မဆုမွန် ချင်းမိုင်ကို အလည် တစ်ခေါက် သွားပါတော့မယ်။ ဘန်ကောက် လေဆိပ်ကနေ ချင်းမိုင် လေဆိပ်ကို ပျံသန်းချိန် တစ်နာရီ ဆယ်မိနစ်ပါ။ ချင်းမိုင်လေဆိပ်ကို ဆိုက်ခါနီးပြီဆို ချင်းမိုင်တစ်မြို့လုံးကို အုပ်မိုးထားတဲ့ မိုင်းညို့နေတဲ့ ဒွိုင်စုထေ့တောင်တန်းမည်းမည်းကြီး က ဆီးကြိုနေပါတယ်။ ချင်းမိုင်လို့ ခေါ်ကြတဲ့ ပန်းမြို့တော် ဖြစ်တဲ့ ချစ်စရာ အေးချမ်းလှတဲ့ ဇင်းမယ်မြို့လေးမှာ ဒီအချိန်ဆို ပန်းတွေ ဖွေးဖွေးလူပ်အောင် ကြွေကျနေ လောက်ပြီလေ။ ချင်းမိုင်လေဆိပ်ကနေ အပြင်ကို လှမ်းထွက်တာနဲ့ သိသိသာသာ အအေးပိုပြီး စိမ့်ချမ်းနေမှာ ဖြစ်ပါတယ်။ ကျွန်းပန်းနံ့အီအီလေးက လတ်ဆတ် သင်းပျံ့လွန်းတဲ့ လေနုအေးလေး တစ်ချက်အဝှေ့မှာ မွှေးပျံ့ လွန်းတဲ့ လေကို အားရပါးရ ရူရိုက်မိရင်ဖြင့် ..မွန်းကျပ်နေတဲ့ ရင်ခွင်တစ်ခုလုံး ရှင်းလင်းသွားမှာဖြစ်ပါတယ်။

















ဇာတ်လမ်းက အဲ့မှာစပါတော့တယ်. ကျွန်မတို့လှေမှာ ကျွန်မတစ်ဦးတည်း မိန်းကလေးပါပါတယ်။ ရေတံခွန် ဇောက်တွေကို အဆင်းမှာ ရေလုံးကြီးတွေက အရမ်းကျလာပြီး ရေစီးကလဲ ရုတ်တရက်မြန်လာလို့ ပဲ့ကိုင်က လုံးဝ အရှိန်ကို မထိန်းနိုင်တော့ပဲ လှေက အရမ်းလူးလိမ့်လာပြီး ငါးဖယ်ပြန်သလိုဖြစ်လာပါတယ် နောက်ဆုံးက ကျွန်မလဲ ငယ်သံပါအောင် အော်ပါတော့တယ် ပုံကိုကြည့်ပါ။ ရှေ့ဆုံးက အဖြူကြီးနှစ်ယောက်ရဲ့ ၀ိတ်ကြောင့် ထင်ပါတယ် လှေက ဦးစိုက်နေပါပြီ အရှိန်က လုံးဝ ထိန်းလို့မရတော့ပဲဖြစ်နေပါပြီ ဦးမော့လာအောင် လှော်ဖို့ ထိန်းဖို့ တက်ညီလက်ညီ ၀ိုင်း ကြိုးစားကြပေမယ့်..


















(ချင်းမိုင်က သေကံမရောက် သက်မပျောက်ခဲ့တဲ့ river rafting Trip အမှတ်တရ)
21 Comments:
စီးချင်းလိုက်တာ အမရေ။ သေခါမှသေပဲ အမ
လုပ်စရာရှိတာ ဆက်သာလုပ် အားပေးတယ်။
ဖတ်နေရင်းနဲ့ ကျနော်တောင် မြုတ်လိုက်ပေါ်လိုက်နဲ့ပေါ့
ရယ်နေပုံတွေက နဖူးကို လက်သီးနဲ့ ဖွဖွလေး ထုချင်စရာ
ကဲဗျာ။ ခရီးသာပါစေ
ဒါမျိုးအစွမ်းပြချင်လိုက်ပါဘိ ရေစိုမှာ ကြောက်လို့သာ အသာငြိမ်နေလိုက်ရတယ်း)
အဲ့လိုမျိုး
စွန့်စွန့်စားစားးး သွားချင်တယ် ...
ဒါပေမယ့်
လုံးဝ ရေမကူးတတ်ဘူးးး ...
အာ ဂ ပါ လား ညီ မ ဆု မွန် ... အ မ တို့ တော့ ရေ လည်း မ ကူး တတ် လို့ က စား ကွင်း က ရေ လွှာ လျှော စီး တောင် သား အ ဖ နှစ် ယောက် စီး တာ လိုက် မ စီး ရဲ ဘူး ... ကြောက် တတ် လို့ လည်း နှင်း
လျှော စီး တာ တောင် သူ ငယ် ချင်း တွေ နဲ့ လိုက် မ သွား ခဲ့ ဖူး ဘူး ... အ သက် အ န္တာ ရာယ် ရှိ တဲ့ က စား နည်း မျိုး တော့ ညီ မ လေး ကို အား မပေး ချင် ဘူး... အ ခု လို လုပ် ရဲ တဲ့ ညီ မလေး စိတ် ဓါ တ် ကို
တော့ မ ချီး မွမ်း ဘဲ မ နေ နိုင် ဘူး ... ဓါတ် ပုံ သ မား က လည်း တော် တယ် နော် အ မိ အ ရ ကို ရိုက် နိုင် တယ် ... ဒီ ပို့ စ် ဖတ် ရင်း အ မ လည်း ရေ တောင် မွန်း သွား တယ်း)
mie nge
ဖတ်တဲ့သူတောင် အသည်းတယားယား ရင်တဖိုဖိုနဲ့ ဖတ်မိတယ်
စီးတဲ့သူက အသက်အန္တရယ် ဒီလောက်နီးတာတောင်အပြုံးမပျက်ဘူး
ချီးကျူးမိပါတယ်ညီမလေးရေ.
စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ခရီးလေးပါဘဲ..
တကယ့်ကိုစိတ်ဝင်တစားနဲ့ လာဖတ်သွားတယ်..
စွန့်စားခန်းကောင်းကောင်းတစ်ခုကို ဖတ်လိုက်ရသလိုဘဲ
ပြည့်စုံတဲ့ရသလေးပေးတဲ့ ခရီးလေးပါ..
ရေကူးတတ်ပေမယ့် အဲလိုတော့မစီးရဲဘူး..ကြောက်တယ်
စီးကြည့်ချင်လိုက်တာ အစ်မရာ...
ငယ်ကတည်းက ချောင်းထဲမှာကြီးခဲ့ရတဲ့သူမို့လားမသိဘူး.. မြစ်တွေချောင်းတွေမြင်ရင် ဆင်းကို ဆင်းချင်တော့တာ..
၇ခိုင်က ဒလက်ချောင်းမှာဖေါင်နဲ့ဆင်းဖူးတယ် အဲလိုမျိုးပဲ
ကျောက်တုံးတော့သိတ်မများဘူး
မဆုရဲ့ပိုစ့်ကိုဖတ်ပြီး မဆုနဲ့အတူတူ လှေပေါ်မှာပါလာပြီး စီးနေသလို ခံစားရတယ်။ ရင်တမောမောနဲ့ဖတ်လိုက်တာ ဖတ်လည်းပြီးရော မောပြီးကျန်ခဲ့တယ်။ ကြောက်တတ်လို့...
ခင်တဲ့
သဒ္ဓါ
အင်း...
မောလိုက်တာ အမရေ..
မနိုင်တာတော့ တကယ်ကို မနိုင်ဘူးဗျာ..
ကျွန်တော့်အမကို ကျွန်တော်ကို ရုံသွားပြီး..
ဘာလဲလို့ မမေးနဲ့နော်.. ပြောဘူး.. အတေတတ်..
ဟယ်..ကိုချစ်ဖေတို့လို မြစ်ဝကျွန်းပေါ်သား ရေမမြှုတ်ရုံကူးတတ်သူအဖို့ဆိုရင်တော့ခက်ပီ.
ဘယ်ရမလဲ life Jacket နဲ့ ခေါင်းကာနဲ့ဆိုရင်တော့ ကြောက်ကြောက်နဲ့ စီးမှာပဲ..တော်ရုံတန်ယုံသေတာမှမဟုတ်တာ..River of no return ရုပ်ရှင်ထဲက မာရီလင်မွန်ရိုးနဲ့လို မျိုးသာစီးရရင်
ပြုံးပြုံး ပြုံးပြုံးကြီးတောင်နေဦးမှာ.တူမကြီးရေ...
ရေတော့ နည်းနည်း ကူးတတ်တယ်။ ဒီလောက် အန္တရယ်များတဲ့ ကစားနည်းတော့ ဘယ်လောက်ပဲ ပျော်စရာကောင်းကောင်း ကစားမရဲဘူး။
မရေ
ချင်းမိုင်ကို လာလည်ချင်လိုက်တာ
ကိုယ် တကယ် ချင်းမိုင် ရောက်သွားသလိုပဲ ခံစားရတယ်
စာရေး သိပ်ကောင်းတာပဲ...
မကြီးရေ......စီးကြည့်ချင်လိုက်တာဗျာာာာာ
ဟိဟိ... ရေကိုသာ ကြောက်တာ အဲလို သိပ်ကဲချင်တာ။ အဟဲ...ပျော်စရာကြီးနော် မြုပ်လိုက် ပေါ်လိုက်နဲ့။ အိ.. ရင်တုန်လိုက်တာ။
လူပျောက်ရှာနေတယ်နော်
စီးချင်လိုက်တာနော် ပျော်စရာကြီး
ရေမကုးတတ်တာခက်ပေါ့ 
သာယာချမ်းမြေ့ပါစေနော်
မိုး
adventure တွေကြိုက်တဲ့လူမို့ အားရပါးရ လာဖတ်သွားပါတယ် မမဆုမွန်။
ပျော်စရာဂျီး..း)
ပျော်စရာကြီးတော့.....မသေခင်တစ်ခေါက်လောက်တော့ စီးကြည့်ချင်သား....
Post a Comment