don't forget 90 days report

နိုင်ငံရပ်ခြားမှာ နှစ်ရှည်ဗီဇာနဲ့နေတဲ့သူတွေ 90days report လေးကို မပျက်မကွက် သွားပို့ကြဖို့ အမှတ်သတိလေးတွေ မလွတ်စေဖို့ ကိုယ်တွေ့နဲ့ယှဉ်ပြီး သတိပေးချင်ပါရဲ့ရှင်..

ပြီးခဲ့တဲ့ သြဂုတ်လ တစ်လလုံးရော အခု စက်တင်ဘာဆန်းမှာပါ ဘာတွေမှန်းမသိတဲ့အလုပ်တွေ ရူပ်ပြီး အရူပ်တွေ လုပ်နေတဲ့အတွက် ကျွန်မ သုံးလ ပုံမှန် 90 DAYS REPORT လုပ်ဖို့ ထိုင်းလူဝင်မူကြီးကြပ်ရေး အင်မီဂရေးရှင်းရုံးကို သွားဖို့ မေ့လျော့သွားမိပါတယ်။ အရင်ကဆို ကျွန်မရဲ့ မိတ်ဆွေတွေ သူများတွေ ကို သုံးလရီပို့ရက် နီးရင်ဖြစ်စေ ဗီဇာရက်စေ့ခါနီးရင်ဖြစ်စေ မမေ့ကြနဲ့နော် သွားကြဦး ဒဏ်ဆောင်ကြမယ် စသဖြင့် လိုက်ဆော်သြ သတိပေးလေ့ရှိပါတယ်။ ကိုယ်တိုင်ကိုကျတော့ သတိပေးဖို့ဝေးလာဝေး ကျွန်မကို သတိတောင် မမူကြဘူး ထင်ပါရဲ့ စိတ်နာလွန်းလို့ပါ (ဟီးဟီး)။

တစ်နေ့က မထင်မှတ်ပဲ ဘဏ်ကဒ် လုပ်ရင်း ပတ်စပို့ကို ပြန်လှန်ကြည့်မိတော့ 90 days reportက ၁၂ရက် တိတိ ကျော်နေပြီဖြစ်ပါတယ်။ အဲ့တော့မှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဒဏ်ဆောင်ရတော့မယ်ဆိုတာ သိတော့ စိတ်တော်တော်ညစ်သွားပါတယ်။

တကယ်တော့ 90 days report ဆိုတာက တစ်နှစ်ဗီဇာရထားတဲ့ သို့မဟုတ် နှစ်ရှည်ဗီဇာနေထိုင်ခွင့်ရထားတဲ့ ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ သုံးလတိုင်း သုံးလပြည့်တိုင်းမှာ ထိုင်းအင်မီဂရေးရှင်းရုံးကို ထိုင်းမှာ ရှိနေကြောင်း သဘောမျိုးပေါ့ ပုံမှန်သတင်းပို့ရပါတယ်။ သတင်းပို့ဖို့အတွက် ပတ်စပို့စာအုပ်မှာ စာရွက်ဖြူလေးတစ်ရွက်ကို ချိတ်ပေးထားပါတယ်။ အဲ့မှာ သူတွက်ပေးထားတဲ့ သူ့ရက်စွဲအတိုင်း သွားပြီး တုံးထုပြီး စာရွက်လဲရပါတယ်။ အဲ့တာက အခမဲ့ပါ။ တစ်ချို့က 90 days report နဲ့ ဗီဇာ ရက်စွဲနဲ့ကို မှားလေ့ ရှိပါသေးတယ်။

90days reportက before 7 days and after 7 days သွားလို့ရပါတယ် ဆိုတော့ ကျွန်မက သူတို့သတ်မှတ်ပေးထားတဲ့ရက် ၇ရက်ထက် ကျော်ပြီး ငါးရက်စွန်းနေပါပြီ။ နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းတွေကို စုံစမ်းကြည့်တော့ တစ်ချို့ကလဲ သိပ်အရေးမကြီးဘူး ပို့စရာမလိုဘူး ဗီဇာချိန်းရင် သူတို့သတိမထားမိပါဘူး စသဖြင့် အကြံပေးပါတယ်. တစ်ချို့ကလဲ ရက်အလိုက်ဆောင်ရတယ် တစ်ရက်ကို ဘတ်ငါးရာနူန်းနဲ့ ငါးထောင်လောက် ဆောင်သွားပေါ့ တစ်ချို့ကလဲ သွားဆောင်လိုက်ပါ ထိုင်းတွေက သိတဲ့အတိုင်း ရစ်စရာမရှိ တိုင်ပတ်ရစ်တာ စသဖြင့်ပေါ့လေ နောက်ဆုံးမှာတော့ သူ့မြေမှာနေတဲ့အတွက် သူ့ဥပဒေကို လိုက်နာရမယ့် ဆိုတဲ့ ထုံး နှလုံးမူပြီး ချီတက်သွားပါတယ်။

ထုံးစံအတိုင်းပါပဲ ရက်ကျော်တဲ့အတွက် ဒဏ်ငွေဆောင်ရမယ်လို့ထိုင်းဘွားတော်ကြီးက ပြုံးပြုံးလေးနဲ့ ပြတ်ပြတ် သားသားပြောပါတယ် ကျောင်းသားဖြစ်ကြောင်း ကျောင်းထောက်ခံစာပြလဲ မရ ဘယ်လိုမှ ပြောလို့မရတဲ့အဆုံး အခမဲ့ တုံးထုပေးတဲ့ 90DAYS REPORT ပျက်ကွက်တဲ့အတွက် ဒဏ်ငွေ ဘတ်၂၀၀၀ ပေးဆောင် လိုက်ရပါတယ်။ ကောင်တာသုံးခုလောက် ပတ်ပတ်လည် သွားလိုက်ရပါတယ်။ ထိုးလိုက်ရတဲ့ လက်မှတ်တွေဆိုတာလည်း ညီလာခံဝင်တဲ့အတိုင်းပါပဲ။ တကယ်လို့များ ဗီဇာချိန်းတဲ့အချိန် 90DAYS REPORT ပျက်ကွက်ခဲ့တာသိရင် ဒဏ်ငွေ ငါးထောင် ပေးဆောင်ရမှာဖြစ်ကြောင်းကိုလည်း ခြိမ်းခြောက် လိုက်ပါသေးတယ်။

ထိုင်းရဲ့ ပေါ်လစီကတော့ သိတဲ့အတိုင်း အမျိုးမျိုးချိန်းနေတဲ့အပြင် တိုင်းပြည်ဘက်ဂျက်ငွေကို ဘယ်လို ရှာရမယ်ဆိုတာ သိနေတဲ့အတွက် ထိုင်းမှာ နှစ်ရှည်ဗီဇာရပြီး နေတဲ့ မိတ်ဆွေတွေ အခမဲ့ သွားလုပ်ရတဲ့ 90 DAYS REPORTကိုဖြင့် မမေ့မလျော့ မပျက်မကွက် သွားရောက် တုံးထုကြစေလိုပါတယ် နို့မဟုတ်ရင်ဖြင့် ကျွန်မလိုမျိုး ဘတ်၂၀၀၀ ထိုင်းဘက်ဂျက်ထဲကို ထည့်သွင်းလှူဒါန်းလိုက်ရမှာဖြစ်တယ်လို့ မရွှင်တဲ့နှလုံးနဲ့ မချိပြုံးပြုံးရင်း သတိပေးလိုက်ရပါတယ်။

8 Comments:

စည်သူ said...

[m;[m;[m;..

ဟား.. ဟား.. ဟား..

ထိပြီမှတ်လား..ပျော်တယ်ဟေ့..း)

ဒါဆိုအမရေ..
ကင်ခေါင်း ဖို့ ပါသွားတယ်ပေါ့..

နောက်တာနော်အမ..
ကျိတ်ချိုးနဲ့..

Anonymous said...

အော် အဲလိုလည်း ရှိလားမမ။ သိပါဘူးနော်။ သူတို့ကလည်း မလွယ်ဘူး။

Nay Lin said...

ကျောင်းသားဖြစ်ကြောင်းထောက်ခံစာလည်း မရဘူးလား၊ အရင်ကတော့ အဲလိုကြီး မဆောင်ရဘူးထင်တယ်။ 90 day report ဆိုတာ မကြားဖူးခဲ့ဘူး

Moe Myint Tane said...

အဆိုးထဲက အကောင်းတွေးပေါ့ အမ။ ကိုယ်ဒီလိုဒဏ်ရိုက်ခံထိထားတော့ နောက်ဆိုဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူးပေါ့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

nanda said...

မစုမွန်...

ရေးရင် အတည်ရေး ..


သိပ်မပြောင်နဲ့လေ.... ဟီး ...

သီဟသစ် said...

အော
သူ့အရပ်နဲ့ သူ့ဇာတ်ပါလား မဆုမွန်ရေ

ဒီမှာတော့ မရှိလို့တော်သေး


ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ဖြစ်မှဖြစ်ရလေ ဆုမွန်ရယ်...

း(

tg.nwai said...

အဲ..ညီမလေးက ဘတ်နှစ်ထောင် ထွက်သွားပြီး စိတ်လည်းညစ် လူလည်း အလုပ်ရှုပ်သွားရတာပေါ့နော်.. အစ်မတို့တွေတုန်းကလည်း အဲဒီလိုပဲ..သိကို မသိတာပါ..ဒါနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ မဆောင်ဖြစ်လိုက်တာ ပြန်လာတဲ့အထိပါပဲ..ဘာမှတော့ မဖြစ်ခဲ့ဘူး... သူတို့တွေကလည်း လို လိုသလို ဆွဲထုတ်သုံးတော့တာကိုး။ (ညီမ အတင်း လာတော်သွားတယ်နော်..ဟဲဟဲ)