ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင်

၉၅ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ မြန်မာနိုင်ငံ ကလေးများနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်
ဗိုလ်ချူပ်ကို လေးစားတန်ဖိုးထားကြတဲ့ သင်္ကေတ မြန်မာဝတ်စုံပြည့်နဲ့ မြန်မာဆန်တဲ့ ဗိုလ်ချူပ်

တိုင်းရင်းသားတွေနဲ့ ချစ်ချစ်ကြည်ကြည် ရင်းရင်းနီးနှီး လက်ရေတပြင်တည်းဗိုလ်ချူပ်မှာ ရှိတဲ့ တစ်ထည်တည်းသော ၀တ်စုံကောင်းတစ်စုံတဲ့ London ရောက် ပုံရိပ် (၁၉၄၇ ဇန်န၀ါရီ)စကားလက်ဆုံကျနေတဲ့ ဗိုလ်ချူပ်
ဗိုလ်ချူပ်ရဲ့ ပွင့်လင်းရိုးသားတဲ့ အပြုံး
ပြည်သူကို သားသမီးပမာ ရင်ဝယ်ထားပြီး တစ်သားတည်းနေတဲ့ ဗိုလ်ချူပ်ဗိုလ်ချုပ်တို့မိသားစု အေးအတူပူအမျ နေခဲ့တဲ့ အိမ်လေးဗိုလ်ချူပ်နဲ့ လက်တွဲဖော်သားတို့ရုပ်ရည် သီတာ မြည်သား ရေကြည် ချမ်းမြ တစ်ပေါက်လေး ကျရုံမျဖြင့်ပါရမီဖြည့်ဖက်နဲ့ ရင်သွေးလေးတွေ
မိသားစုနဲ့ အတူ
ဗိုလ်ချူပ် ချစ်တဲ့ မြတ်နိုးတဲ့ တွယ်တာတဲ့ မိသားစုရင်သွေးလေးတွေနဲ့ ဗိုလ်ချူပ် ဗိုလ်ချူပ်နောက်ဆုံးပုံရိပ်သမီးလေးကမေးတော့ မေမေက ဖေဖေ အနားယူနေတယ် သမီးတဲ့ တိုင်းပြည်အတွက် အသက်ပါပေးဆပ်ခဲ့တဲ့ ဗိုလ်ချူပ်ရှိနေတဲ့ နေရာ အာဇာနည်ကုန်းသားကြီး သြရသနဲ့ သမီးချွေးမ
ဗိုလ်ချူပ်ရင်သွေး သမီးထွေး
ဗိုလ်ချူပ် ပုံရိပ်အခုဗိုလ်ချူပ်ပုံအစား....တိရစ္ဆာန်ပုံတွေ အစားထိုးလာတော့..
ဗိုလ်ချူပ် ဘာပြောချင်နေတာလဲ
ဗိုလ်ချူပ်သာ အသက်ထင်ရှားရှိနေသေးမယ်ဆိုရင်..ဒီနေ့ဟာ ၉၅နှစ်ပြည့်ပြီ...ငြိမ်းချမ်းတဲ့ ဘုံဘ၀မှာ..ရှိနေမယ့် ဗိုလ်ချူပ်ကို ဦးညွတ် ဂုဏ်ပြုပါတယ်။

10 Comments:

Ree Noe Mann said...

တကယ်ပါပဲ အမရယ်။ ဗိုလ်ချူပ်သာရှိခဲ့မယ် ဆိုရင်လို့
တွေးလိုက်တိုင်း စိတ်ထဲမှာ ဪ ငါတို့ သူများနိုင်ငံ ထွက်စရာ မလိုဘူးလောက်ဘူးလို့။ ခုတော့ ကိုယ်ပိုက်ဆံနဲ့ ကိုရှာပြီး လာရသေးတယ်။ ပြီတော့ ၁၀လဲ ပေးရသေးတယ်။ ပြောချင်ဘူး။

Unknown said...

မနက်ဖြန်ဆို ဗိုလ်ချုပ်မွေးနေ့နော်....
ဗိုလ်ချုပ်ကျေးဇူးတွေကို မြန်မာတွေ သိတတ်ဖို့ပဲ မျှော်လင့်မိပါတယ်..မြန်မာတွေဆိုတာ အားလုံးပေါ့..အားလုံးသောလူတွေကိုပြောတာ။ ဗိုလ်ချုပ်လိုစိတ်မျိုး လူတိုင်းမှာရှိစေချင်မိတယ်..

ဇောင်း said...

ဗိုလ်ချုပ်ပုံတွေကို ကြည့်ရင်း လွမ်းစရာတွေပါပဲဗျာ
ဒီချိန်မှာ ဗိုလ်ချုပ်သာ သက်ရှိထင်ရှား ရှိနေအုံးမယ်ဆိုရင်...........

ﺽŽãửʼnĢ

ဒဏ္ဍာရီ said...

မဆုမွန်....... တလေးတစား လာဖတ်သွားပါတယ်။ ဒီလို ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ ယနေ့ခေတ် လူငယ်တွေ မမြင်ဘူးလို့ရတဲ့ တန်ဖိုးရှိတဲ့ ဓါတ်ပုံလေးတွေနဲ့အတူ အမှတ်တရ ငွေစက္ကူလေးတွေ မြင်လိုက်ရတာ အရမ်းကို ကျေးဇူးတင်မိပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Nge Naing said...

ဗိုလ်ချုပ်သာ ဒီအချိန်မှာ အသက်ရှိထင်ရှားနေမယ် ဆိုတာထက် ဗိုလ်ချုပ်သာ ဒီလောက် အသေမစောခဲ့၇င် တိုင်းပြည်က ဒီအချိန်မှာ အခုလို ဖြစ်နေမှာမဟုတ်ဘူးဆိုတာပဲ တွေးမိရင်း နှမြောမိပါတယ်။
ဗိုလ်ချုပ်ကောင်းရာသုဂတိ လားပါစေ။

ကိုလူထွေး said...

နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ...

chocothazin said...

အဖေ...။
ဒီ အဖေသာရှိနေသေးရင် ဒီသား၊ သမီးတွေကို ဘယ်လိုဆုံးမဦးမှာလဲ။
မဆုမွန်ရေ...

သုခုမလေဒီ said...

ဗိုလ်ချုပ်ပုံတွေကို လာရောက်ကြည့်ရှုဂါရ၀ပြုရင်း၊ မမြင်လိုက်ရတဲ့ ဗိုလ်ချုပ်ကို လွမ်းဆွတ်မိပါတယ်။

ခြေလှမ်းသစ် said...

ဗိုလ်ချုပ်အတွက် တာဝန်သိကာ အမှတ်တရ တင်ပြပေး ထားလို့ ၀မ်းသာရပါတယ် ... ဒီလိုမျိုး မြန်မာနိုင်ငံသား အလုံးမှာ အသိစိတ်တွေ ၀င်လာကာ လက်တွေ့လုပ် ဆောင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ် ...

Flower said...

အဖိုးတန်တဲ့ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်ဓာတ်ပုံတွေကို လေးလေးစားစား လာကြည့်ဖြစ်ပါတယ်...
ကျေးဇူးအများကြီးတင်ပါတယ်..
ရှာဖွေစုဆောင်းထားပေးတဲ့အတွက်ပါ..
တစ်နေရာထဲမှာ အများကြီးတွေ့လိုက်ရတာ ၀မ်းသာမိပါတယ်...