုင်းကြိုးကို တင်းတင်းဆုပ်ပြီး ပေါလာပေါလာတာ ကျွန်မပါsiulsiul

နောက် သူတို့တွေ အသက်ကယ်ကြိုးတွေပစ်ချပေးပြီး ကမ်းပါးတွေပေါ်ကနေ မြစ်ရိုးတစ်လျောက် ပြေးလိုက် လာကြပြီး သေကုန်ပြီထင်လို့ အားလုံးက ကျွန်မတို့ကို စိုးရိမ်တကြီး ကြည့်နေကြပါတယ်။ လှေဝမ်း အောက်နဲ့ ကျောက်ဆောင်ကြားမှာ ခေါင်းလေးပဲ ပေါ်နေတာ ကျွန်မပါ။ nangihမျက်နှာရယ် ကျောကုန်းရယ် ခြေသလုံးတွေရယ် လက်မောင်းတွေ ရယ်မှာ ကျောက်တုံးတွေနဲ့ရိုက်ထားလို့ ရဲရဲနီနေပါတယ်။nangih
ကျွန်မကို ရေထဲက ဆယ်တင်နေတဲ့အချိန်မှာ ဆရာက ကျောက်တောင်ပေါ်တက်လာပြီး SM are u ok are u ok ဆိုတော့ ကျွန်မ သူငယ်ချင်းတွေ ပြန်ပြောချက်အရတော့ အရင်ဆုံး စပ်ဖြဲဖြဲနဲ့ ပြန် ပြုံးပြပါတယ်တဲ့ ကျွန်မနဲ့အတူ ရေအရှိန်နဲ့ မျောပါသွားတဲ့ သူငယ်ချင်းကောင်လေးကတော့ မျက်နှာမှာ သွေးလုံးဝမရှိတော့ပါဘူး။ တအင်း အင်းနဲ့ အော်နေပြီး ငိုနေလား ညည်းနေလား တောင် မသိပါဘူး သူ့ကို ပက်လက် သယ် သွားကြ ရပါတယ်။ ကျွန်မ ကတော့ သေလားရှင်လား ဘယ်ထိသွားလဲ စသဖြင့် အမောတကော မေးနေတဲ့သူတွေ ကြား ထဲမှာ နာနေတဲ့ကြားက ပြုံးဖြဲဖြဲနဲ့ ကျောက်ဆောင်ပေါ်မှာ ငုတ်တုတ်ကျန်ခဲ့ပါတယ်ciumjelir ဒီပုံလေးနှစ်ပုံက အစ်မ ဌက်ကလေး က စိုးရိမ်တကြီးနဲ့ အပြေးအလွှား ကျောက်ဆောင်ပေါ် တက်လာပြီး ရိုက်တဲ့အချိန် ကျွန်မ အမောဖောက်နေတဲ့ကြားက အိုက်တင်ပေးပြီး ပြုံးပြနေတာပါ။ ကျွန်မဘေးကမှာ စိုးရိမ်တကြီးနဲ့မေးနေတာက ကျွန်မတို့သင်တန်းဆရာ ဆရာကောလင်းပါ။ ကဲ ဒုတိယအဆင့် ခရီးမဆုံးသေးပါဘူးတဲ့ ဆက်လိုက်ကြဦးမလား မေးတဲ့အခ်ျိန်မှာတော့ လှော်တက်ကို ကောက်ကိုင်ပြီး အဆင်သင့်စောင့်နေတဲ့ ချောက်ကမ်းပါးကြားထဲက လှေဝမ်းထဲကို ကျွန်မ ပြန်ခုန်ချ လိုက်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အသက် မသေသေးသရွေ့တော့ ခရီးလမ်းဆုံးတဲ့အထိ ကိုယ်လဲ လှော်နိုင်သေးသရွေ့ ကိုယ်သွားမယ်လို့ ရည်မှန်းထားတဲ့ လှေဂိတ် ပန်းတိုင်ရောက်တဲ့အထိ ဆက်လှော်ဦးမှာပေါ့။ ပြန်ထွက်သွားတဲ့ လှေကိုသူငယ်ချင်းတွေ ကြည့်ပြီး ကျန်ခဲ့တာပါ။

(ချင်းမိုင်က သေကံမရောက် သက်မပျောက်ခဲ့တဲ့ river rafting Trip အမှတ်တရ)

13 Comments:

Anonymous said...

Cheers!!!!!

ဗီလိန် said...

ဟားဟား စမ်းလိုက်ချင်ပါဘိဗျာ။ :) လေးစားလောက်ပါတယ် မမရယ်။

Pinkgold said...

အသဲယားစရာကြီး

NweYoe said...

အားပါးပါး... သတ္တိခဲပဲဗျာ။ ချီးကျူးပါတယ်။ ကမန်တော်ဆို အဲဒီလို တခါမှတောင် မစဉ်းစားခဲ့ဖူးဘူး။

သီဟသစ် said...

မဆုမွန်တို့များနော်
ကြံကြံဖန်ဖန်ဝါသနာတွေပါပါ့..

ကိုယ်မလုပ်ရဲသော်လည်း အားပေး၏..

မယ့်ကိုး said...

မိုက်တယ် ...မ အားကျလိုက်တာ...

အိုက်ခီလောက် said...

အမရေ လေးစားတယ်ဗျာ
သတ္တိကောင်းလိုက်တာ
ကြုံရင်စီးချင်လိုက်တာ ဘယ်လိုနေလည်းလို့ 
ခုတော့ဖတ်ရင်းနဲ့ ကျောတစ်ချမ်းချမ်း ဖြစ်သွားတယ်

Anonymous said...

တော်တော်သဘောကျသွားပြီ အစ်မရေ .. ဒီလိုရင်ဆိုင်ရဲတာ ချီးကျူးပါရဲ့ .. စီးလည်း စီးကြည့်ဖူးချင်တယ် ဒါပေမယ့် အမှန်အတိုင်းပြောရရင်တော့ ကြောက်လည်း ကြောက်တယ်။ :D စိတ်ထဲမှာ တဖွားဖွား အသည်းတွေ တယားယား .. အာမလေးလေး တွေးရင်းတောင် အသည်းယားတယ် .. ရေကောင်းကောင်းမကူးတတ်ပေမယ့် လုပ်တော့ လုပ်ကြည့်ချင်သေးတယ် .. နောက်ပြီး လှိုင်းစီးတယ်ဆိုတဲ့ ကစားနည်းလဲ ကစားဖူးချင်တယ် .... အရမ်း သဘောကျတယ် အစ်မရေ .. ကျေးဇူး

မိုးခါး said...

အရမ်းမိုက်တာပဲ
ကြုံဘူးချင်လိုက်တာ
ဒါပေမယ့် ရေမကူးတတ်ဘူး ဟီး

အိုးဝေအောင် said...

ရေးသားတာ ရသမြောက်လို့ အတဲယားစရာကြီး.......

kiki said...

အို... အဘယ်လူသား အာဂ ပါတကား မဆုမွန်ရေ ။

နွေးနေခြည် said...

သတ္တိခဲပဲ လေးစားပါတယ် အမရေ

မြ said...

ညီမ ဆုမွန် ရဲ့ ရဲစွမ်းသတ္တိကိုပြောမယ်ဆိုရင် River Rafting သိရုံနဲ့ မလုံလောက်ပါဘူး။ ဘန်ဂျီခုန်တဲ့အကြောင်းပါ ပြောမှ သူ့ရဲ့ ပြောင်မြောက်ထူးချွန်မှုကို သိရမယ်။

ဒူးဆစ်မှာ စတီးလ်ရိုးထည့်ထားတဲ့မိန်းကလေးတဲ့။

မီတာ (၅၀၀) လားမသိဘူး ရှိတဲ့အမြင့်ကနေ။ ခြေထောက်ကြိုးတန်းလန်းနဲ့ စောက်ထိုးခုန်ချတာ။ ကျမသာဆို ပေ (၂၀) လောက်မှာတင် အသက်ထွက်သွားမှာပဲ။ (ငှက်ကလေး)