ဘန်ကောက်မှာ ကြွေသွားခဲ့ရတဲ့ ကြယ်တစ်ပွင့်

ဒီနေ့ တစ်နေ့လုံး ဘန်ကောက်မှာထူးထူးခြားခြား မိုးတွေ အုံ့နေပါတယ် အလုပ်လုပ်ချင်စိတ် သိပ်မရှိတာနဲ့ ငြိမ်ငြိမ်လေး ထိုင်နေတုန်း ဖုန်းတစ်ခု ၀င်လာတယ် မဆုမွန်ရေ ဒီနေ့ညနေ ဈာပန မလာဘူးလားတဲ့ ဘယ်သူ ဘာဖြစ်လို့လဲလို့ ဇဝေဇ၀ါ မေးမိတော့..

ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်ရက်နေ့ စနေနေ့ က မြန်မာ နိုင်ငံသား ရှမ်းလူငယ်လေး တစ်ဦးဖြစ်တဲ့ ကိုအောင်သက်မိုး ဟာ အဖော် အိန္ဒိယနိုင်ငံသား တစ်ဦးနဲ့ အတူ စင်ကာပူနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏဘူမိ လေယာဉ်ကွင်းကို ညနေခြောက်နာရီမှာ ရောက်ရှိလာပါတယ်။

စင်ကာပူနိုင်ငံမှာ သုံးနှစ်အထိ စက်ပိုင်းဆိုင်ရာပညာရှင်အနေနဲ့ လုပ်ကိုင်ခဲ့တဲ့ ကိုအောင်သက်မိုးဟာ ထိုင်းနိုင်ငံကို တာဝန်နဲ့ စေလွတ်ခြင်း ခံလိုက်ရပါတယ်။ သူတို့ လေဆိပ်ကနေ ဆိုက်ရောက် ရောက်ချင်းမှာပဲ ကုမဏီက လာရောက် စောင့်ဆိုင်းနေပြီး ခေါ်ဆောင်သွားပါတယ်။ လေဆိပ်က ထွက်ထွက်ချင်းမှာ သူတို့ လုပ်ဖော် ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်လာကြတဲ့ အခါ ကိုအောင်သက်မိုးက ကားရှေ့ခန်းမှာ ထိုင်လိုက်ပါတယ်။ အခုချိန်အထိ နောက် ဆယ်မိနစ်အကြာမှာ သူ ဘာဖြစ်တော့မယ် ဆိုတာ ကိုအောင်သက်မိုး သိမယ်မထင်ပါဘူး။

ညနေ ခြောက်နာရီကျော်ကျော်မှာ ကုမဏီပိုင်ကားလေးနဲ့ ထွက်လာကြပါတယ်။ သူတို့တသိုက် သုဝဏဘူမိ လေဆိပ်ကနေအထွက် အဝေးပြေး လမ်းမကြီးထက်ကို အမြန်နူန်းနဲ့ ကားမောင်းနှင်လိုက်တဲ့ အချိန်မှာပဲ သူတို့နောက်ကနေ ကားတစ်စီးက အတင်း ကျော်တက်ဖို့ လုပ်ပါတယ်။ နောက် ကားတစ်စင်းနဲ့ တစ်စင်း အပြိုင်အဆိုင် မောင်းနှင် နေတဲ့အချိန်မှာ ရှေ့ခန်းမှာ ထိုင်လိုက်လာတဲ့ ကိုအောင်သက်မိုးက ထိုင်းဒရိုင်ဘာကို သတိပေးစကားဆိုပါသေးတယ်။

နောက် မကြာခင်မှာပဲ တစ်ဘက်ကားက မှန်တံခါးပွင့်လာပြီး သေနတ်ထုတ်ပြခဲ့တယ်။ ရန်ရှောင်လိုတဲ့ ကိုအောင်သက်မိုးတို့ ကားလေးက အဝေးပြေးလမ်းမကြီးက ခွဲထွက်တဲ့ လမ်းဘက်ကို လမ်းကြောင်း ပြောင်းယူပြီး အမြန်မောင်းနှင်လိုက်ပါတယ်။ လုံးဝကို မထင်မှတ်စွာနဲ့ ပဲ တစ်ဘက်ကားက လမ်းခွဲ ထိပ်တစ်ခု ကနေ စောင့်ဆိုင်းနေပြီး ကိုအောင်သက်မိုးတို့ ကားကို သုံးချက်တိတိ ပစ်ခတ်ခဲ့ပါတယ် နောက်ဆုံး အချက်မှာပဲ ကံဆိုး ရှာလေသူ ကိုအောင်သက်မိုးရဲ့ ပါးစောင်က တဆင့် ဦးခေါင်းကို ဖောက်ထွက်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အတူပါလာတဲ့ ထိုင်းကုမဏီဝန်ထမ်းတွေက သက်ဆိုင်ရာ နယ်မြေခံ ထိုင်းရဲတွေကို ပစ်ခတ် သွားတဲ့ လူပုံစံ ကားနံပတ် ကား အမျိုးအစား ကို အကြောင်းကြား လိုက်တဲ့အခါ ညတွင်းချင်းပဲ လူသတ် တရားခံကို ဖမ်းမိပါတယ်

မိတ်ဆွေတို့ ထိုင်းနိုင်ငံ လူမြင်ကွင်း နိုင်ငံတကာလေယာဉ်ကွင်းအနီးမှာ ဖြစ်ပွားသွားတဲ့ သေနတ်ပစ်ခတ်မူမှာ မင်းမဲ့ စရိုက်ဆန်ဆန် ရမ်းကားခဲ့တဲ့ လူမဆန်တဲ့ လူသတ်တရားခံ ကို ဘယ်သူလို့ ထင်ပါသလဲ

ထိုင်းရဲအရာရှိတစ်ဦးပါ..လမ်းလည်ခေါင်မှာ လူမိုက်ဆန်ဆန် သေနတ် ဆွဲထုတ်ပြီး ပစ်ခဲ့တာ ထိုင်းရဲအရာရှိ တစ်ဦးဖြစ်ပါတယ်...

ဒီနေ့ ဗုဒဟူးနေ့ ညနေ လေးနာရီမှာ ကိုအောင်သက်မိုးရဲ့ ဈာပနကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်က ထိုင်းဘုန်းကြီးကျောင်း တစ်ခုမှာ ကျင်းပပါတယ်. ထိုင်းကုမင်္ဏီက မိသားစုဝင်တွေကို ညတွင်းချင်း အကြောင်းကြားတဲ့ အတွက် မိခင်ကြီးနဲ့ အစ်မဖြစ်သူဟာ သားဖြစ်သူရဲ့ ဈာပနကို ၀မ်းနည်းခြင်းများစွာနဲ့ ကသုတ်ကရက် လာရောက်ခဲ့ရပါတယ် သူတို့ သားလေးအတွက် ထိုင်းခရီးစဉ်ဟာ နောက်ဆုံးဖြစ်မယ်လို့ မိဘတွေကလည်း မသိခဲ့ဘူးလို့ ငိုရှိုက်ရင်းက ဖြေဆိုခဲ့ပါတယ်။

သူတို့ သားငယ်လေးဖြစ်တဲ့ ကိုအောင်သက်မိုးဟာ အသက်သုံးဆယ့်တစ်နှစ်အရွယ်ရှိပြီး အသက် ၇၀ကျော် ဖခင်ကြီးနဲ့ အသက်ခြောက်ဆယ်ကျော် မိခင်ကြီးကို လုပ်ကျွေးနေတဲ့ သားလေးဖြစ်ပါတယ်။ မောင်နှစ်မ ရှစ်ဦးရှိပြီး အများစုဟာ အိမ်ထောင်ကွဲတွေဖြစ်နေလို့ မိဘနှစ်ပါးနဲ့ ပညာ မပြည့်စုံသေးတဲ့ ညီမငယ်နှစ်ဦး အတွက် ပညာရေးကို ရိုးသားစွာ သူတတ်တဲ့ နည်းပညာနဲ့ စောင့်ရှောက် ထောက်ပံ့ပေးနေသူဖြစ်ပါတယ် မိဘတွေက ညီမငယ်လေးတွေကို မင်းတို့ အစ်ကိုကြီးက ပင်ပင်ပမ်းပမ်း ရှာဖွေကျွေးမွေးရတာနော် ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားလို့  အမြဲ ဆုံးမစကားပြောခဲ့တယ်လို့ အစ်မဖြစ်သူက ကျွန်မကို ငိုရှိုက်သံကြားက ဖြေဆိုခဲ့ပါတယ်။

လူသတ်တရားခံဖြစ်တဲ့ ထိုင်းရဲအရာရှိကတော့ ဘတ်ငွေသုံးသိန်းအာမခံနဲ့ ပြင်ပမှာ လွတ်လပ်စွာ နေခွင့်ရှိနေတယ်လို့ သိရပါတယ်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ ကိုအောင်သက်မိုးရဲ့ နောက်ဆုံးဈာပန ခရီးမှာ လိုက်ပါ ပို့ဆောင်ကြရင်း မိခင်ကြီးရဲ့ အပူမီးတွေအတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရတယ်လို့ ပြောပြကြပါတယ်။ ဖခင်ကြီးကတော့ အသက်အရွယ်ကြီးရင့်ပြီး ကျမ်းမာရေး သိပ်မကောင်းဘူးလို့လဲ သိရပါတယ်.

ကွယ်လွန်သူ ကိုအောင်သက်မိုးရဲ့ ဇာတိဖြစ်တဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ကို အရိုးအိုးသယ်ဆောင်သွားပြီး ရှမ်းလူမျိုးတို့ရဲ့ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ဖို့ စီစဉ်နေကြပါတယ်

အခုလို ဘန်ကောက်မြို့ပေါ်မှာ မင်းမဲ့စရိုက်ဆန်ဆန် သေနတ်ထုတ်ပစ်ခတ် သတ်ဖြတ်သွားတဲ့ ထိုင်းရဲအရာရှိကို တရားစွဲဆိုနိုင်ဖို့ ထိုင်းရှေ့နေတွေနဲ့ တိုင်ပင် လုပ်ကိုင်နေသလို အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် မိသားစုအတွက် အသက်အာမခံ လျော်ကြေးငွေ အပြည့်အ၀ ရရှိနိုင်အောင်လည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့တွေက ဆောင်ရွက်ပေးနေကြပါတယ်..

ဘာပဲပြောပြော လူတစ်ယောက် လက်ချက်နဲ့ လူတစ်ယောက် အသက်ကတော့ ဆုံးရှုံးခဲ့ရပြီ..ဘယ်လို အစားထိုးမလဲ ထောင်ဒဏ် လျော်ကြေးငွေတွေ လူတစ်ယောက် အသက် မိသားစု တစ်စု ဘဝ

ကျွန်မရင်ထဲ တော်တော်ကြီးကို ကြေကြေကွဲကွဲ ခံစား ၀မ်းနည်း နာကျင်ရပါတယ် မိဘနှစ်ပါးကို အလုပ်အကျွေးပြုနေတဲ့ သား မိသားစုကို စောင့်ရှောက် ပေးနေတဲ့ သားတစ်ယောက်ရဲ့ နောက်ဆုံးအချိန်ဟာ အရမ်းကို အကျည်းတန် အဖြစ်ဆိုး လွန်းပါတယ်..

တစ်ခါမှ မမြင်ဘူး မတွေ့ဘူးလိုက်တဲ့ ကျွန်မတို့တောင် ဒီလောက်နာကျင် ၀မ်းနည်း ကြေကွဲခံစားရရင် သားဖြစ်သူရဲ့ အသက်မဲ့ ခနာကိုယ်ကို မြင်လိုက်ရတဲ့ မိခင်ကြီးရဲ့ အပူမီး ။သားဖြစ်သူရဲ့ နောက်ဆုံး အချိန်မှာတောင် သားဖြစ်သူကို မြင်ခွင့်မရလိုက်တဲ့ ဖခင်ကြိးရဲ့ ဗျာပါဒ မိသားစုရဲ့ သောက ဒါတွေ အားလုံးဟာ လူတစ်ယောက်ရဲ့ မိနစ်ပိုင်းတွင်း ဖြစ်လိုက်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ ဒေါသစိတ်ကြောင့် ဖြစ်ပါတယ်.

လူတစ်ယောက်ရဲ့ ဒေါသစိတ်အပေါ် ချက်ခြင်း ကိုယ်ထိလက်ရောက် လုပ်လိုက်တဲ့ အဖြစ်ဟာ လူတစ်ယောက်ရဲ့ အသက် မိသားစုတစ်စုရဲ့ ဘ၀ မျော်လင့်ချက် ပန်းတိုင် အနာဂတ်တွေ အကုန်လုံးကို ရိုက်ချိုး ဖျက်ဆီး လိုက်တာပါပဲ

ထိုင်းနိုင်ငံမှာ မမျော်လင့်ပဲ ခေါင်းချသွားရတဲ့ ကိုအောင်သက်မိုး မိဘနှစ်ပါးရဲ့ မေတ္တာတရားတွေကြောင့် ကောင်းရာသုဂတိ လားပါစေ ဖြစ်လေရာ ဘုံဘ၀မှာ မိသားစုနဲ့ အိုးမကွာ အိမ်မကွာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့ သားကောင်းရတနာဖြစ်ပါစေ

29 Comments:

ThuHninSee said...

ကျန်ခဲ့တဲ့မိသားစုခမျာလည်း စားဝတ်နေရေးကြပ်တည်း သွားမှာပဲနော်။

ကိုအောင် said...

ကိုအောင်သက်မိုးနှင့် ကျန်ရစ်သူ မိသားစုအတွက်
စိတ်မကောင်းဖြစ်မိပါတယ်။

ကိုအောင် said...

ကိုအောင်သက်မိုးနှင့် ကျန်ရစ်သူ မိသားစုအတွက်
စိတ်မကောင်းဖြစ်မိပါတယ်။

ATN said...

ထိုင်းမှာ နေရာတကာမှာပါပဲ ရဲကပဲပြန်ပြီး လူသတ်တာ၊ ဘဏ်ဓါးပြတိုက်တာ၊ သေနတ်နဲ့ပစ်တာ အဲလိုသတင်းမျိုးတွေက နေ့စဉ်ပါပဲ ဖတ်နေ တွေ့နေ ကြားနေရတာ။

ကိုယ့်လူမျိုးတွေ အဲလို မတရား ခံရတာမျိုး တွေ့ရ ဖတ်ရရင် အရမ်းဒေါသဖြစ်တယ် ညီမရေ့....

Moe Cho Thinn said...

စိတ်မကောင်းလိုက်တာ။
လက်နက်ကိုင်တဲ့လူတွေဟာ ဘယ်လို သွေးဆိုးတွေနဲ့များ စိတ်ရိုင်းတွေ ၀င်ပြီး ဘာမဆို လက်နက်နဲ့ပဲ ဖြေရှင်းချင်နေရတာပါလိမ့်။
မသိ၊ မခင်ပေမဲ့ ကိုယ့်သွေးချင်း တယောက် ဆုံးပါးသလို စိတ်ထိခိုက်ရပါတယ်။

crazybloggergroup said...

စိတ်မကောင်းစွာဖတ်သွားပါတယ်ဗျာ။

Welcome said...

ယိုးဒယားနိုင်ငံထဲမှာ ဖြစ်တဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်တွေ အများကြီးထဲက သာဓက တစ်ခုပါ။ မသိလိုက်ရတဲ့ ဒီလို အနိုင်အထက် ပြုမူမှုတွေ အများကြီးရှိခဲ့ပါတယ်။ မိသားစုအတွက် စိတ်မကောင်းပါဘူး၊ မျှဝေပေးတဲ့အတွက် ကျေးဇူးပါအစ်မ
http://winzaw-mdy.blogspot.com

Anonymous said...

မသိပေမယ့် ဒီပို့စ်လေးဖတ်ပြီး ဝမ်းနည်းမိတယ်
ကိုအောင်သက်မိုးတစ်ယောက် ကောင်းရာသုဂတိလားပါစေ

ဖိုးဂျယ် said...

ကောင်းရာသုတိလားပါစေ ကိုအောင်သက်မိုးရေ

လင်းဒီပ said...

အစ်မရေ..စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ်..

အိပ်မက်နိဒါန်း said...

မသိပေမယ့် ဒီပို့စ်လေးဖတ်ပြီး ရင်ထဲမှာဆို့နင်မိတယ်။

အိပ်မက်နိဒါန်း said...

ဒီပို့စ်လေးဖတ်ပြီး ရင်ထဲဆို့နင့်မိတယ်။

Anonymous said...

အပြစ်မဲ့တဲ့လူတစ်ယောက်တော့ကြွေပြန်ပြီ.......

Anonymous said...

အပြစ်မဲ့တဲ့လူတစ်ယောက်တော့ကြွေပြန်ပြီ....

Anonymous said...

ဒီဖြစ်ရပ်အတွက် မိသားစုနဲ့ ထပ်တူ ကြေကွဲရပါတယ်၊ တခုတ်တရ မျှဝေတဲ့ ဆုမွန်ကိုလဲ ကျေးဂျူးပါ၊ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပြီး စဉ်းစားစရာတွေ လဲ အတော်ရှိလာခဲ့ရတယ်။

ယောနသံစင်ရော် said...

ဖတ်ရတာ စိတ်မကောင်းစရာပဲ..
ကိုအောင်သက်မိုးရေ …
အမျှ..အမျှ… အမျှ… ။

အိမ်လွမ်းသူ said...

ဘာဖြစ်လို့ အဲဒီလိုလုပ်ရတာပါလိမ့်ကွယ်.. ဘာရန်ငြိုးတွေရှိလို့သေနတ်နဲ့ပစ်သတ်တာတဲ့လဲ ညီမရယ်..

အိမ်လွမ်းသူ said...

ဘယ်လိုရန်ငြိုးတွေနဲ့များ ဒီလောက်ထိရက်ရက်စက်စက် အသက်တချောင်းကို သတ်ခဲ့ရပါလိမ့်....... ကိုအောင်သက်မိုး ကောင်းရာသုဂတိ လားပါစေ...

Anonymous said...

ညီမလေး ဆုမွန် အစ်မက ချင်းမိုင်က အစ်မပါ။ သည်သတင်းကို အာဖက်အေမှာလည်း ကြားရတယ်။ ထိုင်းသတင်းစာမှာ မပါဘူးထင်တယ်။ သူတို့ ဖုံးထားသလား။ ပုံကြည့်ရတာ တရားခံက တော်တော်လက်တံရှည်ပုံရတယ်။ အစ်မညီမလေးဆီဖုံးဆက်ပြောမလို့ ဖုံးနံပတ်ရှာမတွေ့တော့လို့ သည်မှာရေးလိုက်တာ။ သည်သတင်းကိုလိုက်ပေးတဲ့ညီမလေးကိုကျေးဇူးတင်ချီးကျူးပါတယ်။ ဒါပေမဲ့ အစ်မစိုးရိမ်လို့ သတိထားနေနော်လို့ ပြောချင်တာပါ။

Anonymous said...

ဖြစ်မှဖြစ်ရလေဗျာ...
မိဘနဲ့ညီအစ်ကိုမောင်နှမတွေကို ရှာဖွေကျွေးမွေးနေတဲ့သူကိုမှ...လုပ်ရက်တယ်...
အဲ့ဒီ့ရဲ့အရာရှိက ဘာဖြစ်လို့အဲ့လိုလုပ်ရတာလဲသိချင်တယ်
စိတ်မကောင်းပါဘူးဗျာ။
ကိုအောင်သက်မိုး ကောင်းရာသုဂတိလားပါစေ...

မသက်ဇင် said...

ကိုအောင်သက်မိုး အတွက်
ကြေကွဲမဆုံးဖြစ်ရပါတယ်--
ကျန်ရစ်သူမိသားစုအတွက်
နစ်နာကြေးများကို ထိုင်းနိုင်ငံရောက်
မြန်မာအလုပ်သမားအဖွဲ့အစည်းတွေကနေ
အမှန်တရားအတွက်-- တက်ကြွစွာလုပ်ပေး
ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်---

Kaung Kin Ko said...

စိတ်မကောင်းစရာဗျာ။

Unknown said...

ရင်နာဖို့ ကောင်းလိုက်တာဗျာ...။

winlatt said...

စိတ်မကောင်းပါ...။
ကျန်ရစ်သူ မိသားစုကိုယ်စား ၀မ်းနည်းမိပါတယ်...။
ကောင်းရာသုဂတိလားပါစေ...။

Anonymous said...

ကျန်ရစ်သော မိသားစုနဲ့အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါ၏။ ဒီလိုအဖြစ်ဆိုးမျိုးတွေ မြန်မာပြည်မှာလဲ နောက်တစ်ခါထပ်ဖြစ်တာ မမြင်ချင်ဘူးဗျာ။ ပြန်တွေးမိတိုင်း၊ မြင်မိတိုင်း ပေါက်ကွဲတယ်။

sait phay yar said...

မသိလိုက်ဘူး ဒီသတင်းကို
ကျေးဇူးတင်ပါတယ်
သတိတော့ထားနော် စု
တမြို့ထဲအချင်းချင်းမို့ သတိပေးတာ..
မလွယ်ဘူးညီမရေ...

ကလူသစ် said...

အဲ့ဒီရဲ ဘာဆက်ဖြစ်သေးလဲဗျ။ ကျယ်ကျယ်ပြန့်ပြန့်လူသိအောင် လုပ်သင့်တယ်ထင်တယ်။ လူမသိသူမသိဆိုရင်တော့ ဒီငတိလွတ်သွားမှာပဲ။ ကြားရတာ စိတ်မကောင်းစရာဗျာ။

ရွှေပြည်သူ (ShwePyiThu) said...

မဆုမွန်ရေ... ၀မ်းနည်းစွာနဲ့ ဖတ်သွားပါတယ်။ မိဘနဲ့ မိသားစုအပေါ်မှာ သိတတ်တဲ့ သားလိမ္မာ ကိုအောင်သက်မိုးတစ်ယောက် ကောင်းရာ သုဂတိလားမှာပါ...

Anonymous said...

ဟုတ်ကဲ့ ဖတ်၇တာ စိတ်မကောင်းစရာပဲဗျာ။
ဒီထက်အဖြစ်ဆိုးတဲ့ပြဿာနာတွေလဲ ကြားနေ၇တယ်ဗျာ
ိုထိုင်းတွေက ဗမာဆိုရင် အသေသတ်ချင်နေကြတာ
ပြောရင်တော့ ရာဇ၀င်နဲ့ကိုချည်ပြီး ပြောရမှာပဲဗျ
ဦးအောင်ဇေယျကနေစတယ်ထင်တာပဲဗျ
ဘာဖြစ်ဖြစ်ပေါ့ဗျာ ဒါတွေရဲ့ အဓိကတရားခံကတော့
အစိုးရပဲဗျ။