ခွာချခြင်း ၀ါ ကွာချခြင်း

ကြာပြီ
တကယ်ဆို တကယ့်ကို
ပကတိတွေကို မမြင်ရတာ ကြာပြီပဲ
ဘာပဲဖြစ်ဖြစ် ညအိပ်ချိန်လေးတော့
မျက်နှာဖုံးလေး ခဏခွာချထားချင်ပါတယ်..

အသက်ရူရခက်တာလား အသက်ရူရကျပ်တာလား
သေချာတာတော့ အသက်ရူဖို့ မေ့နေကြတာပဲ

ပကတိ ဘ၀တွေထဲက မွန်းကျပ်မူတွေကလဲ
ပူပြင်း လောင်မြိုက် ပိတ်လှောင်လွန်းလိုက်တာ

မျက်နှာဖုံးတွေကို
ခဏလေးဖြစ်ဖြစ် ဖယ်ပေးပါ....
ခဏလေးပါ.
ခဏလေးပါ..
ခဏလေးပါ...

မျက်နှာဖုံးကို ဆွဲခွာချွတ်လိုက်တော့မှ
ဝင်လေ ထွက်လေကို အငမ်းမရ ရူရိုက်လိုက်ကာမှ
လန်းဆန်းလွန်းတဲ့ လေညှင်းက ဆူးမြှားတွေနဲ့ တရစပ် ပစ်လွှတ်လိုက်သလို
ပကတိ အသားစိုင်ကို ထိမှန်လို့ မခံနိုင်လောက်အောင် အေးမြစူးရှလွန်းနေလေရဲ့

ထင်မှတ်မထားတဲ့ နာကျင်မူတွေ.
ထင်မှတ်မထားတဲ့ နာကျင်မူတွေ..
တကယ့်ကို ထင်မှတ်မထားတဲ့ နာကျင်မူတွေ...

အား.........အာခေါင်ခြစ် အော်ဟစ်လိုက်ရုံ အားမရလို့
ဟန်ဆောင်ခြင်း အဆိပ်တွေ ရောမွှေ ထည့်ထားတဲ့ ၀ိုင်ခွက်တစ်ခွက်
ခပ်ဝေးဝေးကို အားနဲ့ အလွှင့်ပစ်ခံလိုက်ရလေရဲ့..

ဟော ဟိုးအဝေးက
ပူပြင်းလောင်မြိုက်နေတဲ့ သဲသောင်ပြင်ထက်မှာ
လူးကာ လွန့်ကာ လိမ့်ကာနဲ့ ခပ်ပါးပါး အရေခွံလေးတစ်ချပ်ကို
တစ်ရစ်ချင်း တစ်ထစ်ချင်း ခွာချသွားတဲ့ မြွေတစ်ကောင်
သူ့ အရေခွံဟောင်း ကို ချန်ထားခဲ့ပြီး
လျောကနဲပဲ လျောကနဲ နဲ့
လွတ်လပ် ကွင်းပြင် နေရာဆီကို
ကသောကမျော ကမူးရူးထိုး အပြေးအလွှားသွားနေလေရဲ့

စိမ်းမြ အေးစိမ့်တဲ့ မြက်ခင်းရှေ့နားအရောက်
လွတ်လပ်ကာစ ကိုယ်လုံးတီး ခန္ဓာကိုယ်တစ်ခု
ပျော်ရွှင်စွာ ပျော်ဝင်စွာနဲ့ လူးလွန့်တိုးဝင်လိုက်ချိန်
အလျားလိုက် စူးရှ ထက်မြက်လွန်းတဲ့ မြက်ပင်ရဲ့ အနားသားတွေက
သူ့ ပကတိ ရင်ခွင်ကို ထက်ခြမ်းကွဲသွားစေတယ်
သွေးစတွေ အသားစတွေ မွှန်းထားသလို .တဆတ်ဆတ်တုန်လို့

ဝမ်းဗိုက်တလျောက် စူးရှ နာကျင်တဲ့ ဒဏ်က လွတ်မြောက်ဖို့
အမောက်ကို ခပ်ပြင်းပြင်း ခပ်မြင့်မြင့် ပင့် ထောင်လိုက်ချိန်မှာမှ
ဦးခေါင်းထိပ်ကို ထွင်းဖောက်သံ တစ်ခု ဖောင်းကနဲပဲ

လွတ်မြောက် ပြေးလမ်းက ထင်မှတ်မထားတဲ့ ပစ်မှတ်တစ်ခု ဖြစ်သွားလေရဲ့

အနီရင့်ရင့် ၀ိုင်စတွေ ပေကျံနေတဲ့ ဖန်ကွဲစတွေနဲ့ အတူ

ဦးနှိမ်ကျိုးသွားတဲ့ ခန္ဓာ တစ်ခု တွန့်လိမ်ကောက်ကွေး လူးလိမ့်လို့
စိမ်းမြမြက်ခင်းထက်မှာ နီရဲစွေးနေတဲ့ သွေးစတွေ အရေခွံစတွေ မွစာကျဲလို့..

ထွက်သက်တစ်ခု ခပ်ပြင်းပြင်း မူတ်သံကြားလိုက်တယ်
နာကျင်စွာ ငြီးတွားသံ သဲ့သဲ့ ကြားလိုက်တယ်
နောက်...

အားလုံး ငြိမ်သက်တိတ်ဆိတ် တိုးတိတ်လို့..
ပကတိအတိုင်း ...

အရာအားလုံးဟာ ငြိမ်လို့.
အားလုံး ငြိမ်လို့..
ငြိမ်လို့...

ဟိုးအဝေးမှာ မြက်ပင်တွေထက်က လေညှင်းနဲ့အတူ
လွင့်မျောသွားတဲ့ ခပ်ပါးပါးအရိပ်တစ်ခု ခပ်ဝါးဝါးလေး မြင်လိုက်ရတယ်။

4 Comments:

မယ့်ကိုး said...

ကဗျာလေးကြိုက်တယ် မရေ... အတွေးရော..အရေးရော...

ခြေလှမ်းသစ် said...

နားလည်အောင် ဖတ်ကြည့်မိပါတယ် .. ပြောင်းလဲခြင်း ကို ဆိုလိုတယ်လို့ နားမည်မိပါတယ်... ဖတ်လို့ ကောင်းပါတယ်...

စည်သူ said...

အင်.....
မောသွားတယ်အမရေ...။
တွေးရင်းတွေးရင်ပေါ့..။

စည်သူ said...

မောသွားတယ်အမရေ။
တွေးရင်းတွေးရင်းပေါ့........