ပန်းခြွေလက်များ မြေစမ်းခရမ်းပျိုးချိန်


ဒီနေ့  ရင်ထဲမှာ တော်တော် မကောင်း ဖြစ်မိတယ် မတွေ့ ရတာ ကြာပြီဖြစ်တဲ့ မောင်ငယ်လေးနဲ့ စကား အကြာကြီး ပြောဖြစ်တဲ့နေ့  တစ်နေ့ လဲ ဖြစ်ခဲ့တယ် ဒီတစ်ပတ်ထဲမှာပဲ မောင်လေးတို့  စက်မူကောလိပ်မှာ နောက်ဆုံးနှစ်ဝက် စာမေးပွဲတွေ ပြီးသွားကြပြီတဲ့ ကျွန်မတို့  ငယ်ငယ်ကဆို ကျောင်းနောက်ဆုံးနေ့ တွေဟာ ဖြေနိုင်သည် ဖြစ်စေ မဖြေနိုင်သည် ဖြစ်စေ ၀န်ထုတ် ၀န်ပိုးကြီးတစ်ခု ပြုတ်ကျသွားပြီ ဆိုပြီး ပျော်ရွှင်စွာနဲ့ ပြီးဆုံးတတ်ကြတာချည်းပါပဲ.

ဒါပေမယ့် တော်တော် ကို ၀မ်းနည်း နာကျင်နေတဲ့ လေသံနဲ့ မောင်လေး ပြန်ပြောတဲ့ သူငယ်ချင်းတွေ အကြောင်းကို ကြားတော့ ကျွန်မ ရင်ထဲ ဘယ်လိုမှ မခံနိုင်လောက်အောင် တော်တော်ကြီး နာနာကျည်းကျည်း ခံစားလိုက်ရတယ် ကျောင်းသားလေးတွေ ကိုယ်စား မိဘတွေ ကိုယ်စား ကျွန်မ ကိုယ်ချင်းစာ စိတ်နဲ့ တော်တော့်ကို ၀မ်းနည်း ကြေကွဲမိပါတယ်

ဒီနှစ် နောက်ဆုံးနှစ်ဝက် စာမေးပွဲမှာ စာမေးပွဲ ခိုးချလို့  စံပြ နမူနာအနေနဲ့ ကျောင်းသား ခြောက်ယောက်ကို ရန်ကုန်မြို့ ပြင် စက်မူကောလိပ်ကျောင်းက ထုတ်ပစ်လိုက်သတဲ့.. ကျောင်းအထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ဘာဆက်လုပ်ကြမလဲဆိုတာ သားမသိဘူး မမကြီးတဲ့ နှစ်နှစ်အနားခံလိုက်ရတဲ့ ကျောင်းသားတွေ အဲ့ဒီ့ အချိန်တွေမှာ သူတို့  ဘာဆက်လုပ်ကြမလဲဆိုတာလဲ မသိဘူးတဲ့ သားသိတာ သား သူငယ်ချင်းတွေ အဲ့လောက် အပြစ်ပေးခံရမယ်မှန်း မသိလို့ သူတို့ လုပ်လိုက်တာတဲ့

စက်မူ ကောလိပ် ကျောင်းသားတစ်ယောက်ကို စာခိုးချတဲ့ အမှုနဲ့ ကျောင်းထုတ်တယ် ဆိုတာ သိပ်ပြင်းထန် လွန်းတယ် သိပ်ကို မတရားရာ ကျတယ် လို့  ကျွန်မ ထင်ပါတယ်( စာခိုးချခြင်း အမှုကို အားပေးချင်တာ လုံးဝ မဟုတ်ပါဘူး) မဖြေခင်ကတည်းက စာမေးပွဲခန်းတွင်း မ၀င်ခင်ကတော့ သတိပေးခဲ့တယ်လို့ သိရပါတယ် နောက်လှည့်ကြည့်ရင် စကားပြောရင် စာခိုးချရင် ပထမအကြိမ် သတိပေးမယ် နောက်တစ်ကြိမ် အဖြေလွှာသိမ်းမယ် နောက်ဆုံးအကြိမ်ကတော့ စာမေးပွဲချမယ် သိပ်လွန်လာရင် ကျောင်းနားမယ်လို့ ပြောခဲ့ပါတယ် ကျွန်မတို့ ကျောင်းတက်စဉ်ကလည်း ဒီလိုပါပဲ ဒါပေမယ့်..အခုလို စာခိုးချတာ မိရုံနဲ့ နောက်လှည့်ကြည့်မိရုံ စကားပြောမိရုံနဲ့ စာမေးပွဲ ဆက်ဖြေခွင့်မပေးပဲ ကျောင်းထုတ်လိုက်တယ်ဆိုတာကတော့ အပြစ်နဲ့ ပြစ်ဒဏ်နဲ့ လုံးဝကို မမျ မတ ဖြစ်လွန်း သိပ်ပြင်းထန်လွန်းပါတယကျောင်းသားတစ်ယောက်ကို စာခိုးချတယ်ဆိုတဲ့ ပြစ်မှုတစ်ခုတည်း နဲ့ နှစ်နှစ်နားတယ်ဆိုတာကလည်း သိပ်ကို ပြင်းထန်လွန်းပါတယ် သိပ်ရက်စက်လွန်းပါတယ်

နှစ်နှစ် ဆိုတဲ့ အချိနှ် အကြာကြီးမှာ ဒီကလေးလေးတွေဟာ ဘယ်သွားပြီး ဘာလုပ်မလဲ သူရဲ့အချိန်တွေကို ဘယ်နေရာမှ ဖြုန်းမလဲ ဘယ်လိုနေရာတွေကို ရောက်သွားနိုင်မလ သူရဲ့ ဘ၀ အနာဂတ် အားလုံးအပေါ် ဒီပြစ်မူ တစ်ခုတည်းနဲ့ ဆုံးဖြတ်လိုက်တယ်ဆိုရင် အဲ့ဒီ့ စီရင်ချက်ဟာ သိပ်မတရားရာ ကျလွန်းပါတယ်.

နောက် ဒီကလေးတွေကို ငယ်စဉ်ကတည်းက သူငယ်တန်းကနေ စက်မူကျောင်း တက်တဲ့အထိ ငွေကြေးအကုန်ကျခံ ပြုစု ပျိုးထောင်လာရတဲ့ မိဘတွေ နေရာက ၀င်ခံစား ပေးစေချင်ပါတယ် မိဘတွေမှာ ကိုယ့်ရင်သွေး အတွက် ဘယ်လောက် ရင်ကျိုးမလဲ ဘယ်လောက် ရင်နာမလဲ အနာဂတ်ပျောက် ဘ၀ပါ ပျက်သွားတဲ့ အထိ လုပ်ရက်တဲ့ ဆရာ ဆရာမတွေကိုလည်း သိပ်အံ့သြမိပါတယ် စက်မူကျောင်းက အထုတ်ခံလိုက်ရတဲ့ ကလေးတွေဟာ မင်နီတားခံလိုက်ရတဲ့အတွက် စက်မူ ကောလိပ်မှာ ဆက်တက်ခွင့်မရှိတော့လို့  အဝေးသင် ပြောင်းတက်ရနိုင်ပါတယ်တဲ့

အခုလို ကျောင်းစာသင်ခန်းတွေမှာ အသက်ကြီးတဲ့ ဆရာ ဆရာမ ကြီးတွေကတော့ တစ်ချို့ ကိတ်စတွေဆို စကားပြောပြီး ဟန့်တား သတဲ့ ဆရာ ဆရာမ လက်သစ် လေးတွေက တစ်ခါတည်း မိတာနဲ့ တန်းပြီး စာရွက်သိမ်း မော်ကွန်းထိန်း ခန်းထဲ တန်း သတင်းပို့ သတဲ့..

ဖြစ်စဉ်တစ်ခုကတော့ စာမေးပွဲ ချိန် ပြီးခါနီး စာတစ်ပုဒ်ကို အမြန်ခိုးချတာကို မိလိုက်တဲ့အခါ ဆရာမက စာရွက်တောင်းတော့ အဲ့ဒီ့ကျောင်းသားလေးက အသာတကြည်ပဲ ပေးလိုက်သတဲ့ နောက် ခုံနံပတ်ပါ ယူပြီး အဖြေစာရွက်ကိုပါ သိမ်းလိုက်တဲ့ အပြင် ကျောင်းသားကို မော်ကွန်းထိန်းခန်းထဲ ခေါ်သွားတယ် ကျောင်းဆင်းချိန် လွန်တဲ့ အထိ ခေါ်ထားပြီး စစ်မေး ပြီး ပြန်လွှတ်လိုက်တယ် နောက်နေ့  ကျောင်းသားလေးက စာမေးပွဲဖြေဖို့  ပြန်လာပါသေးတယ် ပြန်လာတော့ သူ့ အတွက် မေးခွန်းစာရွက် လာမပေးတော့ဘူး သူက ဆရာမကို မေးတော့မှ သူ့ကို ကျောင်းက နှစ်နှစ် ထုတ်လိုက်တယ်ဆိုတာ သိရသတဲ့ စာမေးပွဲဖြေဖို့ ပြန်လာတဲ့ ကလေးတစ်ယောက်ကို ဖြေခွင့်မပေးတော့ ကျောင်းထုတ်လိုက်ပြီဆိုတာ သိတာနဲ့ သူ ငိုလိုက်တာတဲ့ သူ့ အမေကို ဘယ်လိုပြန်ပြောရမလဲ အဲ့နှစ်နှစ်မှာ ဘာလုပ်ရမလဲလို့ ပြောပြီး ငိုသတဲ့..

အဲ့ဒီ့နှစ်နှစ်ဆိုတာဟာ ကျောင်းသားတစ်ယောက်အတွက် ဘ၀ ကောင်းကောင်းပျက်ဖို့  လုံလောက်တဲ့ အချိန်ဖြစ်တယ် တကယ်လို့ သူသာ ပြန်မတည်ဆောက်နိုင်ခဲ့ရင်. ကျောင်းသားတစ်ယောက် ကျောင်းမတက်ရရင် သူဘာလုပ်မလဲ.

နောက် ပြစ်ချက်ရှိလိုက်တဲ့ ကလေး တစ်ယောက်ကို ဘယ်လို ပြန်ပြုပြင်ပျိုးထောင်မယ်လို့  စီမံမူမလုပ်ပဲ တစ်ခါတည်း ကျောင်းက မမြင်ချင်ဘူးလို့  တန်းထုတ်လိုက်တာဟာ သိပ်ကို တရားလက်လွတ် ရက်စက် လွန်းရာ ကျပါတယ် ဘာပြောရမှန်း မသိအောင် ကျောင်းသားအစား ကျောင်းသား မိဘ အစား ရင်နာမိတယ်..ဒါ နမူနာဖြစ်အောင်ပါ တဲ့...

ဒါဆို..အခု လက်ရှိ စက်မူကျောင်းတက်နေတဲ့ ဘမျိုးဘိုးတူလေး တစ်ခုခု အပြစ်လုပ်ရင်ရော အဲ့သလို လုပ်မှာလား ဘလော့ တစ်ခုမှာ ဖတ်မိပါတယ် ချစ်သူကောင်မလေး ဆေးကျောင်းတက်ချိန် ကျောင်းခေါ်ချိန် မပြည့်လို့  စာမေးပွဲဖြေခွင့်မပေးတာကို ဘမျိုး ဘိုးတူလေး ငြိုငြင်မှာစိုးလို့  စာရင်း တစ်ခါ ထုတ်ပြန်ပေးရသတဲ့ ဥပဒေဆိုတာ လက်တစ်လုံးခြားလုပ်နေတာ ကြာပြီ ကျောင်းဝန်းထဲအထိ ၀င်နေဖို့  မကောင်းတာတော့ အမှန်ပါပဲ

စာခိုးချသူကို စာမေးပွဲ ချပစ်လိုက်တဲ့ ပြစ်မူဆိုရင် လက်ခံနိုင်ပါသေးတယ် စာမေးပွဲမှာ စာခိုးချတာ ကျောင်းသား အပြစ်မှန်ပေမယ့် ကျောင်းတွေမှာ ဆရာ ဆရာမတွေဟာ ကျောင်းသားတွေအပေါ် ဘယ်လောက် စာကျေညက်အောင် သင်ပေးနိုင်သလဲ ကျောင်းသားတွေ အပေါ် ဘယ်လောက် အထိ စိတ်ရင်း စေတနာ အမှန်နဲ့ ပြုစုပျိုးထောင်ပေးခဲ့သလဲဆိုတာ ပြန်ဆန်းစစ်ချင်ပါတယ် (အာစရိယစိတ် အပြည့်ရှိတဲ့ ဆရာ ဆရာမတွေကို လုံးဝ မဆိုလိုပါ)

မောင်လေးတို့ အရင် တက်ခဲ့ရတဲ့ မအူပင်စက်မူကောလိပ်မှာဆိုရင်လည်း ကျူရှင်မတက်နိုင်တဲ့ ကျောင်းသားလေးတွေ ဆရာ ဆရာမတွေဆီမှာ ၀ိုင်းမသင်နိုင်တဲ့ ကျောင်းသားတွေ စာမေးပွဲကျတာ အမှတ်မကောင်းတာတွေဟာ သာမာန် ညံဖျင်းမူ စာမလိုက်နိုင်မှု တစ်ခုတည်းကြောင့် မဟုတ်တာတော့ ကျိန်းသေ ပြောရဲပါတယ်

ကောလိပ်ကနေ စက်မူတကသိုလ် အဆင့်ပြောင်းတော့မယ့် အချိန်ကစပြီး မနက် ကိုးနာရီစတက်ကတည်းက ၀င်းဂိတ်တံခါးကို ပိတ်လိုက်တာ ၁၁နာရီကျော်တဲ့အထိ ကျောင်းတွင်း ကန်တင်းတောင် ထွက်ခွင့်မရှိတဲ့ ကျောင်းသားတွေ ရဲ့ အပိတ်လှောင်ခံ ဘ၀တွေအတွက်လဲ တကယ် စိတ်နာမိတယ် မြို့ ပြင်က ကျောင်းဝင်းထဲကို ဖယ်ရီကားတွေနဲ့ပဲ အပို့ အကြို လုပ်ပြီး ကျောင်းထဲ ချထားပေးပြီးတာနဲ့ သွားစရာ လာစရာ ဘာမှ မရှိတဲ့ နေရာတွေမှာ သောင်ပြင်မှာ သွားထားထားတဲ့ စိတ်ဓာတ်တွေကိုလည်း တကယ့်ကို အံသြလို့  မဆုံးဖြစ်ရပါတယ်

ဘာဆက်ပြောရမှန်း မသိအောင်ပါပဲ................ပြုသူ အသစ် ဖြစ်သူ အဟောင်းဆိုပေမယ့် ဆရာဆရာမတွေရဲ့ တာဝန်ကျေလွန်းတာကြောင့် ပျက်သွားရတဲ့ ကျောင်းသားတွေရဲ့ ဘ၀ဟာ ကစားစရာတော့ မဟုတ်တာ အမှန်ပါပဲ

အနာဂတ်ပန်းပွင့်လေးတွေ အမြစ်က လှန်ပြီး အမြစ် အတို အရှည်အလိုက် ရေလောင်းနေတဲ့သူတွေ လက်ထဲ ရောက်နေရတာကို မြင်နေရတယ်လို့  ခံစားမိတယ် အခုပြုလိုက်တဲ့ သူတွေ သူတို့  မိသားစု သူတို့ ရင်သွေးတွေ အလှည့်ကျရင် အခုလို မတရားသဖြင့် အပြစ်နဲ့ မမျ စီရင်ချက်ချတာမျိုး မခံရပါစေနဲ့လို့ ဆုတောင်းပါတယ်...
(သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံး ကန်တော့ပါတယ် )

9 Comments:

ကိုအောင် said...

ကျောင်းသားတွေ အတွက် ယူကြုံးမရ ဖြစ်မိပါတယ်။

Anonymous said...

အင်း ကြားရတာ စိတ်မကောင်းဘူး။
ဒီလိုအချိန်တွေ ဘယ်တော့များမှ ကုန်ပါ့မလဲ

Kaung Kin Ko said...

ဟုတ်ပ။ စာမေးပွဲချရုံ ဆိုတော်ရောပေါ့။ အပြစ်ပေးတာ ပြင်းထန်လွန်းတယ်။

Moe Myint Tane said...

ကြားရတာ စိတ်မကောင်းလိုက်တာ အမရယ်။ ရင်ထဲကို ဆို့သွားတာဘဲ။ ကျောင်းသားမိဘတွေအနေနဲ့ကော သူတို့သားသမီးတွေ အတွက် ဘယ်လောက်ခံစားလိုက်ရမလဲ။ တွေးမိရင် စိတ်မကောင်းဘူးဗျာ။

chanye` said...

မတရားဘူး...လုံးဝမတရားဘူး!!! ဂီးးးးးးးးးး

Unknown said...

စိတ် မ ကောင်း စ ၇ာ ပဲ ဗျာ

Anonymous said...

မဆုမွန်ရေ
ပထမဆုံးလာလည်ခြင်းပါ ဒီလိုဖြစ်ရပ်အတွက် စိတ်မ
ကောင်းမိပါဘူး ဒီဥပဒေကို အမြန်ဆုံးပြန်လည်ပြင်ဆင်
ဖို့ မျှော်လင့်ပါတယ် ဒီဥပဒေကို ပြဌာန်းတာဟာ ၃ နှစ်တာကာလအတွင်း ကျောင်းသားဘယ်နှစ်ယောက် စတေးလိုက်ရလဲ မသိပါဘူးဗျာ..
ကျွန်တော့အထင်ကတော့ ဒီလိုဖြစ်ရပ်တွေဟာ အဲဒီကျောင်းကခေတ္တကျောင်းအုပ်တွေ စာမေးပွဲကို လာကြီးကြပ်တဲ့ ကြီးကြပ်ရေးမှူးတွေ ရာထူးတက်ချင်တာအပြင် စာမေးပွဲ အခန်းစောင့် ဆရာ/ဆရာမတွေ မော်ကွန်းထိန်းနဲ့ ကျောင်းအုပ်ကို မျက်နှာလိုအားရလုပ်ချင်တာတွေ ခလေးတွေကို သားသမီးချင်း ကိုယ်ချင်းမစာ မနာ လုပ်ရက်တာတွေကြောင့် ဖြစ်နေရတာပါ.. အပြင်ကတဲက စစ်ဆိုပေမဲ့ စာဖြေသူရဲ့မတော်ရာနေရာအထိတော့ အခန်းစောင့်တွေအနေနဲ့ စစ်လို့မရဘူးဆိုတာကိုတော့ လက်ခံပါတယ်.. ဒါပေမဲ့ ခလေးက အထဲမှာ ခိုးချဖို့ ကြံစည်နေပြီဆိုရင် အရမ်းသိသာပါတယ်.. အဲဒီခလေးကို သတိပေးတန်ပေး ခြိမ်းခြောက်သင့်ရင် ခြိမ်းခြောက် အဲလိုပဲ လုပ်သင့်ပါတယ်.. အမှားကျူးလွန်တဲ့ ခလေး မနစ်နာနိုင်အောင်.. သူလဲ မသမာနည်း မကျူးလွန်နိုင်အောင် ကြိုတင်ကာကွယ်လို့ရပါရက်နဲ့ မကာကွယ်ပဲ အပြစ်ရှာတဲ့ ဆရာ ဆရာမတွေ ရှိပါသေးတယ်.. တကယ်တော့ အဲလို ဘယ်ဖြစ်သင့်ပါ့မလဲနော်
ကျွန်တော်ကတော့ နည်းပညာကျောင်းဆရာတစ်ဦးပါ
ကျွန်တော်သာ အခန်းစောင့်ရရင် မသမာမှု ဘယ်လိုမှ မပြုနိုင်အောင်ထိန်းသိမ်းပါတယ်.. အကယ်လို့ ခလေးက လုပ်ချင်နေရင်တောင် သူ့နားက တစ်ဖ၀ါးမခွာ စောင့်ကျပ်လိုက်ပါတယ်.. အဲဒါဆို သူလဲ အန္တရာယ်ကင်း ကျွန်တော်တို့လဲ ၀ိနည်းလွတ်ပေါ့.. ဆရာ ဆရာမ တွေ အဲလိုစိတ်မွေးနိုင်ရင် သိပ်ကောင်းမှာပဲဗျာ.. တကယ်တော့ ကျွန်တော်လဲ ဒီဥပဒေကို မနှစ်သက်မိတာ အမှန်ပါ.. သား သမီးချင်း ကိုယ်ချင်းစာသင့်ပါတယ်.. ကိုယ် ရာထူးတက်ချင်တာလေးနဲ့ တစ်ဖက်သား ဒုက္ခရောက်ရမဲ့ အဖြစ်တော့ မဖြစ်စေချင်ပါဘူး.. အခု ကျောင်းအုပ်တော်တော်များများကတော့ ဒီနည်းလမ်းကို ကျင့်သုံးကြတာများပါတယ်ဗျာ..
အရူး ဗုံ မြှောက်တွေကလဲ ရှိနေတာကိုးဗျ...
စိတ်မကောင်းပါဘူးဗျာ..
အစဉ်လေးစား အားပေးနေမဲ့
ဥယျာဉ်မှူး

ဖြိုးဝေတိုး said...

ကျောင်းထုတ်တယ်ဆိုလောက်ထိတော့မဖြစ်သင့်ပါဘူး။
ကျောင်းသား စာမခိုးချသင့်ပါဘူးမှန်ပါတယ်။ အဲဒီအတွက်လဲ အပြစ်ပေးဆပ်သင့်တာမှန်ပါတယ်။
တခြာကျောင်းတွေဘယ်လိုလုပ်လဲတော့မသိပါ။
ကျွန်တော်တို့ကျောင်းမှာတော စာမေးပွဲခန်းရယ်လို့ သတ်သတ်မှတ်မှတ်ရယ်တွေရှိပါတယ်။ အဲဒီစာဖြေခန်းတွေမှာ ခုံနှစ်ဆယ်လောက် သုံးဆယ်လောက် သက်သက်နေရာရှိပါတယ်။ စာခိုးချတယ်လို့ သိလိုက်ရင် အဲဒီကျောင်းသားကို အဲဒီကိုထုတ်ပြီး ဖြေခိုင်းတယ်လေ။ တော်ရုံနဲ့ထပ်ပြီးမခိုးနိုင်တော့ဘူးပေါ့။ အဲဒါမှ ထပ်ခို့လို့မိရင်တော့ ဖြေတဲ့စာမေးပွဲကို ရောက်ရာနေရာကနေသိမ်းပါတယ်။ ကျွန်တော်ကျောင်းရဲ့လုပ်ပုံလုပ်နည်းကိုပြောတာပါ။ ထုတ်ခံရတော့နဲနဲတော့ ရှက်မှာပေါ့။ ဒါပေမယ့်လုပ်ခဲ့တဲ့အမှားကို နောင်ကြဉ်အောင် သဘောနဲ့ပါ။ ကျွန်တော်ကတော့အဲဒီပုံစံလေးကို ကြိုက်ပါတယ်။ အခုကိစ္စကတော့ မဖြစ်သင့်ဘူးလေ။ လူပဲအမှားတော့ရှိမှာပဲ။ အမှာမဖြစ်အောင်ထိန်းရမှာပေါ့။ အလွန်ဆုံးမှ အဲဒီဘာသာရပ်ကို အကျပေးတဲ့အထိပဲ ဖြစ်သင့်တယ်လေ။ နောက်ပြီး အဲဒီ ကျောင်းသားတွေ အတွက်စဉ်းစာပေးသင့်တယ်လေ။ ကျောင်းသားအရွယ် နှစ်နှစ်အနားခံရပြီးဘာလုပ်မလဲ။ လေရုံပဲပေါ့။ စာတတ်စေချင်လို့သင်ပေးတာလား။ စာတတ်စေချင်ရင်တော့ ကျောင်းနားရတဲ့ ကျောင်းသားတွေ ပြန်လည် ကျောင်းတက်ခွင့်ရတဲ့အချိန်ကျရင် သူတို့ပြန်တက်ဖို့အတွက် စိတ်လေမှာဆိုတဲ့အချက်ကို ထည့်သွင်းသင့်တယ်လေ။
နောက်ပြီးမိဘအသိုင်းအဝိုင်း ဆင်းရဲတဲ့အသိုင်းအဝိုင်းဆိုရင်တော့ ကျိန်းသေတယ် ကျောင်းကိုပြန်ရောက်မှာမဟုတ်တော့ဘူး။
ထက်ပြောရင်လဲဒီလူတွေကို ဒေါကန်စရာပဲရှိတယ်လေ။

ဒါနဲ့ကျွန်တော်ဆရာတော့မဟုတ်ပါဘူး။ ပထမနှစ်ကျောင်းသားပါပဲ။ ကျောင်းဝင်ခွင့်ကို လာဖြေတဲ့ ဖောင်ဒေရှင်းတန်းကို အသစ်ဝင်မယ့် ကျောင်းသားစာမေးပွဲလေးတွေတော့ စောင့်ဖူးတယ်လေ။ အတွေအကြုံရချင်တဲ့ သူတွေအတွက် ကျောင်းကစီစဉ်ပေးတာပါ။ သူတို့တွေအစား နားလည်ပေးနိုင်ပါတယ်။ ပြုတ်ရင် petronas စကော်လာဆုံးမှာလေ။ ကိုဥယျာဉ်းမှုးပြောသလိုပါပဲ
ဲ"မသမာမှု ဘယ်လိုမှ မပြုနိုင်အောင်ထိန်းသိမ်းပါတယ်.. အကယ်လို့ သူက လုပ်ချင်နေရင်တောင် သူ့နားက တစ်ဖ၀ါးမခွာ စောင့်ကျပ်လိုက်ပါတယ်.. အဲဒါဆို သူလဲ အန္တရာယ်ကင်း ကျွန်တော်တို့လဲ ၀ိနည်းလွတ်ပေါ့.. "
အဲဒီလိုပေါ့ဗျာ။ သဘောသဘောလေးတွေကို စောင်တဲ့သူတွေလည်းနာလည်သင့်ပါတယ်။
ခင်မင်လျှက်
ဖြိုးဝေတိုး(Universiti Teknologi Petronas)

Anonymous said...

လုပ်သင့်ပါတယ် ..ခိုးချတယ်ဆိုတာကြီးက မြန်မာကျောင်းသားတွေအကြားမှာ တော်တော်ကိုအရိုးစွဲနေပါပြီ.. အစပိုင်းမှာ ဒီလိုပြင်းပြင်းထန်ထန်လုပ်မှ သူတို့နောင်ကြဉ်မှာပါ.. အခန်းစောင့်ဆရာမ တစ်ယောက်ဟာ ရာထူးတက်ချင်လို့ မျက်နှာရချင်လို့ဆိုတဲ့စိတ်နဲ့တော့ ခိုးချနေတဲ့သူကို မဖမ်းပါဘူး.. ခိုးချတဲ့ ကျောင်းသားတစ်ယောက်ကို ဖမ်းပြီးအထက်ကိုတင်ရတာ ဘယ်လောက်အလုပ်ရှုပ်သလဲဆိုတာ ဆရာလုပ်ဖူးတဲ့သူတိုင်း သိပါလိမ့်မယ်.. ဆရာတစ်ယောက်အတွက် စာသင်နှစ်တစ်နှစ်မှာ အကြိမ်ကြိမ်အခါခါ စာမေးပွဲစောင့်ရတာဟာ တော်တော်လေးကို ပင်ပန်းနေပါပြီ.. ဘယ်ဆရာမှ သူများသားသမီးကို နစ်နာစေလိုတဲ့စိတ်နဲ့ မလုပ်ပါဘူး.. အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက မထီမဲ့မြင်ပြုတတ်သော ကျောင်းသားများ 96 နောက်ပိုင်းမှာတော်တော်လေးကို ပေါ်ထွက်လာပါတယ် .. ဒီစာမေးပွဲကို ဆက်မဖြေခိုင်းရင် နောက်စာမေးပွဲမှာရော သူခိုးမချဘူးလို့ ဘယ်သူပြောရဲလဲ.. 2 နှစ်နားခိုင်းလိုက်တာဟာ နဲနဲများပေမဲ့ ဒါဟာစံပြနေနဲ့လုပ်တာဆိုတော့ ဖြစ်သင့်ပါတယ်..