မူလ အစ ပထမများ(၂)


ဆန္ဒနဲ့ ဘဝ
ကျွန်မ ငယ်ငယ်တုန်း ကတည်းက ဆရာမ သိပ်ဖြစ်ချင် ခဲ့ပါတယ် ဆရာမ တောင်မှ ရိုးရိုး ဆရာမမဟုတ်ပါဘူး ပ၀ါနှစ်စ အသာချပြီး တက္ကသိုလ်ဆရာမဖြစ်ပါစေလို့  ကလေးဘ၀ အော်တို စာအုပ်လေးတွေမှာ သူငယ်ချင်းတွေ က အဲ့သလို လေးတွေ ရေးပေးခဲ့ရင် သိပ်ပျော်ခဲ့တာပါ တက္ကသိုလ် ကျောင်းစတက်ခါစ အချိန်မှာ ကျွန်မရဲ့ ရည်ရွယ်ချက်က ဒုတိယနှစ်မှာ ဂုဏ်ထူးတန်း ၀င်အောင် ကြိုးစားမယ် နောက်ဆုံးနှစ်မှာ မဟာတန်းတက်မယ် နောက် တက္ကသိုလ်က ဆရာမဖြစ်အောင် လုပ်မယ်ဆိုပြီး စိတ်ကူးယဉ် ထားခဲ့တာပါပဲ

ကျွန်မတို့  မိသားစုထဲမှာ ကျွန်မက ပထမဆုံး ဆယ်တန်းကို ကအဆင့်နဲ့ အောင်ခဲ့ပြီး ပထမဆုံး တက္ကသိုလ် တက်ခွင့် ရတဲ့သူပါ အဖေနဲ့အမေက တက္ကသိုလ် ကျောင်းသူကြီး ကျွန်မကို ကြည့်ပြီး စိတ်ကူးတွေယဉ် ကျွန်မကလဲ ကျွန်မ စိတ်ကူးနဲ့ ကျွန်မ ပျော်ပေါ့ ပထမဆုံး တက္ကသိုလ် တက်ခါစ အချိန်တွေဟာ တကယ့်ကို ရွှေရောင် လွှမ်းခဲ့တဲ့ နေ့တွေပါပဲ ကျောင်းဖွင့်စ အပျော်ဆုံးအချိန်တွေ ဖြစ်တဲ့ မောင်မယ် သစ်လွင် ကြိုဆိုပွဲ တွေမှာ မမြင်ဘူး မသိဘူးတဲ့ သူငယ်ချင်းတွေ အများကြီးကို တပြိုင်တည်း ဆုံခွင့် ခင်ခွင့် ရခဲ့တယ် လက်ချာချိန် တစ်ချိန်ပြီး တစ်ချိန် တက် ကျူတိုရီယယ်လ် ချိန်တွေမှာ အပတ် တကုတ်နဲ့ ကြိုးစား လက်တွေ့ချိန် တွေမှာ အမှတ် များများ ရအောင် လုပ် ကျွန်မ တွေးထားတာ တက္ကသိုလ် ကျောင်းသူဘ၀ ဆိုတာ ဒီအတိုင်းပဲ ပြီးဆုံး ခဲ့မယ် လို့ လေ ကျွန်မ တွေးခဲ့တဲ့ အနာဂတ်က အဲ့ဒီ့တုန်းက တကယ့်ကို နီးနီးလေး လက်တကမ်းမှာပါပဲ..

ဒါပေမယ့် ၁၉၉၆ နှစ်ကုန်ပိုင်း အချိန်တွေမှာ (ကျွန်မ မှတ်မိသလောက်ပေါ့) လှည်းတန်းက အဝေးပြေး ကားဂိတ် ထဲမှာ စည်ပင်ရဲနဲ့ စက်မူ ကျောင်းသားတွေ ရန်ဖြစ်ပြီး စည်ပင်ရဲကို အရေးယူတာ နှစ်နည်းတာလား မသိ ကျောင်းသား တွေ ဆန္ဒပြ ကြတယ်လို့  ဝေးလံ ခေါင်ပါးလွန်းတဲ့ ဒဂုံတက္ကသိုလ်ကို သတင်းစကားတွေ အဆက်မပြတ် ရောက်တယ် နောက် ဒဂုံတက္ကသိုလ် ဥပဒေကျောင်းသားတွေ အနက်ရောင်ဝတ် ဆနပြကြတယ် စာတွေ ကပ်တယ် လူပ်စိ လူပ်စိ ဖြစ်လာတဲ့အချိန်ပေါ့ အဲ့ဒီ့အချိန်မှာ ကျွန်မတို့ ပထမနှစ် ကျောင်းသား လေးတွေက ဘာတွေဖြစ်မှန်းမသိ စူးစမ်းနေဆဲပဲ ရှိပါသေးတယ်

အဲ့ဒီ့နေ့ က ၁၉၉၆ခုနှစ် ဒီဇင်ဘာလ ကိုးရက်နေ့ မှတ်မိသေးတယ် ဒဂုံကျောင်း ဖယ်ရီကားတစ်ချို့ စုရပ်ကို ရောက် မလာခဲ့ဘူး တစ်ချို့ ကားတွေ ကတော့ ဖြတ်သွားတာတွေ့တယ် ဘာပဲဖြစ်ဖြစ် ကျောင်းကို ရောက်အောင် သွားမယ် ဆိုပြီး ချီတက် သွားခဲ့ကြတယ် ကျောင်းဝင်း မိန်းတံခါးကြီးကို ပိတ်ထားတာ တွေ့ တယ် အဲ့ဒီ့ရှေ့ မှာ ကျောင်းသားတွေ စုဝေးပြီး ထိုင်နေကြတယ် မျက်နှာဖုံး စွပ်ထားတဲ့ ကျောင်းသား အစ်ကိုကြီးတွေက လက်သီး လက်မောင်းတန်းပြီး စကားတွေ ပြောနေတယ် အော်သံတွေ ဆူညံနေတဲ့ အတွက် ဘာတွေပြောမှန်း မသိခဲ့ဘူး လွယ်အိတ်လေးပိုက်ပြီး ငုတ်တုတ်လေး ထိုင်နေမိတယ် ဒါပေမယ့် အရှေ့ ကနေ တိုင်ပြီး အော်လိုက်တဲ့ အချိန်မှာ တော့ ကျွန်မလဲ အလိုလို သွေးဆူလာပြီး လက်သီးသေးသေးလေး ဆုတ်ပြီး လိုက်အော်မိတယ် (တို့ အရေး တို့ အရေး တို့ အရေး)

(ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးရေး တို့အရေး )ဆိုတဲ့ အပိုဒ်ရောက်တော့ ကျွန်မကို သူငယ်ချင်း တရုတ်ကြီး ဂုဏ်ထူးတန်းကျောင်းသားက စပ်ဖြဲဖြဲမျက်နှာနဲ့ ကျွန်မကို နားနားကပ်မေးတယ် နင် ကျောင်း တကယ် ပြန် ဖွင့်စေချင် လားတဲ့ ဟင့်အင်းလို့  ခပ်ကျယ်ကျယ် အော်ပြောလိုက်ရင်း အားရပါးရ ရယ်ဖြစ်ကြတယ် တကယ့်ကို ဆနပြ ရတာ ပျော်စရာကြီးလို ဖြစ်ခဲ့တယ် နောက် ကျောင်းဝကနေ ဒဂုံမြောက်ပိုင်းက ခွန်ရှစ်လမ်းဆုံ အထိ ချီတက် လမ်းလျောက် ဆနပြကြတယ် လမ်းတလျောက်မှာ ကျွန်မတို့ ပါမောက္ခချူပ် ဆရာကြီး ဦးကောင်းညွန့် နောက်ကနေ တကောက်ကောက် လိုက်ပြီး ကျောင်းသားတွေ ရှေ့မဆက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ် ဒါပေမယ့် ကျောင်းသား တွေက လုံးဝမနားပဲ လမ်းဆက်လျောက်ကြတယ် လမ်းတလျောက် လူတွေက လက်ခုတ်တွေ တီး ရေတွေ တိုက် မုန့် တွေ ကျွေးတာ (လက်ကုန်ပဲ)

တစ်လမ်းလုံး ကြွေးကြော်သံတွေ အော်ကြ ဟစ်ကြနဲ့ လက်သီးလက်မောင်းတွေတန်း လမ်းလျောက်ကြတာပေါ့ နောက် မ၀တ လမ်းဆုံအထိ နောက် ဘေလီတံတားအထိ လမ်းလျောက် ကြပြန်တယ် နေပူပူ ပြင်းပြင်းကြီး အောက်မှာ ကျောင်းသားတွေ တန်းစီပြီး လမ်းလျောက် ဆနပြကြတာ တကယ့်ကို ပျော်စရာကြီးပဲ ဘေးမှာ ကျောင်းသား အကြီးတွေက ပလက်စတစ်ကြိုးစတွေ ကာရံပြီး လက်ချင်းတွဲ လျောက်ကြတယ်

တောင်ဥက္ကလာဘက်သွားတဲ့ ဘေလီတံတားကို သံဆူးကြိုးတွေနဲ့ ပိတ်ထားလိုက်ပါပြီ ကျောင်းသားတွေ အကုန် ငုတ်တုတ် လေးတွေ ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြ ကြမယ်တဲ့ အဲ့မှာ အကြာကြီး ဘာတွေမှန်းမသိ ရန်တွေဖြစ်ကြ စကား တွေ များကြနဲ့ နောက်ဆုံး ကျောင်းကားတွေ ပြန်တက် ပြန်တက်ဆိုပြီး တစ်ချို့က အဲ့ဒီ့ ဘေလီ တံတားနား မှာပဲ နေခဲ့ကြတယ် တစ်ချို့ကတော့ ကျောင်းကားတွေပေါ် တက်လိုက်သွားကြတယ် ကျွန်မတို့ ပါ အပါအ၀င်ပေါ့ ကျွန်မ ဘေးနားမှာ ဦးမြင့်သိန်း(NLD ကျိုက်မရောအမတ် ကွယ်လွန်) သမီး ကျွန်မ သူငယ်ချင်း ယုဇနလဲပါတယ်

ကျွန်မတို့ တွေ ကားတွေစီး တောင်မြောက်လမ်းဆုံကို ဖြတ်ပြီး သင်္ဃန်းကျွန်း တံတားကို ဖြတ်ဖို့ ကြိုးစား ကြပြန်တယ် အဲ့ဒီ့မှာ သေနတ် ကိုင်ထားတဲ့ စစ်သားတွေကို စတွေ့တာပဲ ကျွန်မစိတ်ထဲ ကြောက်တာထင်တယ် သူတို့ကို မြင်တာ ဗိုက်တောင် နာချင်သလိုလို တောင် ဖြစ်သွားတယ် အဲ့ဒီ့မှာလဲ နေပူကြီးထဲမှာ ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြ ကြပြန်တယ် ဘေးမှာလဲ လူတွေက ၀ိုင်းအုံပြီး ကျွန်မတို့ကို ရပ်ကြည့်နေကြတယ် ကျွန်မတို့ လဲ တစ်မြို့လုံး လှည့်ပတ် နေရလို့  တော်တော်မောနေကြပြီ (ဒဂုံကျောင်းသားတွေ ဆန္ဒပြတာ လမ်းလျောက် တာလည်း ပါတယ် ကျောင်းကားတွေနဲ့မြို့ကို လှည့်တာလဲ ပါတယ် တပြိုင်တည်းမှာ အဲ့ဒီ့နေ့က ကြည့်မြင်တိုင် ကောလိပ်မှာလဲ ဆန္ဒပြကြတယ်)

နောက်ဆုံးတော့ ကျွန်မတို့  ဆီက ကျောင်းသားကြီးတွေနဲ့ ညှိနိုင်းကြပြီး မြောက်ဥက္ကလာပဘက်က တံတားကို ဖွင့်ပေးမယ် ပြောလိုက်တယ် ကျွန်မတို့တွေ လဲ ကျောင်းဖယ်ရီကားတွေ ပေါ် ပြေးတက်ကြပြီး လိုက်သွားတယ် လမ်းကြောင်း ရှင်းပေးတဲ့ ကားတောင် ပါသေးတယ် အဲ့မှာ လမ်းပေါ်မှာတင် အချင်းချင်း စကားများကြသေးတယ် မြောက်ဥက္ကလာပဘက်ကို ထွက်ပေါက်ပေးတာ မရိုးသားဘူးပေါ့ ဘာလုပ်ချင်တာလည်း မသိဘူးပေါ့

(စကားချပ် - ကျောင်းသား အများဆုံးဖြစ်တဲ့ ဒဂုံတက္ကသိုလ် တည်ရှိရာ နေရာဟာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းမှာ ဖြစ်ပြီး ဒဂုံမြို့သစ် မြို့နယ်ကို လေးပိုင်းပိုင်းထားပါတယ် ငမိုးရိပ်ချောင်းက မြို့ပတ် ပတ်လည် စီးဆင်းနေပြီး တောင်ဥက္ကာ မြောက်ဥက္ကလာ သင်္ဃန်းကျွန်း မြို့နယ်တွေနဲ့ ဆက်သွယ်ပေးထားတဲ့ တံတား သုံးစင်းကို ဖြတ်လာမှ ရောက်နိုင်ပါတယ် ဒဂုံတက္ကသိုလ် ကျောင်းသားတွေကို ပြင်ပလောကနဲ့ အလွယ်တကူ ဆက်သွယ် လို့ မရအောင် လူပ်ရှားမူ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် အလွယ်တကူ ထွက်လို့မရအောင် စနစ်တကျ လုပ်ထားတဲ့ သဘောပါ)

အဲ့ဒီ့ မြောက်ဥက္ကလာပ တံတားနားမှာက တောင်မြောက်လမ်းဆုံ အနီး သင်္ဃန်းကျွန်းတံတားလို တောင်ဥက္ကလာ တံတားလို အနီးမှာ လူနေရပ်ကွက်တွေ မရှိဘူး ဘေးမှာ ငမိုးရိပ်ချောင်းနဲ့ လယ်ကွင်းတွေ ဘုန်းကြီးကျောင်း တွေပဲ ရှိပါတယ် နောက်တစ်ခါ မြောက်ဥက္ကလာပ တံတားရောက်တော့လည်း တစ်ခါ လက်နတ်ကိုင်ထားတဲ့ စစ်သားတွေ လမ်းအပြည့် ပိတ်ထားပြန်တယ် ကျွန်မတို့ တွေ တော်တော်ကို မောနေကြပါပြီ

အဲ့မှာ ကျွန်မတို့ ဆီက ကျောင်းသားအစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေနဲ့ လက်ကိုင်စကားပြောစက်ကိုင်ထားတဲ့ လူတွေနဲ့ စကားများကြသေးတယ် စစ်သားတွေကတော့ မတုန်မလူပ် ကျောက်ဆစ်ရုပ်တွေပဲ နောက် မိုးချူပ်စ ပြုလာတော့ မမှောင်ခင် ပြန်ထွက်ကြမယ်ဆိုပြီး ကျောင်းကားတွေကို နောက်ပြန် လှည့်ဆုတ် သွားကြတာမှာ.. တံတားဖြူမှတ်တိုင် (၄၈ ရပ်ကွက် အစပ်)မှာ စကားပြောစက်ကိုင်ပြီး လိုက်လာတဲ့ ဆိုင်ကယ်နဲ့ အရပ်ဝတ် ထောက်လှမ်းရေး နှစ်ယောက်ကို ကျောင်းကားတစ်စီးပေါ်က ကျောင်းသားတွေ ခုန်ချပြီး တုတ်တွေနဲ့ လိုက်ရိုက်တာ သူတို့ ကလဲ ဆိုင်ကယ်ကို ချပြီး ဆိုင်ကယ် ထက် လူက မြန်တယ် ထင်လို့ လား မသိဘူး ပြေးကြတာ တန်းနေတာပဲ

ကျွန်မတို့ ကားပေါ်ကနေ ရင်တမမနဲ့ ကြည့်နေကြတာပေါ့ ကျောင်းသား အချင်းချင်း ပြန်ဆွဲခေါ်တဲ့လူက ပြန်ဆွဲခေါ် လာပြီး ကျောင်းကားတွေ ပြန်ထွက်စ ပြု လာတဲ့အချိန်မှာပဲ နောက်ကနေ ကျားကျားဆိုပြီး သေနတ်တွေ ကိုင်ပြီး ကျား ထိုးတက်လာတဲ့ အစိမ်းရောင်လိုင်းလုံးကြိး လိမ့်လာတာ မြင်လိုက်ရတယ် ကျောင်းကားတွေ ပေါ်ကနေ အကုန်လုံး ဆင်းပြေးကြတာ အပေါက်ဝမှာတင် တစ်နေကြလို့ အပေါ်က တစ်ယောက်က ဖိတွန်းလိုက်တာ အကုန်လုံး အောက်ကို ၀ရုန်းသုံးကား ပြုတ်ကျ သွားကုန်ပါရော.

နောက် လမ်းမထက်မှာ ကျွန်မ ငေါင်စီစီဖြစ်နေတုန်းပဲ ဘာလုပ်ရမှန်းလည်း မသိဘူး ကြောက်စိတ်တွေနဲ့ ခြေထောက် ကလဲ မလို့ မရဘူး ကျွန်မ မျက်စိရှေ့တင် ဖားလေးတွေကို ရိုက်သလို ကျောကို ခေါင်းကို ပုခုံးကို နံပတ်တုတ်တွေနဲ့ ရိုက်နေတာများ တဖောင်းဖောင်းနဲ့နေတာပါပဲ ကြောင်တက်တက် ဖြစ်နေတဲ့ ကျွန်မကို လက်မောင်းကနေဆွဲပြီး ညီမလေး ပြေးလေ ပြေးလို့ အော်အော် တွန်းတွန်း နဲ့ ဆွဲခေါ် သွားတော့မှ ပြေးမိတယ်

လမ်းပေါ်မှာလည်း တစ်ယောက်မှ မရှိတော့ဘူး ဘယ်ပြေးရမှန်း မသိတဲ့အချိန် အိမ်တစ်အိမ်က တံခါးတစ်ချပ် ဟလာပြီး သမီး လာလာတဲ့ ကျွန်မလဲ အပြေးအလွှားဝင်လိုက်တယ် အသံမထွက်နဲ့နော် ငြိမ်ငြိမ်နေတဲ့ အခန်းထဲကို တွန်းပို့ခံလိုက်ရလို့ မျက်စိအစုံကို မှိတ်ပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေတယ် မနည်း အသက် ပြန်ရှုရတယ် နောက်မှ ငိုသံ တအိအိကြားလို့  လှည့်ကြည့်လိုက်မှ (လားလား တပြုံကြီးပဲ) အဲ့ မီးဖိုချောင်ခန်း လေးထဲမှာ ပုန်းနေကြတာကိုး ကျွန်မ စိတ်အထင် ကျောင်းသား အယောက် ၂၀လောက်ရှိမယ် ကျွန်မ အရမ်း အားရှိသွားတယ် ဖြစ်ချင်တော့ ပြေးတုန်းက လူချင်းကွဲသွားတဲ့ ကျွန်မ သူငယ်ချင်း ယုဇနကိုလည်း ပြန်တွေ့ တယ် အဲ့ဒီ့ အိမ်ဝကို စစ်သားတွေ လာမေးသံကြားရတယ် စကားသံတွေ တီးတိုး ကြားနေရတယ် ကျွန်မတို့ လည်း ဇာတ်လေးတွေ ပုပြီး ငြိမ်နေကြတယ်

ရင်ခုန်သံတွေ ကတော့ တဒိန်းဒိန်းပေါ့ တူတူပုန်းတမ်း ကစားနေရသလိုပဲ နောက် နည်းနည်းကြာသွားတော့ အဲ့ဒီ့အိမ်က ဆောက်လက်စ အိမ်ပဲ အိမ်ရှင်အဖိုးကြီးက ၀န်ထမ်းဖြစ်ပုံရတယ် မျက်နှာက ပြုံးပြုံးကြီးနဲ့ အခန်းဝ ကနေ ကျွန်မတို့ ကို မြေပဲလှော် ထုတ်လေးတွေနဲ့ ဌက်ပျောသီးဖီးလေးတွ လာချပေးတယ် ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ အကုန်ပြောင်ရောပဲ ကျွန်မတို့ အထဲက ကျောင်းသားကြီးတစ်ယောက်က အဲ့ဒီ့အိမ်က လက်သမား အစ်ကိုကြီး အကျီစုတ်လေး ၀တ်ပြီး အပြင်ထွက် စနည်းနာတယ် နောက်သူပြန်လာတော့ မျက်နာ မကောင်းဘူး အပြင်မှာ မလွတ်တဲ့ ကျောင်းသားတွေကို အကုန်ရိုက်ပြီး ဆွဲတင်ဖမ်းခေါ်သွားပြီတဲ့ ဒီည ဧည့်စာရင်း စစ်မယ်လို့  ကြားခဲ့တယ်တဲ့ ဒီနေရာက အမြန်ဆုံး ခွာကြရမယ်တဲ့

ကျွန်မတို့တွေ မြို့ပတ်နေတုန်းက လိုင်းကားတွေ အကုန် လမ်းပိတ်လိုက်တာလေ အခု လိုင်းကားတွေ ပြန်ဖွင့် လိုက်ပြီ အဲ့တာလူတွေကြားထဲ နေပြီး အမြန်ဆုံး ထွက်ကြမယ်တဲ့ ကျွန်မတို့ တွေလည်း မျက်စိ သူငယ်လေး တွေနဲ့ ပေါ့ အဲ့ဒီ့အစ်ကိုကြိးက တကယ့်ကို ခေါင်းဆောင် ပီသတယ် မိန်းကလေး ယောက်ကျားလေး အစုလိုက် လူစုခွဲပြီး အပြင်ထွက်ဖို့  စီစဉ်ပေးတယ် တောင်ကြည့်မြောက်ကြည့်နဲ့ ကတုန်ကယင် ခြေလှမ်းတွေနဲ့ ဘစ်စကား ဂိတ်ကို ထွက်လာကြတယ် လူတွေရဲ့ မျက်လုံးတွေက ကြောက်စရာ ကိုယ့်ကိုပဲ ကြည့်နေ သလိုလို ကားပေါ် တက်တော့ ကားပေါ်မှာ လူတွေက ခုဏက အဖြစ်အပျက်ကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဝေဖန် နေကြ တယ်

စပယ်ယာ အနား ရောက်လာပြီး ပိုက်ဆံ တောင်းတော့ လက်ထဲမှာ တစ်ပြားမှ မရှိတာ သတိရတယ် သူ့ကို ခပ်တည်တည် စိုက်ကြည့် လိုက်တော့ ကျွန်မတို့ပုံကို သူသဘောပေါက်သွားပုံပဲ သူက တိုးတိုးကပ်ပြောတယ် သံဃာတော်ခုံနား သွားရပ်နေတဲ့. ကျွန်မတို့ လည်း တထိတ်ထိတ်နဲ့ လိုက်လာလိုက်တာ မြောက်ဥက္ကလာ တံတား အဆင်းမှာ စစ်သေးတယ် လူတွေက ပိတ်ကျပ်နေတော့ သူတို့ အတွင်းထဲ အထိ လိုက်မကြည့်နိုင်ဘူး နောက် ကားပေါ်ကနေ ကျွန်မတို့  ဘယ်ဆင်းသွားရမှန်း မသိဖြစ်နေတယ်

မိုးကလဲ တော်တော်ကို ချူပ်နေပြီလေ နောက်မှ ဆုံးဖြတ်ပြီး ကမ္ဘာအေး ဘုရားကို ချီတက်ကြဖို့  ဆုံးဖြတ် လိုက်တယ် အဲ့အချိန်တုန်းက တရုတ်ပြည်ကနေ စွယ်တော် ကြွနေတဲ့အချိန် လူတွေဆိုတာ အုံခဲနေတာပဲ စစ်မယ့် ဆေးမယ့်သူလည်း မရှိဘူး စွယ်တော်ထဲ မ၀င်ရင် ပြောပါတယ် (ဒီဇင်ဘာ ၂၅မှာ ဗုန်းပေါက်ခဲ့တယ် အဲ့မတိုင်ခင် အချိန် ကိုးရက်နေ့ပါ) အပြင်မှာ ညအိပ်လို့ လည်း ရတယ်လေ..နောက်နေ့ တာမွေ လမ်းဆုံ ဒါမှမဟုတ် လှည်းတန်း လမ်းဆုံ ဆုံရပ်မှာ ပြန်ဆုံကြမယ်လို့ ချိန်းထားခဲ့တယ်..

နောက်နေ့ကတော့ သိတဲ့အတိုင်းပါပဲ လှည်းတန်း လမ်းဆုံမှာ ဆန္ဒပြ ရောက်ရှိနေတဲ့ သူတွေကို ကမ္ဘာပေါ်မှာ လူစုခွဲနည်းထဲက အညင်သာဆုံး နည်းလမ်းဖြေရှင်းခဲ့တယ် အိမ်တွေထဲတောင် မရှောင် နံပတ်တုတ်လေးတွေနဲ့ လိုက်ရိုက် မီးသတ်ပိုက်လေးတွေနဲ့ထိုး အားလုံး စုတ်ပြတ်သတ် လူရုပ်မပေါ်အောင် အနာတရ ဗလပွနဲ့ မသေရုံတမယ် ဖြစ်အောင် အနူးညံ့ဆုံး နည်းပေါင်းစုံသုံး ရိုက်နှက်သတ်ဖြတ် ပြီး လူစုခွဲလိုက်ပါတယ်..

(အဲ့ဒီ့တုန်းက ဗိုလ်ခင်ညွန့်က ပြောခဲ့တယ် တရုတ်မှာဆို တင့်ကားနဲ့တောင် တက်ကြိတ်တာ ကျွန်တော်တို့ အညင်သာဆုံး တက္ကသိုလ်ကျောင်းသားတွေကို လူစုခွဲခဲ့ပါတယ်တဲ့ ပြောခဲ့တဲ့ သူမျက်နာ တည့်တည့်ကို ပြင်းအားကြီးလွန်းတဲ့ မီးသတ်ပိုက်နဲ့ ထိုး စမ်းကြည့်ချင်တာ တစ်ခုပါပဲ)

ပြေးကြ လွှားကြရင်းနဲ့ နောက်ရက်တွေမှာ အပြင်မှာ ဘယ်လိုမှ နေလို့မရတော့တာနဲ့ အမေ့အိမ်ကို ဒယီး ဒယိုင်နဲ့ ပြန်လာခဲ့တယ် ဆံပင်စုတ်ဖွား ကြောင်ချီးရုပ်နဲ့ ကျွန်မကို လမ်းထဲက ခွေးတွေတောင် မမှတ်မိလို့ ဟောင်လိုက်ကြတာ သရဲ ၀င်လာတဲ့ အတိုင်းပဲ အူလိုက် ဟောင်လိုက်ကြတာများ စီစီကို ညံလို့ အဖေက အဲ့ဒီ့ ကတည်းက အိမ်ထဲက အိမ်ပြင် လုံးဝကို ပြေးမထွက်တော့ပါဘူး

ပထမနှစ်မှာပဲ တက္ကသိုလ် ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်သွားခဲ့ပါတယ် တက္ကသိုလ် စတက်တဲ့ အချိန်တုန်း က စိတ်ကူးယဉ်ခဲ့တဲ့ ကျွန်မ ဘ၀ အနာဂတ်တွေ အားလုံးဟာ ပြောင်းပြန်လှန်ကုန်တော့တာပါပဲ ၁၉၉၆ကနေ ၂၀၀၀ပြည့်နှစ်အထိ လေးနှစ်တိတိ ပိတ်ခဲ့တဲ့ ကျောင်းပိတ်ရက်တွေဟာ ကျောင်းသား တစ်ယောက်ရဲ့ ဘ၀တွေ အခြေအနေတွေကို ကောင်းကောင်းကြီး ပြောင်းလဲပစ်နိုင်ပါတယ်

ယောင်ခြောက်ဆယ် ဝေလေလေဖြစ်နေတဲ့ ကျွန်မ လမ်းထွက်ပြီး သူငယ်ချင်းတွေနဲ့ ကျွန်မ စိတ်ဝင်စားစ ပြုလာတဲ့ နိုင်ငံရေးနဲ့ ပညာရေး ဆက်စပ်မူ နိုင်ငံရေးနဲ့ စီးပွားရေး စသဖြင့် စသဖြင့် စပ်စု စူးစမ်းလိုစိတ်တွေ ပြင်းပြ လာတဲ့အခါ ရေဒီယို ဂေါ်ဂေါ်ဂွီဂွီကို မရရအောင် အသံဖမ်းပြီး မျက်မှောင်ကျုံ့ အံကို တင်းတင်းကြိတ်ပြီး ကျွန်မ နားထောင် လာတာတွေကို တွေ့လာတဲ့ အဖေဟာ အမေနဲ့ တိုင်ပင်ပြီး ကျွန်မကို လုပ်ငန်းခွင်တွင်း သွတ်သွင်းဖို့  ကြိုးစား လာပါတော့တယ်..

ကျွန်မ ပထမဆုံး ၀န်ထမ်းဘ၀ကို စရောက်သွားတဲ့အချိန်မှာ ကျွန်မ အသက် ၁၈နှစ်မပြည့်သေးပါဘူး (ကလေးအလုပ်သမားလို့ ဆိုနိုင်တဲ့ အရွယ်ပါ)..ပထမဆုံး ၀န်ထမ်းဘ၀( သူများအလုပ်သမား) လုပ်ရတဲ့အခါ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆက်ရေးပြချင်ပါသေးတယ်
( ၁၉၉၆ခုနှစ် ပထမနှစ်ကျောင်းသူဘ၀တုန်းက ကိုယ်တိုင်ခံစားခဲ့ရ တွေ့ကြုံခဲ့ရတဲ့ ကလေးသာသာတုန်းက ခံစားချက်သပ်သပ်ဖြင့် ရေးဖွဲ့ခြင်း ဖြစ်ပါသည် ၁၉၉၆ ကျောင်းသားလူပ်ရှားမူအတွင်း ဘ၀တွေ အသက်တွေ ပေး စတေး သွားကြတဲ့ ကျောင်းသား ကျောင်းသူ နောင်တော် အစ်မတော်တွေကို ဦးညွတ်ပါတယ်)


8 Comments:

ဖြိုးဝေတိုး said...

မှတ်သာဖို့ကောင်တဲ့ ပို့စ်တခုပါဗျာ..
ကျွန်တော့်တော့ ၈၉ အရေးခင်းပြီးမှမွေးတော့ မကြုံဖူးဘူး။
ဒါပေမယ့်ခံစားနည်းလည်ပါတယ်
ကျွန်တော့်အကိုနှစ်ယောက် ၈၈မျိုးဆက်ကပဲလေ။ နှစ်ယောက်လုံး ၈၈မှာဆုံးပါးသွားတယ်။ ကျွန်တော်တောင်မမြင်ဖူးလိုက်ရဘူး။ သူတို့မိဘ ကျွန်တော့် အဒေါ်တွေကတော့ ရင်ကျိုးတာပေါ့ဒီလိုပါပဲ မမေ့နိုင်တဲ့ အတိတ်မဲတွေပေါ့။ အဆင်ပြေပါစေဗျာ။
ဆက်ရေးပါလို့လဲ တိုက်တွန်းပါတယ်။
လေးစွားစွာဖြင့်
့ဖြိုးဝေတိုး(MoetAin)

Anonymous said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ
အန်တီ ခင်မင်းဇော်

ကိုအောင်(ပျူနိုင်ငံ) said...

အရမ်းမှတ်သားသင့်တဲ့ ပို့စ်တစ်ခုကို အားပေးဖတ်ရူ
သွားပါတယ်။ မဂ်လာပါ မဆုမွန်ရေ။

ကိုအောင်(ပျူနိုင်ငံ) said...

မှတ်မှတ်ရရ ဖတ်ရူသွားပါတယ်။ အားပေးလျက်ပါ။

ThuHninSee said...

ကျွန်မက မဆုမွန်ထက် တစ်တန်းစောမယ်ထင်တယ်။
အဲဒီနေ့က ကျောင်းမတက်ဖြစ်ပဲ ကျောင်းနားက အဒေါ်အိမ်မှာရောက်နေတာ။ ညဘက်မှ အိမ်ကလာပြန်ခေါ်ရတယ်။ ကျောင်းထဲမှာဘာဖြစ်လဲ မသိလိုက်ရဘူး။

Nwe Nwe Aye said...

Nyimalay,

I can see your honesty and your sense of humour which touched me a lot.

Ma Nwe Nwe Aye

Nwe Nwe Aye said...

Nyimalay,

I can see your honesty and your sense of humour which touched me a lot.

Ma Nwe Nwe Aye

nweaye said...

Nyima,

I can see your honesty and your sense of humor in your writing which touched me a lot.

Ma Nwe Nwe Aye