ဘာသာတွဲတစ်ခု အောင်မြင်စွာ ပြီးဆုံးသွားပြီပါပြီ။ ဒီဘာသာတွဲလောက် စိတ်ညစ်ဖို့ ကောင်းတာ မရှိတော့ပါဘူး။ Methodology ဘာသာပါ။ ဘယ်လိုမှ နားမလည်တဲ့အဆုံး လက်တော့ပ်ကို သယ်လာပြီး လယ်ယာစိုက်ပျိုးရေး လုပ်လိုက်တာ လယ်ဗယ်တစ်ခု တက်သွားပါတယ်။ အခုချိန်အထိတော့ ဂရိတ်အေ နှစ်ခု ဂရိတ်ဘီ+ တစ်ခုနဲ့ စာကိုပဲ အာရုံစိုက်ပြီး နေ့ရော ညရော ကြိုးစားနေရတယ်။ ဒါက Master of Art in Mass Communacationက သူငယ်ချင်းတွေပါ တရုတ်လေးတွေရယ် ထိုင်းလေးတွေရယ် သိပ်ချစ်ဖို့ကောင်းတဲ့ သုငယ်ချင်းလေးတွေရထားပါတယ်။ကျောင်းမှာ အတန်းစတက်တော့ တစ်ယောက်ကို တစ်ယောက် မိတ်ဆက်တော့.. ငါမြန်မာပြည်ကပါလို့ ပြောလိုက်တဲ့အခါ ဘားမားလား ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရှိတဲ့နိုင်ငံလား ဒါမှမဟုတ် ဘုန်းကြီး သတ်တဲ့ နိုင်ငံလား နာဂစ်တိုက်တဲ့ နေရာကလား ဆိုတာမျိုးတွေ သူတို့မေးခွန်းထုတ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်မ ကံကောင်းတာကတော့ ကျွန်မအခုတက်နေတဲ့ စာသင်ခန်းလေးထဲမှာ စာသင်သား ကိုးယောက်တိတိပဲရှိပါတယ်။
စနေ တနင်္ဂနွေနှစ်ရက်ပဲ မာစတာကျောင်းသားတွေအနေနဲ့ တက်ရတယ် ဆိုတော့ အဲ့ဒီ့နှစ်ရက်လေးပဲ ဆုံကြရပေမယ့် ကျွန်မတို အုပ်စုလေးဟာ ဘယ်သွားသွား ဘယ်လာလာ ဘာစားစား အုပ်စုလိုက် လေးပဲ နေလေ့ရှိပါတယ်။ နောက်ပြီး ကျွန်မကိုလည်း သူတို့ တော်တော်လေး ချစ်ကြပါတယ်။ ကျွန်မပြောပြလေ့ရှိတဲ့ ကျွန်မတို့နိုင်ငံ လေးအကြောင်းကိုလည်း စိတ်ဝင်တစားနားထောင် ဆွေးနွေးလေ့ ရှိကြ ပါတယ်။ ကျွန်မကလည်း သူတို့ကို တော်တော်လေး သံယောဇဉ် ရှိပါတယ် စိတ်ပင်ပမ်း လူပင်ပမ်းဖြစ်လွန်းလှတဲ့ ဒီလုပ်ငန်းခွင်ရဲ့ အပြင်ဘက်မှာ ဒီလိုသူငယ်ချင်းလေးတွေနဲ့ အတူနေခွင့်ရတာ တော်တော် စိတ်ချမ်းသာဖို့ကောင်းပါတယ်။ စာသင်ခန်းထဲက သူငယ်ချင်း တွေနဲ့ မကြာခင်မှာပဲ ထိုင်းနိုင်ငံတွင်း ကျောင်းခရီး ထွက်ရပါဦး မယ်ရှင်..ပြန်လာရင်တော့ ခရီးသွားမှတ်တမ်းပို့စ်လေးကို ရေးပေးနိုင်မယ် ထင်ပါတယ်။
သူငယ်ချင်းတွေနဲ့အတူတူ
Posted by မဆုမွန် at Monday, September 21, 2009
Labels: တက္ကသိုလ်ကျောင်းသူဘ၀ပုံရိပ်များ
18 Comments:
ပျော်စရာလေးပါလား အစ်မဆုမွန်
အဆင်ပြေပါစေနော်
မင်းအိမ်ဖြူ
သူငယ်ချင်းတွေနဲ့ ပျော်စရာကြီးပဲ... ပြီး အချောလေးတွေ...စိတ်တူကိုယ်တူ ပေါင်းလို့ ရတဲ့ သူငယ်ချင်းတွေ ရှိနေတာ သိပ်ကောင်းတာပေါ့.. ခရီးသွားပို့စ်လေးလည်း တင်ပေးဦးနော်.. ညီမ မဆုမွန်နဲ့ အတူတူလိုက်လည်ရအောင်လို့..ရမလား.. :)
မဆုမွန်က အလည်က အနက်ရောင်မလေးပါရှင် မျက်မှန်နဲ့ ဆံပင်ကောက်ကောက်လေးနဲ့ပါ ဟီးဟီး
မဆုမွန်ရေ လာဖတ်သွားပါတယ်။ ရွယ်တူ သူငယ်ချင်းတွေနဲ့ ပျော်စရာကြီး။ အစ်မ ကျောင်းတက်တာ အစ်မအတန်းဖေါ်တွေ အတော်များများက အစ်မထက် အသက်တ၀က်နီးပါး ငယ်ကြသလို အစ်မကလည်း ကလေးကြိုချိန်၊ ဈေးဝယ်ချိန်၊ ဘဏ်သွားချိန် စတဲ့ကိစ္စအ၀၀တွေနဲ့ ခပ်သုတ်သုတ်သွား ခပ်သုတ်သုတ်ပြန်ဆိုတော့ မိတ်ဆွေတွေနဲ့ အဲဒီလောက်အထိ ရောရောနှာနှော နေဖို့အချိန် သိပ်မရလိုဘူး။ တခါတရံ ပါတီလုပ်လို့ အချိန်ပေးရင်တောင်မှ စိတ်ကအိမ်ကိုပဲ ရောက်နေတတ်တယ်။ အပူပင်ကင်းတဲ့ လူငယ်တွေဘ၀ကို ပြန်ရချင်လိုက်တာ။
ညီမလေးရေ ခုမှလာဖတ်ရတယ်ရှင်။သားနေမကောင်းနေလို့
ပါ။ညီမလေးတို့လို ပျော်ရွှင်ချင်လိုက်တာခု
တော့အမတို့မှာဒီလိုပျော်ရွှင်မှုတွေမရှိတော့
ညီမလေးပျော်နေတာကိုဘဲ ကြေနပ်စွာနဲ့ဖတ်
သွားတယ်နော်။ညီမလေးအမြဲပျော်ရွှင်ချမ်းမြေ့
ပါစေရှင်။
အစ်မငယ်နိုင်ရေ ညီမနဲ့ အဲ့ကလေးတွေက အသက်အနည်းဆုံး ငါးနှစ်လောက်ကွာတယ် ဟိဟိ အစ်မနဲ့ ဘ၀တူပဲ သူတို့က ဘွဲ့ရပြီးတာနဲ့ တန်းလာတက်ကြတာများတယ် တစ်ခါတစ်လေ အစ်မလိုပါပဲ ဘယ်မှ မသွားရဘူး အခုတောင် အချိန်အတင်းပေးလို့လေ..အစ်မသိင်္ဂီရေ လိုက်လည်လေ။ ဟိဟိ ဆုတောင်းပေးလို့ကျေးဇူးပါ မင်းအိမ်ဖြူရေ
စိတ်တူ သဘောထားတိုက်ဆိုင်သူတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းဖြစ်ရတာ ပျော်စရာအကောင်းဆုံးဘဲနော် ...
ဆုမွန်ရေးထားတာလေးတွေ ဖတ်ရင်း ၊
ကျောင်းတက်နေရတဲ့ ဘဝမျိုးလေး ပြန်လိုချင်လိုက်တာ ...
ခရီးသွားတာ လည်းကြိုက်တယ် ။
ပြန်ရောက်ရင် အတွေ့ အကြုံလေးတွေ မျှပါအုံး ...
( ဟိ..အတော်ကြိုးစားနေပါလား လယ်သူထိန်းကြီးရေ ..
လယ်ဗယ်တွေ တက်တာ လေ ... စမိရင် မဖြတ်ချင်တော့ဘူးနော် ... အမလည်း ဒါခိုးဆော့တာ နဲ့ ဘယ်တော့ အလုပ်ပြုတ်မယ် မသိ .. ဟိ ။)
ညီမလေးဆုမွန်ခုမှစာလာဖတ်သွားတယ်နော်
သားနေမကောင်းလို့ပါ။ညီမလေးပျော်ရွှင်သလို
ပျော်ရွှင်ချင်လိုက်တာ ခုတော့မရတော့ဘူးလေ
ညီမလေးတို့ကိုကြည့်ပြီးအရမ်းပျော်သွားမိတယ်
အမတို့ငယ်ငယ်ကဘဝတွေကိုပြန်မြင်ယောင
်မိတယ် ညီမရယ် ခုတော့မရတော့ပါဘူး။
A နှစ်ခု B+ တခုဆိုတော့ တော်တာပေါ့...းP
စနေတနင်္ဂနွေတွေပဲတက်ရတော့ အလုပ်လုပ်ချိန်ရတာပေါ့...း)
ခရီးထွက်မယ်ဆို ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့နော်... မပြောလည်း ရိုက်မှာမို့ပါ...းD
းဝ)
ဟုတ်ပါ့ ကိုလူထွေးပြောသလိုပဲနေမှာ..းP
ဘာမှတော့ မပြောတော့ပါဘူးအမရေ..
ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖြစ်ပြီး
ပြန်လာရင်.. တောင်ပံတပ်ပျံနော်.. အဲ..မှားလို့
ဓါတ်ပုံတွေ ညားကြီးရိုက်လာနော်..ဟီးဟီး
ပျော်စရာကြီးးး :P
Sis,
I am happy to hear that you are happy :-)
ဘယ်သူတွေ ဘာပြောပြော တို့ အမက အားလုံးထဲမှာ ပေါ်ပြူလာပဲ ဟဲဟဲ မျက်မှန်လေးနဲ့ဆိုတော့လေ...။
ဂုဏ်ယူပါတယ် အမ မဆုမွန်....
အမရေ သတိရအောင်လုပ်နေတာလား ကျနော်က သတိရရုံတင်မဟုတ် လွမ်းနေတာ ဇာတိမြေလေးကို ဘယ်အချိန်မှ ပြန်ရောက်မယ် မပြောတတ်တော့ပါဘူးဗျာ...
ဲပြန်လာရင် ခရီးသွားမှတ်တမ်းလေး ဖတ်ပါဦးမယ်...ဓာတ်ပုံလေးတွေနဲ့နော်..:P
အကုန်လုံးနီးပါး ချောသလိုလိုပဲနော်။ အဟီး...
ဒိုးပြီးရင် လက်ဆောင်မမေ့ခဲ့နဲ့နော်.. အဟွင့်.. သိတယ်နော်.. သားသားကြောင်း..
မဆုမွန်က ချာစရစ်.. ချစ်စရာ..
အစ်မ မရွှေမျိုးကို တွေ့နေရသလိုပဲ။ ညောင်နှစ်ပင်က မမမျိုးမဟုတ်လား။ အွန်စော သူ့ကို မှန်မိနေတယ်။ မမမိုးဦးတို့နဲ့ အွန်စောကို ထမင်းခေါ်ကျွေးခဲ့တာကို မမေ့ပါဘူးနော်။
Post a Comment