ဆုမွန်အတွက် ဆလိမ် ဆိုတာ

အန်တီခင်မင်းဇော် တက်ပ်တဲ့ ပို့စ်လေး ပါ။

1. What is your name : Suu Mon

2. A four Letter Word : Soon

3. A boy's Name :
Soe Tu

4. A girl's Name : Sone Tin Par

5. An occupation :
Supporter

6. A color :
Sexy

7. Something you'll wear : Suit

8. A food : Spicy

9. Something found in the bathroom : Soap

10. A place : South Korea

11. A reason for being late : So busy

12. Something you'd shout : SHIT!!! Shut up!!!

13. A movie title : Sword

14. Something you drink : Spy

15. A musical group : Super Sexy Small

16. An animal : Snake

17. A street name : San Chang

18. A type of car: Sit Kyan Bus

19. The title of a song : San Francisco

20. A verb :
: Surprise

မြန်မာလို ထပ်ရေးရမယ်ဆိုရင်ဖြင့်

နံမည်က ဆုမွန်ပါ

ပြောချင်တဲ့စကားလေး လေးလုံးက ဆုံနိုင်ခွင့်လေး

ကောင်လေးနံမည်က ဆူးဌက်တဲ့

ကောင်မလေးကတော့ ဆူးပွင့်ပေါ့

လုပ်ချင်တဲ့အလုပ်က ဆူမိုနပမ်းသမား

အရောင်ထဲမှာတော့ ဆည်းဆာတောက်ချိန်ကို အကြိုက်ဆုံး

ဘာဝတ်ထားလဲဆိုတော့ ဆွယ်တာလေ

ဘာအစားအစာကြိုက်လဲဆိုရင် ဆူရှီပေါ့

ရေချိုးခန်းထဲတွေ့တာတော့ ဆပ်ပြာပေါ့ကွယ်

နေရာကတော့ ဆူးလေမှာဆုံချင်ပါတယ်။

ဘာဖြစ်လို့နောက်ကျလဲဆိုတော့ ဆူခံထိနေလို့ပါ။

အော်ချင်နေတာကတော့ ဆူဆူညံညံ တွေ အခုတိတ်

ဇတ်ကားထဲမှာတော့ ဆောင်းအိမ်မက်

ဘာသောက်ချင်လဲဆိုတော့ ဆော်ဒါရောထားတဲ့ သုရာ

တီးဝိုင်းနံမည်က . ဆလိမ်နဲ့စတာ စဉ်းစားတုန်း ဆူပါစတားပါတဲ့ရှင် ဦးလေးဦးနိုင်ပေးသွားတာပါ ကျေးဇူး

တိရစ္ဆာန်နံမည်က ဆူးတွေနဲ့ကောင်

လမ်းနံမည်ကတော့ ဆူးလေဘုရားလမ်းပေါ့

ကားက ဆလွန်းကားနဲ့ပဲ ထွက်ခဲ့မယ်

သီချင်းလေးထဲမှာ ဆု ကို အကြိုက်ဆုံး

ကြိယာထဲမှာတော့ ဆွဲကုတ်ပစ်ချင်တယ် ကြည့်မရတဲ့သူတွေကို

စဉ်းစားမိသလောက်လေး ရေးကြည့်တာပါပဲ။ ဟုတ်မဟုတ်တော့ မသိဘူး ခေါင်းနည်းနည်းတော့ စားသွားတယ်။ ပျော်ဖို့တော့ တော်တော်ကောင်းပါတယ်ရှင်။ ဆက်တက်ပ်ချင်တဲ့ သူငယ်ချင်းတွေကတော့ ကိုယုယ။ ကိုဗညားရှိန် အိမ်မက်ခြေရာ။နှင်းဆီချစ်တဲ့ ညီမလေး ညီမလေးယဉ်တကိုယ်မယ။် မောင်ငယ်လေး ပြည့်စုံ နဲ့ ချစ်တဲ့ ညီမငယ်ပြည့်စုံ ကို တက်ပ်ခ်ပါတယ်။ အားမှရေးပေးပါနော်။

12 Comments:

မေလေး said...

ချစ်လို့တက်ခ်တာဘဲ ရေးပေးရမှာပေါ့နော့ မမ။
ရေးမယ်နော်။
ဆူမိုနပမ်းသမားတော့ မလုပ်ပါနဲ့မမရာ။
တနေ့နေ့တော့
ဆူးလေမှာဆုံမယ်
ဆုမွန်ဆိုတဲ့ မမရေ။

chocothazin said...

ငယ်ငယ်တုန်းက ဆိုခဲ့တာတစ်ခုရှိတယ်။
သူငယ်တန်းတုန်းက ကကြီးကလေးငယ်ချစ်စဖွယ်ဆိုတာသင်တုန်းက။ ဆလိမ်လည်းရောက်ရော ဆလိမ်ဆရာမ ရိုသေကြဆိုတာကို ဆလိမ်ဆရာမ ဖင်လှန်ပြလို့ အော်လို့ဗျောတီးခံရသေးတယ်။

ဆလိမ် (မ)ဆုမွန်ပျော်စေလို ပါတယ်နော်။

tg.nwai said...

ဆူမိုနပမ်းသမားတဲ့..ကြောက်ချာကြီး..ဟဲဟဲ..
ဖတ်လို့ကောင်းတယ်..

Anonymous said...

No. 9 plz check again .. sry to say that tho.

Nge Naing said...

မြန်မာလို ဆလိမ်နဲ့ အင်္ဂလိပ်စာလုံး S အတွက် သုံးစရာ စကားလုံးတွေ အတော်များတာပဲနော့်။ ဒါပေမယ့် မဆုမွန် ရေးထားတဲ့ - A verb ကို စဉ်းစားပြီး ပြန်ပြောင်းဖို့ လိုလိမ့်မယ်။

မြစ်ကျိုးအင်း said...

ဆရာဝန်ပြောတဲ့
ဆေးမှန်မှန်သောက် :)

(ခင်လို့ ဆ တာ အဲ စတာနော်)

Unknown said...

အမ ဆုမွန်ရေ...

ရေးတတ်လိုက်တာဗျာ...

ဆူမိုနပန်းသမားဆိုလို့ လန့်သွားတယ် ဘယ်တုန်းက ငါ့အမတစ်ယောက် ဆူမိုကို ၀ါသနာပါသွားပါလိမ့်လို့...

ကျနော်လည်း စဉ်းစားတုန်းပဲ.... :P :P :P

အဆိပ်ခွက်တဂ်ထားသေးတယ် အခုဆို နှစ်ခုဖြစ်သွားပြီပေါ့

နှစ်မျိုးရေးရတော့မယ်...

ကျေးဇူးပါ အမဆုမွန်....
မကြာမီ လာမည်မျှော်....

ဆူးလေကနေ ပန်းဆိုးတန်းရောက်သွားပြီ....။

ချစ်ခင်စွာဖြင့်
မောင်ငယ် ပြည့်စုံ

ဖြူတုတ်လေး said...

ဆုမွန်ရေး... Tag သွားပေးတာ ကျေးဇူးတင်ပါတယ်။ ပထမဆုံး Tag အဖြစ်အမြဲသတိရနေမှာပါ။ ဖြူတုတ် အရမ်း excited ဖြစ်တယ်။ ဒီနေ့ပဲ ရေးလိုက်မယ်။ ဒါနဲ့ ဆုမွန်ရေ... ဖြူတုတ်က ဆုမွန်ထက်ကြီးဖို့များတယ်။ ၂၇ ရှိသွားပြီ။ ညီမလေးလို့ခေါ်ခံရတာ၊ ပိုငယ်တယ်လို့ထင်တာ သိပ်ကြိုက်ပေမဲ့ ကျောမလုံလို့ ဆုမွန်ရေ့။ တမျိုးတော့ မထင်ပါနဲ့နော်။ အမြဲအားပေးနေမဲ့...

ရွှေရတုမှတ်တမ်း said...

တီးဝိုင်းနာမည်က...ဆူပါစတား လေ..

ရင်ရဲ့ ရိုးရာ said...

အမယ်လေး အမယ်လေး ဆူမိုမမတို့ကတော့ လုပ်ချလိုက်ပြန်ပြီ အဟိ ဒါနဲ့ ကျွန်တော်က ဆလိမ်နဲ့ ရေးရမှာ လား အ နဲ့ရေးရမှာလားဗျာ တဂ်ထားတာတော့ကျေးဇူးပါနော် ဘာပဲဖြစ်ဖြစ် အတဂ်ခံရတယ်ဆိုတော့ အဟဲ ပျော်တယ်ပေါ့နော် အဟီးရေးပြီးလို့မကောင်းရင်မပြောရဘူးနော် နည်းနည်းရှုပ်နေလို့ခုမှလာမိတာ ခွင့်လွှတ်ဗျ အဲ့ဒီ ဆ လား အ လားဆိုတာလေး သိပြီးရင်ရေးတော့မယ်း))

သံလွင် HeRo said...

တီဆုရေ...စိတ်ထိန်းစိတ်ထိန်း
ဆွဲတော့ မကုတ်လိုက်ပါနဲ့
ဆုထူးကြီးလည်းပေါက်ပါစေ
ဆုံဖြိုးနဲ့တွေ.ပါစေ
ဆူမိုမမကြီး
ဆုန်သင်းပါကိုခေါ်ပြီး
ဆလွန်းကားနဲ့
ဆူရှီသွားစားဖို့
ဆူးလေကိုထွက်ခဲ့ပါ

Ree Noe Mann said...

လာဖတ်သွားတယ်နေ အမ

မောင်လေးရီနို