မြန်မာကလေးလေးကို ဂျပန်သွားဖို့ ထိုင်းဝန်ကြီးချူပ် ကူညီ

Mong Thongdee thanks Prime Minister Abhisit Vejjajiva for stepping in to help him attend a paper airplane competition in Japan. Mr Abhisit said the boy's case served as a good example to government agencies how to better handle cases involving stateless children.

ထိုင်းဝန်ကြီးချူပ်ကို မြန်မာကလေးလေးရဲ့ကိုယ်စား တကယ့်ကို ကျေးဇူးတင်ပါတယ် စမ်းသာစရာ သတင်းလေးပါ။ နိုင်ငံအပြင်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကိုယ်စားပြုစရာ တိုင်းပြည်ပျောက်နေတဲ့အခါ တကယ်ထူးချွန်ထက်မြက်တဲ့ ကျွန်မတို့ မျိုးဆက်ရင်သွေးလေးတွေ ကို ကူညီပေးမယ့်သူ ပေါ်ပါစေ.အပူအပင်ကင်းကင်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို နိုင်ငံတကာ ပြခွင့် များများရကြပါစေ..

Photo from Bangkok post website.

12 Comments:

Anonymous said...

ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ မမကြီးရေ
ကလေးလေးကိုယ်စား ဝမ်းသာလိုက်တာဟာ
အဘီစစ်ကိုလဲ ပိုသဘောကျမိတယ် :)

မြတ်လေးငုံ said...

ဆုမွန် ဒီသတင်းလေးကိုပျော်ရွှင်စွာနဲ့ဖတ်သွားတယ်
်နော်။

ခင်မင်လျှက်
အမ (မြတ်လေးငုံ)

Anonymous said...

တော်သေးတယ်.. ဆုတောင်းနေတာ..း)

အောင်ချမ်းသာ said...

ဒီပို့စ်လေးကိုဖတ်ရတာ မျက်ရည်ဝဲမိတယ် အရမ်းကို ၀မ်းသာမိတယ်....ကို့ပြည်တွင်းမှာလဲ ဒီလိုကလေးလေးတွေအများကြီးရှိပါတယ်....
အခြေအနေရ ငုတ်နေရတာပါ..........

ကျေးဇူးလဲတင်တယ် ဗျာ ဒီလိုမျိုးတွေအများကြီးပေါ်ထွန်းပါစေ။

ခြေလှမ်းသစ် said...

အမရယ် ဒီသတင်းကို ဖတ်ရတော့ ကြက်သီးမွေးတောင် ထတယ် ..... တကယ်ပါပဲ ၀မ်းသာလို့လို့ ရင်ထဲမှာ စို့လာတယ်ဗျာ .... ဒီကလေး အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ် ...

စာချစ်သူ said...

ဝမ်းသာပါတယ် အစ်မ ရေ။ မြန်မာတစ်မျိုးသားလုံးအတွက်ပါ ။ ၀န်ကြီးချုပ် ကိုလဲ အထူးကျေးဇူးတင်ပါတယ်။

စာချစ်သူ said...

ဝမ်းသာပါတယ် အစ်မ ရေ။ မြန်မာတစ်မျိုးသားလုံးအတွက်ပါ ။ ၀န်ကြီးချုပ် ကိုလဲ အထူးကျေးဇူးတင်ပါတယ်။

Moe Myint Tane said...

ကြည်နူးပီတိဖြစ်စရာလေးပါ မဆုမွန်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

tg.nwai said...

ကူညီပေးတဲ့သူကို ကျေးဇူးတင်သလို မြန်မာ ကလေးလေးအတွက်လည်း ၀မ်းသာပါတယ်..ဒါပေမယ့် ရှက်မိတယ်.. ရှက်တတ်ရင်တော့ ရှက်စရာပေါ့ကွယ်..

kiki said...

ကလေး လေးအတွက် ဝမ်းသာစရာ ၊
ထိုင်းဝန်ကြီး ချုပ် ကို ကျေးဇူးတင်စရာ ၊
တို့ ပြည်က သူတို့ကို အဘလို့ ခေါ်မှကြိုက်တဲ့၊လက်အုပ်ချီ ဂါရဝ ပြုကြဟဲ့  လို့ သတ်မှတ် ထားတဲ့ လူကြီးမဆန်တဲ့ လူဂျီးတွေ အတွက် ရှက်စရာ ။.....

Nge Naing said...

ညီမရေ သတင်းလေး ဖတ်သွားပါတယ်။ ၀မ်းသာပါတယ်။

Yu Ya said...

ဒီပို့စ်လေးဖတ်ပြီး ဂုဏ်ယူမိပါတယ် အစ်မရေ.. ကိုယ်နိုင်ငံသားတစ်ယောက် ဒီလိုအခွင့်အရေးရတာကို လက်လွှတ်မခံစေချင်ဘူး။

yu ya