ဘယ်လိုစီရင်သင့်လဲ

Stop Insulting a Nation or a Religion
သီးခံခြင်းဆိုတာ အတိုင်းအတာ တစ်ခုပဲ ရှိပါတယ်။ အထူးသဖြင့် အမျိုး ဘာသာ သာသနာကို ထိပါး စော်ကားလာတဲ့ အရာမှန်သမျ အပြောင်အပျက်သဘောနဲ့တောင် သီးခံနိုင်စရာ အကြောင်းလုံးဝ မရှိပါ။ Face Book မှာ တွေ့လိုက်ရတဲ့ ဒီဓာတ်ပုံဟာ ကျွန်မတစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေ ပွက်ပွက်ဆူသလို ခံစားလိုက်ရပါတယ်။ ကျွန်မဘ၀မှာ မှတ်မှတ်ရရ လူမြင်ကွင်းမှာ F ..ur..@&(*)(_++_+__((&$#@@#အစချီပြီး ဆဲမိတဲ့ ကော်မန့်စာကို ချက်ခြင်း ကောက်ရေးမိပါတယ်။

မြင်တဲ့နေရာ ထား ကြား ကြားတဲ့နေရာထားခဲ့ သူများ အကုသိုလ် ကိုယ့်အကုသိုလ်မဖြစ်စေနဲ့ သူပြုတဲ့ ဒဏ် သူပြန်ခံ လိုက်မယ် စသဖြင့် တရားသတိနဲ့ သီးခံခြင်းတရား ဥပေက္ခာပြုခြင်းတွေနဲ့ ထားလိုက်မယ် ဆိုရင်. ပိုဆိုးလာနိုင်မယ် ထင်ပါတယ်။ ဘာသာတရားတိုင်းဟာ အလေးအမြတ် တန်ဖိုးထား ကိုးကွယ်လေးစားတဲ့ အထွဌ်အမြတ် အနိုင်းမဲ့ တရားတွေပါ။ မိမိတို့ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားအပေါ် လူတိုင်းဟာ အသက်ထက်ကို မြတ်နိုးတာ အမှန်ဖြစ်လို့ မိမိက ဘာသာမဲ့ဆိုရင်တောင် လူဆိုရင် လူ့အသိရှိရမယ် ထင်ပါတယ်။

သီးခံခြင်း တရားဆိုတာ ကျွန်မတို့ ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ တရားမှာ မှာ လူသားတိုင်း လက်ကိုင် ထားရမယ့် တရားပေမယ့် အခုလိုမျိုး ကိုယ့်ကိုးကွယ်ရာ ဘာသာ၊ သာသနာကို ယုတ်ယုတ်မာမာ ထိပါး စော်ကား သလိုမျိုး ဖြစ်နေရင်တော့ လုံးဝ သီးခံခွှင့်လွှတ်စရာမရှိပါ။ သီးခံလိုက်မယ် ဆိုရင် ဒီ့ထက်ပိုပြီး ရောင့်တက် စော်ကား လာနိုင်ပါတယ်။

သီးခံခြင်း မသိချင် ဟန်ဆောင်လိုက်ခြင်းနဲ့ ဒီအတိုင်း ထားလိုက်ရုံနဲ့ပြီးမယ့် ကိစ္စတွေ မဟုတ်ဘူး ဆိုတာ အခုနောက်ပိုင်း ဘာသာတရားအပေါ် စော်ကားလာတဲ့ ဧာတ်ပုံရိုက်ချက်တွေ ဗီဒီယိုမြင်ကွင်းတွေ ဆက်တိုက် ထွက်လာတာ သတိထားမိကြမယ်ထင်ပါတယ်။

ဘုရား မျက်နှာတော်ကို ၀တ်လစ်စလစ် အနေအထားတွေနဲ့ မထီမယ့်မြင် လုပ်နေတဲ့အပြင် ဘုရား ဆင်းတုတော် ရှေ့မှာ မဖွယ်မရာ အနေအထား ကိုယ်လုံးတီးတွေနဲ့ ပွတ်သပ် တွယ်ဖက်ပြီး သီဆိုကပြဖျော်ဖြေနေတဲ့ စတိတ်ရိုး သီချင်းခွေ တွေလည်း တွေ့ရမြင်ရတာ ဒေါသမီးတွေ ဟုန်းဟုန်းတောက်ရပြီး တော်တော် စိတ်နာကျင်မိပြီး စိတ်ရော ကိုယ်ရော တော်တော် မသက်မသာ ရှိလှပါတယ်။

လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ၊စတာတွေဟာ လွတ်လပ်ခြင်းနဲ့ ကြီးပြင်းလာတဲ့ သူတွေအတွက် ပုံမှန် ဖြစ်စဉ် တစ်ခုဖြစ်ပေမယ့် အရာရာထိန်းချုပ်ခြင်းများနဲ့ ကြီးပြင်း လာရတဲ့ ကျွန်မ တို့မှာ လည်း လွတ်လပ်ခြင်း ဆိုတာ ငတ်မွတ်လွန်းအားကြီးလို့ အသက်တွေ သွေးတွေ ဘ၀တွေ ပေးဆပ်ပြီး လွတ်လပ်ခြင်း ဆိုတာကို တောင်းဆိုနေခဲ့ကြတာဖြစ်တယ်။

ဒါပေမယ့် ကိုယ့်လွတ်လပ်ခြင်းဟာ အထူးသဖြင့်သူများကို ထိခိုက်နစ်နာစေနိုင်တဲ့ အပြုအမူဖြစ်နေရင် လုံးဝကို ခွင့်လွှတ်နိုင်စရာ မရှိပါ။ အထူးသဖြင့် လူအများ ဆိုင်တဲ့ ဘာသာ သာသနာ ကိုးကွယ်ယုံကြည်မူများဟာ အပြောင်အပျက် ပျက်လုံးထုတ်စရာမဟုတ်ပါ။

တကယ်တော့ ရေးချင်တာ တွေက အရမ်းများနေပါတယ် အခုစာရေးနေရင်းတောင် ကျွန်မ စိတ်နှလုံးအစုံက သွေး ပွက်ပွက် ဆူနေပြီး လက်တွေ တောင် တုန်နေပါတယ်။ .ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ရှေ့ဆက်ပြီး ဒီလိုမျိုး ထိပါး စော်ကား လာသူတွေကို ဘယ်လို တားဆီးသင့်တယ်ဆိုတာ နည်းလမ်း ရှာသင့်ပါတယ်။ ကိုယ့်ဘာသာ သာသနာ အတွက် ကိုယ့်မှ မစောင့်ရှောက် မကာကွယ်ရင် ဘယ်သူတွေက များ လာ စောင့်ရှောက် မလဲ ဆိုတာ မေးခွန်းထုတ်သင့်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်နေသေးသရွေ့ကတော့ ရှေ့ဆက် စော်ကား လာမူတွေကို ရင်ဆိုင် လာရမယ်ထင်ပါတယ်။

အဘွားပြောတဲ့ စကားဌားပြောရရင်တော့ ဘုရားစော်ကားသူတွေ ဆွေစဉ်မျိုးဆက် ကာလာနာ တိုက်ကြပါစေ လို့ပဲ ကျိန်စာ တိုက်လိုက် ချင်ပါတယ်..

13 Comments:

ကိုလူထွေး said...

ဘုရားရှင်သက်ရှိထင်ရှားရှိစဉ်တုန်းကတောင် မြတ်ဗုဒ္ဓကို အသရည်ညှိုးနွမ်းအောင် ကြံဆောင်လိုကြတဲ့ လူတစုရှိခဲ့တော့ကာ...

တို့လူမျိုးထဲမှာတောင် သံဃာကို သတ်တဲ့သူတွေရှိနေတော့ကာ...

မြတ်စွာဘုရားကိုယ်တော်တိုင်က သည်းခံစိတ်မွေးဖို့ အတန်တန် မှာခဲ့တော့ကာ...

ဆိုတော့ကာ...

....

(ဒါမျိုးတော့ ကျနော်လည်း မကြိုက်ဘူးဗျ... ဒါလူယဉ်ကျေးတို့ရဲ့ လုပ်ရပ်မဟုတ်ဘူး... ဒင်းတို့တွေ ဒေဝဒတ်တို့ ခေတ်ကလိုဆို မြေမြိုခံရမှာ မြင်ယောင်သေးတယ်...)

ခြေလှမ်းသစ် said...

ဒီလိုစော်ကားသူတို့ကို လက်တုန့်ပြန်သင့်ပါတယ် ဘာသာတရားဆိုတာ ခလေးကစားစရာမဟုတ်ပါဘူး သူတို့လို သောက်စည်းကလားနား မရှိတဲ့ လူတွေက လွပ်လပ်ခွင့်ဆိုပြီး လုပ်ချင်လုပ်တိုင်း ကိုယ်တွေက ခံနေရမယ်ဆိုရင် မတရားပါဘူး နိုင်ငံတကာမှာ ဒီလိုဘဲ ဘာသာတခုနဲ့ တခုကို မထီမဲ့မြင်ပြုတာ ရပ်ကြည့်မနေသင့်ပါဘူး ဘာသာတရားတိုင်းကို အကာအကွယ်ပေးရမှာ ဘာသာတရားတိုင်းကို ချစ်မြတ်နိုးတဲ့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ခံယူမိပါတယ်ဗျာ

kiki said...

ဘာသာတရားဆိုတာ လူမျိုးတိုင်းမှာရှိကြတာပါဘဲ..
ကိုယ့်အထွဋ္ဋ်အမြတ်ထားတဲ့  ဘာသာ ကို ထိပါးလာရင်တော့
ဘယ်လိုမှ ခွင့်မလွှတ် သည်းမခံနိုင်လောက်အောင် ဒေါသထွက်ကြတယ် ဆိုရင် ...သူများဘာသာကိုလည်း ဒီလို စော်ကားဖို့ မသင့်ပါဘူး ။

ကာလနာတိုက် မြေမြို မြွေပွေးကိုက် ဆိုတာတွေတော့ မပြောလိုတော့ပါဘူး..
( မပြောလိုဘူး လို့ ဘဲ ရေးပါတယ်နော် ...သဘောပေါက်ကြမှာပေါ့ ..း) )

မြတ်လေးငုံ said...

ညီမလေး ဓာတ်ပုံကိုကြည်ပြီးတော်တော်စိတ်မကောင်းဘူး။
သူတို့တွေငရဲကိုမကြောက်ကြပါလားခုတောင်သူတို့လူမျိုးတွေမှာအဝတ်အစားမကပ်နိုင်ကြတာ
နောက်ဆိုပိုဆိုးတော့မှာ တော်တော် ရက်စက်ကြတာဘဲ။အမတို့ရဲ့ကိုးကွယ်ရာ
မြတ်ဗုဒ္ဓ ဘုရားကိုလုပ်ရက်လိုက်ကြတာ။
ဒေဝဒတ် ရဲ့ဆွေးမျိုးတွေလားမသိဘူး။

မေလေး said...

စိတ်မဆိုးပါနဲ့ မမရယ်။ အကြောင်းအကျိုးဆိုတာတွေ ဖြစ်လာမှာပါ။
သာသနာပျောက် ပီးနောက် ဘုရားပွင့်တော်မူတဲ့အခါ အခုလို ရိုင်းစိုင်းတဲ့သူတွေအတွက် နေရာမရှိနိုင်ပါဘူး။

Nay Lin said...

မဆုမွန်ရဲ့ ဘလောက်မှာတောင် ဒီလိုပုံမျိုး မတင်သင့်ဘူး။ သူတို့ တင်ထားတဲ့ လိပ်စာကို ညွှန်းပေးလိုက်ရင် ပိုကောင်းမလားလို့။ မြန်မာစာ မဖတ်တဲ့ သူတွေက ဒီဘလာက်မှာ ဒီပုံကြီးမြင်သွားရင် နားလည်မှုလွဲမှာ စိုးလို့ပါ။

မိုးခါး said...

ဘယ်လိုတွေပါလိမ့်နော် .. ဟူး ..... မလွယ်ပါလား ..
မှတ်လောက်သားလောက်ဖြစ်သွားအောင် မိုးကြိုးပစ်ချလိုက်ဖို့ပဲ ကောင်းတယ် ..း((

Anonymous said...

အဲဒီ ဗီဒီယိုကို ရောင်လည်း ကြည့်ရတယ် မမ။ ရင်နာလိုက်တာနော်။ ငရဲကိုမကြောက်ကြဘူး။ သူတို့အတွက် မတွေးရဲဘူး မမရယ်။

ဟန်လင်းထွန်း said...

လူသတ်တာမကောင်းဘူးဆိုပေမယ့် တခါတလေ သတ်သင့်ရင် သတ်ရမယ်။ တချို့လူတွေဟာ သူတို့ကို မထိခိုင်မနာကျင်သမျှ ဆင်ခြင်ရကောင်းမှန်းမိသိဘူး။ အဲ့ဒီလိုမျိုးလူတွေကို မလုပ်သင့်တာကို မလုပ်ရအောင် ကြောက်စိတ်ထည့်ပေးသင့်တယ်။

Libratun said...

it's unacceptable. but don't be annoy because of that manners. the good ones are also sharing and doing good things at the same time. Anyway, it is right to say No officially.

@ko nay lin
don't be worry. The Cross on the photo and the Title will be enough for non-burmese.

Nge Naing said...

ညီမရေ မအားလို့ မရောက်ဖြစ်ဘူး။ အခုရောက်တော့ ပေါက်ကွဲနေတာ တွေ့တယ်။ တချို့က မရည်ရွယ်ပဲနဲ့ အလေးမထားလို့ ပြုတာလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ဒီလို အပြုအမူက ကိုယ့်အတွက် စက်ဆုပ်စရာ ဖြစ်ပေမယ့် သူတို့အတွက် ဘာမှမဟုတ်တော့ ကိုယ့်ဘာသာရဲ့ သသောသဘာဝကို သူတို့နားမလည်လို့ ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဘာသာအကြောင်း လူသိနည်းလို့ပဲ သဘောထားရလိမ့်မယ်။ သိရက်နဲ့ ဖြစ်တယ်ဆိုတော့ အဲဒါစော်ကားတယ်လို့ ပြောလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ လူဦးရေ အများစု ကိုးကွယ်နေတဲ့ ဘာသာတွေက ဖိုနဲ့မကို ပေါင်းဖက်ဖို့ ဘုရားက ဖန်တီးထားတယ်ဆိုတာ ယုံကြည်ကြတော့ ဘုရားရင်ပြင်မှာ ဒီလိုလုပ်တာဟာ သူတို့ဘုရားအဆုံးအမအရဆိုရင် ဘုရားဆန္ဒအတိုင်းဖြစ်လို့ သူတို့ဘာအရ မရိုင်းဘူး။ ကျန်တဲ့ဘာသာတွေရဲ့ သဘောသဘာဝကို လေ့လာမှုအားနည်းတာပဲ ပြောစရာရှိပါတယ်။ စိတ်လျှော့လိုက်ပါ သိပ်ပြီးဒေါသမထွက်ပါနဲ့ ညီမရေ သူ့အကုသိုလ်က ကိုယ့်အကုသိုလ် ဖြစ်သွားမှာစိုးလို့ပါ။

ယွန်း said...

မရေ........အခုမှပထမဆုံး အကြိမ်အစ်မရဲ့ ဘလော့ဂ်ကိုရောက်ဖူးတာပါ..ဒီပိုစ့်လေးကို ဖတ်မိတော့
အစ်မကိုလေးစား ခင်မင်မိပါတယ်..ယွန်းလဲ အစ်မပြောတဲ့ သီချင်းကိုကြည့်ဖူးပါတယ်...
တွေ့ တွေ့ ချင်းရင်ထဲမှာဒေါသရော ၀မ်းနည်းတာရော တော်တော်ခံစားခဲ့ရပါတယ် ....ကိုယ့်ဘာသာမဟုတ်တောင် ဒီလိုမစော်ကားသင့်ဘူးလို့ တော်တော် ခံပြင်းခဲ့ရတယ်
အဲဒိထက်ဆိုးတာက shopping mallတွေရောက်ရင် ဘုရားဆင်းထုတော်တွေကို
အိပ်ခန်းဆောင်မှာ အလှပြရုပ်ထုတွေအနေနဲ့ ထားရအောင် ရောင်းတဲ့ ဆိုင်တွေကို တွေ့ ရတာပဲ..
မြန်မာတွေကတော့ ကိုးကွယ်ဖို့ဝယ်ကြသလို ဘာသာခြားတွေကတော့ သူတို့အိမ်ကြမ်းပြင်မှာထောင်ထားပြီး အလှပြဖို့ ၀ယ်ကြတယ်တဲ့ ... တော်တော်ရင်နာဖို့ ကောင်းတယ်အစ်မရေ.....

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်

ကြိုက်သလိုသာ စိရင်လိုက်တော့ကွယ်။
ခင်မင်လေးစားလျှက်ပါ။