ကန်ကျိနာဂါအိဆုရှင် ညီမငယ်အိမ့်ခိုင်ဦး အမြန်ဆုံးလွတ်မြောက်ပါစေ

ဧရာဝတီသတင်းဝပ်ဆိုဒ်က ကိုဟန်လေးလက်ရာ မအိမ့်ခိုင်ဦးပုံဖြစ်ပါတယ်။

ဒီနှစ် ချင်းမိုင်ခရီးစဉ်မှာ ထူးထူးခြားခြား ယခုလ ၂၁ ရက်နေ့က မြန်မာသတင်းသမဂ္ဂ - BMA ညီလာခံမှာ ချီးမြှင့်တဲ့ နာဂစ် ဒုက္ခသည်များအရေး သတင်းလိုက်ယူရင်း ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂ နှစ် ချခံရတဲ့ ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်က ညီမငယ် သတင်းထောက် မအိမ့်ခိုင်ဦးကို ချီးမြှင့်တဲ့ကန်ဂျိ နာဂါအိ သတင်းထောက် သူရဲကောင်းဆုကို ကိုယ်စားလက်ခံရယူပေးခဲ့ရပါတယ်။
ရွှေဝါရောင် တော်လှန်ရေးမှာ သတင်းယူရင်း စစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့သူ ဂျပန်သတင်းထောက် နာဂါအိကို ဂုဏ်ပြုသည့်အနေနဲ့ တိုကျိုအခြေစိုက် သူ၏ မိခင်သတင်းဌာန APF နှင့် BMA က ကမကထပြုကာ မအိမ့်ခိုင်ဦးကို ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

မအိမ့်ခိုင်ဦးအတွက် ဆုလက်ခံရယူခဲ့ချိန်မှာ ကျွန်မစိတ်ထဲ ဘယ်လိုခံစားရလဲဆိုတော့ ကျွန်မတို့ကတော့ သူ့အတွက် ဒီကိုလာပြီး တခမ်းတနားနဲ့ ဆုကို ယူနေတဲ့အချိန်၊ ဒီအချိန်မှာ အိမ့်ခိုင်ဦး ဘယ်လို နေနေမလဲ ဆိုတာကို ပြန်ပြီးတော့ စဉ်းစားမိပါတယ် ကျွန်မသူ့အတွက် ကိုယ်စား ဆုလက်ခံယူတဲ့အချိန်က နေ့လည် ဆိုတော့ ဒီအချိန်မှာ သူဟာ ထောင်ထမင်းဟင်းကို စောင့်နေတဲ့အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ သူ မိလ္လာချဖို့၊ ရေချိုးချဖို့ စောင့်နေတဲ့အချိန်လည်း ဖြစ်နိုင်တာပေါ့နော်။ သူ သိခွင့်လည်း ရချင်ရမယ်၊ မရရင်လည်း မရဘူးပေါ့။ အဲဒီအနေအထားတခုမှာ သူလိုချင်တဲ့ သတင်းစာပညာတွေကို ဆက်ပြီး သင်ယူလေ့လာရမယ့် ပညာသင်အရွယ် လူငယ်တစ်ယောက်ရဲ့ ဘ၀ ငယ်ရွယ်နုနယ်သေးတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ ဘ၀ အခုလိုမျိုး ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ အတွက် ကျွန်မစိတ်ထဲမှာ သူ့အတွက် စိတ်မကောင်းဖြစ်မိသလို သူ့ရဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံမူအတွက် တော်တော်လေးကို သူ့အစား သူ့မိဘတွေအစား ဂုဏ်ယူဝမ်း မြောက် မိ ပါတယ်။

မိသားစုမှာ အကြီးဆုံးသမီးဖြစ်တဲ့ အသက်၂၄နှစ်အရွယ် ညီမငယ် မအိမ့်ခိုင်ဦးဟာ ဥပဒေပညာရပ်နဲ့ ကျောင်းပြီးထားပေမယ့် သူဟာ လူမူရေးစိတ်ဓာတ် အပြည့်ရှိပြီး လူတိုင်းအပေါ် ကူညီချင်စိတ် ဖေးမချင်စိတ် စောင့်ရှောက် ကာကွယ်ချင်စိတ် အပြည့်အ၀ရှိသူပါ။။ သူမဟာ အိတ်အိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ သေဆုံးသွားတဲ့ မိဘတွေရဲ့ မိဘမဲ့ရင်သွေးလေးတွေကို လူငယ်တွေ ဦးဆောင်ပြီး ကူညီဆောင်ရှောက်ပေးနေတဲ့ အဖွဲ့မှာလဲ ဦးဆောင်တဲ့ အခန်းကနေ ပါဝင်ပြီး စေတနာဝန်ထမ်းလုပ်ပါတယ်။

လူသိန်းချီသေတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ခံရစဉ်ကလဲ သူနေထိုင်တဲ့ မြို့သစ် မြို့နယ်လေး ဟာလဲ နာဂစ်ဘေး ဆိုးဆိုးဝါးဝါး ထိခဲ့ပေမယ့် သူကိုယ်တိုင် ဦးဆောင်ပြီး နာဂစ် ဘေး ဒုက္ခသည်တွေ ကိုလဲ သူ အဖမ်းမခံရခင် အချိန်အထိ အနီးကပ် ကူညီ ဆောင်ရွက် ပေးသလို တကယ့် ပြည်သူတွေ လက်ရှိတွေ့ကြုံခံစားနေရတဲ့ အခက်အခဲ အကျပ် အတည်းတွေကို တင်ပြပေးနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်သတင်းထောက်မလေးတစ်ဦးပါ.။

နာဂစ် ဘေးဒုက္ခသည်တွေက အာဏာပိုင်တွေရဲ့ လျစ်လျူရူမူ့တွေအပေါ် ယူအန်ဒီပီရုံးရှေ့မှာ ဆနပြတဲ့ သတင်း ရယူဖို့ သိရှိနိုင်ဖို့ ကြိုးစားရင်း အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် အပြစ်ပေးခံရတဲ့ မအိမ့်ခိုင်ဦး အမြန်ဆုံး ပြန် လွတ် မြောက်ပြီး မိသားစုနဲ့ အတူ ပြန်လည် ဆုံစည်းနိုင်ပါစေ တိုင်းပြည်နဲ့ လူမျိုး အကျိုးကို လဲ ဆက်လက်ပြီး ထမ်းဆောင် နိုင်ပါစေလို့ ကျွန်မဆုတောင်းပါတယ်

အာရ်အက်ဖ်အေ ၀ါရှင်တန်ဒီစီရုံးချူပ် က ဆရာဦးသစ်ဆင်းမေးထားတဲ့ အင်တာဗျူးလေးပါ

b0225ts.mp3

4 Comments:

ဒေါင်းမင်း said...

အိမ့်ခိုင်ဦးအတွက်ဂုဏ်ယူပါတယ်။အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပါတယ်

Kaung Kin Ko said...

ွှုအင်တာဗျူးလေး နားထောင်သွားတယ်သူငယ်ချင်းရေ။

အိမ်လွမ်းသူ said...

ပေးဆပ်သူတွေအတွက် ဂုဏ်ယူရသလို စိတ်မကောင်းလဲဖြစ်မိပါတယ်ညီမရယ်... ညီမငယ်လေးအိမ့်ခိုင်ဦး အမြန်ဆုံးလွတ်မြောက်ပါစေလို့ အမလဲထပ်ပြီးဆုတောင်းသွားပါတယ်...

Anonymous said...

အိမ့်ခိုင်ဦးအကြောင်းဖတ်ရင်း ရင်နင့်သွားတယ်--