ASL ASL Please Please နဲ့ ပလုံပလုံ တတူတူများ

အခု တလော ဂျီးမေလ်း ချက်လိုင်းမှာ ထူးထူး ခြားခြား ကြုံလာ ရတာက တော့ ကျွန်မ မရင်းနှီး တဲ့ နံမည်တွေက ရုတ်တရုတ် ပလုံ ပလုံဆို ရေးကြိး သုတ်ပြာ တက်လာပြီး Please asl Please asl ဆိုပြီး အမော တကော လျှာခလုတ် တိုက်မတတ် အငမ်းမရ မေးလာကြပါတယ် ကျွန်မလဲ သူတို့ ဘာမေးမှန်း ရုတ်တရုတ် မသိပါဘူး နောက်မှာ ပိန်းလိုက်တာ ဆိုပြီး အထာနဲ့ a ဆိုတာ age s ဆိုတာ Sex l ဆိုတာ locationကို ဆိုလိုပါသတဲ့ ပေါက်တီး ပေါက်ရှာလေး တွေပါ ဘာလုပ်ဖို့ သူတို့က တစ်ဘက်လူရဲ့ အသက် လိင် နေရာကို မေးရသလဲ ဆိုတာတော့ ကျွန်မ အခုထိ သေသေ ချာချာ မသိသေးပါဘူး။အခုဆိုရင် တွေ့တာနဲ့ အသက် ဘယ်လောက် ဆိုတာ မရမက နွားပိန် တွယ်ပြီး ခြေကန် ပြီးကို စစ်မေးကြပါတယ်။.ပြီးရင် တစ်ယောက်တည်း လား ဘယ်သူနဲ့နေလဲ အိမ်ထောင်နဲ့လား အပျိုလား တစ်ခုလပ်လား မုဆိုးမလား ကလေးဘယ်နှစ်ယောက်လဲ ယောက်ကျား ရှိလားစသဖြင့် ထောက်လှမ်းရေး စစ် စပ်စုတတ်ကြပါသေးတယ်။

အွန်လိုင်းမှာ တတ်နိုင် ရင်တော့ ကျွန်မနံမည် အရင်းက ဘာ ဘယ်နေရာမှာ ရှိနေပြီး ဘာအလုပ်လုပ် သလဲ ဆိုတာကို ပြောပြလေ့ရှိပါတယ် အများစုကတော့ သူငယ်ချင်း မိတ်ဆွေအဖြစ် လက်ခံ စကားပြော ဆွေးနွေး လို့ရပြီး အချို့ ယောက်ကျားမှန်း မသိ မိန်းမမှန်းမသိ ချက်ထဲက မိတ်ဆွေတွေ ကတော့ ဘာမှန်းမသိ ရုတ်တရက် ရန်သူ ဖြစ်သွား တတ်ပါတယ်..အချို့ဆို မြန်မာလူမျိုးဆိုတာ ယုံနိုင်ဖွယ် မရှိအောင်ကို ဆဲဆို ကြိမ်းမောင်းပြီး မိုက်မိုက် ရိုင်းရိုင်း ပြောဆို ဆက်ဆံ သွားသူ တွေရှိပါတယ်..အဲ့လူတွေကိုတော့ စကားကို ဆက် ပြောမနေပဲ တစ်ခါ တည်း ပြည်ဝင်ခွင့် ပိတ်ပြီး ဘလော့ခ်လိုက် ပါတယ် ။

ဇွဲကြီးသူ တစ်ယောက် ကတော့ ချစ်စရာကြီးမို့ ခင်ချင်တယ် အသံလေးကြားပါရစေ ရုပ်လေးကို ခဏဖြစ်ဖြစ်ပြပါ ဘာပဲမြင်မြင် ရပါတယ်လို့ မဖွယ်မရာ ပြောလာလို့ မင်းအမေနဲ့ မင်းညီမလေးကို သွားပြောကွယ် ငါတော့ မအားသေးဘူး ဆိုပြီး ချက်ကနေ ဘလော့ လိုက်တော့ မေးလ်ကနေ လာဆဲပါသေးတယ် မလျော့သော ဇွဲလုံ့လ အပြည့်နဲ့ပါ သူပြောတဲ့ စကားထဲမှာ ထူးခြား တာက နင်တို့လို ကိုယ်တိုင်းပြည် အကြောင်း မကောင်းပြောရမှ ထမင်း စားရမယ့် မိန်းမတွေကို စိတ်ကူး ထဲတောင် မထည့်ဘူးဆိုပဲ။

မှတ်မှတ် ရရ G mail ဆိုတဲ့ မေးလ်ကို စသုံး တတ် ခဲ့တာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် က မှပါ အဲ့တုန်း ကမှ အင်တာနက် ဆိုတာ ကို နဖူးတွေ့ ဒူးတွေ့ စသိ ခဲ့တာ ဖြစ်ပါတယ်။ အရင်က Yahoo mail တစ်ခုပဲ သိလို့ yahoo mail ကိုပဲ မေလ်း ထင်ခဲ့ တာပါ..ဂျီမေးလ် ကို စ မိတ်ဆက် ပေးခဲ့တာ ဇင်းမယ်ြ့မို့ စာနယ်ဇင်း သင်တန်း ကျောင်းက ကွန်ပျူတာ လက်တွေ့ အသုံးချ နည်းကို အချိန်ပိုင်း လာ သင်ပေး ခဲ့တဲ့ အစ်မ မွန်မွန်ပါ..အဲ့ဒီ့နေ့က သူက ဂျီမေလ်း အားသာ ချက်တွေကို ပြောပြပြီး ကျွန်မတို့ အားလုံးကို သူ့ မေးလ် က တဆင့် တစ်ပြိုင်နက် ဂျီမေးလ် အကောင့် ဖွင့်ပေးခဲ့ ပါတယ်..။

ကျွန်မက ဂျီမေးလ် ဖွင့်မယ် ဆိုတော့ ပထမဆုံး မေးလ် နံမည်ကို စဉ်းစားပါတယ် နဖူးကြောကို တွန့် လက်ဆစ်နဲ့ ခုံစောင်းကို တတောက် တောက် ခေါက်ရင်း အကြီးအကျယ်ကို စဉ်းစားခန်း ဖွင့်မိလို့ ညနေစာ နောက်ကျသွားမိပြီး ဟင်းကိုယ်တာ မကျန် အောင်ကို ဖြစ်ခဲ့ရပါတယ်။ ထူးထူး ဆန်းဆန်းလေး ဖြစ်အောင် moonဆိုတာက ကျွန်မ လက်ရှိ နံမည် honey ဆိုတာကတော့ ကျွန်မကို ချစ်သူက ခေါ်တဲ့နံမည် koko ဆိုတာ ကတော့ အရင် ရည်းစား နံမည် အားလုံး ပေါင်းပြီး မွန်းဟန်နီကိုကိုလို့ ပေး လိုက် ပါတယ်။ အဲ့ ကတည်းက စသုံးခဲ့တဲ့ ဂျီမေးလ် ဖြစ်နေလို့ အရင် သူငယ်ချင်း ဟောင်းတွေ ရော သူငယ်ချင်းသစ် တွေရော နောက် သိလာတဲ့ မိတ်ဆွေ တွေ အများစု က မေးလ် စာရင်း ထဲမှာ ရှိနေလို့ အဲ့ဒီ့ sexy name ဖြစ်နေတဲ့ မေးလ်လေးကိုပဲ တစ်ခုတ် တရ အခု ထက်ထိ သုံးနေဆဲဖြစ်ပါတယ်။ တစ်ချိုကလဲ မေးလ် နံမည်ကို က ပြီတီတီနဲ့ မို့ ယောကျာ်း ထင်ပြီး အီစီကလီ လုပ်တဲ့သူ လဲ ကြုံဖူး ပါတယ် လပျားကိုကို ဆိုပြီး အခြောက်ထင်ပြီး လာအီ နေတဲ့သူလဲ ကြုံဖူးပါရဲ့ ဒါပေမယ့် အားလုံးကို ရယ်စရာလိုပဲ သဘောထား ခဲ့ပါတယ်။


စသုံး ဖြစ်တဲ့ အချိန် ၂၀၀၅ ကစပြီး ၂၀၀၁၀နှစ်ဆန်း ပိုင်းအထိ ကျွန်မ ဘ၀မှာ ကျွန်မ စပြီး ဘလော့ block လိုက်တဲ့ ချက်က သူငယ်ချင်းတွေ နည်းပါတယ် ရန်သူတွေ နောက်ပိုင်းမှာ သိသိသာသာကို များလာပါတယ်။ စကားပြော အတော့်ကို အဆင်မပြေ ဖြစ်လာလွန်းလို့ ပထမဆုံး မှတ်မှတ်ရရ လူ တစ်ယောက် ကို စဘလော့ လိုက်တယ်။။ အင်မတန် စကားများ ပြသနာရှာ ယောက်ျားလေး တန်မဲ့ ပစိပစပ် များလွန်းပြီး ဟိုဘက် စကား ဒီဘက် သယ် ဒီဘက် စကား ဟိုဘက်ပို့ အတင်း တွေချည်းပဲ ဆက်တိုက် ပြောကျင့် ရှိတဲ့ သူ့ကို စကား လာပြောတိုင်း တော်တော် လေးကို အော်ဂလီဆန် ရွံရှာစိတ်ဖြစ်လာလို့ စိတ်သက်သာ ရအောင် ဘလော့လိုက်တာပါ. မပြောချင်ပဲ မြင်နေရမယ့်အတူတူ စာရင်းထဲက ထုတ်လိုက်တော့ listထဲမှာ မြင် နေ ရတဲ့ သူကို မမြင်ရတော့ တော်တော် ကို စိတ် ချမ်းသာ သွားပါတယ်။

နောက် ဂျီတော့ထဲမှာ ကျွန်မ အမြဲ လုပ်လေ့ ရှိတဲ့ အကျင့်လေး တစ်ခုရှိပါတယ် ကျွန်မရဲ့ စိတ် ရာသီဥတု အခြေအနေကို G talk Status မှာ စာလေးတွေ အမြဲတင်ပြီး နေ့တိုင်း အချိန်တိုင်း ပြောင်းပြီး ပြောပြလေ့ ရှိပါတယ်. နောက် ကလေး ပုံလေးတွေ ရုပ်ပြောင်လေး တွေဆို အမြဲ တစ်လှည့်ဆီ တင်ထားလေ့ ရှိပါတယ်. .ဒါကြောင့် ကျွန်မမှာ ပုံ ဆန်းဆန်း လေး စုတဲ့ အလေ့အထ ရှိပါတယ် မိတ်ဆွေ တော်တော် များများ ကလဲ ကျွန်မ ပုံလေးတွေ ကို ချစ်လို့ ဆိုပြီး မကြာခဏ တောင်းယူ လေ့ ရှိကြပါတယ် ကျွန်မကလဲ အမြဲ ပေးပါတယ် နောက် ကျွန်မ သဘောကျ တဲ့ ပုံလေးတွေ တွေ့ရင် သူများဆီက အမြဲ တောင်းယူ လေ့ရှိပါတယ်..

အဲ့မှာ ပြသနာတစ်ခုပေါ်တာက မြန်မာပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း မဲဆနခံယူပွဲမှာ VOTE NO , NO VOTE တွေ လုပ်ကြ ပါတယ်. သူက မှန်တယ် သူက မှားတယ် ဘယ်လိုလုပ်သင့်တယ် စသဖြင့်ပြည်တွင်း ပြည်ပအစုံ ထင်မြင်ယူဆချက် အမျိုးမျိုးနဲ့ ကြေငြာချက် တွေ ထုတ်ပြီး ပြောကြ ဆွေးနွေးကြ လုပ်ကြပါတယ်။ ပြီးတော့ နီးစပ်ရာ မိတ်ဆွေအချင်းချင်းလဲ နင်ဘာလဲ ငါဘာလဲ မေးကြပါတယ်..

အဲ့တာနဲ့ ကျွန်မလဲ ကျွန်မယူဆချက်နဲ့ ကျွန်မ ဂျီတော့ စာတမ်းလေးမှာ..NO VOTE လို့ တင်ထား လိုက်ပါ တယ်.. အဲ့မှာ ပြသနာက စတော့တာပဲ ချက်ကနေ အမျိုမျိုး ဝေဖန်ကြတော့တာပါပဲ..ဟေ့ Vote No ဖြစ်ရမှာလေ မင်းမှားမယ် တစ်ယောက် ကလဲ အေး မင်းမှန်တယ် NO VOTE ပေါ့ ကျွန်မကတော့ အားလုံးကို အပြုံး သင်္ကေတလေး :) နဲ့ပဲ ရယ်ရယ်ပြ လိုက်တယ်..အဲ့မှာ ဆိုးဆိုးဝါးဝါး ကိုယ်နဲ့လဲ သိတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေ တစ်ယောက်က ဘလိုင်းကြီး ချက်ပေါ်ကနေ မင်းက မဲမပေးဘူး ဆိုတော့ နအဖ အားပေး လုပ်တာလားတဲ့ မင်း မဲတစ်မဲက စစ်တပ် အတွက် ပေးလုပ်ချင်တာလား စသဖြင့် စကားလုံး အကြီးကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ် တိုက်ခိုက် လာပါတော့တယ် ကျွန်မဘက်ကလဲ စကတည်းက နဂိုကတည်းက ဘယ်သူကမှ အသိအမှတ် မပြုတဲ့ လုပ်ရပ် တစ်ခု အတွက် ပြီးခါနီးကျခါမှ သဘောတူလား မတူဘူးလား လာပြီး အခုမှ ကလေး အဖေ ဖော်တဲ့ ကိတ်စ ၀င်ကို မပါဘူး လို့ ဆုံးဖြတ် ထားပြီး သူတို့ပွဲမှာ မပတ်သတ် ချင်လို့ ကင်းကင်း နေပြီး မဲကို တမင်ကို သွားမပေး ခဲ့တာပါ..နောက်ဆုံးတော့လည်း အာဏာကိုင်တွေက လုပ်ချင် တိုင်း လုပ်သွားကြတာပဲ မဟုတ်ပေလား ဒါပေမယ့် အခုလို ဘလိုင်းကြီး NO VOTE လုပ်ရုံနဲ့ နအဖ အားပေးဆိုပြီး နံမည်လာတပ်တဲ့ သူ့ရဲ့ သိမ်ဖျင်းလွန်းတဲ့ စိတ်ဓာတ် ကို စက်ဆုပ် ရွံ့ရှာ လွန်းလို့ လုံးဝကို ဘလော့လိုက်ပါတယ်။

အဲ့လိုလူတွေအပြင် ဂျီတော့ စာတမ်းလေးမှာ အားရက်တွေမှာ လာနေကျ အိမ်က မိသားစု ကို မျော်နေကြောင်း ရေးမိလို့ နင်လုပ်ထားတဲ့ အမူ နင်ခံလေ နင် ပိုက်ဆံ လိုချင်လို့ အပြင် ထွက်လာတာ မဟုတ်လား ငွေလိုချင် နင့်မိသားစု စွန့်ရမှာပဲ စသဖြင့် ဘယ်တုန်းက နာနေမှန်းမသိတဲ စိတ်တွေနဲ့ကို ဘလိုင်းကြီး ဆဲဆို သွားသူ တွေလည်း ကြုံဖူးပါတယ်။

နောက်တစ်ခု ကတော့ ကျွန်မ မေးလ်လေးကို လာအတ် add တဲ့သူတွေဆို အကုန် လက်ခံလေ့ ရှိပါတယ် ကျွန်မ မေးလ် လိပ်စာကို ကျွန်မ သူငယ်ချင်းတွေက တဆင့် ကွဲကွာနေတဲ့ သူငယ်ချင်းတွေလဲ ဖြစ်စေ အလုပ်ကိတ်စ ကြောင့် ဖြစ်စေ လာအတ် တာလဲ ဖြစ်နိုင်တယ် နောက်ပြီး မိတ်ဆွေ အပေါင်းအသင်း ဖြစ်ချင်လို့ လာအတ်တာလဲ ဖြစ်နိုင်လို့ အမြဲ accept လုပ်ပြီး လက်ခံလေ့ ရှိပါတယ်။ တခါတလေ ကျွန်မကို လာနုတ်ဆက်ရင် ရုတ်တရက် ဘယ်သူ ဆိုတာ သတိမရလို့ မေးလ်ကိုပြေးပြီး recent conversation ကနေ ပြန် စစ်ကြည့်ပြီး အမြဲ လေးလေး စားစား စကားပြော လေ့ရှိပါတယ်။

အဲ့မှာ ပိုဆိုးတာက ချက်ကနေ တစ်ခါ တစ်လေ မလိုအပ်ပဲ အရည်မရ အဖတ်မရ ပြောတတ် သူတွေလဲ တွေ့ရတတ်ပါတယ်. စိတ်လိုလက်ရ ဖြစ်ရင်ဖြစ်စေ အလုပ်အား နေရင်ဖြစ်စေ ပြန်ပြောလေ့ ရှိပေမယ့် အခု အလုပ်က ပိုက်ဆံ ဘယ်လောက် ရသနည်း ဘယ်လို အစား အသောက် တွေ ကြိုက်သနည်း ဘယ်လို အ၀တ်အထည်တွေ ၀တ်လေ့ရှိသနည်း ဘယ်ရေမွှေးတံဆိပ်သုံးသနည်း ရေအိမ်က ဘိုထိုင် ကမုတ်လော ငုတ်တုတ်ထိုင်လော အိမ်ကို ငွေဘယ်လောက် ပို့နိုင်သနည်း မိသားစုက ဘယ်မှာနေသနည်း ဘာတွေကို အားလပ်ချိန်တွေမှာ ဘယ်လိုနေလို့ ဘယ်လို စားသောက် နေထိုင် သနည်း စသဖြင့် လာလည် လို့ ရမည်လော အိမ်ထောင် ၇ှိသလား ရည်းစားရှိလား စသဖြင့် မေးမြန်း စုံစမ်း စစ်ဆေးလေ့  ရှိတာတွေ အတွက်တော့ နည်းနည်း စိတ် အနှောင့်အယှက် ဖြစ်ရပါတယ်။

အဲ့နောက်ပိုင်းမှာတော့ ချက်တင်ပေါ်ကနေ ကျွန်မရဲ့ ကိုယ်ပိုင် ဂျီမေးလ်လေးကို လာပြီး ရန်စနည်းမျိုးစုံနဲ့ ကျူးကျော် ရန်စ စကားလုံး ပေါင်းစုံကို လက်နတ်ဆွဲကိုင် တိုက်ခိုက်တဲ့လူ မဖွယ်မရာ ပြောသူ ရန်စသူ စော်ကားသူ မှန်သမျကို အပြီးအပိုင် နယ်နှင်ဒဏ် ပေးလိုက်ပြီး ပြည်ဝင်ခွင့်တွေ ဆက်တိုက်ပိတ် ဖြစ်ပါတယ်..

အများအားဖြင့် ကျွန်မက ဂျီမေးလ် ချက်ကို ဖွင့်ထားပါတယ် အခုဆိုရင် ဖေ့စ်ဘွတ်ခ်မှာပါ တစ်ရက်မှာ ၂၅နာရီ ဖွင့်ထားပါတယ် ဖွင့် ထားရတဲ့ အကြောင်းရင်း ကတော့ မြန်မာပြည် က ကျွန်မ မိသားစုနဲ့ မိတ်ဆွေတွေ အတွက်ပါ ကျွန်မ အလုပ်ကိတ်စ ကြောင့် ဖြစ်စေ မိသားစု ကိတ်စ ကြောင့်ဖြစ်စေ လာပြော သူတွေနဲ့ အချိန် ခြားပြီး ဆက်တိုက် လာလေ့ရှိတဲ့ သူငယ်ချင်း တွေ အတွက် လူရှိသည်ဖြစ်စေ လူမရှိ သည် ဖြစ်စေ ဖွင့်ပေး ထားပါတယ် ကျွန်မ ဘက်ကို ရိုက်လိုက်လို့ ပြန် မတက် လာရင်လဲ ပြောလိုတဲ့ အကြောင်းလေးတွေ မတ်ဆေ့ လေးတွေ ချန်ခဲ့ပေးလေ့ရှိပါတယ်။

အဲ့ဒီမှာလည်း ကျွန်မကို အမြဲရန်လာစတတ်တဲ့ သူတွေ ရှိပါတယ် သူတို့ ပြောတတ်တာကတော့ ကျွန်မကို အမြဲ အွန်လိုင်းမှာ ချည်းပဲ တွေ့နေရတာပဲ ဘာဖြစ်လို့ အွန်လိုင်းမှာ တစ်နေကုန် ရှိနေသနည်း တခြား အလုပ်မရှိဘူးလား စသဖြင့် အရိုးခံ မဟုတ်တဲ့ စိတ်တွေနဲ့ မေးမြန်း စုံစမ်း ရန်စလေ့ရှိကြပါတယ်။ ကျွန်မက ပြန်တုံ့ပြန် လေ့ရှိတာကတော့ ကျွန်မကို အမြဲ အွန်လိုင်း တွေ့သူ သည် သူသည်လဲပဲ အွန်လိုင်းတွင် ကျွန်မ ကဲ့သို့ အချိန် ပြည့် ရှိနေသဖြင့် ကျွန်မကို မြင် နေရခြင်း ဖြစ်သည်ဟု ပြန်ပြော လိုက်တဲ့ အခါ တို့က အလုပ်ချိန်ပဲ သုံးတာ အစ်မကို အမြဲတွေ့နေရလို့ မေးတာဆိုပြီး ကန်တန်တန် ပြန်ဖြေသွားလေ့ရှိပါတယ် ဒါတွေဟာ တကယ်တော့ မလိုအပ်ပဲ သူများကိတ်စကို လာရောက် ဝေဖန်ပြောဆိုခြင်းဖြစ်ပါသည်။

ထိုသို့စပ်စပ်စုစု မေးသူများ အားလုံးနီးပါးသည် ကျွန်မ ငြိမ်နေရင် မနေနိုင်မထိုင်နိုင် ကျွန်မဘက်က ဘယ်တော့မှ စကားမစပဲ သူတို့ကပဲ အရင် စပြီး လာလာ စကားပြောသူတွေသာ ဖြစ်ကြပါတယ် စကားပြန်မပြောနိုင်ရင်လဲ မင်းတို့ပဲ အလုပ်များ ချင် ဟန်ဆောင် နေတာလား နင်တို့ တွေက အဲ့တာပဲေ-ာက်လုပ်ရူပ်ချင်ဟန်ဆောင်နေတာ စသဖြင့် ဆဲဆို သွားလေ့ ရှိပါသေးတယ်။

နောက် တစ်ခုက ကျွန်မ သိပ် နားမလည် တဲ့ Burglish တွေ နဲ့ လာချက် တဲ့အခါ ကျွန်မ အင် မတန်ကို စိတ်ညစ် ပါတယ်။ ကျွန်မ ချက်တင် တက်စက ၂၀၀၅ခုနှစ်ဖြစ်ပြီး အင်တာနက်ဆိုတာသုံးခဲ့တာမှာ အခုသူတို့ အချင်းချင်း ဆက်သွယ်တဲ့ တီထွင် ထားတဲ့ မြန်မာ အင်္ဂလိပ် ပေါင်းထားတဲ့ ကိုယ်ပိုင် အသုံးအနူံး လေးတွေကို တကယ့်ကို မရင်းနှီးခဲ့လို့ ကျွန်မ ကြိုးစားပြီး ဖတ်ပါ သေးတယ် သူတို့ ရေး ထားလေး တွေကို တကယ့်ကို နား မလည်နိုင် အောင် ဖြစ်ရပါတယ် သူတို့ကို ပထမ တောင်းပန် ပါတယ် တကယ့်ကို ဘာပြောမှန်း ကျွန်မ မသိ လို့ပါ လို့ နောက်ပြီး မြန်မာလို ဇော်ဂျီနဲ့ ရိုက်ပြောပါ ဒါမှမဟုတ်လဲ English လို ရိုက်ပေးပါလို့ ပြောပေမယ့် တစ်ချို့ကျ တော့လည်း ဆက်ကို သုံးနေဆဲဖြစ်ပါတယ်.အထူးသဖြင့် ပြည်တွင်းက ကလေး တွေနဲ့ စကား ပြောရင် အမြဲကြုံ ရတတ်ပါတယ်..အခုနောက်ပိုင်းတော့ သူတို့ပြောနေတာ နည်းနည်း နားလည်သလိုဖြစ်နေပါပြီ ဒါတောင် တစ်ချို့ စကားလုံးတွေ လွဲနေပါသေးတယ်။

နောက်ထပ် အဆိုးဝါးတကာ့ အဆိုးဝါးဆုံး ကျွန်မ စိတ် အနှောင့်အယှက် အဖြစ်ဆုံး ကိတ်စတစ်ခု ဂျီမေးလ်ချက်မှာ ဖြစ်လေ့ ရှိပါတယ် အဲ့ တာကတော့ ဆိုင်းမဆင့် ဗုံမဆင့် မပြောမဆို ရုတ်တရက် ကသုတ် ကရက် တူတူတူ ဟူ တူတူ တူတူတူ ဆိုပြီး အသံနဲ အလန့် တကြား ခေါ်တာပါ အလုပ်တွင် ခိုးချက်နေသူတွေ အသံပိုင်းဆိုင်ရာ တစ်စုံတစ်ခု အလုပ်လုပ် နေသူတွေအတွက် အကြီး အကျယ်ကို ပြသနာတက်နိုင်တဲ့ အလိုက်ကမ်းဆိုး မသိမူ ဖြစ်ပါတယ်။ ကြိုတင် ခွင့်တောင်းခြင်း မရှိပဲ ရုတ်တရက် အသံနဲ့ ခေါ်တဲ့ ကိတ်စဟာ အရမ်း ကိုလဲ ရိုင်းပျတဲ့ အမူလို့ ထင်မိပါတယ် callingကို ignore လုပ်သည့်တိုင်အောင် အကြိမ်ကြိမ် မလျော့သော ဇွဲလုံ့လ အပြည့်နဲ့ ထပ်ခါ တလဲလဲ နှိပ်နိုင်သူတွေကို လဲ တော်တော်လေးကို အံသြမိသလို အဲ့လို ခေါ်တဲ့သူတွေကို တော်တော် ကြီး ကိုလဲ စိတ်ဆိုးမိပါတယ်။

အများအားဖြင့် ကျွန်မက အသံဖိုင်တွေကို အမြဲ တည်းဖြတ် နေရလေ့ ရှိတဲ့အတွက် ပြသနာ အကြီး အကျယ် တက်လေ့ရှိပါတယ် အခုတော့ invisible လုပ်တတ်ပြီမို့ အလုပ်ရူပ်ချိန် တိတ်တိတ်လေး ပုန်းအောင်း နေတတ်ပါပြီ..ဒါပေမယ့် အဲ့တာလို ပုန်းနေတာကိုလဲ ကျွန်မ တော်တော်လေးကို မကြိုက်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ရုတ်တရက် ပေါ်လာပြီး စကားပြောသူတွေကိုလဲ ကျွန်မ သိပ်ကြည့်မရ ပါ..ဘာကြောင့်ရယ် တော့ မသိ ပုန်းရာက ထွက်လာပြီး ငါကွ ငါကွလို့ ပြောသယောင် ယောင် ကျင့်ဝတ်နဲ့ မညီသလို ခံစားရပါတယ်

အမှန်တော့ ဂျီတော့တွင် ယဉ်ကျေးမူ ရှိသည်ဟု ထင်ပါတယ် စိမ်းပြီး available ဖြစ်နေ သည့်တိုင် ကိုယ် ချက်ကြည့် လို့မှ ကိုယ့်ကို ပြန်မချက် နိုင်ရင် မအားဟု ယူဆသင့်ပါတယ် အချိန် တစ်ခုပေးပြီး စောင့်ဆိုင်း သင့်ပါတယ် ၀ါနေရင်တော့ ဖွင့်ထား ရက်နဲ့ အနားတွင် မရှိဟု သတ်မှတ်သင့်ပါတယ် သိပ်အရေးကြီးရင်သာ ချက်ကနေ တစ်စုံတစ်ခု ရိုက်ထည့်သင့်ပါတယ် နီနေရင် တော့ busy နေတဲ့အတွက် လုံးဝကို မနှောင့်ယှက်သင့်ဘူးဟု ထင်ပါတယ်။ မဖြစ်မနေ အသံနဲ့ စကား ပြောကို ပြောမှ ဖြစ်မယ် ဆိုရင် မပြောမဆို ဆိုင်းထ တီးမယ့် အစား အကောင်းဆုံးကတော့ အရင်ဆုံးကိုယ့်ကို လက်ခံစကားပြောမယ့်သူ ချက်မိတ်ဆွေကို ခွင့်တောင်းသင့်ပါတယ် ..

အဲ့တာဆိုရင် please please asl တွေအစား အရင်ဆုံး ဒီမေးလ်ကို ဘယ်ကရတယ် သူက ဘယ်သူဖြစ်နိုင်တယ် ဘယ်လို လူမျိုးဆိုတာ ယဉ်ကျေးမူရှိရှိနဲ့ မိတ်ဆက်စကား စတင် ရင်းနီးပြီးမှ လိုသလို မေးမြန်း သင့်ပါတယ် နောက် မအားပါဘူး ဆိုနေမှ ပလုံ ပလုံ ပလုံတွေအစား are u there ဆိုတဲ့ ပလုံတစ်လုံးတည်း တက်လာပေးမယ်ဆိုရင် တူတူ တူတူတူ တူတွေ မစခင် ကျေးဇူးပြုပြီး စကားပြောလို့ရမလားရှင် ခင်ဗျာ ဆိုတဲ့ ပလုံလေး တစ်ချက် အရင် တက်သင့်တယ် လို့ ထင်မိပါ ကြောင်း..ဂျီမေးလ် ငါးးနှစ် သက်တမ်းတွင်းက အွန်လိုင်းအတွေ့အကြုံတွေပေါ် နားလည်မိတဲ့ ကိုယ်ပိုင်ခံစားချက်လေးတွေ ကို သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်ရပါတယ်.
(အခုချိန်အထိလည်း သည်းသည်းလူပ် အမောတကော လာလာမေးတဲ့ စပ်စုစိန်များကို ရည်ရွယ်ပြီး ပြန်တင်ဖြစ်တဲ့ ပို့စ်အဟောင်းလေးပါ)


19 Comments:

သိင်္ဂါကျော် said...

မသိတဲ့ လူတွေကို talk မှာ လက်မခံတာ အကောင်းဆုံးပဲ မဆုမွန်ရေ.. အားအားယားယား အီစီကလီ လုပ်ချင်တဲ့ လူတွေ.. နှောက်ယှက်ချင်တဲ့ လူတွေလည်း ရှိတတ်တာကိုး...။

တို့လည်း chat ရမှာ ဝါသနာကို မပါဘူးလေ.. သူငယ်ချင်း အရင်းတွေလောက်ပဲ ပြောဖြစ်ပါတယ်..
Online က သိတဲ့လူ တစ်ချို့ အရင်က လက်ခံထားဖြစ်ပေမယ့် ကိုယ်က သိပ်မပြောတော့ နောင် သူတို့ကလည်း မပြောကြတော့ဘူး...။

ဒဏ္ဍာရီ said...

ဟုတ်တယ် အဆုမွန်.. ကိုယ်မသိရင် နောက်ဆို လက်မခံနဲ့တော့။ ဒီလို နှောက်ယှက်တဲ့ လူမျိုးတွေကြောင့် အလကားနေရင်း စိတ်တိုရတယ်။
အဆင်ပြေပါစေ..။

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

လေးကျောက်တို့တော့..လူပျိုလားဟင်..ထမင်းစားပြီးပြီလား...အီအီးပါပြီးပြီလား...
မေးတဲ့သူတယောက်မှမရှိပါလား...
စာရိုက်ပြောရတာအားမရတာရယ်
စာဖတ်နေတုန်းတုံတုံနဲ့တက်လာရင် စိတ်အနှောင့်အယှက်ဖြစ်လို့ ..ဘယ်သူနဲ့မှလဲစကားမပြောဖြစ်ပါဘူးလေ...

Linn Htet Aung said...

နောက်ခါ asl မေးရင် အောင်စိုးလင်း ကိုပြောတာလားလို့ ပြန်မေးလိုက်လေ အဟေးးးး

ခင်မင်လျှက်
NweYoe

Moe Myint Tane said...

ဂျီတော့ခ်မှ စိတ်ညစ်စရာများကို ဖတ်သွားပါတယ်မဆုမွန်ရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Flower said...

ဒီပိုစ့်လေးက ကျွန်မရဲ့ခံစားချက်နဲ့ အားလုံးတစ်ထပ်တည်းနီးပါးကျတာမို့ နှစ်နှစ်ခြိုက်ခြိုက်ကိုဖတ်ပြီး လှိုက်လှိုက် လှဲလှဲထောက်ခံသွားပါတယ်..
တစ်ဘက်သားအပေါ်အားနာရကောင်းမှန်းမသိတဲ့ လူတွေကို ဒီပိုစ့်လေးဖတ်စေချင်ပါတယ်..
ကိုယ်အားနေတိုင်း သူများမှ အားပါ့မလားလို့
မတွေးတတ်လောက်အောင် အသိခေါက်ခက်နေတဲ့
သူမျိုးတွေ၊ ကိုယ်ရေးကိုယ်တာကို အားမနာတမ်း စပ်စုချင်သူတွေ ဘာလို့ဒီလောက်များနေသလဲဆိုတာ
စဉ်းစားလို့ကိုမရပါဘူး.. တစ်ဖြေးဖြေးနဲ့ ဂျီတော့မှာ Block Lists ကြီးရှည်လာတာသာ အဖတ်တင်ပါတယ်...

မောင်မောင် said...

အင်း မဆုမွန် ရေ
မိန်းကလေး ဆိုတော့လဲ အီစီကလီလုပ်ချင်သူအများ၊
အရည်မရအဖတ်မရပြောချင်သူများ ရှာဖွေလေတွေ့ ရှိလေ လုပ်လို့ မေးလ်ရပြီး အတ်တွေများလာတာပေါ့။
(လာသမျှတော့ လက်မခံသင့်ပါဘူး။)
စကားစပ်လို့
(လာသမျှလက်ခံမိတော့ လေ .. မနေ့က ချာတိတ်လေး တစ်ယောက် က ဂျီတော့မှာ "ဟေ့ သူငယ်ချင်း မင်းပုံလှသကွ တဲ့" ကိုယ်က တင်ထားတာ ကပ္ပလီမဲမဲကြီး ပုံပါ။ ကိုယ်ကလဲ အေးကွ ဘာဖြစ်တုန်း အဲလိုပြောလိုက်တယ်။
နောက် အဲဒီချာတိတ်က မင်းအသက် ဘယ်လောက်လဲတဲ့။
ငါ့ အသက် ၄၀ ရှိပြီကွ လို့ ဖြေ တော့ " ဟေ
မနောက်ပါနဲ့ကွာတဲ့။"
အဲလို ကြုံရတော့ ကလေး နဲ့ဖက်ကိုက်ရသလို ဖြစ်နေလို့  လာသမျှ ကိုပယ်ချရတော့မယ်ထင်ပါရဲ့မဆုမွန်ရေ။

မောင်ပါလ said...

စပ်စုစိန်တယောက် လာဖတ်သွားပါတယ်ခင်ဗျာ

Nge Naing said...

သိင်္ဂါကျော် ပြောသလိုပဲ မသိတဲ့သူ Add မလုပ်တာ အကောင်းဆုံးပဲ။ အစ်မလည်း Profile မှာ ပုံတွေ၊ အသက်အရွယ်တွေ မိသားစုပုံတွေ မတင်ခင်က ဆရာဝန်အထင်ခံရ၊ ငယ်ငယ် ချောချောလေး အထင်ခံရနဲ့ အပျော်မိတ်ဆွေ လာအဖွဲ့ခံရတာ ဖြစ်ဖူးတယ်။ အကုန်လုံးလည်း တင်ပြီးရော ဒီပြဿနာတွေ ရှင်းသွားပြီး တကယ် မိတ်ဆွေအစစ်အမှန်တွေပဲ လာတော့တယ်။

ဂျေဂျူဝိုင် said...

မကလည်း ကိုယ့်ကို လာချက်နေသူက ဘယ်သူ ဆိုတာ သိမှ ကောင်းတာပေါ့။ ကျွန်တော် မကို Facebook မှာ တစ်ခါ ချက်ဖူးတယ်။ မ အဲဒါကို မမှတ်မိဘူး

ကိုလူထွေး said...

ကျနော်ကတော့ တပတ်ကို တခေါက်နှစ်ခေါက်လောက်သာ ဂျီတော့ သုံးဖြစ်သူမို့ အဲလိုအတွေ့အကြုံတွေ မရှိသလောက်ပဲ ခင်ဗျ။

စိတ်ထဲမှာ မကြေနပ်တာရှိရင် ဆဲရေးတိုင်းထွာပြီး ဖော်ထုတ်ပြတတ်ကြတဲ့ မြန်မာတချို့ရဲ့ စိတ်ဓာတ်ကတော့ ဆယ်စုနှစ်နဲ့ချီပြီး ပြန်ပြင်ယူရအုံးမယ် ထင်ပါတယ်။

းဝ)

ဂျူနို said...

မအယ်တော့ ခုတလော သွေးလေ ခြောက်ခြားနေလို့ အွန်လိုင်းက မိတ်ဆွေ တချို့ကို အလိုက်ကန်းဆိုး မသိ ပလုံ ပလုံနဲ့ နှောင့်ယှက် မိပါတယ်။

မဆင် မခြင် ပလုံပလုံ တာ တဖက်လူက စိတ်အနှောက်ယှက် ဖြစ်မှာ သေချာတာပေါ့။


မအယ်

သဒ္ဓါလှိုင်း said...

မဆုရေ..
ပိုစ့်လေးဖတ်သွားပါတယ်။ဂျီတော့ရဲ့အခက်အခဲလေးတွေပေါ့နော်။။

ခင်တဲ့
သဒ္ဓါ

မဆုမွန် said...

လာမန့်ကြတဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ မောင်နှစ်မတွေကို ကျေးဇူးပါ ချစ်သောမအယ်ရေ အစ်မက ညီမလေးကိုယ်တိုင် လိုလိုလားလား စကားဆိုချင်တဲ့ လေးစားတဲ့ အစ်မပါနော်..:P

Anonymous said...

အောင်မငီးးး တူ၏ တူ၏
block ထားသူပေါင်း ၅၀ ကျော်မကရှိပြီထင့်။
စိတ်မရှည်ပါ။ ရှည်စရာလည်းမလိုပါ။
ရိုင်းရင် ပြန်သာရိုင်းပြီး ပိတ်blockပစ်လိုက်။
တခါတလေ ငပြိန်းတွေက ချက်ချင်းကို
တခြားအကောင့်တွေနဲ့ ပြန်အင်ဗိုက်ကြသေးတာ။ တခါတခါ သူတို့ ဘော်ဒါဆိုသူတွေကပါ တစ်ပြုံတစ်မကြီး ၀ိုင်းဗိုက်ပြီး အပြတ်ချဲမယ်လုပ်ကြတာ။
တခြားနာမည်တွေနဲ့ ရိုင်း၂စိုင်း၂ ပြန်ကလဲ့စားချေမယ်ပေါ့လေ။
ဘယ်ရမလဲ။ လက်ကိုမခံတော့ဘူး။ ဇွဲကြီးကြီးနဲ့ မေးလ်ကဆဲတဲ့သူတွေလည်း မမချုလိုပဲ ကြုံဖူးပါတယ်။
ဒါတွေက ဒီလိုပါပဲ။ ယဉ်ကျေးမှုဆိုတာကိုလည်း သူတို့တွေ နားမလည်ကြပါဘူး။ စည်းမရှိကမ်းမရှိ လူမှုရေးမရှိသူတွေကို ပြန်အဖတ်မလုပ်တာကောင်းပါတယ်။ အေးအေးချမ်းချမ်း တိတ်၂ဆိတ်၂နေချင်ရင် invisible သာလုပ်ထားပြီး ဖြစ်နိုင်ရင် ပြန်ကိုမပြောလေနဲ့။ အားပေးတယ်။ စိတ်ထဲရှိတာသာ ပြန်နှက်ပစ်လိုက်။

(မခံမရပ်နိုင်စွာနဲ့ မြှောက်ပေးသွားသည် မမချု့) :P

အင်ကြင်းသန့် said...

မမရေ...အဖြစ်အပျက်တွေ၊ ခံစားချက်တွေက အားလုံးနီးပါးတူနေတာမို့ ခြွင်းချက် မရှိထောက်ခံသွားပါကြောင်း... :))


ခင်မင်စွာဖြင့်
ညီမလေး
အင်ကြင်း

စာခြောက်ရုပ် said...

အေးအေး..ပြောလို့ပြောရဦးမယ်..ငါတို့လဲလက်မခံပဲနဲ့ အလိုလို ဘယ်လိုရောက်ရောက်လာမှန်းမသိတာတွေရှိတယ်နော်..ပိစိညှောက်တောက်တွေနဲ့စကားပြောရတာ အချိုးကိုမပြေဘူး..ငါတော့မပြောဘူး..လာပြီး မြန်မာ့မီးရထားနဲ့မှားပြီး လာလာပြီး မမ မမ လုပ်တဲ့ဟာတွေကရှိသေး..ငါကတော့ လူမို့လို့ အဲဒီဟာတွေကို အဖက်လုပ်ပြီးမပြောဘူး..ဟဲဟဲ..ယောက်ျားရှိလား..အင်း..ကလေးရော သုံးယောက်..အစုံပဲစိတ်ထဲထင်သလိုပြောပလိုက်တယ်..စိတ်ပျက်စရာပါဟယ်...ငါကချတ်ကိုစိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့သုံးတယ်..မောင်နှမတွေနဲ့ချတ်တယ်..အဲလောက်ပဲ သုံးဖြစ်ပါတယ်..ဒါပဲ ဒါပဲ..ပြောချင်တာတွေဝင်ပြောပြီးပြီ..တာ့တာ..

purplemay said...

gtalk status တွေ အမြဲပြောင်းပြောင်းတင်တတ်တာ ၊ cute foto လေးတွေတင်တတ်တာ တူတယ်..း)
တစ်ခါတုန်းကတော့ ခရမ်းရဲ့ call ကို accept မလုပ်လို့ အခေါက်ပေါင်းများစွား accept မလုပ်မချင်း call ဖူးတယ် ....တကယ်အလုပ်များနေလို့နေမှာပေါ့နော်...။
နားလည်သွားပါပြီ....း)

Angel Shaper said...

မကြီးဆုရေ... အကျင့်လေးတွေတူတယ်...
အဲလို အဖြစ်တွေလဲတူတယ် တူတယ်...
ဂလိုအဖြစ်တွေတူလို့ တစ်ခုပဲမြောက်ပေးလိုက်မယ်နော်။
သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ သင်ဆိုးလျှင်ကျွန်ုပ်ဆိုးပြီပေါ့။ ချသာချ...
အားပေးတယ်။