နုတ်ဆက်တယ်

မဆုမွန်ရဲ့ တိုင်းပြည်လေးကို အချိန်ပေးပြီး လာလည်ခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်တယ် တလက်စတည်း ကျွန်မ နုတ်ဆက်ပါတယ်...တစ်ချိန်ကျရင်တော့ ဘလော့ခ်လေးကို ပြန်လာနိုင်မယ်လို့ မျှော်လင့်တယ်..ဘလော့ခ်မှာ ရေးခဲ့တဲ့ ပို့စ်တွေထဲမှာ ဖတ်တဲ့သူတွေ ကို စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာတွေများ ပါသွားခဲ့ရင် တကယ့်ကို အနူးအညွတ် တောင်းပန်တယ်. အားလုံး စိတ်ရော ကိုယ်ရော ငြိမ်းချမ်းကြပါစေရှင်။

ဒါ့အပြင် ..မဆုမွန် ဒီကနေ့ တန်ဆောင်မုန်း လပြည့်ကျော်သုံးရက်နေ့မှ စတင်ပြီးလည်း facebook အတွင်း Farm Town, Farm Ville, Yo Ville, Cafe World ဆော့ကစားခြင်းမှ ရာသက်ပန် အနားယူတော့မည်ဖြစ်ကြောင်း ဆော့ဖော် ဆော့ဖက် ၃၁ ဘုံသား ဝေနေယျ သတ္တ၀ါ အများကို အသိပေးအပ်ပါတယ်

31 Comments:

စူးနွယ်လေး said...

တချိန်ချိန်ကျရင်တော့ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်
till then!

kiki said...

အလိုတော် ..
ဆိုင်းမဆင့် ဗုံမဆင့် နဲ့
ဘယ်လို ဖြစ်ရတာတုံး မဆုမွန်ရယ် ။
အကျိုး အကြောင်းလေးတော့ ပြောပြသင့်ပါတယ် ။
အလုပ်တွေများလို့ ဆိုရင်တော့ အားတဲ့ အချိန်မှ ရေးပေါ့ ။
မဆုမွန်ရဲ့ ကိုယ်တွေ့ ဘဝ အကြောင်းအရာတွေကို ရှင်းရှင်းဘွင်းဘွင်း ရေးပြထားတာ တွေ ကို နှစ်သက်လို့  အမြဲ မပြတ် အားပေးနေတာပါ ။
ဘလောဂ်ရွာလေးမှာ ပြန်ဆုံ ရမယ်လို့  မျှော်လင့်နေတယ် နော် ။
အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ ဆုမွန်ရေ ။

ဂျပန်ကောင်လေး said...

ဟမ်... ဘယ်လိုဖြစ်တာတုန်း.. ရဘူး.. အားတဲ့အချိန်လာခဲ့.. မအားရင်လည်း အားတဲ့အချိန် ၀င်ကြည့်.. .

ကျောပိုးအိတ် said...

အယ်

ဘီလိုဖြစ်တာလဲ မဆုမွန်ရဲ့ ။ မဆုမွန်ရဲ့  တိုင်းပြည်ကို အမြဲလာလည်ပေမယ့် ကော်မန့် တော့ မပေးခဲ့မိဘူး။ ခုတော့ မပေးလို့ မရတော့ဘူးနော်။ ဘယ်သွားမလို့ လဲဟင်။

ဒဏ္ဍာရီ said...

မမစုမွန် ... စိတ်မကောင်းပါဘူး။ မမရဲ့ အိမ်လေးကိုလာတိုင်း အသိတခုခုရခဲ့တာမို့ အမြဲတမ်း ရောက်ခဲ့တာပါ။ မမ facebook မဆော့ရင်နေပါ၊ ဘလောဂ့်လေးတွေတော့ ဆက်ရေးပါလို့ တောင်းဆိုချင်ပါတယ်။
မမစုမွန် ပျော်ရွှင်ချမ်းမြေ့ပါစေ...

ခင်မင်လေးစားလျှက်

စည်သူ said...

ဘာရယ်မဟုတ်ဘူးဗျာ
ခုလိုမျိုး နှုတ်ဆက်တာ စိတ်မကောင်းဘူး
တကယ်ကို မောင်နှမတွေလို စိတ်ထဲကနေ ထင်နေတော့
ရုတ်တရက်ဆိုတော့ တစ်မျိုးကြီးပဲဗျာ..
နောက်ဆို ဘယ်သူနှုတ်ဆက်ဆက် သွားမဖတ်တော့ဘူးဗျာ..

ကျန်းမာပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.
ခင်မင်စွာဖြင့်
စည်သူ။

သက်ပိုင်သူ said...

မမဆွန်မု
ဘယ်တိုင်းပြည်မှာ stay သွားရှောင်မလို့လဲဗျ
သိပ်မကြာနဲ့နော်
အမြန်ပြန်ခဲ့

Ree Noe Mann said...

အမရေ ဘယ်လိုဖြစ်တာလည်လို့တော့မမေးတော့ဘူးနော်။

ကိုယ်အကြောင်းနဲ့ကိုယ် ရှိနေမယ်ဆိုတာတော့ သိပါတယ်။

နှုတ်ဆက်စရာမလိုပါဘူး အမရယ်။ ဘယ်အချိန်ပြန်လာလာ

အမြံတံခါးပွင့်ကြိုဆိုပြီးသာပါ။

ခုတလော လူတော်တော်များများ ဆိုတာထက်

ဘလောဂ့်ဂါ တော်တော်များများ အစားအဆိပ်မိနေကြ

သလိုမျိုးပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးဖို့

ကြိုးစားနေကြတာကို သတိထားမိတယ်။

ဘာကြောင့်များလဲလို့ မစဉ်းစားချင်ဘူး။

အမရေ တစ်ခုလောက်တော့ အသိပေးချင်ပါတယ်။

အမရဲ့တိုင်းပြည်လေးကို ဘယ်သူကမှ အတင်းတည်ဆောက်ခိုင်းထားတာမဟုတ်ဘူးနော်။

အမ ကိုယ်တိုင်နှစ်သက်လို့ ဆောက်ထားတာဆိုတော့

ဘာပြောပြော ဒါက အမရင်ထဲက ကိုယ်ပိုင်အိမ်လေး

တစ်လုံးပါပဲ။ ကိုယ့်အိမ်လေးကိုတော့ လုံးဝ ပစ်ထားဖို့

လုံးဝစိတ်မကူးပါနဲ့အမ။

ခင်တဲ့ မောင်လေးရီနို

Anonymous said...

လောလောဆယ်တော့ လည်စရာအိမ် တခု လျော့သွားတော့ မှာမို့ စိတ်မကောင်းပါ...
ကိုယ့်အကြောင်းနဲ့ကိုယ်မို့ အဆင်ပြေမယ့် အချိန် လေးတော့ ပြန်လာစေချင်ပါတယ် ညီမလေး...
အားလုံးဘဲ အဆင်ပြေပါစေနော်... အမြဲတမ်း သတိရနေဦးမှာပါ...

mie nge

tg.nwai said...

ဟယ်...နေ့လည်ကတောင် ညီမလေးကို သတိရနေတာ..မတွေ့တာကြာပြီလို့..ခုတလော ကိုယ်ကလည်း ခပ်ပျောက်ပျောက်ဖြစ်နေတာဆိုတော့ ညီမလေးလည်းအလုပ်တွေရှုပ်နေသလားပဲ..။

ဘာပဲဖြစ်ဖြစ် အစစအရာရာ အဆင်ပြေချောမွေ့စွာနဲ့ စိတ်ဝင်စားစရာ အတွေ့အကြုံများကိုဝေမျှပေးတဲ့ ညီမလေးရဲ့ ပို့စ်အသစ်လေးတွေကို ညီမလေးချစ်တဲ့ တိုင်းပြည်လေးထဲကနေ စောင့်မျှော်နေမယ်နော်..

ချမ်းမြေ့ပျော်ရွှင်ပါစေ ညီမလေးရေ...။

chocothazin said...

မဆုမွန် နှုတ်ဆက်လိုက်ပါတယ်

HRmyanmar said...

ဘယ်လိုဖြစ်တာလဲ
ဗြုန်းစားကြီးဗျာ
မဆုမွန်ရဲ့တိုင်းပြည်လေးက ရှိနေဦးမှာပါ
အကြောင်းတခုရှိမယ်ဆိုတာ နားလည်ပါတယ်အမ
ပြန်လာစေချင်တယ်

မြစ်ကျိုးအင်း said...

မကြာခင် ပြန်လာနိင်မယ်လို့ မျှော်လင့်ထားတယ်နော်

ဗဟုသုတ တွေ ရသ တွေ ရေးတဲ့ ဘလော့တခုကို အကြာကြီး မပစ်ထားပါနဲ့

လူက နည်းရတဲ့ အထဲ ခဏတော့ ခွင့်ယူပြီး နားပေါ့နော်

ကိုလူထွေး said...

စာနယ်ဇင်းသမားဆိုတာ ပရိတ်သတ်နဲ့ သိပ်ပြတ်လို့မကောင်းဘူး ဆုမွန်...

မဆုမွန်ဆိုသူကို စသိတော့...
"အမဘလော့လေး ပျက်သွားပြီ ညီမရယ်" ဆိုပြီး ညီမတယောက်ဆီမှာ သွားငိုနေလို့ အကျိုးအကြောင်းမေးပြီး လိုက်သွားမိတာ...

အဲဒီတုန်းကတောင် အဲဒီလောက် စိတ်မကောင်းဖြစ်ခဲ့ရင် အခု ဒီနှုတ်ဆက်စာကို ရေးဖို့ ဘယ်လောက်တောင် ရင်းနှီးခဲ့ရမယ်ဆိုတာ ကိုယ်တွေ့မို့ ကိုယ်ချင်းစာနိုင်ပါတယ်...

စိတ်ပြေလက်ပျောက်ဖြစ်သွားရင် ပြန်ရေးပါနော်... ပါတွေဘာတွေညောင်းလာရင်လည်း ကိုလူထွေးအိမ် လာလည်လှည့်ပါ...

စာနယ်ဇင်းသမားဆိုတာ ပရိတ်သတ်နဲ့ သိပ်ပြတ်သွားရင်တော့ မကောင်းဘူးနော်...

းဝ)

ရွှေရတုမှတ်တမ်း said...

ငါ့တူမနှယ်...လေးလေးတောင် အချိန်မရ ၊ရအောင်
ကြိုးးစားပြီး ဖတ်နေ ရေးနေတာ..
တို့တူဝရီးတတွေ..အားမလျော့ကြေး....

မင်းအိမ်ဖြူ Minn Eain Phyu said...

အစ်မဆုမွန်

ဘယ်သွားမလို့ လဲ

ဘာလို့ နှုတ်ဆက်တာလဲ

ဒီလို မရဘူးလေ

အလုပ်ရှုပ်တယ် ဆိုရင်လည်း အားရင်အားသလို ရေးပါ

မင်းအိမ်ဖြူ

Unknown said...

မဆုမွန်............
ဘယ်လိုဖြစ်ရတာလဲ၊ မဆုမွန် ရဲ့ ဘလော့ခ် ကို သိရ၊ ဖတ် ရ တာမှ မကြာသေးဘူး။ ကျောင်းတဖက် နဲ့ မအား လို့ လား။ ဘာပဲ ဖြစ်ဖြစ် အားလုံး မျှော် လင့် သလို တနေ့ ပြန် လာပါ ဗျာ။

ကျန်းမာရေးကိုတော့ အထူး ဂရု စိုက် ပါ။
ရတနာ သုံးပါး ဦးထိတ် ထားပြီး၊ အရာရာကို ယောနိသောမနသိကာရ စိတ် လေး ထားပြီး နေ ပါ။

ကျမ်းမာ ချမ်းသာပါ စေဗျာ။

မေလေး said...

မမဆုမွန် ပြန်လာမယ်လို့ ယုံကြည်နေတယ်။
ချစ်တဲ့
မေလေး

ဂျစ်တူး ( မုံရွာ ) said...

ဆု
နေမကောင်းလို့လား
ကျန်းမာပါစေ
တခါတလေတယောက်တည်းဆိုအဲလိုဘဲစိတ်ကိုအစိုးမရဘူး
ဆု ဘလောက်ထဲကိုမလာတော့ဘူးဆိုတာမဟုတ်သေးဘူး
ဆု မနေနိုင်ပါဘူး-
ဘာဘဲဖြစ်ဖြစ် ဆု ကျန်းမာပါစေ
ဆုအတွက်မေးပို့ထားတယ်
အဲဒီထဲကအတိုင်းဂရုစိုက်နော်-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Nge Naing said...

မဆုမွန်ရေ
နားတဲ့အချိန်လည်း ခဏနားပြီး အချိန်ရရင်တော့ ပြန်လာပေါ့နော့်။ နားနေတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြန်ရေးလို့ ရတာပဲ။ မျှော်လင့်နေမယ်နော့်။

မောင်မိုး said...

ဒီနေ့ အလုပ်အားလို့ ၀င်လာကာမှ နှုတ်ဆက်တာနဲ့ လာကြုံတယ်ဗျာ...ဘာဖြစ်လို့လဲ မဆုမွန်..။ ဘာတွေများ စိတ်ညစ်သွားတာလဲဗျာ။

An Asian Tour Operator said...

ဘယ် လို ဖြစ် ရ တာ တုန်း ။ ဖတ် လို့ ကောင်း နေ တုန်း ရှိ သေး တယ်။

Anonymous said...

၇ီးစားပြစ်သွားလို.လား၊အစားကိုကုန်အောင်စား၊စကား
ကိုအကုန်မပြောနဲ.ဆိုတာတော.သိတယ်နော်။စောင်.
ကြည်.ကြသေးတာပေါ.မဆုလန်၇ယ်။

THEINT THEINT EI (UK)
theint2ei@gmail.com

kyalkalay said...

အယ် ~~~~~~~~~ အကူညီတောင်းစရာရှိလို့ အပြေးလာပါတယ်

မရှိတော့ဘူး ဘယ်လိုလုပ်ရပါ့

အမကိုစိတ်ညစ်အောင်လုပ်ဖူးသူထဲမှာ ကျနော်လဲပါတယ်

အမ ပျော်ရွှင် အေးချမ်း ပါစေနော်

ဖြူတုတ်လေး said...

မရေ... ဖြူတုတ်ဖြင့် ဘာပြောရမယ်မှန်းတောင် မသိဘူး။ သိပ်ဝမ်းနည်းတာပဲ။ လာမမန့်ရင် ပြန်များရေးမလားဆိုပြီး အချိန်ဆွဲနေတာ... ခုတော့...

Take Care နော်မ....

ဂျေဂျူဝိုင် said...

အမြဲသတိရနေပါ့မယ်။ စောင့်လည်း စောင့်နေမယ်လေ။

Anonymous said...

အမဆုမွန်ရေ လာနှုတ်ဆက်ပါတယ် တချိန်ချိန်ပြန်လာခဲ့ရင် ကျနော့်ဆီလည်းဝင်လာခဲ့ဖို့မမေ့ပါနဲ့ ကျနော်ဆွဲပေးထားတဲ့ အမရဲ့အပုံလေးကိုလည်း သတိရရင်လာကြည့်ပါနော် ကိုထိုက်

Anonymous said...

အမဆုမွန်ရေ လာနှုတ်ဆက်ပါတယ် တချိန်ချိန်ပြန်လာခဲ့ရင် ကျနော့်ဆီလည်းဝင်လာခဲ့ဖို့မမေ့ပါနဲ့ ကျနော်ဆွဲပေးထားတဲ့ အမရဲ့အပုံလေးကိုလည်း သတိရရင်လာကြည့်ပါနော် ကိုထိုက်

Kaung Kin Ko said...

း(

အိုးဝေအောင် said...

နှုတ်မဆက်နဲ့ငိုချင်တယ် သီချင်းနားထောင်ကြည့် နှုတ်ဆက်တာ မကောင်းဘူး စာပြန်ရေးပါ

win latt said...

ကောင်းပါပြီ..။