ဘိုင် ဘိုင်

ခရီးမသွားခင်ကတည်းက သယ်သွားမယ့် ပစ္စည်းတွေကို ထုတ်လိုက် ပြန်စီလိုက် အကုန် ပြန်ထုတ်လိုက် ဟိုဟာထည့်လိုက် ဒီဟာထည့်လိုက် နောက် အကုန်ပြန်စီလိုက် ကျောပိုးအိတ်က မဆန့်တော့ ဇစ်က ဆွဲမရ ပစ္စည်းနည်းနည်းလျှော့ တစ်ခါ ပြန်စီကြည့် လိုတာတွေကများ ဟိုမော်လ်ပြေးဝယ်လိုက် ဒီမောလ်ပြေးဝယ်လိုက် ဟိုဟာကိုင်ကြည့်လိုက် ဒါလေးလိုမယ် ထင်လိုက် ၀ယ်လိုက် နောက်ဆုံး ကျောပိုးအိတ်လေးခဗျာ ဖတ်ဖတ်မောပြီး ကျန်ခဲ့တယ် အခုတော့ သူတစ်ကိုယ်လုံး ထောင်းထောင်းကျေနေပြီထင်ပါရဲ့ အခန်းထောင့်မှာ ငြိမ်ငြိမ်လေး ၀ပ်နေလေရဲ့။ နှစ်ညအိပ် သုံးရက်ခရီးလေးကို ရူတ်ယှက်ခတ်နေတဲ့ မဆုမွန် ခရီးသွား ပါပြီရှင် ..သူငယ်ချင်းတွေအတွက် မုန့်ဝယ်ခဲ့ပါမယ်နော်. တနင်္လာနေ့ပြန်ရောက်ပါမယ်ရှင်.

14 Comments:

Anonymous said...

ကြိုသိနေတယ် မနေ့က လာပြောလို့.. ခဏနှုတ်ဆက်၏.. ပျော်မယ်ဟုတ်? မုန့်၊ လက်ဆောင်နှင့် စာအတွေ့အကြုံများ မျှော်နေမည်..း)

Have a nice trip!

Unknown said...

အမဆုမွန်ရေ...
မျှော်နေမယ်.. ဟဲဟဲ မုန့်ဝယ်ခဲ့မယ်ဆိုလို့ .. ဟုတ်ပါဘူးနော်...

သွားလမ်းသာလို့ လာလမ်းဖြောင့်ဖြူးပါစေဗျာ...

အစစ အဆင်ပြေပါစေ...

ချစ်ခင်စွာဖြင့်
မောင်ငယ် ပြည့်စုံ

ရွှေရတုမှတ်တမ်း said...

ပြန်လာရင်မုန့်ဝယ်ခဲ့

မေလေး said...

ုမုန့်မုန့် စောင့်နေမယ်နော့်
ပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေ မမ

MieMie said...

Have a save trip !

mie nge

Korea-Myanmar Mutual Benefit said...

ခရီးလမ်းချောမောစွာနဲ့ မြန်မြန်ပြန်ရောက်ပါစေဗျာ။ ခရီးစဉ်လေးဖတ်ခြင်လို့။ မုန့်တော့မမျှော်တော့ပါဘူး။ အွန်စောအတွက် ပါမယ်မထင်လို့။ အွန်စောလည်း ဒီနေ့တစ်နေကုန် (ဆိုးလ်သို့) ခရီးထွက်နေတာ။ မိုးချုပ်မှပြန်ရောက်လို့။ ခရီးစဉ်လေးတင်ထားမယ်နော်။ မဆုမွန်ခရီးစဉ်လောက်တော့ ပျော်ဘို့ မကောင်းလောက်ဘူးထင်တယ်။

ကိုလူထွေး said...

ဝယ်ခဲ့မယ်ဆိုပြီး ဓာတ်ပုံလေးရိုက် ဘလော့ပေါ်တင်...

ပြီးရင်သူပဲစားမှာလေ...

သိနေဒယ်သိနေဒယ်...

းဝ)

ရင်ရဲ့ ရိုးရာ said...

ဘာရယ် မဟုတ်ပါဘူး မုန့်ဝယ်လာမယ်ဆိုလို့ အဟီး စတာ နော် ကျွန်တော်လည်းပါတယ် နော့ ခရီးစဉ်တစ်ခုလုံး ဖြောင့်ဖြူးသာယာနိုင်ပါစေဗျား))

Ree Noe Mann said...

ပြန်လာရင် မုန့်ကျွေးဖို့ မမေ့ပါနဲ့ နော်

ခင်တဲ့ ရီနို

tg.nwai said...

ပျော်ရွှင်သော ခရီးလေးဖြစ်ပါစေ ညီမလေးရေ...

ဒူကဘာ said...

မဆုမွန် ဘယ်သွားတုန်းဗျ၊ ဗီဇာ သွားတိုးတာ လား၊ အပျော်လား၊ ကျောင်းနဲ့ လေ့လာရေးလားဗျ။

Anonymous said...

မမ ပြန်ရောက်ပြီလား လို့ လာကြည့်ပါတယ်။

Korea-Myanmar Mutual Benefit said...

ပြန်မရောက်သေးဘူးလားဗျ။ အွန်စောတောင်ပြန်ရောက်ပြီ။

Korea-Myanmar Mutual Benefit said...

ရက်စက်တယ် မဆုမွန်ရယ်။ အွန်စောကို ဘာမကျေနပ်လို့ ဘင်းလိုက်တာလဲ။ အွန်စောက ရန်သူမှမဟုတ်တာပဲ။ ခင်တတ်လို့စတဲ့ဟာကို ကျိတ်ချိုးလားလို့။