enough is enough

ဖြစ်လေရာ ဘ၀ ဆက်တိုင်း ဆက်တိုင်း တွေ့ခွင့်ရတဲ့ လူတိုင်း လုပ်ရမယ့် လုပ်ငန်းခွင်တိုင်း အသက်ရှင်နေရမယ့် ကာလပတ်လုံး မသေသေးခင် အထိ လူရယ်လို့ ကြုံတွေ့ရမယ့် နေရာတိုင်းမှာ အမှန်တရားအပေါ် မိတ္တူကူးတဲ့လူရယ် ပလာတာရောင်းတဲ့လူရယ်နဲ့ မဆုံပါရပါစေနဲ့လို့ ဆုတောင်းပါတယ်။

အမှန်တရားကို မူရင်းကို ချုံ့လို့တစ်မျိုး ချဲ့လို့တစ်ဖုံ အမျိုးမျိုးအဖုံဖုံ လုပ်တတ်ပါသော မိတ္တူကူးသူများနဲ့ သံသရာအဆက်ဆက် မဆုံပါရပါစေနဲ့

အမှန်တရားကို ပလာတာလို အချပ်လိုက် အကောင်းပကတိကို လက်ဖနောင့်နဲ့ထုထောင်း လက်ဖ၀ါးပေါ်တင် ထုနှက် အပြန်ပြန် အလှန်လှန် မွမွကျေအောင် တစ်စစီ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထုခြေပြီးမှ အပေါ်က သကြားဆမ်း နို့ဆီဖြူးလုပ်တတ်သူတွေနဲ့ သံသရာအဆက်ဆက် မကြုံရပါစေနဲ့ လို့ ဆုတောင်းပါတယ်။

လူဆိုတာ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ ရှိတယ် ယုံကြည်မူ ပျက်စီးသွားရင် ပြန်တည်ဆောက်ဖို့ အတော်ခက်ပါတယ် နောက်ပြီး အကြည်ညိုပျက်ရင် ပြန်လေးစားနိုင်ဖို့ဆိုတာလည်း အတော်ခက်ပါတယ်။ မေတ္တာပျက်သွားရင်တော့ အဆိုးဝါးဆုံးပါ။

မျက်နှာဖုံးတစ်ခုကို စွပ်ထားပြီး ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတာ မြန်မာပြည်ထဲမှာပဲရှိတယ် ဒီလို ကြီးနိုင်ငယ်ညှင်း ဗြောင်လိမ် ဗြောင်စား ကလိမ်ကကျစ် အကျင့်တွေကို မကြိုက်လို့ အပြင် ထွက်လာကာမှ .. ကြုံရသေးတယ် ဒုက္ခ။

10 Comments:

Unknown said...

good ideas and writing.thz for your thinking.

tg.nwai said...

မဆုမွန်ရေ..အဆင်ပြေပါစေနော်..
ပလာတာနဲ့ တင်စားသွားတာကို သဘောကျမိသွားတယ်..
ဒီလိုပါပဲ.. လောကကြီးမှာ လူဆိုတာက အမျိုးမျိုးရှိတတ်တာကိုး။

Anonymous said...

ကိုယ်ဘယ်လောက်ကောင်းအောင် ကိုယ့်အပေါ်မကောင်းကြံချင်တဲ့သူ ...အမှန်တရားကို လက်တစ်လုံးခြား လုပ်ချင်တဲ့သူဆိုတာကတော့ တစ်နေရာတည်းမှာ မဟုတ်ပါဘူး နေရာတိုင်းမှာကို ရှိပါတယ် ... သတိတရားနဲ့ ယှဉ်ပြီး ဆင်ခြင်ဖြတ်သန်းသွားဖို့ ဆိုတာကတော့ လူဖြစ်လာခဲ့တဲ့ ကျွန်တော်တို့ တာဝန်ပါပဲ ... အစ်မ မဆုမွန် အဆင်ပြေပျော်ရွှင်ပါစေ ..

ကိုလူထွေး said...

ရင်ဖွင့်ရလောက်အောင် ရင်လေးစရာတွေ ရှိနေပြီထင်တယ်...

လိုအပ်ရင် email ပို့လိုက်လို့ရတယ်နော်... မျှဝေပေးမယ်...

ပြုံးပျော်ချင်တယ်ဆိုရင်တော့ ကိုလူထွေးပိုစ့်အသစ်ကို လာဖတ်လှည့်...

ဆုမွန်အကြောင်းလဲ ထည့်ရေးထားတယ်....

းဝ)

မယ့်ကိုး said...

အမှန်တရားကို ပလာတာလိုတဲ့လား။
မ တင်စားတာ သိပ်ကောင်းတာပဲ။
မရေ... အဆင်ပြေပါစေနော်။

Moe Cho Thinn said...

အမျိုးမျိုး ကြုံရပါလေသော အသင်လောက လို့သာ မှတ်ယူပြီး ခေါင်းထဲက ထုတ်ပစ်လိုက်ပါ ညီမလေးရေ။
အချိန်ကုန်ပါတယ်နော်။
တင်စားပုံတော့ တကယ်ကြိုက်သွားပြီ။

သက်ပိုင်သူ said...

ဟဟ..
မမတင်စားချက်လေးကို ခိုက်သွားပိ

သက်ပိုင်သူ said...

အမရေ
presentation အရမ်းကောင်းတယ်
အမရဲ့ ကဗျာရွတ်သံကိုလည်း သဘောကျတယ်

kiki said...

အဲလို မိတ္တူ သမားတွေ ၊ ပလာတာရောင်းသူတွေ နဲ့ ကြုံတဲ့ အခါ ငဖယ်လေး လို ကိုယ့်ဟာကိုယ် နေလိုက်ရင် ပြီးတာဘဲလေ .
ထုလေေ.ထာင်းလေ. ၊ တေလေ ကောင်းလေ
ဟဲ ဟဲ ဟုတ် တယ် ဟုတ် ။။

ခင်မင်လျှက်
ဖွား ကိ

မင်းအိမ်ဖြူ Minn Eain Phyu said...

အစ်မရေ
စိတ်ညစ်နေတဲ့သူကို ဟာသလုပ်လိုက်အုံးမယ်
ပထမဖတ်တော့ နားလည်းဘူး....
မိတ္တူကူးတဲ့သူနဲ့များ ပြသနာတက်လား
ပလာတာရောင်းတဲ့ ကုလားကြီးနဲ့များ စကားများလား လို့ ဟာဟ
စိတ်ပျော်ပါစေ
အမှန်တရားက မကြာခင် လူမြင်ပါတယ်၊၊ ဘယ်လောက် ဘဲ လိမ်ညာပါစေ ခဏပါပဲ ... အဲ့သူကုသိုလ်ကုန်ရင် ရပ်သွားမှာပါ .....