No There, There

မမြင်ရတဲ့ အတိုင်းအတာမရှိ ကျယ်ပြန့်လွန်းတဲ့ နေရာလေးတဲ့။ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှအကောင်အထည် မရှိတဲ့ နေရာလေးတစ်ခုရှိတယ်။ အဲ့နေရာလေးကို နေရာအနှံ့ကလူတွေက လင့်တွေကနေ တဆင့် စုဝေးလာကြတယ်။ တွေ့ကြတယ် ဆုံကြတယ် ဘာမှမရှိတဲ့ အဲ့နေရာလေးမှာ စုံရပ်နေရာလေးရှိတယ်။ အဲ့နေရာလေးကနေ နေရာတွေ အများကြီးဆက်သွားလို့ရတယ်။ ကိုယ်သွားချင်တဲ့နေရာကို သွားချင်သလောက် သွားလို့ရတယ်။ ကိုယ်ပေးနိုင်တဲ့အချိန် ကိုယ်သွားချင်တဲ့နေရာ အဆုံးအစမရှိ နေရာတွေ အများကြီးကို ဆက်သွားလို့ရတယ်။

အဲ့နေရာလေးကို လာကြတဲ့သူတွေက မျက်နှာဖုံးတွေ အများစုစွပ်ထားကြတယ်။ ဟန်ဆောင်ခြင်းက တစ်ရာ ရာခိုင်နူန်းပြည့်ပဲ။ တစ်ချို့ကလည်း ကိုယ့်အကြောင်း အကုန်ပြောပြတယ်။ တစ်ချို့ကလည်း ဖုန်းကွယ်မူတွေနဲ့ တစ်ချို့ကလည်း ပြောတော့ပြောပါရဲ့ အရင်က အဟောင်းတွေချည်းတွေ ပြန်ပြောင်းလို့။ တစ်ချို့ကျပြန်တော့လည်း စိတ်ကူးယဉ်ထားတဲ့ဘ၀လေးတွေကို အရေခြုံလို့။ တစ်ချို့ကလဲ ကိုယ့်ပုံရိပ်တွေ အကုန်ထုတ်ပြ ပေါ့။ တစ်ချို့ကျတော့လည်း သူများပုံရိပ်တွေနဲ့။ တစ်ချို့များကျပြန်တော့လည်း လက်သီးပုန်းထိုးဖို့ အကွက်တွေချောင်းလို့။

အဲ့နေရာလေးမှာ လာစုဝေးတယ်။ တစ်ချို့ကတော့ လာကတည်းက ချစ်ခြင်းမေတ္တာကို လာရှာတယ် တစ်ချို့ကလည်း လာကတည်းက ရန်စွယ်ငေါငေါ တစ်ချိုကလည်း မရနိုင်တာ မှန်ကန်မူတွေ ရမလားလို့ လာရှာမိတာ မေတ္တာတရားတဲ့ တစ်ချို့ကျပြန်တော့ စိတ်လွတ်ကိုယ်လွတ် လာဆဲဆိုချင်လို့ကို လာတာတဲ့။ နေရာလေးမှာတွေ့ကြ စကားလေးတွေနဲ့တင် ရန်သူတွေ ဖြစ် မိတ်ဆွေတွေဖြစ် သံယောဇဉ်တွေဖြစ် ချစ်သူတွေဖြစ် မုန်းသူတွေဖြစ် သေချာတာတော့ တစ်ယောက်ကို တစ်ယောက် နေရာလေးတစ်ခုမှာ လာဆုံကြတယ် ဆိုတာပဲ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်။ ဘယ်မှာဆုံတာလဲ ဆိုတော့.. နေရာလေး တစ်ခုမှာတဲ့။

နောက် အဲ့ဒီ့ကျယ်ပြောလှတဲ့နေရာကြီးထဲမှာ ကိုယ်အ၀ိုင်းအ၀ိုင်း ကိုယ်ပိုင်နေရာလေးတွေ ကိုယ်ပိုင် နံမည်လေးတွေ ပေးပြီး ကိုယ့်နေရာလေးကို တည်ဆောက်ကြတယ် ကိုယ့်နေရာလေးတွေကိုဖိတ်ခေါ်ကြတယ် နေရာလေးတွေကို လည်ကြ လာကြသွားကြ ချစ်ကြခင်ကြ မုန်းကြ ရန်လိုကြ ဆဲကြဆိုကြ ပီယ၀ါစာတွေ ဖရုသ၀ါစာတွေနဲ့ ပြောဆို ကြပေါ့လေ။ လာပီး ဆဲချင်ဆိုချင်လို့ကို စိတ်လွတ်လပ်မူလိုက်ရှာတဲ့ မျက်နှာဖုံးစွပ်တွေကို တစ်ချို့ကလဲ မလာနဲ့တော့ဆိုပီး ဘမ်းကြ ဘလော့ခ်ကြ တစ်ချို့ကတော့လည်း ရက်ရက်ရောရာ အဆဲအဆိုတွေခံလို့။ တစ်ပျော်တစ်ပါး ငြင်းခုံကြ စုဝေးကြ နုတ်ဆက်ကြ ချစ်ခင်စဖွယ် ဟန်ဆောင်စကားတွေဆိုကြ လိမ်ကြ ညာကြ ပွင့်လင်းကြ ဟန်ဆောင်ကြ ဖုန်းကွယ်ကြ ဆဲဆိုကြ အိုး သိပ်ပျော်ဖို့ကောင်းတဲ့နေရာလေးပေါ့။

အဲ့ဒီ့နေရာလေးမှာ ကိုယ်ပိုင်ခံစားချက်လေးတွေ အကုန်စုပုံထားသိုလို့ ကိုယ့်ခံစားချက်တွေကို အိတ်သွန်ဖာမှောက် အကုန်ဖြန့်ဖြူး မျဝေခံစားလို့ တစ်ချို့ကကျတော့လည်း ဆုံးမစာတွေရေးလို့ တစ်ချို့ကလည်း ကဗျာတွေ သီကုံးလို့ တစ်ချို့ကကျတော့ သီချင်းတွေ ဟစ်ကြွေးလို့ ကိုယ့်နေရာလေးကို အလှတွေဆင် ကိုယ်ပိုင် စိတ်ကူးလေးတွေနဲ့ ကိုယ့်တိုင်းပြည်လေးကို ကိုယ်တည်ဆောက်ပေါ့လေ ။ တစ်ခါတစ်လေကျပြန်တော့လည်း ကိုယ့်နေရာလေးကို ကိုယ်ပြန်ဖျက်ကြ ထွက်ပြေးကြ ပြန်လာကြ ပုန်းအောင်းကြ ပြန်ချောင်းကြ အိုး အလုပ်ကိုရူပ်နေတာပဲ။ တစ်ချို့ကလည်း စိတ်ကူးယဉ် တစ်ချို့ကလည်း ကိုယ်တွေ့အဖြစ်အပျက် သေချာတာတော့ ကိုယ့်အကြောင်း ကိုယ်အမွှန်းတွေတင် ကိုယ်သာလျင် သံသရာအဆက်ဆက် ဘုရားလောင်းဇတ်တွေခင်းပေါ့လေ။ ပီတီဖြစ်သူဖြစ် မရူ့စိမ့်သူမရူ့စိမ့်ပေါ့။

ဘာပဲဖြစ်ဖြစ် ဒီနေရာလေးကို ရူးသွပ်ကြတာတော့အမှန်ပဲ။ပျော်မွေ့နေတဲ့နေရာလေးဆီကို တစ်နေ့ကို တစ်ခေါက်မှ မလာရလဲ မနေနိုင်ဘူး။ မဖြစ်ဖြစ်အောင်လည်း အရောက်လာကြတယ် ရောက်လာရင်လည်း ပျော်မွေ့နေလိုက်တာ နှစ်ဆယ့်လေးနာရီလုံးလုံး.။ သေချာတယ် ဒီနေရာလေးသာ မရှိရင် ငါတို့ ဘယ်မှာ ဆုံကြရပါ့..

(ကျွန်မတို့ ကျောင်းမှာ Cyber Space ဆိုတဲ့ အကြောင်းကို ဆွေးနွေးတော့ NO THERE, THERE ဆိုတာလေးကို ဖတ်မိတာကနေ စဉ်းစားမိတဲ့အတွေးလေးပါ)

15 Comments:

Unknown said...

ွအိုင် လိုက် သယ် ပို.စ် အဘောက် ဖေ့ ဘွတ်။ သန်. ခရု.

မဆုမွန် said...

တိုင်းခယူး ဘဲရီးမတ် မိုင် ဘီလ်ဖ် ဖရင့်ဖ်

ဂျေဂျူဝိုင် said...

မဆုမွန်ကလည်း စိတ်ကူးတွေ အများကြီး ဖြန့်တွေးပစ်တာကိုး။ ဟုတ်တယ်ဗျနော်။ တစ်ချို့ကတော့ လာကတည်းက ချစ်ခြင်းမေတ္တာကို လာရှာတယ် တဲ့။ တချို့ကျတော့လည်း ... မဆုမွန်ရဲ့ အတွေးလေးတွေကို သဘောကျပါတယ်။

Anonymous said...

မှန်၏။ ဒီစုရပ်လေးသာမရှိရင် ငါတို့ဘယ်မှာဆုံရပါ့...

chocothazin said...

အိုင် ဒုန့်  နဲဗား ဖိုက်ယူ အင်ဖေ့ဘွတ်

ကိုလူထွေး said...

အိုင် အမ် နော့ သည် မမ်ဘာ အော့ဖ် ဖေ့စ် ဘွတ်

ဟဲဟဲ

ရွှေရတုမှတ်တမ်း said...

ဟုတ်ပါ့..ဟုတ်ပါ့

ခြေလှမ်းသစ် said...

အမပြောထားတာလေးတွေက အကုန် မှန်နေတာပဲဗျာ ဒီနေရာလေးဟာ ဒီလိုပါပဲ ... အစုံအလင်တွေပါပဲ ..

Nge Naing said...

ရေးထားတာလေး ဖတ်လို့ကောင်းတယ်။ blog မှာ ပို့စ်ပြန်တင်တဲ့အတွက် ကြေးဇူးတင်တယ်။ ဒါနဲပ ဘယ်နေရာကို ပြောတာလဲ မဆုမွန်၊ Face book လား blog လား။ Face book မှာတော့ မိတ်ဆွေတွေပဲ များပါယတ်။ ဆန့်ကျင်ဘက်အမြင်နဲ့ လာဆဲဆိုတာ ဘယ်သူ့စာမျက်နှာမှာမှ မတွေ့ဖူးပါဘူး။ ဘလော့မှာပဲ ဒီလိုမျိုးတွေ့တယ်။

kiki said...

ဟဲ ဟဲ ဖေ့စ်ဘလော့ဘွတ် မှာလား..
တချို့က မျက်နှာဖုံးလေးတွေ စွတ်ထားကြတယ်.
ကျုပ်ကို တဲ့ တဲ့ ကြီး ဆော်နေတာပါလား ကွယ်ရို့ ..
အသင့်အား ကျော ငါးထောင်
ရင်ငါးထောင် စုချတော်မူလိုက်သည် ... ဗြန်းး ဗြန်းးးးး

ပုံ ။
ပင်လယ် ဒမြ ..ဘီလူး သရဲ။

မဆုမွန် said...

ဟိဟိ မမကိကိ တိုက်ဆိုင်မူရှိလျင် ထိုသူကိုသာ တည့်တည့်ရည်ညွန်းပါသည် (စတာဘာ)

မဆုမွန် said...

ဂျေဂျေဝိုင်> ချစ်ခြင်းအစစ်အမှန်ကို ရှာဖွေတွေ့နိုင်ပါစေနော်
တွန်လေး> ဟုတ်တယ်နော် အဲ့နေရာလေးမှာ ဆုံကြခင်ကြရင်းနီးကြ
Choco> ၀ီကမ်ပလေး ဂိမ်းတူး ခစ်ခစ် အင်အင်္ဂလိခ်ျ :)
ကိုလူထွေး> ပလိစ် ကမ်းတူ အာဝါ ဖေ့စ်ဘွခ် ၀ီအာ ၀ိတ် တင်းယူ ဟိဟိ
လေးလေးကျောက်> တူမကြီးကို ထောက်ခံတာ လေးလေးပဲ ချိဒယ်
ခြေလှမ်းသစ်> ဟုတ်ပါတယ်ရှင် အစုံအလင်ပါပဲ လိုချင်တာမှန်သမျ ရနိုင်တဲ့နေရာလေး
အစ်မ ငယ်နိုင်> နေရာတိုင်းမှာ ရှိတတ်ပါတယ် အစ်မရေ အစ်မ ပေ့ခ်ျ နေရာလေးကို မလာကြလို့ဖြစ်မယ်..
ချစ်ကိကိ> ဟိဟိ မမကိကိ တိုက်ဆိုင်မူရှိလျင် ထိုသူကိုသာ တည့်တည့်ရည်ညွန်းပါသည် (စတာဘာ)

Anonymous said...

ကွက်ကနဲ..ကွင်းကနဲပဲ..ကျွန်တော်တောင် ဒီလိုပို့စ်တစ်ခုရေးဦးမလို့ပဲ..အခုတော့ အစ်မဦးသွားပြီ။ အိုင်ဒီယာနောက်တစ်မျိုးပြန်စဉ်းစားရတော့မယ်။

ခင်မင်စွာဖြင့်
မောင်မိုး

နေ၀သန် said...

အင်း.. တချို့တွေကတော့ ပိုက်ဆံပေးပြီးတော့တောင် ရေးနေကြရောပေါ့... ဟီးဟီး...

Unknown said...

ဟုတ်ပါ့..ဟုတ်ပါ့။