ကြွက်မြီး၁၀ချောင်း= မြန်မာငွေနှစ်ထောင်

သတင်းတွေ သတင်းတွေ ဖတ်လိုက် ကြားလိုက် မြင်လိုက်တာနဲ့ စိတ်ချမ်းသာစရာတစ်ကွက်မှ မမြင်ဘူး သတင်းတွေကို ကြာတော့ မဖတ်ချင် မကြားချင် မမြင်ချင်တော့လောက်အောင်ကို စိတ်ထဲက ခံစားလာရတယ်။ အဲ့ထဲကမှ မနေ့က ထူးထူးဆန်းဆန်း သတင်းလေးတစ်ခုကို ဖတ်မိတော့ မပြုံးပဲ ၀ါးလုံးကွဲရယ်မိပါတော့တယ်။ နောက် ကြံကြံဖန်ဖန် ရွှေညဏ်တော်စူးရောက်တဲ့ ညဏ်ကြီးရှင်တွေရဲ့ ဦးနှောက်ကိုလဲ ရွှေချချင်စိတ် ပေါက်မိပါတယ်။

ကြွက်မြီး ၁၀ချောင်း သို့မဟုတ် ဒဏ်ငွေ နှစ်ထောင်ကျပ်တဲ့လေ အခုလိုမျိုး စနစ်တကျ တိုက်ကွက်ဆင်ပြီး ကြွက် အမြစ်ဖြုတ်ရေး အာဏာပိုင်တွေရဲ့ ကြွက်မြီး စစ်ဆင်ရေးစီမံချက်ကို ရယ်ချင်ပက်ကျိဖြစ်စွာ အံ့မခန်း သိလိုက်ရပါတယ်။

နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း လပွတ္တ္ဘာမို့ထဲက ကျေးရွာတွေမှာ ကြွက်တွေ သောင်းကျန်းလို့ မိုးစပါးတွေ ပျက်စီးဆုံးရူံးရလို့ တောင်သူဦးကြီးတွေမှာ စိတ်သောကရောက်ရတဲ့အထဲက ကိုရွှေအာဏာပိုင်တွေက ကြွက်နှိမ်နှင်းရေး စီမံချက်အဖြစ်နဲ့ တခမ်းတနား ကြော်ငြာချက်ထုတ်လိုက်ပုံက တစ်အိမ်ထောင်ကို ကြွက်မြီး ၁၀ချောင်း နူန်းနဲ့ ကျေးရွာ အာဏာပိုင်တွေဆီကို လာရောက်အပ်နှံရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ တကယ်လို့ ကြွက်မြီး၁၀ချောင်းမအပ်နိုင်ရင် ဒဏ်ငွေ နှစ်ထောင်ကျပ် ပေးဆောင်ရမယ်လို့ လပွတ္တာ ပြင်စလူ အုတ်တွင်း သရက်ကုန်း သာလိကာကုန်းစတဲ့ ကျေးရွာအုပ်စုတွေမှာ ဒေသခံအာဏာကိုင်တွေက ခပ်တည်တည်နဲ့ အမိန့်ထုတ်လိုက်ပါတယ်။

စပါးစိုက်မရလို့ စိတ်ပိန်နေရတဲ့အထဲ အခုလိုမျိုးကြွက်မြီးစစ်ဆင်ရေးလုပ်ခိုင်းတာဟာ တကယ်တမ်း ကြွက်နှိမ်နှင်းရေးအတွက် မထိရောက်ဘူးလို့ ဒေသခံလယ်သမားဦးကြီးက ပြောပါတယ်။ လယ်ထဲကို ကြွက်တွေက တပ်စိတ်လိုက် အုံလိုက် ကျင်းလိုက် လာလာပြီး စပါးတွေကိုဖျက်ဆီးနေတဲ့အတွက် လယ်တွေအကြီးအကျယ် ပျက်လို့ လယ်သမားတွေ စိတ်ဆင်းရဲနေကြပါတယ်။

အခုလိုမျိုး နာဂစ်ဒေသမှာ ကြွက်တွေ သောင်းကျန်းနေတာဟာ နာဂစ်ဖြစ်တုန်းက လူသေအလောင်းတွေ ကျွဲနွားအလောင်းတွေ စနစ်တကျ သေသေချာချာ မမြုတ်နှံနိုင်ခဲ့တဲ့အတွက် တူးဖော်စားသောက်ရာကနေ ရာထောင်ချီပြီး ကြွက်မျိုးပွားလာရတယ်ဖြစ်တယ်လို့လဲ ပြောပါတယ်။ အခုချိန်အထိလည်း အရိုးကျနေတဲ့ အရိုးအပိုင်းအစတွေ အ၀တ်စတွေက လယ်ကွင်းတွေထဲမှာ ရှိနေတုန်းပဲဖြစ်ပါတယ်။

ဆိုတော့ နာဂစ်ဒေသမှာ ကြွက်ကျလို့ တခြား ကြွက်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်တွေးပြီး စိတ်ညစ်နေကြရတဲ့အထဲ ကြွက်မြီးဖြတ်ခိုင်းနေတဲ့အတွက် ခလေးလူကြီး ပါမကျန် ကြွက်ဖမ်းဆီးရေးအတွက် ထောင်ချောက်ဆင်ပြီး ကြွက်မြီးဖြတ်နိုင်ရေး လယ်ကွက်တွင်း စစ်ဆင်ရေးဆင်းဖို့ ပြင်ဆင်နေရတဲ့အတွက် စပါးပြန်စိုက်နိုင်ဖို့ မိသားစု စားဖို့အတွက် ပိုက်ဆံရှာဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်ရှင်။

မဆုမွန် စဉ်းစားတာတော့ စီးပွားရေးသမား ဂွင်ဆင်ပြီး ကြွက်မြီးဆယ်ချောင်း ဒဏ်ငွေနှစ်ထောင်ဆိုတော့ ကြွက်မြီးတစ်ချောင်းကိုအနည်းဆုံး တစ်ရာ ငါးဆယ်နူန်းနဲ့များ လိုက်ရောင်းနေတဲ့ စီးပွားရေးဈေးကွက် ကြီး နာဂစ်ဒေသမှာ ဖြစ်လာလေမလားလို့ တွေးရင် ညဏ်ကြီးရှင်တွေရဲ့ ကြွက်မြီးစစ်ဆင်ရေးစီမံချက်အတွက် ရယ်ရမလို ပြုံးရမလို ဖြစ်မိပါတယ်ရှင်။

သတင်းအပြည့်အစုံကို ဒီမှာ ဖတ်လို့ရပါတယ်။

12 Comments:

ခင်မင်းဇော် said...

အိုအေ.... တို့အဆိုးရဂျီးကို ဘာလို့ အကောင်းမမြင်ချင်ရတာတုန်းးး
သူက ကြွက်တွေ မရှိဖို့ စေတနာထားတာကို မြင်စမ်းဘာာာာာာာာာ။

kiki said...

ဘဘကြီးတို့ ၊ မယ်တော် ဖျားတို့ တတွေ ကြွက်မြီးစွပ်ပြုတ်သောက်ပြီး ရယ်တရာ ချေ ကြပြန်ဘီ နဲ့တူ ပါ တယ်.. ဟိဟိ ...

ရွှေရတုမှတ်တမ်း said...

အံ့သြော...ကုန်နိုင်ဘွယ်....
ကဲ....မယုံချင်..နေ...........

သုခုမလေဒီ said...

မဆုမွန်ရေ ..ရယ်ရအခက် ငိုရအခက်ပါလားနော်။
အတော်လည်း ရှာရှာကြံကြံလုပ်တတ်ကြပေတယ်။ ကြွက်မြီးနဲ့ များဘာယတြာချေမလို့ တုန်းမသိဘူးရယ်...
ဟဟ...း))

ဖြူတုတ်လေး said...

အား အိုး... အတော်ခက်တာပဲ။ ဖြူတုတ် ခေါင်းစဉ်ကိုသေချာမဖတ်မိခင်က အမြီးဆယ်ချောင်းပေးနိုင်သူက နှစ်ထောင်ရမယ် အောက်မေ့နေတာ။ ဖြူတုတ်လည်း ရယ်မိတယ်။ ရွှေညဏ်တော် စူးရောက်ပုံကိုလေ။

ခြေလှမ်းသစ် said...

ဒီအာဏာပိုင်တွေ လုပ်လိုက်တိုင်း ခလေးလေး ကစားတဲ့ အကွက်တွေချည်းဖြစ်နေတာ သူတို့ကို သူတို့ မရှက်တတ်ကြဘူး ဖြစ်နေတယ်ဗျာ ... အစိုးရတရပ် အနေနဲ့ ထိန်းသိမ်းပေးရမယ့် ကိစ္စကို ပြည်သူလူထုကို အမြဲတမ်း ဒုက္ခပေးနေတာ ဘာသဘောလဲ မသိတော့ဘူး ... ဒီကောင်တွေနဲ့တော့ ခက်တော့တာပါပဲ ....

ဒူကဘာ said...

အစိုးမရတဲ့ အစိုးရရဲ့ Child Play ဆိုတာ သမိုင်းမှတ်ကျောက် ထပ်ပြီး တင်သွားတာပေါ့

sait phay yar said...

ရက်ချက်ပါ့ ချစ်အချိုးရရယ်...

မိုးခါး said...

ရွှေဥာဏ်တော် စူးရောက်ပ
သြချလောက်ပါတယ် ...
ဟူးးးး

ဒဏ္ဍာရီ said...

ဟဟဟ ...... ရွှေဥာဏ်တော့ စူးပါပေ့ နော် မမရယ်။
အံ့ရော .. အံ့ရော ......း)
ဖတ်ပြီး အသံထွက်ရီလိုက်မိတယ်။

ခင်မင်လေးစားလျှက်

tututha said...

ဒါ မွေးရေ ဝန်ဂျီးမှာ အဓိက တာဝန်ရှိတယ်၊ ဂေဟာအတွက် ပို့စ်တခုရေးပါ ဒါဗြဲ

နာယကဂျီး ဝင်အော်သွားသည်

မေလေး said...

ဟုတ်ပ မမရေ
ခေါင်းစဉ်ဖတ်တုန်းက အစိုးရတယ်ဟုတ်
ကြွက်မြီး ၁၀ ချောင်းပေးရင် ငွေ ၂၀၀၀ ပေးမယ်ထင်နေတာ.။
လွဲတာဘဲ
ကောင်းပါတယ်မမရာ။
တော်ချက်ကတော့ လက်လန်တယ်။