အသည်းရောင် ဘီ် ပိုး၊ စီပိုးမရှိပါ ဟူသော မှတ်ချက် ကို ဆရာဝန်ထံမှ ကိုယ် ကြား လိုက် သော အခါ တွင် သာမန် ပျော် ရွှင်မူ ထက်ပိုကာ အတော်လေးပင် စိတ် ချမ်းသာမိလေ၏။ ခပ်တည်တည် လုပ်ထားရသော်လည်း စိတ်ထဲမှာ ရှိနေ သည့် ခပ်ရွှင် ရွှင် အတွေးက တော့ တန်သည် လို့ပင်..
တကယ်ဆို နှစ်ပေါင်းများစွာ လမ်းဘေးအစားအစာများကို အားရပါးရ စားသောက်လာတာ အသည်း ရောဂါ မကူးစက် ခဲ့ သည်မှာ လွန်
တနေ့ ကပင် ဆုမွန် က ဂျီတော့ကနေ မေးလာသည်။ "အမရေ လမ်း၅၀ ထိပ်က အညာသား အထမ်း သမားလေး ရောင်းတဲ့ သဘောင်္သီးသုပ်နဲ့  ဆား နံ့ သင်းတဲ့ ရခိုင် မုန့် တီ လေး မစားချင်ဘူး လားဟင်”တဲ့။ ဘယ်လို ပြောပါ လိမ့်ကွယ် တရေးနိုး ထကျွေး တောင် မငူမငေါင်ဘဲ စားချင်စမ်း လှသည်။
အမှန်တော့ ငယ်စဉ်ထဲကပင် မိဘတွေက လမ်းဘေး အစားအသောက်ကို အကျင့် လုပ်မကျွေးပါ၊ သို့သော် ထို အလေ့ အထသည် နေရာပေါင်း များစွာ လျှောက်သွားနေရသော ဂျာနယ် သတင်းထောက် ဘ၀မှာ ပျက်လေ၏
တနေ့ တည်း မှာပင် အစိုးရဌာနရုံးတွေကို ရောက်ချင်လည်း ရောက်။ ဘုရင့်နောင် ပွဲရုံလို နေရာမျိုး သွားချင် လည်းသွား. ဟိုတည်ကြီး ပေါ်က ဧည့်ခံပွဲမှာ လည်း ရှိချင် ရှိနေပြန်သည်။ သည်တော့ အိမ်က ထမင်းချိုင့်ကိုသွား လေရာ ယူဘို့ မဖြစ်နိုင်တော့ နေ့ လည်စာကို ရောက် သည့် နေရာတွင် ကြုံသလို စားရသလို ရန်ကုန်နေရာအနှံ့ က စားသောက်ဆိုင် ထမင်းဆိုင် အသုပ်ဆိုင် မစားဘူး တာ ခပ်ရှားရှားပင်။
ဒီကြားထဲ ဆရာဝန်တွေနှင့် ရင်းနှီးကာ ကျန်းမာရေးအသိ မတောက်တခေါက်ကလေးကြောင့် အသည်းရောင် ဘီတို့  စီတို့  ကူးစက်မှာကိုလည်း ကြောက် သူတည်း..
တခါတလေ ထို အတွေးဝင်ပါက သန့် ရှင်း သန့် ပြန့် သော ဆိုင်ကို ရွေးချယ်ခြင်း ပူသော အစာကို စားသောက် ခြင်း တို့  လုပ်သော်လည်း အပေါင်းအသင်းများနှင့် တွေ.ပါက လမ်းဘေးဆိုင်ကိုသာ နှစ်ခြိုက်စွာ ထိုင်ကြပြန် သတည်း..
ပုဇွန်တောင် လမ်း၅၀ဘက်ကို ဘက်ကို ဘဲ ရောက်သည် ဆို ပါတော့ ထိုနားမှာ လူတွင်ကျယ် လုပ်နေသော ကုမုဒြာ ဂျာနယ်မှ မဆုမွန်တို့ နှင့် ဆုံလေ့ရှိ၏။ စစ်ရောင် ရှပ် အကျီံတဖားဖား နှင့် ဂလန်ဂလား ဆုမွန်နှင့် တွေ့ပါက သူက သူ စားနေကျ အညာသားလေးများ ဆိုင်း ထမ်း အာပူလျှာပူ မုန့်တီဆိုင်ကို ခေါ်ကာ ဧည့်ခံတတ်သည်။ ကိုယ်က သဘောင်္သီးသုပ် စားလေ့ရှိပြီး သူကတော့ ချဉ်ငံစပ် ရခိုင် မုန့် တီ သောက်လေ့ ရှိသည်။
မဆုမွန်သည် စားရင်းနှင့် ပါးစပ်ရော လက်ပါ အငြိမ်နေသည်မဟုတ် ဆုမွန်က မုန့်တီထဲကို ဟင်းရေ ထပ်ထဲ့ ခိုင်းလိုက် အချဉ်ရည်တို့  ငံပြာရည်တို့ အကြော်တို့  လက်က ထည့်ခိုင်းသလို ပါးစပ်ကလည်း “ဟေး ဒီနေ့ဘာထူးသေးလဲ" နင်တို့ ကို စည်ပင်တွေ လိုက်ဖမ်း သေးလား လိုင်းကြေး ဘယ်လောက်ပေးရလဲ " စသည် ဖြင့် သတင်းထောက် ပီပီ မေးခွန်းများဖြင့် အသုပ်ပြင်နေသူ အရောင်းသမားလေးကို မေးမြန်း နှိပ်စက် သေး သည်။
ထိုမှအစ လမ်းငါးဆယ်မှသည် ဆူးလေအထိ စီတန်းရှိနေသော ဆိုင်းထမ်းသည်လေးတွေကို နှစ် ခြိုက်စွာ အားပေး ခဲ့သလို ရန်ကုန် ညနေခင်း တွေမှာ ယောက်လမ်းအနီးအနားက ဖြတ်သွားသူများဟာ လမ်းဘေး ဆိုင်လေးတွေမှာ ထိုင်စား နေကြသော ကိုယ်နှင့် အပေါင်းအသင်းတွေကို မကြာခဏ တွေ.ဘူးကြပေလိမ့်မည်။
တခါတလေ 7 days news journal က သတင်းထောက် အကျော်အမော်များ ဖြစ်တဲ့ သီဟ တို့  ဘုတ်ဘုတ်တိုနှင့် တောင် ဆုံပါသေးသည်။ ကျန်းမာရေးသတင်းများကို ဂျာနယ်တွေမှာ ရေးသူတွေ ဖြစ်သော်လည်း ထိုအသုပ်သည် လေးများ၏ သန့်ရှင်းမှု ကိုတော့ ကိုယ်တို့ မေ့ထားကြသည်။
အစားအသောက်မှာ မျိုးချစ်စိတ်ရှိသော ကိုယ်ဟာ ယခုအချိန်ထိ ငံပြာရည်နှင့် ငရုတ်သီးမုန့် ထုပ်ကို အခြေခံကာ နေ့ တိုင်း မြန်မာဟင်းတွေကို ချက်စားနေမြဲပင်။ ချမ်းသာသော တိုင်းပြည် မို့ သူတို့ အစာတွေ သန့် ရှင်း ရောဂါကင်း အောင် ရောင်း တာ မြင်တော့ ငါ တို့  ချမ်းသာရင် လည်း ဘေးကင်းကင်း သင်္ဘောသီး သုပ်လေးတွေ စားနိုင် မှာဘဲ လို့  တွေး မိ တာက လွဲလို့ သူတို့  အစားတွေကို ခုံမင် စိတ် မရှိပါ။
အားဆေးတွေကို နေ့ တိုင်း တိုက်နေသော်လည်း သိသိသာသာ အလေးချိန် မတက်လာတာမို့ ကိုယ်ရဲ့ မိဘလို အုပ်ထိန်းသူတွေ က ကိုယ်ကို စိတ်ကြိုက် ချက်ပြုတ် ခွင့် မပေးတော့ဘဲ သူတို့ ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစာများကို သာ စားစေ၏
ကိုယ့်အဖို့ ကား ငရဲပင်..
ညနေတိုင်း သူတို့ ချက်ပြုတ်နေသည်ကို ပြေးပြေး ကြည့်ရ၏။ မိဘ အရွယ်တွေမို့ ရိုင်းရာလည်း မကျအောင် ပြီးတော့ အမေရိကန် အစားအစာ အစစ်တွေမဖြစ်ရအောင် ဘေးက ကူလုပ် ပေးသလိုနှင့် ပြင် ရသည်။
ဒီနေ့ တော့ ကြက်သားကြော် နေတာ တွေ့ သည်။ ကြော်သည့် နေရာမှာ ဆီနည်းတာ တွေ့ သော် လည်း ကြက် ကြော် မို့  ကိုယ် စားနိုင် မည် ထင်မိသည်။ ထိုစဉ် မှာဘဲ ကြက်ကြော် ကို မိုဟင်း ရေတွေ လောင်း လိုက်ပြန်သည်။ ကြွပ် နေသော ကြက်ကြော် ပျော့စိစိ ဖြစ်သွားမို့ ကိုယ် မကြိုက်ပြန်တော့။
နောက်ဆုံးမတော့ ကြက်သား မိုကြော်နှင့် တူသော်လည်း ဆားမပါ ပေါ့ရွှတ်ရွှတ် ဟင်းတခွက် ဖြစ် လာလေ သည်။ သူတို့  အလစ်မှ ထိုဟင်းကို ငံပြာရည်ဆမ်း စားရန် စိတ်ကူးလိုက် သည်။
လှလှပပ ကြက်သားမိုကြော်ကို ပန်းကန်ပြားပေါ်တွင် ပြင်ဆင် ပြီး စားဖီုမူးက ကိုယ်ကို ဂုဏ်ယူသလို ကြည့်လိုက်၏ ..ဘယ်လိုလဲ တွေ့ တယ်မဟုတ်လား ဆိုသည့်သဘော..."ဟင်းဟင်း အရမ်းကောင်းမယ့်ပုံပါဘဲ"
ချီးကျူးသည့် အပြုံးလေးနှင့် ကိုယ်ဖြေလိုက်သည်။
စိတ်ထဲမှာတော့ ဒီလိုဟင်းမျိုး ပွဲတစ်ရာကို ဆုမွန် ကျွေးသည့် လမ်းငါးဆယ် ထိပ်က သင်္ဘောသီးသုပ် နှင့် သာ လဲ လိုက် ချင်တာ ကိုယ်ကိုကိုယ် အသိဆုံးပင်။
By Htar Htar Myint
(ဟိုးကမ္ဘာတစ်ခြမ်းမှာ ရှိနေတဲ့ အစ်မ ထားထားမြင့်ရဲ့ သင်္ဘောသီးသုပ်တမ်းချင်းလေးကို အမှတ်တရပို့စ်အဖြစ်တင်လိုက်ပါတယ်။)
စားလည်းဒီစိတ်ကွယ်
Posted by မဆုမွန် at Saturday, September 12, 2009
Labels: အမှတ်တရလေးများ
6 Comments:
မဆုမွန်ရေ အစ်မလည်း ထိုင်းသဘောင်္ာသီးထောင်းကို သိပ်ကြိုက်တယ်။
ဒီလိုပါပဲ မိမိရိုးရာ အစားအစာကို နှစ်ပေါင်းများစွာ စားသောက်လာတော့ used to ဖြစ်နေတာပေါ့ ဘယ်လို နိုင်ငံကြီးကိုဘဲ ရောက်ရောက် မိမိနှစ်သက်တဲ့ အစားအစာသာ ခံတွင်းကောင်းစေပါတယ်..
အစ်မရေ
ဖတ်ပြီး စားချင်သွားပြန်ရော ..း))
မြန်မာနိုင်ငံက အစားစာတွေ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါစေ ..း))
ဟုတ်တယ်.ငါးကိုကြော်ပြီး အုန်းနို့နဲ့ပြန်ချက်တာ လဲရှီတယ်။ သိတ်စိတ်ဆိုးတာဘဲ
"ချမ်းသာသော တိုင်းပြည် မို့ သူတို့ အစာတွေ သန့် ရှင်း ရောဂါကင်း အောင် ရောင်း တာ မြင်တော့ ငါ တို့  ချမ်းသာရင် လည်း ဘေးကင်းကင်း သင်္ဘောသီး သုပ်လေးတွေ စားနိုင် မှာဘဲ လို့  တွေး မိ တာက လွဲလို့ သူတို့  အစားတွေကို ခုံမင် စိတ် မရှိပါ။"
အမှန်ပါပဲ..။
အသုပ်ချဉ်စပ်လေး ..စားချင်နေပါတယ်ဆိုမှ ...
ဖတ်ရင်း ဖတ်ရင်း နဲ့ နောက်မှ ..
အိုး ဟိုးး ဂလိုကိုး လို့  ..
သူငယ်ချင်း ရေးထားတာ ဖြစ်နေတယ် ..
ဘာပဲ ဖြစ်ဖြစ် ..အဲ့လို စားစရာတွေ ကို လွမ်းသွားတယ် ...
ယိုးဒယား သဘောင်္သီးထောင်း သုပ်လေးလဲ ကောင်းတာပဲ .. ..
Post a Comment