ဖြူတုတ်လေးအတွက် တက်ခ်ပို့စ်

ညီမငယ်လေး ဖြူတုတ်က တက်ခ်ပို့စ်တစ်ခု ရေးခိုင်းထားတာ ကျောင်းစာမေးပွဲရှိနေတာက တစ်ကြောင်း ဖေ့စ်ဘွတ်ခ်ထဲက မထွက်နိုင်လောက်အောင် လယ်စိုက်နေရ ကော်ဖီဆိုင်ဖွင့်ရနဲ့ လက်မလည်ဖြစ်နေရတာက တစ်ကြောင်း အကြောင်းကြောင်းတွေနဲ့ ပို့စ်လေးက ကြန့်ကြာနေခဲ့တာပါ။ ညီမလေး တက်ခ်တဲ့ပို့စ်ကတော့ နှစ်သက်မိတဲ့ အမျိုးသားများအကြောင်းပါတဲ့။ ပြီးခဲ့တဲ့လကပဲ မဆုမွန်ချစ်တဲ့ မဆုမွန် ချစ်သူများ(၁) မဆုမွန်ချစ်သူများ နောက်ဆက်တွဲ ဖျက်ပစ်ချင်တဲ့ရက်စွဲများ ဆိုပြီး အပိုင်းလိုက် တင်ဖြစ်ပါသေးတယ်။ နောက်ဆုံးတင်ဖြစ်တာတော့ ကျွန်မရဲ့ ဘ၀လက်တွဲဖော်ဆိုတာပေါ့။ မဆုမွန် အဲ့ဒီ့ပို့စ်လေးတွေ တင်ဖြစ်တော့ ဆီဘောက်စ်မှာ ကောင်းချီးပေးတဲ့ သူတွေ တော်တော်များများနဲ့ တွေ့လိုက်ရတယ်။ မဆုမွန်ဆိုတာ ထည့်သမျ လက်ခံတဲ့ စာတိုက်ပုံးနဲ့တူတယ်လို့တောင် တံဆိပ်ကပ်သွားပါသေးတယ်။

ညီမလေးဖြူတုတ် တပ်ခ်တဲ့ပို့စ်လေးကို ပြန်ကောက်ရရင် ချစ်ခင်နှစ်သက်မိတဲ့ အချက်လေးတွေ ပြောပြချင်တယ်။ ။ မဆုမွန် ချစ်တဲ့ အမျိုးသားအပေါ် နစ်သက်မိမယ့်အချက်တွေကတော့ မဆုမွန်ရဲ့ ချစ်သူဟာ ကမ္ဘာလောကကြီး အတွက် မဟုတ်ရင် တောင် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ကောင်းကျိုး ဆောင်ကျဉ်း ပေးနိုင်မယ့် နိုင်ငံသားကောင်း တစ်ယောက် ဖြစ်စေချင်တယ်။

မိသားစုကို ချစ်တဲ့ မိဘနှစ်ပါးကို အရိုအသေ ထားပြီး လေးစားတန်ဖိုးထားတဲ့ သားကောင်း တစ်ယောက်ဖြစ်စေချင်တယ်။ ညီအစ်ကိုမောင်နှစ်မတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်တဲ့ သွေးရင်း တစ်ယောက်လဲ ဖြစ်စေချင်တယ်။ ဆွေမျိုးညာတကာတွေရဲ့ အမျိုးဂုဏ်ကို မြှင့်တင်ပေးနိုင်မယ့် သားချင်းတစ်ယောက်လဲ ဖြစ်စေချင်တယ်။ ကြီးသူကိုရိုသေ ရွယ်တူကို လေးစားပြီး ငယ်သူအပေါ် ဂရုဏာထားပြီး စောင့်ရှောက် ကာကွယ်တတ်တဲ့ သူလဲ ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ နေ့စဉ်ကျင့်ကြံနေတဲ့ အလုပ်တွေအပေါ်မှာ ကိုယ့်ရဲ့ စိတ်လိပ်ပြာမှာပါ သန့်ရှင်းစင်ကြယ်ပြီး ကိုယ့်ကျင့်တရား ကောင်းမွန်တဲ့ အမျိုးကောင်းသား တစ်ယောက် ဖြစ်စေချင်တယ်။

မနှစ်သက်မိမယ့်အချက်ကတော့ ကိုယ့်ချစ်တဲ့ သူတွေအပေါ်မှာ အပြစ်ပုံချမယ့် စိတ်ဓာတ်တစ်ခု တော့ မရှိစေချင်ဘူး။ ဥပမာ သူလုပ်လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုက သူ့ကြောင့်မဟုတ်ပါပဲနဲ့ တခြားသူအပေါ် ချစ်တဲ့စိတ် တစ်ခြားသူရဲ့ အလိုအတိုင်း လုပ်ပေးလိုက်ရတာပါလို့ ဆင်ဝှေ့ရန်ရှောင်ပြောတတ်တဲ့ ပုံချလွှဲချတတ်တဲ့ အကျင့်မရှိစေချင်ပါဘူး။ သူတို့ပြောလေ့ရှိတဲ့ မင်းသာ ငါ့ကို တစ်ခွန်းတည်းပြောလိုက် မင်းအတွက် ငါ မင်းလုပ်ခိုင်းတာမှန်သမျ အကုန်လုပ်မယ် ဆိုတာမျိုးပေါ့ ချစ်သူကို ချစ်လို့ပဲ လုပ်ပေးလိုက် ရသလိုလိုနဲ့ ပတ်ဝန်းကျင်က အပြစ်တင်လာနိုင်တဲ့ အဖြစ်တွေမှာ ကိုယ်ချစ်တဲ့သူတွေကို ကိုယ်တိုင်ကပဲ အမူတွဲခေါ်တဲ့ အပြုအမူမျိုးကို လက်ခံလို့မရတာ တစ်ခုတည်းပါပဲ။

ဥပမာ မိသားစုကို ကိုယ်တိုင်က အလုပ်အကျွေးပြုချင်လို့ လုပ်ကျွေးနေရတာကို ကိုယ်အပေါ် ၀န်တာကြီးနေတာ မိသားစုကြီးကို ထမ်းနေရလို့ဆိုတာမျိုး ပတ်ဝန်းကျင်မှာ သနားစရာဖြစ်အောင်လုပ်တာမျိုး ကိုယ်တိုင်က ရှောင်လွှဲလို့ရတဲ့ အဖြစ်တွေပေမယ့် သူများကို ထိုးချတဲ့ အဖြစ်မျိုး ကိုယ့်မိန်းမ ကိုယ့်ရည်းစားမကြိုက်ဘူး သူ့ကို ကြောက်ရတယ်ကွ ဆိုတာကို လူပုံအလည်မှာ ကိုယ့်ချစ်တဲ့သူကို သူများ အမြင်ကတ်အောင် လုပ်တာမျိုး တွေပါ။

နောက်တစ်ခုကတော့ အမျိုးသမီးတွေ အပေါ် မှာပဲဖြစ်ဖြစ် အမျိုးသားတွေအပေါ်မှာပဲဖြစ်ဖြစ် လိင်တူတွေပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ့်ဘက်ကနေ မျက်ဝန်းအကြည့်နဲ့ဖြစ်စေ နူတ်ထွက် စကားအရဖြစ်စေ ကိုယ်အမူအယာ အားဖြင့်ဖြစ်စေ chat အားဖြင့် ဖြစ်စေ cbox အားဖြင့် ဖြစ်စေ အနိုင်ကျင့် နှိပ်ကွပ် စော်ကား နှိမ့်ချ တဲ့ ဘယ်လို အပြုအမူမျိုးကိုမှ ယောက်ျားကောင်းပီသတဲ့ စိတ်နဲ့ နှမချင်း ကိုယ်ချင်းစာနာ ထောက်ထားစိတ်တွေနဲ့ မပြုလုပ်စေချင်ပါဘူး။ လူပီသတဲ့စိတ်နဲ့ ကိုယ်ကိုတိုင်လည်း ဒီလိုမျိုး ပြုမူကျင့်ကြံပြီး ကိုယ့်ချစ်တဲ့သူအပေါ် ကိုယ့်နှစ်သတ်တဲ့ အမူအကျင့်လေးတွေကို နားလည်အောင် ပြုပြင်ပြောင်းလဲနိုင်ပေးမယ့် မေတ္တာစိတ်လေးတွေ မွေးနိုင်ကြပါစေလို့ ဆုတောင်းတယ် တက်ခ်အတွက် မဆုမွန် စိတ်ကူးရသလိုလေး ရေးဖြစ်တာ ညီမလေး ဖြူတုတ် ကျေနပ်မယ်ထင်ပါတယ်ရှင်။

8 Comments:

ဒဏ္ဍာရီ said...

မမရေ ကောင်းတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့ ယောကျာင်္းမြတ်တွေ ရှိနေသလို နောက်ဆုံးစာပိုဒ်က မမပြောတဲ့ ယောကျာင်္းမဆန်တဲ့ ယောကျာင်္းတွေ ဒုနဲ့ဒေး အခုကို တွေ့နေရပါတယ်။

ခင်မင်လေးစားလျှက်

စည်သူ said...

ကောင်းတယ် မဆုမွန်ရေ..
တကယ်လည်း ဖြစ်ထိုက်ပါပေတယ်..

ဆွေမျိုးမိဘ ညီကိုမောင်နှမတွေကိုလည်း ကူညီထောင့်ပံ့ပေးနိုင်တဲ့ စိတ်ဓါတ်လည်းရှိရမယ် ဆိုတာကို သဘောကျမိတယ်..

အဲလိုကူညီလိုက်လို့ မောင့်ရဲ့မမက မောင့်ကိုပြောတယ် ရှင်ကူညီတာ အခုထိကို မပြီးနိုင်ဘူးလား.. ရှင်နဲ့ကျွန်မ လက်မထပ်ခင်ကတည်းက ရှင့်ရဲ့ တစ်ရွာလုံးက ဆွေမျိုးညာတကာတွေကို ကူညီမစနေတာ..

ရှင်အဲလိုလုပ်နေရင် ရှင့်ကို ကျွန်မ မပေါင်းနိုင်ဘူး မပေါင်းနိုင်ဘူး...းP

ခင်မင်စွာဖြင့်
စည်သူ။

သိင်္ဂါကျော် said...

မှန်ပါတယ် မမရေ... ခုခေတ်မှာ ယောကျာင်္းမပီသတဲ့ ယောင်္ကျားတွေက အများသားပဲ...။ ပြီးတော့ သစ္စာမရှိ ကတိမတည်တဲ့ ယောင်္ကျားတွေကလည်း လက်ညှိုးထိုး မလွဲပဲ။

ဂျစ်တူး ( မုံရွာ ) said...

အင်း--
စိတ်ထားမြင့်မြတ်ပါပေတယ်ဗျာ-
အဲလိုချစ်သူမျိုးနဲ့အမြန်ဆုံးတွေ့ဆုံနိုင်ပါစေ-
တွေ့ဆုံပြီးသားဆိုခဲ့ရင်လည်းကြည်နူးပျော်ရွင်နိုင်ကြပါစေ-
လေးစားလျှက်ပါ ဆု ---ရယ်

ဖြူတုတ်လေး said...

ဖြူတုတ်ရဲ့ ခေါင်းစဉ်ကလေးကို ဒီလိုအကျိုးပြု စာလေးတစ်ပုဒ်အဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ မဆုမွန်ကို လေးစားပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

ဒါနဲ့...မရေ...ချောကလက်ကို Romantic ဖြစ်သူတိုင်း ကြိုက်ကြတယ်တဲ့။ မ, ကျတော့မှ... ဟီးဟီး ဪ...ပေးရင်စားတယ်ဆိုတော့လည်း လွတ်စေသတည်းတည်းတည်းတည်း...

အွန်စော said...

ခြောက်ပစ်ကင်း သဲလဲရေစဉ် မျိုးကတော့ ရှားမှာပြေါ မမဆုမွန်ရယ်။ Population Statistics, Distribution အရပြောရလျှင် အလယ်ဗဟို အနီးတ၀ိုက်မှာ မှားနေနိုင်ပေမဲ့၊ အစွန်းနှစ်ဘက်မှာလည်း နည်းနည်းစီတော့ ရှိနေတာပေါ့။ ဘယ်ဘက်အစွန်ပဲကြည့်ကြည့် အဆုံးစွန်မှာတော့ အတော့ကို နည်းနေတာ တွေ့ပါလိမ္မယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် သဘာဝပါပဲ မဟုတ်လား။ မမဆုမွန်ရယ်။ မမ ရဲ့ စံချိန်စံညွှန်းနဲ့ဆိုလျှင်တော့--- ဘီးလ်ဂိတ်တို့၊ အိုဘားမား တို့တော့ မှီလောက်ပါတယ်နော်။

မိုးခါး said...

း))
တာဝန်ယူတတ်တဲ့ ယောကျာ်းမျိုး ယောကျာင်္းပီသတဲ့ စိတ်ရှိတဲ့ ယောကျာ်းမျိုး ပေါ့နော် ..

Unknown said...

မဆုမွန် ချစ်ခင် နှစ်သက်မဲ့ယောင်္ကျားမျိုး က ရှိ တော့ ရှိ မယ်၊ ဒါပေမဲ့ အတော့် ကို ရှား ပါ လိမ့်မယ်။ ကျွန်တော် တခု ထပ် ဖြည့် ချင်တာကတော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ကောင်းကျိုး နဲ့ ကိုယ့် ဘာသာ သာသနာ အဓွန့် ရှည် တည် တည့်ဖို့တတ်နိုင်တဲ့ တထောင့် တနေ ရာကနေ ပါဝင်ဆောင်ရွက်နိုင် မဲ့ သူ ဖြစ်သင့်ပါတယ်။ အရှင်ဇနကာဘိဝံသ ရဲ့် “အနာဂတ်သာသနာ”ကျမ်းစာလာအတိုင်းလိုက်နာကျင့်
ကြံ သူလည်းဖြစ်သင့်ပါတယ်။