Welcome " 2010"

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး ၂၀၁၀ခုနှစ် မင်္ဂလာနှစ်သစ်မှသည် နောင်လာမယ့်ခေတ်အဆက်ဆက် မင်္ဂလာသတင်း မင်္ဂလာစကား ကောင်းသောသတင်း ကောင်းသောစကား တွေကိုပဲ ကြားကြရပါစေရှင်။

အာရ်အက်ဖ်အေသတင်းထောက် အစ်ကိုမိုးကျော်ပေးတဲ့နှစ်သစ်လက်ဆောင် ကဗျာလေးပါ

နှစ်သစ်နှုတ်ခွန်း

ခရဇ်နှစ်အကူး
ဘာမှ မထူးလှပေမယ့်
ခြိမ့်ခြိမ့်သဲ စားသောက်ပွဲတွေနဲ့
နှစ်သစ်ကိုကြိုဆိုကြ။
အဲဒီ တညတာရဲ့ အချိန်ပိုင်းက
နှစ်ဟောင်းကို ဖြတ်ချန်ခဲ့
ကျန်ခဲ့တဲ့ အတိတ်ဟောင်းက
ခါးသီးမှုတွေပါမလာအောင်
နှစ်သစ်ခမျာ
သေရည် ဖလားနဲ့ အဆေးခံနေရသတဲ့ ။ ။

နှစ်သစ်ကူးတိုင်း ဇရာက အချက်ပြ
ဘယ်သူတွေ ဘာပြောပြော
ပဒေသရာဇ်ခေတ်က ရှင်ဘုရင်တွေလို
ကိုယ့်ဘာသာ သက္ကရာဇ်ဖြိုချ
အသက်အရွယ်က
ဈေးကျသွားပါသလား။
ခုနှစ်က အသက်ကို နုတ်မရဘူး
အသက်ကို
အသက်ကပဲ နုတ်လို့ ရတာ။
သေတနေ့ မွေးတနေ့
ကိုယ့်ပြောစကားကိုယ်တောင်
နားမလည်ချင်ယောင်ဆောင်နေကြသတဲ့။ ။

ကဲ ခုတော့ ၂၀၁၀ နှစ်သစ်ရဲ့
စိန်ခေါ်ချက်တွေကို စဉ်စား
ဘာထလုပ်ရင် ပေါက်မလဲ
…. တလွဲ အလုပ်တွေကိုရှောင်
ပိုပိုမှောင်လာတဲ့ ညည့်နက်နက်ထဲ
ဘယ်သူတွေက ခေါင်းဆောင်လဲ
ပြည်သူအပေါင်း ဦးထောင်ပြီး
ခင်ဗျားတို့ထိုးစစ်နဲ့ အာဏာရှင်ကိုလှဲ
ဆင်းရဲခြင်းဖန်တီးသူရဲ့ အသဲကို
အဲဒီ နည်းနဲ့ပဲ ခွဲလိုက်ကြရအောင်ဗျာ။ ။



PKU – December 31, 2009

7 Comments:

ကိုလူထွေး said...

၂၀၁၀အတွက် နှစ်သစ် ကဗျာ...

ဒီ ကနေ့ နေသာ၏
မိုး ကလည်း မရွာပါ
က လေးများ အာခြောက်နေကြပြီ
ရေ လေးဘာလေး တိုက်ပါအုံး
စီ ပိုး ဘီပိုး မပါအောင်
ချက် ဖို့ကျိုဖို့ လိုပါသည်
ချင်း တောင်းနှင့် ဘယ်လိုလုပ် ရေခပ်ယူလာမည်လဲ
ပေး တတ် ကမ်းတတ်ကြပါစေ”

းဝ)

Anonymous said...

မချု့ .........
အာဘွားဇ် x ထရီလျံ

သံလွင် HeRo said...

HAPPY NEW YEAR ပါတီတီဆုမွန်

မြစ်ကျိုးအင်း said...

နှစ်သစ်မှာ ကောင်းမွန်တဲ့ရလဒ်လေးတွေကို မျှော်လင့်မိပါတယ်။

နှစ်သစ်မှာ ပျော်ရွှင်လန်းဆန်းပါစေဗျာ

ဂျစ်တူး ( မုံရွာ ) said...

နှစ်သစ်မှာပျော်ရွှင်ပါစေခင်ဗျာ-နေကောင်းကျန်းမာပါစေ
လိုင်းပေါ်မှာလည်းမတွေ့ ဘူး-အလုပ်တွေများနေတယ်
ထင်ပ-

ဒဏ္ဍာရီ said...

မမမွန် မင်္ဂလာရှိသော နှစ်သစ်လေးမှာ ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေ.. မမရဲ့ ဆုတောင်းသံနဲ့အတူ ကမ္ဘာသူ ကမ္ဘာသားတိုင်း ထပ်တူ ရကြပါစေ...။

ခင်မင်လေးစားလျှက်

Nge Naing said...

မင်္ဂလာရှိသော နှစ်သစ်နဲ့အတူ အစစအရာရာ အဆင်ပြေပါစေ။ ကဗျာလေးက သိပ်အဓိပ္ပါ့ယ်ရှိတယ်နော့်။ နှစ်သစ်ကူးတိုင်း အသက်တနှစ်တိုးပြီ သေမယ့်နေ့ တနေ့ပိုနီးပြီဆိုတာ သတိရကြသူတော့ တော်တော်နည်းပါတယ်။ နှစ်သစ်ကို တရားနဲ့ မကြိုပဲ သေရည်နဲ့ပဲ ကြိုတာများတယ်။ အဲဒါ တကယ်ပဲ။