ဒီနေ့ဟာ လွတ်လပ်ရေးနေ့ သူ့ကျွန်အဖြစ်က လွတ်မြောက်ခဲ့တဲ့နေ့ ၆၂နှစ်မြောက်ဖြစ်ပြီတဲ့...အရှေ့တောင် အာရှမှာ သိပ်လှတဲ့ နိုင်ငံလေး ဖြစ်တဲ့ ငါတို့ မြန်မာပြည် ငါတို့နိုင်ငံ.ငါတို့ဟာ မြန်မာ. မြန်မာ မြန်မာ..ကိုယ့်ရေ ကိုယ့်မြေ ကိုယ်ပြည် ဆိုတာ နုတ်က တစ်ဖွဖွ ရွတ်ရင်းကို ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်း ထလာတယ် .နိုင်ငံတော် အလံမြင်ရင်ကို သွေးကြောထဲက ပူနွေးလာတယ် ဒို့မြေ ဒို့ပြည် ဒို့ပိုင်တဲ့ မြေ.

မြေပေါ် မြေအောက် သဘာဝ သယံဇာတတွေ.ပေါကြွယ်ဝတဲ့ ငါတို့မြေ ငြိမ်းချမ်းလှပလွန်းတဲ့ ရေမြေတောတောင် သဘာဝတွေနဲ့ ကြည်နူးစရာ ငါတို့မြေ ကျောင်းကန်ဘုရားစေတီပုထိုးတွေနဲ့ ဘာသာသာသနာ ရောင်ဝါလွှမ်းတဲ့ သာသနာ့မြေ ချစ်စရာ ဓလေ့ ထုံးတမ်း စဉ်လာတွေနဲ့ ပျော်ပွဲရွှင်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ ငါတို့မြေ

"(ကမ္ဘာမကြေ မြန်မာပြည် ဒို့ဘိုးဘွားမွေစစ်မို့ ချစ်မြတ်နိုးပေ) ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ.ဒါဒို့ပြည် ဒါဒို့မြေ .ဒါဒို့ပိုင်တဲ့မြေ ဒို့ပြည် ဒို့မြေ အကျိုးကို ညီညာစွာ ဒို့တတွေ ထမ်းဆောင်ပါစို့လေ ဒို့တာဝန်ပေ အဖိုးတန်မြေ."............တဲ့.
(ငယ်ငယ်က အာခေါင်ခြစ်ပြီး အတန်းရှေ့မှာ အော်ရတဲ့ နိုင်ငံတော်သီချင်း) အခု အဲ့ဒီ့နိုင်ငံတော်သီချင်းလေးကို ဘလော့ခ်ဂါကြီး ဒေါ်ခင်မင်းဇော် က သူ့DVBသတင်းအတွက် နိုင်ငံတော်သီချင်းလေးကို ကျွန်မကို ပြန်ဆိုခိုင်းကြည့်ရာကနေ အခု အားရပါးရ ထပ်ခါ ထပ်ခါ အော်ဆိုမိနေတယ်။
ဒါ ငါတို့မြေ ငါတို့ပြေ ဒါငါတို့ရဲ့ မွေးမြေ ဒါငါတို့ရဲ့ ဇာတိချက်ကြွေ ဒီနေရာတွေမှာ ငါတို့ရဲ့ အဘိုးအဘွား ဘီဘင်တွေ အသက်သွေးချွေးတွေ စတေး ပေးဆပ်ခဲ့တဲ့ ကာကွယ်ခဲ့တဲ့ ထိန်းသိမ်းခဲ့ရတဲ့ ငါတို့ရဲ့မြေ..ငါတို့ပိုင်တဲ့မြေ..ငါတို့မြေမှာ ငါတို့လွတ်လပ်ကြရမယ်။ လွတ်လပ်မူ တရားမျတမူ ညီညွတ်မူ တန်းတူညီမျရှိမူ....ငါတို့ငတ်မွတ်တဲ့ လွတ်လပ်မူ...


7 Comments:
မမစုမွန်ရေ..... လွတ်လပ်လား မလွတ်လပ်လား သိတောင် မသိတော့ပါဘူး။ တကယ်ပြောတာ... လွတ်လေးရေးက ရပြီးမှ ပြန်ဆုံးရှုံးသွားသလို ခံစားနေရတာ အနှစ် (၂၀) ကျော်ပြီ။
ခင်မင်လေးစားလျှက်
မဆုမွန်ရေ အဲဒီလို စာတွေဖတ်ရ၊ အဲဒီလို သီချင်းသံတွေကို ကြားရရင် ဘယ်ခေတ်က စပ်ဆိုခဲ့တာပဲ ဖြစ်ဖြစ် သွေးသားထဲက မနေနိုင်မထိုင်နိုင်အောင်ကို ကြက်သီးမွှေးညှင်း တဖြန်းဖြန်းထမိတယ်။ ဒါနဲ့ အပေါ်က ပုံလေးက ဘယ်ကရလဲ နောက်လ ပြည်ထောင်စုနေ့ကျရင် အစ်မပို့စ်တင်ရင် ယူသုံးမယ်နော့် အခုကတည်းက ခွင့်တောင်းထားလိုက်မယ်။ ညီမလည်း Face book မှာတော့ တချိန်လုံး တွေ့နေရတယ်။ ဘလော့ဂ်မှာတော့ ပျောက်နေတယ်နော့်။ မျက်နှာမလိုက်နဲ့နော့်။
ဟုတ်တယ် ညီမလေးရေ လွတ်လပ်ရေးက ရပြီးမှ ပြန်ဆုံးရူံးရတာလေ..အရမ်းဝမ်းနည်းဖို့ကောင်းတယ်...
ယူပါ မမငယ်နိုင်ရေ ညီမလေးတော့ နိုင်ငံတော်သီချင်းဆိုတိုင်း အမြဲ ကြက်သီးထတယ်..ယူပါ ငါ့အစ်မယူမယ်ဆိုရင် အကုန်ပေးတယ် ခွင့်ပြုပြီးသား ခစ်ခစ်
တပါးကျွန်တော့လွတ်မြောက်ပါရဲ့ ကျန်တာ သားသားမသိဘူး
အမှန်တရားတွေပေါ့ မစုမွန်ရေ ဒီလိုနေ့မျိုးမှာ အဖိုးတန် တွေ ရေးပေးတဲ့ အတွက် ကျေးဇူးပါ ... မြန်မာပြည်ကြီး က ကျနော်တို့ မိဘ တသက် ကျနော်တို့ တသက် ယနေ့ တိုင်ထိ မလွပ်လပ်သေးပါဘူး ... ကိုယ့်လူမျိုး အခြင်းခြင်း ကျွန်ပြုခြင်းကို ပြန်ခံနေရတယ်ဗျ ...အသား ထဲက လောက်ကောက်တွေလေ ....
စိတ်မကောင်းဘူးးးး
စိတ်တွေညစ်ပြီးပြန်သွားတယ်-
Post a Comment