Happy Birthday MOM ခြောက်ဆယ့်နှစ်နှစ်မြောက် အမေ့မွေးနေ့ 



ဒီနေ့ ဟာ အမေ့ အသက် ခြောက်ဆယ့်နှစ် နှစ် မြောက် မွေးနေ့ ပါ ...အမေ့ ကို မွေးခဲ့တာ မြန်မာပြည် လွတ်လပ်ရေး မရခင် နှစ်နှစ် အလို (၂.၁၁.၁၉၄၆) ကပါ.. မွေးချင်းတွေထဲမှာ သမီးအကြီးဆုံး ဖြစ်တဲ့ အမေ့မှာ မောင်လေး သုံးယောက်ရှိပါတယ် ညီမလေး တစ်ယောက်ရှိပါတယ် အမေဟာ အဖေနဲ့ အိမ်ထောင်ကျပြီး ကတည်းက မိသားစုကို ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက် လာခဲ့ပါတယ်။ အမေ့မှာ သားကြီး သုံးယောက် သမီးကြီး သမီးငယ်နဲ့ သားအငယ်ဆုံးလေး စုစုပေါင်း ရင်သွေး ခြောက်ယောက်ကို မွေးထုတ်ခဲ့ပါတယ် အခုချိန်အထိလဲ အရွယ် ရောက်နေတဲ့ သားသမီးတွေကို ရင်အုပ်မကွာ စောင့်ရှောက် လိုစိတ် ကြီးတုန်းပါပဲ အပူအပင်ကြီးမားလွန်းတဲ့ အမေ့ ချစ်ခြင်းတရားတွေကို သမီးတို့  တစ်သက် ဘယ်တော့မှ မေ့ပျောက်လို့ ရမယ် မထင်ပါဘူး..ဒီနေ့ ကျရောက် တဲ့ မွေးနေ့ မင်္ဂလာ ရက်မြတ်မှသည် အမေ ချစ်တဲ့ မိသားစုလေးနဲ့ အေးအေး ချမ်းချမ်း ပျော်ပျော် ရွှင်ရွှင် နေနိုင်ပါစေ.. အမေ စိတ် ချမ်းသာခြင်း ကိုယ် ချမ်းသာ ခြင်း များစွာနဲ့ အမေ တရား ဘာဝနာကို ငြိမ်းချမ်းစွာ အားထုတ်နိုင်ပြီး သာသနာ ပြုနိုင်တဲ့ အလှူ့ဒကာ အလှူ့ အစ်မကြီး ဖြစ်ပါစေ ခြောက်ဆယ့် နှစ်နှစ် မြောက် မွေးနေ့ မှသည် အမေ ကျမ်းမာ ချမ်းသာပြီး ငြိမ်းငြိမ်းချမ်းချမ်း ဘ၀နဲ့ အသက် ရာကျော် ရှည်ပါစေ သော်ဝ်..

6 Comments:

အိုးဝေအောင် said...

Happy Birthday to Ma Su's MOM !
i remember My Mom ,too.
every body will rembmber to their MOM.

Anonymous said...

မင်္ဂလာပါ မဆုမွန်

မဆုမွန်ရဲ့  အမေ့ ခြောက်ဆယ့်တစ်နှစ်မြောက် မွေးနေ့မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး အသက်ထက်ဆုံး ရွှင်လန်းချမ်းမြေ့ပါစေ ...

:P said...

Happy Birthday Ma Su Mon's MOM.

Unknown said...

မဆု ကျေးဇူးတင်ပါတယ်၊ကျနော်လည်းမနေ့ကစဉ်းစာတယ် အမေ့အကြောင်းရေးမလို့ပါ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အမေလည်း
လာမဲ့Aprilဆိုရင် (၆၁)ပြည့်ပါပြီလေ။ဒါကြောင့်ပါ
အခုကအစ နောင် နှစ်ပေါင်းမျာစွာ မဆုရဲ့အမေနဲ့မိသာစုအားလုံး ချမ်းသာကိုယ်စိတ်မြဲကြပါစေ။

ဗီလိန် said...

သာယာအဆင်ပြေပါစေဗျာ။ အမေ့ကျေးဇူးတွေ ဆပ်နေတာ အမေကဝမ်းသာမှာပါဗျာ။

ရွှေပြည်သူ (ShwePyiThu) said...

အမေတွေမျက်စိထဲမှာတော့ အသက်(၆၀)ကျော် သားသမီးကလည်း ကလေးလေးလို့ပဲ ထင်နေဦးမယ် ထင်တယ်နော် မဆုမွန်ရေး) မဆုမွန်ရဲ့ မေမေ ၆၂ နှစ်မြောက်မွေးနေ့ကနေ အသက်ရာကျော်ရှည်ပြီး သားသမီးမြေးမြစ်တွေနဲ့ ပျော်ရွှင်စွာနေနိုင်ပါစေ...