ကျုံးသွင်းခံရတဲ့ ၀င်းထဲ
အတင်း နှင်တံထုတ်
ကျောတစ်ပြင်လုံး စုတ်အောင်
မောင်းသွင်းစရာတောင် မလိုပဲ
အသားကျနေတဲ့ ခြေလှမ်းတွေနဲ့
ထံပိုးထက်က တင်တဲ့ ၀န်အတွက်
အပြေးနှင်ရမယ့် အရေး
အတော်လေးကို ကျင့်သားရနေမှတော့
ဟော့ဒီ့ ရင်တစ်ရာ ကျောတစ်ရာ နှက်မယ့်
ကြိမ်ဒဏ်တွေ နှင်ဒဏ်တွေအတွက် မညည်းကြေးပေါ့ကွယ်..
ဒါပေမယ့်
အသက်သွေးချွေး ဘ၀တွေပေးပြီး
ခါးစီးခံနေတဲ့
အသက်သခင် ကျေးဇူးရှင်ကိုမှ
ချည်တိုင်မှာ အသေတုတ်
ကြိမ်ဒါဏ် နဲ့ အသေဖြုတ် တတ်တဲ့
အမျိုး ယုတ် တွေ အတွက်
တူသောအကျိုးထက် အဆ ကုဋေကုဋာ ဟာ
မဝေးတော့တဲ့ အနာဂတ် မှာ ပါ တဲ့
( ဆုမွန် ကဗျာလေးကို မကိ ဖြည့်စွက်ခံစားချက်နဲ့ ပေါင်းလိုက်သည်)
10 Comments:
အင်း ချည်တိုင် ဆိုတဲ့ ခေါင်းစဉ်လေးကို သဘောကျမိရဲ့
တွေးမိပါတယ် အစ်မရယ်...
အဲဒီ ကြိမ်ဒဏ်တွေက ကိုယ်တို့အားလုံးအတွက်တော့
enough is enough ဖြစ်နေပါပြီ...
"ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်" သလိုလုပ်နေတာမျိုး မဟုတ်ပါဘူး...
တကယ့်ကို သဘောကျမိတဲ့ "ချည်တိုင်" ကဗျာလေးပါ...
းဝ)
အစ်မ ကဗျာလေးနဲ့ တင်ပြပုံ ... စာသားနဲ့ ရုပ်ပုံ .. နက်နဲတဲ့ အတွေးတစ်ခု ခံစားခဲ့ရပါတယ် ..
နေဒေးသစ်။
ချည်တိုင်မှာ အသေတုတ်
ကြိမ်ဒါဏ် နဲ့ အသေဖြုတ် တတ်တဲ့
မျိုး ယုတ် တွေ အတွက်
တူသောအကျိုးထက် အဆ ကုဋေကုဋာ ဟာ
မဝေးတော့တဲ့ အနာဂတ် မှာ ပါ ။။
ကဗျာလေးကြိုက်တယ် မရေ...
အဓိပ္ပါယ်တွေ အပြည့်နဲ့ ကဗျာလေးကို ခံစားသွားပါတယ် ဦးမွန်ရေ
ချည်တိုင်ဆိုတာလေးက တော်တော် လေးနက် တွေူးနိုင်တယ်
ကဗျာလေး ကောင်းတယ် မမဆုမွန်....
အင်းးးး အတွေးများစွာနဲ့ ချည်တိုင်....
မရေ
ချည်တိုင်လေးရေးထားတာအရမ်းကြိုက်တယ် ..
ဓါတ်ပုံကို ကဘောကျတယ်။
Post a Comment